၂၀၁၂- ပညာသင်နှစ် တွဲလက်များ ပညာရေးကူညီမှု အသင်း အလှူမှတ်တမ်းပုံများ

အစိုးရမူလတန်းကျောင်း မရခင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်...

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, July 31, 2012

ဒို့လူမျိုး ဒို့သာသနာအတွက်

ဟင် ဟိုမှာ ကိုရင်တစ်ပါးတောထဲ  ကြွသွားပါလား။ ဘာလုပ်တာပါလိမ့်။
ဟေးးးးး မူးမတ်များတို့ လိုက်ကြည့်ကြစမ်း။ ကိုရင်လေးတစ်ပါး တောထဲ
ကြွသွားတာ တွေ့လိုက် တယ်။   (ဘုရင်ကြီးသီဟ ရာဇသည် အပန်းဖြေ
 အနားယူရန် အေးချမ်းစိတ်ငြိမ်သော ဘေးမဲ့တောကြီးသို့မူးကြီးမတ်ကြီး
သေနာပတိအစုံအလင်ဖြင့် ကြွရောက်လာဖြစ်ခြင်းဖြစ်သည်။ မထင်မှတ်
ပဲ  ဘေးမဲ့တော ကြီးထဲကို  ကိုရင်တစ်ပါး  ကြွသွားသည်ကို  မြင်လိုက်ရ
သည်။ ဘုရင်ကို  လုပ်ကြံလိုသူများ  သည်ပုံစံအမျိုး မျိုးဖြင့် နေတတ်ကြ
ရာ မင်းကြီးမှာ  စိုးရိမ်စိတ်ရော  သိချင်စိတ်ရော  ဖြစ်ရ သည်။ ဒါကြောင့်
ခုလို အမိန့်ပေး စေခိုင်းလိုက်ခြင်းဖြစ်သည်)။

မူးမတ်များသည်လည်း   အလျင်အမြန်   လိုက်သွားကြသည်။   တောထဲ
ရောက်လို့  ဟိုရှာ  ဒီရှာနဲ့ ရှာ  ကြည့်လိုက်တော့  ဟော တွေ့ပါပြီ။ ကိုရင်
လေးတစ်ပါး    သစ်ပင်အကြီးကြီး    တစ်ပင်အောက်မှာ   တင်ပလ္လင်ခွေ
လျှက်   ငြိမ်သက်အေးချမ်းစွာ    တရားထိုင်နေသည်။  မူးမတ်များလည်း
အဝေးမှပင်  ဦးတင်ရှိခိုးပြီး  ပြန်လာခဲ့ကြသည်။   တောစပ်မှာ  ရပ်စောင့်
နေသော  ဘုရင်ကြီးကို  အကြောင်းစုံ  လျှောက်တင်လိုက်သည်။  ဘုရင်
ကြီးလည်း  ဖူးမျှော်လိုသဖြင့်  စစ်တပ်ဗိုလ်ပါများကို  တောစပ်မှာ  တပ်ချ
ထားခဲ့သည်။  ကိုယ်တိုင်လည်း  ညင်သာသည့်   ခြေလှမ်းများဖြင့်  ကိုရင်
လေးရှိရာသို့  ဦးတည်း ကြွမြန်းသည်။  ကိုရင်လေးကို ခပ်ဝေးဝေး  နေရာ
လေးမှ  နေပြီး   ဦးတင်ရှိခိုး   ဖူးမျှော်   ကြည်ညိုနေသည်။   အချိန်တော်
တော်ကြာကြာ  စောင့်နေလိုက်ရသည်။  ကိုရင်လေးလည်း သူ့တရားထိုင်
ခြင်း  ကိစ္စပြီးသဖြင့်   သပိတ်လေး   ပိုက်ကာ  ခရီးကြွဘို့  ပြင်နေသည်။ 
ထိုအခိုက်  မင်းကြီးနဲ့  အဖွဲ့သည် ကိုရင်လေးကို ဦးတိုက်ရှိခိုးလိုက်သည်။

