ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင်များပြားတဲ့ နိုင်ငံဖြစ်ပေမဲ့ဒီဘုရားဟောတဲ့၁၄ချက်
ကိုတော့ ကြားဖူးတဲ့သူနည်းပါးကြပါတယ်။
၁။ လူ့ဘ၀မှာ အကြီးဆုံးသော ရန်သူဟာ မိမိကိုယ်သာဖြစ်တယ်။
၂။ လူ့ဘ၀မှာ အကြီးဆုံးသော ဆုံးရှုံးမှုဟာ မိမိကိုယ်ကို အထင်ကြီးဘ၀င်မြင့်ခြင်းဖြစ်တယ်။
၃။ လူ့ဘ၀မှာ အကြီးဆုံးသော အသိတရားမရှိခြင်းဟာ လိမ်ညာခြင်းဖြစ်တယ်။
၎။ လူ့ဘ၀မှာ အကြီးဆုံးသော နာကြည်းမှုဟာ မနာလို ၀န်တိုခြင်းဖြစ်တယ်။
၅။ လူ့ဘ၀မှာ အကြီးဆုံးသော မှားယွင်းမှုဟာ မိမိကိုယ်ကို စွန့်လွတ်အရှုံးပေးခြင်းဖြစ်တယ်။
၆။ လူ့ဘ၀မှာ အားကျအတုယူဖွယ် အကောင်းဆုံးသောအရာမှာ ကောင်းမှုကုသိုလ်ဖြင့် မွေ့လျှော်ခြင်းဖြစ်တယ်။
၇။ လူ့ဘ၀မှာ အကြီးဆုံးသော ပျက်စီးဆုံးရှုံးမှုဟာ မျှော်လင့်ချက် ကင်းမဲ့သွားခြင်းဖြစ်တယ်။
၈။ လူ့ဘ၀မှာ အကြီးဆုံးသော ချမ်းသာဥစ္စာဟာ ကျမ်းမာခြင်းဖြစ်တယ်။
၉။ လူ့ဘ၀မှာ အကြီးဆုံးသော လုပ်ဆောင်ရမယ့်တာဝန်ဟာ ကိုယ်ချင်းစာတရားဖြင့် ကူညီခြင်း
ဖြစ်တယ်။
၁၀။ လူ့ဘ၀မှာ အကောင်းဆုံးသော လက်ဆောင်ဟာ သဘောထားကြီးခွင့်လွတ်ခြင်းဖြစ်တယ်။
၁၁။ လူ့ဘ၀မှာ အကြီးဆုံးသော လစ်ဟာမှုဟာ မိမိကိုယ်ကို ထိန်းချုပ်မှုကင်းမဲ့ခြင်းဖြစ်တယ်။
၁၂။ လူ့ဘ၀မှာ အကောင်းဆုံး ကြည့်ရှုအတုယူဖွယ်ရာမှာ ပေးကမ်းလှူဒန်းခြင်းဖြစ်တယ်။
၁၃။ လူ့ဘ၀မှာ သနားစရာ အကောင်းဆုံးသောသူမှာ မိမိကိုယ်ကို အားငယ်သော စိတ်ဓာတ် (ရှိသူ) ဖြစ်တယ်။
၁၄။ လူ့ဘ၀မှာ အကြီးဆုံးသောကျူးလွန်မူအမှားဟာ မိမိကိုယ်ကိုလိမ်ညာခြင်း၊ သူတပါးကို လိမ်ညာခြင်းဖြစ်တယ်။
(AungLatt-ဧဒင်ဥယျာဉ်)
0 comments:
Post a Comment