ကည်လင်သည့်မျက်ဝန်း  အေးချမ်းသည် မျက်နှာ တည်ငြိမ်သည့်အသွင်
နဲ့  ကိုရင်လေးက   နှုတ်ဆက်စကားဆိုသည်။   ဘုရင်ကြီးနဲ့  ကိုရင်လေး
စကားတွေ  ပြောဖြစ်ကြသည်။  ကိုရင်လေးသည်  ကောင်းကင်သို့  တစ်
ချက်မော့ကြည့်   လိုက်သည်။    ပြီးတော့   ဆွမ်းစားချိန်    နီးနေသဖြင့် 
ဘုရင်ကြီးကို     ဆွမ်းစားကြွတော့မည့်အကြောင်း      ပြောလိုက်သည်။
ဆွမ်းဘုဉ်းပေးနေတာကို   ကိုယ်တိုင်    ဖူးမျှော်လိုကြောင်း    ဘုရင်ကြီး
က   လျှောက်ထားသည်။   ကိုရင်လေးက   ခွင့်ပြုသည်။   ဒီလိုနဲ့ ကိုရင်
လေးရယ်  ဘုရင်ကြီးနဲ့  အဖွဲ့ရယ်  ချောင်းစပ်တစ်ခုသို့  သွားခဲ့ကြသည်။  

ချောင်းစပ်ရောက်တော့  ကိုရင်လေးက  ရေချိုးသပ္ပါယ်သည်။  ပြီးတော့
တရားအမှတ်နဲ့   ဆွမ်းဘုန်းပေးသည်။  ပြီးတော့  ဆွမ်းကျန်  ဟင်းကျန်
များကို  တောကောင်   ကုန်းနေသတ္တ၀ါလေးများ  ရေသတ္တ၀ါလေးများ
ကို     ဖိတ်ခေါ်အစာကျွေးသည်။    ကိုရင်လေးရဲ့    လှုပ်ရှားမှု့ များကို
ကိုယ်တိုင်  မျက်ဝါးထင်ထင်   မြင်တွေ့ရသော  ဘုရင်ကြီးသည်  ကိုရင်
လေးကို    အရမ်းကြည်    ညိုမိသည်။    ဘုရင်ကြီးက    ကိုရင်လေးကို 
ကိုရင်လေးဘုရား၊  တိုင်းသူ ပြည်သားတွေရှာရ    ဖွေရ  လုပ်ရ ကိုင်ရ
တာ မလွယ်ကူပါဘူး  ဘုရား၊  ဒါကြောင့်  ခုလို  အပိုအလျှံ  မဖြစ်အောင် 
တစ်ပါးအတွက်သာ မျှတယုံလောက်ပဲ အလှူခံရင် ပိုမကောင်းဘူးလား
ဘုရား၊  တိုင်းပြည်ရဲ့  ဘဏ္ဍာ  အလဟဿ  မဖြစ်တာပေါ့ဘုရား ” လို့
လျှောက်ထားလိုက်သည်။     ကိုရင်လေးက  “    ဒကာတော်  မင်းကြီး 
ကိုရင်က  တစ်ပါးစာပဲ  မျှတရုံလောက်  အလှူခံတာပါ။ လူတွေက လှူ
ဘို့စီစဉ်ထားပြီး  မလှူလိုက်ရရင်  စိတ်မကောင်းဖြစ်သွား ကြတယ်။ ဒါ
ကြောင့် သူတို့လည်း ကုသိုလ်များအောင် စိတ်မကောင်းလည်း မဖြစ်ရ
အောင်ဆိုပြီး  အလှူခံတာ   မင်းကြီး။   ခုလို  အလှူခံလိုက်တာလည်း
အလဟဿ  မဖြစ်ပါဘူး။  မင်းကြီး    မြင်တဲ့အတိုင်းပဲလေ  ကုန်းနေ
သတ္တ၀ါလေးတွေ   ရေနေသတ္တ၀ါလေးတွေ  စားကြရတာပဲ  မဟုတ်
လား။   ( ရှဉ့်တွေ  ငှက်တွေ  ငါးတွေ  ပုရွက်ဆိတ်တွေ   ကိုရင်လေး
ကျွေးထားသော    ဆွမ်းကျန်   ဟင်းကျန်များကို   စားနေကြသည်)။
တစ်ချို့ခရီး    သွားတွေ   လာတာနဲ့ ကြုံရင်လည်း   ကျွေးရတာပေါ့။
ခရီးသွားတဲ့လူတွေကို အစာပေးလှူ ရင် အကျိုးတစ်ထောင် ရတယ်။
ရေထဲမှာရှိတဲ့ ငါး (တိရစ္ဆာန်)တွေကို အစာပေးလှူရင် အကျိုးတစ်ရာ
ရတယ်။  အဲဒီလို  မြတ်စွာဘုရားက ဟောခဲ့ဖူးပါတယ်။ ကိုရင်လည်း 
ကုသိုလ်ရ။ လှူတဲ့ ပြည်သူ/ သားတွေလည်း ကုသိုလ်ရတာပဲလေ
လို့ တရားစကား  ပြောပြ ဟောပြပါတယ်။   ကိုရင်လေးကို  အတိုင်း
ထက်အလွန် ကြည်ညိုသွားခဲ့သည်။ ဘုရင်ကြီးက “ကိုရင်လေးဘုရား၊
တပည့်တော်ကို    အခါအခွင့်မရွေး    ကိုရင်လေး  ဆီမှာလာရောက်
ဖူးမျှော်ခွင့်   တွေ့ခွင့်ပေးပါဘုရား ”   လို့  လျှောက်ထားလိုက်သည်။
ကိုရင်လေးက    “ မင်းကြီး    ဒီတောတင်မဟုတ်ပါဘူး။   တစ်တိုင်း
ပြည်လုံးကို   ဘုရင်ကြီး   ပိုင်ပါတယ်။   ကိုရင်လေးကို  ခွင့်တောင်း
နေစရာ    မလိုပါဘူး။   ကိုရင်  ပိုင်ဆိုင်တဲ့အရာဆိုလို့  ဘာတစ်ခုမျှ
မရှိပါဘူး။  ကိုရင့်ခန္ဓာကိုယ်တောင်   ကိုရင်   မပိုင်ပါဘူး။  ဒါကြောင့်
မင်းကြီး    စိတ်ကြိုက်    လာရောက်နိုင်ပါတယ် ။  ကိုရင့် ကိုတောင် 
မင်းကြီးက  နှင်ထုတ်ခွင့်  ရှိနေတာပဲ  ”လို့ ပြန်ပြောသည်။   မင်းကြီး
သည် ကိုရင်လေးကို ဦးတင်ရှိခိုးလိုက်သည်။ မျက်ဝန်း မှာတော့ ပီတိ 
မျက်ရည်ကြည်ဥလေးတွေ တွဲခိုလျှက်။   ဒီနေ့ ဒီတောကို အနားယူဖို့
လာရောက်ခဲ့ရခြင်းသည်  သူလှည့်လည်ခဲ့သော  ခရီးစဉ်များတွင် အ
အေးချမ်းဆုံး ခရီး စဉ်တစ်ခုဖြစ်ခဲ့သည်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ကိုရင်လေးက ဘယ်ကလဲ ဘယ်သူ့သားလဲ
ဘယ်လိုအမျိုး  အနွယ်လဲဆို  တာကို  သိချင်လာသည်။  ဒါကြောင့်
သူလျှိုများလွတ်ပြီး  ကိုရင်အကြောင်းကို    စုံစမ်းရန် လွှတ်ရသည်။ 
မကြာပါဘူး၊သိရပါပြီ။  ကိုရင်လေးသည်  ရဲစွမ်းသတ္တိနဲ့ပြည့်စုံသော
အမျိုးကို  ချစ်မြတ်နိုးသော  သာသနာကို    အလွန်အမင်း ယုံကြည်
ကိုးကွယ်သော မှန်မှန်ကန်ကန် တရားမျှမျှ တတ  အုပ်ချုပ်နေသော
သစ္စာတောင်နယ်မြေ၀န်ကြီးဦးသူရ၏ သားဖြစ်သည်။ ကိုရင်လေးသည်
၁၅- နှစ်သားအရွယ်လောက်မှာ   ကိုရင်အဖြစ် သာသနာ့ဘောင်သို့ ၀င်
ရောက်သွား ခဲ့သည်။    ၀န်ကြီးသားဆိုတော့   လာရောက်  ဆည်းကပ်
ဖူးမျှော် သူတွေ ပေါများသည်။  လှူဒါန်းသူတွေ  ပေါများသည်။  တရား
အားထုတ် ချင်လို့ ကိုရင်ဝတ်လာကာမှ လူများစွာနဲ့ပြောဆိုဆက်ဆံနေ
ရသည်။ တရားအားထုတ် ဘို့ သိပ်အခွင့်မရ။

ဒါကြောင့်သစ္စာတောင်နယ်နဲ့  ဝေးတဲ့ ဘေးမဲ့တောကြီးသို့  တစ်ပါးတည်း 
တိတ်တဆိတ် ကြွလာခြင်း  ဖြစ်သည်။  ဘုရင်ကြီးသည်   ကိုရင်လေးရဲ့ 
ရုပ်သွင်ကိုသာသနာ့ဝန် ထမ်းအသွင်နဲ့ရော တိုင်းပြည်အုပ်ချုပ်တဲ့ စစ်သေ
နာပတိအသွင်နဲ့ရော မြင်ယောင်ကြည့် သည်။ သာသနာ့   ၀န်းအသွင်နဲ့
ကြည့်လျှင် ကြည်လင်သည် တည်ငြိမ်သည် အေးချမ်းသည် ။ စစ်သေနာ
ပတိအသွင်နဲ့   မှန်းကြည့်လျှင်  ရဲရင့်သည်  ပြတ်သည်  တည်ငြိမ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဘုရင်ကြီးစိတ်မှာ ကိုရင်လေးနဲ့  ပတ်သက်ပြီး  အားရ
သည်။ ဒါကြောင့် နှစ်တွေ ကြာလာလို့ အသက်ပြည့်သောအခါ ကိုရင်လေး
ကိုရဟန်းဒကာအဖြစ်လျှောက် ထားပြီး ရဟန်းခံပေးသည်။ ဘုရင်ကြီးသည် 
ကိုရင်လေးနဲ့  မတွေ့ရခင်က   စိတ်တွေ ငြီးငွေ့လာလျှင်  မောင်းမများနဲ့ 
ပျော်ပါးခြင်း တိုင်းခန်းလှည့်လည်ခြင်းများ ပြုလုပ်ခဲ့ သော်လည်းကိုရင်
လေးနဲ့ တွေ့ဆုံ ပြီးနောက် ကိုရင်ဆီကိုသာ သွားတတ်ခဲ့သည်။ ကိုရင်
လေးကို မြင်ရ ဖူးရတာ စိတ်ချမ်းသာသည်။ အေးချမ်းသည်။ ကိုရင်
လေးဆီမှာ ရှိသော အအေးဓာတ်များက သူ့ဆီကို ကူးစက်လာ သည်ဟု
ခံစားရသည်။ (ပန်းရနံ့ သင်းသင်းလေးက ပန်းထုတ်ထားတဲ့ သစ်ဖက်ကို 
ကူးစက် သလိုပေါ့)။ ကိုရင်လေး ဘ၀ကတည်း အခွင့်သင့်ရင် သင့်သလို 
ဆည်းကပ်သွားလာနေတော့ ဦးဇင်းလေးနဲ့ တော်တော်လေး ရင်းနှီးကျွမ်း
ဝင်ခဲ့သည်။ ဘုရင်ကြီးမှာ အင်မတန်ချောမော လှပသော သမီးတော် တစ်
ပါးရှိသည်။ သို့သော်လည်း ဦးဇင်းဆီကို တစ်ခါမှ ခေါ်မသွားဖူးခဲ့။ ဦးဇင်း
လေးရဲ့ တရားအဆင့်အတန်းက ဘယ်လောက်ရှိတယ်ဆိုတာလည်း မင်း
ကြီးမသိ။ (အရိယာတို့ တရားအဆင့်အတန်းကို အရိယာတို့အချင်းချင်းသာ
သိနိုင်သည်။ ပုထုဇဉ် တို့က သိရန် ခက်ခဲသည်၊ မသိနိုင်ပါ)။ တကယ်လို့
ရဟန္တာဖြစ်နေရင်တော့ ကိစ္စမရှိ။ ပုထုဇဉ်အဆင့်သာ ရှိနေသေးလျှင် ဦးဇင်း
လေး စိတ်မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်မိ သည်။ ရဟန်းဖြစ်ပြီးတော့ နန်း
တော်ကို ဆွမ်းခံကြွဘို့ ဖိတ်ပါသည်။ သို့သော်လည်း ဦးဇင်းလေးက ဆင်းရဲ
တဲ့ ပြည်သူတွေ ကိုပဲ ချီးမြောက်ချင်သည် ဆင်းရဲတဲ့ ပြည်သူတွေ စားတဲ့
အစားအစာကိုပဲ စားသုံးချင်သည် ဟူသော အကြောင်းပြချက်နဲ့ မကြွခဲ့။
ခရီးလမ်း ရဲ့ ဝေးနေခြင်းကြောင့်လည်း  ဖြစ်ကောင်း ဖြစ်   နိုင်ပါသည်။
ကျောင်းဆောင် ဆောက် လုပ်လှူဒါန်းမည် လျှောက်ထားတော့ လက်ခံ
ပါသည်။ သို့သော်လည်း တစ်ပါးနေ လောက်ရုံ သေးသေးလေးသာ 
လက်ခံခဲ့သည်။  

သူတစ်ပါး နေရဘို့အတွက် များစွာသော သတ္တ၀ါလေးကို အနှောက်အ
ယှက်ဖြစ်မှာ မလို လားဘူးတဲ့လေ။ တစ်နေ့ အမျိုးကို ထိလျှင် နည်း
နည်းမျှ ငုံ့မခံတတ်သော ၀န်ကြီးဦးသူရ ရဲ့ သစ္စာတောင်နယ်သို့  နယ်ချဲ့
ကျေးကုလားတို့ အစုလိုက်အဖွဲ့လိုက် အလုံးအရင်းနဲ့ ၀င်ရောက် လာကြ
သည်။ သစ္စာတောင်နယ်သည် နယ်စပ်နယ်လေးတစ်ခု ဖြစ်သည်။ နယ်
စပ်ဂိတ်က အစောင့်တပ်သားတွေ ကျဆုံးပြီး ကျေးကုလားများ ၀င်ရောက်
လာခြင်း ဖြစ်သည်။ ဒီသတင်းကို ကြားတယ်ဆိုရင်ပဲ မခံချင်စိတ် ပြင်းထန်
သော ၀န်ကြီးဦးသူရ သည် သူကိုယ်တိုင် ဦးဆောင် ပြီး ကျေးကုလားများ
ကို တိုက်ထုတ်သည်။ ကျေးကုလား များ အင်းအားအရမ်းများနေသော
ကြောင့် ၀န်ကြီးဦးသူရအပါအ၀င် တပ်သားများစွာ တိုက်ပွဲမှာ ကျဆုံး
ကြသည်။ သစ္စာတောင် နယ်ကို ကျေးကုလားတို့ သိမ်းပိုက်လိုက်ပါပြီ။
ဒီလိုနဲ့ သိမ်းပိုက်လာလိုက်တာ နယ်မြေတော်တော် များများပါကုန်ပြီ။ 
ဒီအကြောင်းတွေ ကို ဦးဇင်းငယ်လေး မသိခဲ့။ တစ်နေ့ ဆွမ်းဘုန်းပေးအပြီး 
သပိတ်ထဲမှာ ဆွမ်းကျန် ဟင်း ကျန်များ မရှိတော့သည်ကို သတိထားမိ
လိုက်သည်။ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ များများ ဘုန်းပေးမိလိုက်ခြင်း
ပဲလို့ ထင်ခဲ့မိသည်။  

သူ့လက်ချောင်းကို ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ကုန်းသတ္တ၀ါလေးတွေ
အတွက် တစ်ခါ   ရေသတ္တ၀ါလေးအတွက် တစ်ခါ အန်ထုတ်လိုက်သည်။ 
ပုံမှန်ကျွေးနေကြ သတ္တ၀ါလေး များအတွက် အစားကျွေးခြင်းဖြစ်သည်။ 
နောက်နေ့လည်း ဒီလိုပါပဲ။ ဒီလိုနဲ့ ဆွမ်းနည်းပါး လာမှု့ကို သတိထားမိလာ
သည်။ တစ်နေ့ ဘုရင်ကြီး လာရောက်ဖူးမျှော်သည်။ မျက်နှာလည်း 
မကောင်း။ ဆွမ်းနည်းပါးမှု့အကြောင်းကို သိချင်သဖြင့် မေးကြည့်သည်။ 
ဘုရင်ကြီးက  
“ မှန်ပါ ဦးဇင်း၊
တိုင်းပြည်မှာ ကျေးကုလားတွေ သောင်းကျန်းနေလို့ ဘုရား။ ပြည်သူ
တွေလည်း အ လုပ်ကောင်းကောင်း မလုပ်နိုင်ကြဘူး။ကျေးလက်
တောရွာလေးတွေမှာဆိုရင် အစု လိုက် အဖွဲ့လိုက် ပျောက်ကျား
စနစ်နဲ့ နယ်ချဲ့ သိမ်းပိုက်နေကြတယ်ဘုရား။ တပည့်တော်တို့ 
နန်းမြို့တော်တွေမှာတောင် သူတို့က လူစုခွဲပြီး ပျောက်ကျား
စနစ်နဲ့ တိုက်ခိုက်နေပြီ ဘုရား။ တပည့်တော်တို့လည်းတတ်
နိုင်သည့် အင်အားနဲ့ ခုခံ တိုက် ထုတ် နေပါသည် ဘုရား။ ဦးဇင်း 
လေး စိတ်မကောင်းမဖြစ်ပါနဲ့ဘုရား။ တိုင်းသူပြည်သားတွေ အတွက်
ဆိုရင် တပည့်တော် အသက်ပေးပြီး ကာကွယ်သွားမှာပါဘုရား။
ဦးဇင်း လေး စိတ်အေးအေးနဲ့ တရားသာ အားထုတ်ပါဘုရား” လို့
ပြန်လည် လျှောက်ထား လိုက်သည်။ ဦးဇင်းလေးရဲ့ ဖခင် ဦးသူရ
ကျဆုံးသွားတဲ့အကြောင်းကိုတော့ မလျှောက် ထားခဲ့။ ဦးဇင်းလေး 
စိတ်ဆင်းရဲနေမှာကို စိုးရိမ်မိသည်။


အဲဒီနေ့ကစပြီး ဦးဇင်းလေး တရားကို ကောင်းကောင်း အားမထုတ်
နိုင်တော့။ သူသည် ဒီတိုင်း   ပြည်ရဲ့ သွေးသားတစ်ယောက်ဖြစ်သည်။
တိုင်းပြည်အရေးသည် သူ့အရေး။ တိုင်းပြည် ကိစ္စသည် သူ့ကိစ္စ။
တိုင်းပြည်အေးချမ်းမှ ပြည်သူအေးချမ်းမည်။ ပြည်သူ အေးချမ်းမှ
သူရော သတ္တ၀ါလေးတွေပါ မကြောင့်မကျပဲ ဘုန်းပေးစားသုံးနိုင်မည်။
အေး အေးချမ်းချမ်းနေနိုင်မည်။ ဒီလိုနဲ့ တရားအားထုတ်လိုက်အတွေး
တွေ ၀င်လာလိုက်နဲ့ နေလာခဲ့ရသည်။ အရင်ကလို တရား အလုပ်ကို
ဖြောင့်ဖြောင့်တန်းတန်း မလုပ်နိုင်ခဲ့။ ဦးဇင်းလေး ရင်ထဲမှာလည်း အေး
လိုက်ပူလိုက် ပါပဲ။ ဒီနေ့လည်း တရားအားမထုတ်နိုင်။ အတွေးများနဲ့
လုံးချာလိုက်နေသည်။ ကျေးကုလားများ သစ္စာတောင်နယ်မြေက ၀င်
လောက်လာခဲ့ရင် ခက်ရချည်းရဲ့ ဆိုတဲ့ အတွေးက မကြာမကြာ နေရာ
ယူ လွှမ်းမိုးနေ တတ်သည်။ အတွေးတွေနဲ့ ငေးမောနေဆဲမှာပဲ ဘုရင်
မင်းကြီး ရောက်လာ သည်။ ပြီးတော့ “ ဦးဇင်းဘုရား၊ တပည့်တော်
ကိုယ်တိုင် တပ်ဦးကတိုင် စစ်တိုက် ထွက် တော့မယ်ဘုရား။ အခြေအ
နေ တော်တော် ဆိုးနေပြီဘုရား။ တပည့်တော် ကံကြမ္မာကို ကြိုတင် 
မသိနိုင်ပါဘူးဘုရား။ တပည့်တော်နဲ့ ဦးဇင်းနဲ့ ခုတစ်ခါ တွေ့ဆုံ 
ရခြင်း ဟာ   နောက်ဆုံး တွေ့ဆုံရခြင်းလည်း ဖြစ်ချင် ဖြစ်သွားနိုင်ပါ
သည်ဘုရား၊ ဒါကြောင့် တပည့်တော် တစ်ခုလောက် လျှောက်ထား
ခဲ့ချင်ပါသည် ” လို့ လျှောက်ထားခွင့်တောင်းသည်။ ဦးဇင်းလေးက 
လျှောက်ထားခွင့်ပေးလိုက်သည်။ ဘုရင်းကြီးက “ သာသနာဆိုတာ
တိုင်းပြည်အုပ်ချုပ်သူကောင်းမှ ပြည်သူပြည်သားတွေ အဆင်ပြေမှ
အားကောင်း လာ နိုင်သည့် သဘောရှိပါသည်ဘုရား၊ ဘာကြောင့်
လဲဆိုတော့ သာသနာဟာ တိုင်းပြည် နဲ့ ပြည်သူ ပြည်သားတွေ
အပေါ်မှာ မှီနေရတာ ဖြစ်လို့ပါဘုရား၊ ဦးဇင်းအနေနဲ့ သာသနာ
ကို တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သာသနာအတွက် ကျရောက်
လာတဲ့ အန္တရာယ်ကို ဘယ်လိုပုံစံမျိုးနဲ့ မဆို ကာကွယ်နိုင်ဘို့
တားဆီးနိုင်ဘို့ လိုပါသည်ဘုရား၊ သာသနာ တော်ရဲ့ အနှစ်သာရ
တရားအရသာကို အေးချမ်းသာယာမှသာ ရနိုင်ပါသည်ဘုရား။
ဒါကြောင့် ဘုရားရှင်ဟာ မည်သူ့ကိုမဆို စိတ်အေးချမ်း တည်
ငြိမ်မှ တရားဟောတာ များပါသည်ဘုရား။ စိတ်လှုပ်ရှားနေလျှင်
တရားမဟောပဲ ခဏတာ စောင့်ဆိုင်းတော် မူပါသည်ဘုရား။
တပည့်တော် အဓိက လျှောက်ထားခဲ့ချင်တာက သာသနာတော်
ဆိုတာ အေးချမ်းသာယာတဲ့ ပြည်သူနဲ့ တိုင်းပြည် ရှိဘို့ လိုအပ်
ပါသည်ဘုရား၊ သာသနာ တော်ကို ချစ်မြတ်နိုးတဲ့ သူတိုင်း သာ
သနာရဲ့ ဘေးရန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ မဆို (လူဝတ်နဲ့ဖြစ်
ဖြစ် ရဟန်းဝတ်နဲ့ဖြစ်ဖြစ်) ကာကွယ် တားဆိးပေးနိုင်ဘို့ လိုအပ်
သည်ဆို တဲ့ အကြောင်းပါဘုရား ” ဟု လျှောက်ထားလိုက်သည်။

ဦးဇင်းလေးမှာ ခေါင်းတညိမ့်ညိမ့်နဲ့ကျန်ခဲ့သည်။ နောက်နေ့တွင်
မြို့စောင့်ကျန်ခဲ့သော တပ်မှူး တစ်ယောက် ရောက်လာသည်။
ပြီးတော့ ဦးဇင်းလေးရဲ့ဖခင် ၀န်ကြီးဦးသူရ ကျဆုံးသွားပြီးဖြစ်
တဲ့ အကြောင်းလျှောက်သွားခဲ့သည်။ ဘာကြောင့် ခုလို လာရောက်
လျှောက်ထား သည်ဆိုတာ ကို တိတိကျကျ မသိပေမဲ့ ဦးဇင်း 
စိတ်မှာတော့ တစ်ခုခုကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ပါ ပြီ။ နောက်
နေ့ ဆွမ်းခံကြွတော့ သူ့ဆွမ်းဒကာ ဒကာမများ ကို သူနေတဲ့ဘေးမဲ့
တောကို လာခဲ့ဘို့ ဖိတ်ခဲ့သည်။ နေ့ခင်းဘက်တွင် လူတော်တော်များ
များ ရောက်လာခဲ့သည်။ ဦးဇင်းလေးက “ ဒကာ ဒကာမတို့ ဦးဇင်း
ပြောစရာရှိလို့ ခေါ် လိုက်တာပါ။ ခုချိန်ထိ ဦးဇင်းရဲ့ ကာယကံ ၀စီကံ
မှု့အနေနဲ့ အပြစ်ဖြစ်တာ တစ်ခုမှ မရှိ ဘူးလို့ ရဲရဲကြီး ပြောရဲပါတယ်။ 
ဒါပေမဲ့ စိတ်မှာတော့ အပြစ်ဖြစ်နေပါပြီ။ တိုင်းပြည်ရဲ့အရေးကို
တွေးမိတိုင်း သောကဆိုတဲ့ အပြစ်က စိတ်မှာ ၀င်ရောက်တိုက်ခိုက်
နေပါပြီ။ ဒါကြောင့် ဦးဇင်း အနေနဲ့ လူထွက်ပြီး တစ်ဒေါင့်တစ်နေရာက
တိုင်းပြည်နဲ့လူမျိုးအတွက် အေးချမ်းတဲ့ သာသနာအတွက် တာဝန်ထမ်း
ဆောင်ချင်ပါတယ်။ ဦးဇင်းက သစ္စာတောင် နယ်မြေက ၀န်ကြီးဦးသူရ
ရဲ့ သားပါ။ ဦးဇင်းငယ်ငယ်က တိုက်ခိုက်နည်း များစွာကို ဖေဖေက
သင်ပေးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်နည်းတွေကို ပြန်လေ့ကျင့်ပြီး 
တိုင်ပြည်အတွက် တာဝန်ထမ်းဆောင်   တော့မယ်။ ဦးဇင်းကို ခွင့်လွှတ်
ကြပါ။ ပြီးတော့ တဆက်တည်းမှာ ပဲ အ၀တ်စား သုံး စုံလောက် လည်း
တောင်းခံချင်ပါတယ်။ တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ချင်တဲ့
သူများရှိရင်လည်း ဦးဇင်းနဲ့အတူ တိုက်ခိုက်နည်းပညာများ အတူတူ
လာရောက်   လေ့ကျင့်သင်ကြားနိုင်ပါတယ်” လို့ ပြောလိုက်သည်။ 
ဝန်ကြီးတစ်ယောက် ရဲ့ သားဖြစ်   နေသောကြောင့် အံ့သြသူများက
အံ့သြကြသည်။ လူထွက်မှာနှမျောပြီး ငိုသူများက ငိုကြသည်။ မ၀တဝ
စားရသည့် ဆွမ်းနဲ့ အစာကိုမျှော်လင့်နေကြသော သတ္တ၀ါလေးကို
ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ဟူးးးးးးးးးး ခုတော့ အေးချမ်းသည့်
တောလေးလည်း အပူမီးတွေ ကူးစက်ကုန်ပါပြီလား။ တော်တော် ဒုက္ခ
ပေးတဲ့ ကျေးကု လားတွေ။ တိုင်းပြည်နဲ့ လူမျိုး ဘာသာနဲ့ သာသနာ
အတွက် ရင်ဆိုင်တွေ့ကြတာပေါ့ကွာ။

ညနေဘက်တွင် လူငယ်လူရွယ်များစွာတို့ ရောက်လာကြသည်။ ဓားတွေ
တုတ်တွေ ကိုယ်စီနဲ့ ဦးဇင်းလေးအတွက်လည်း အ၀တ်စား အစုံများစွာပါ
လာသည်။ ဦးဇင်းလေးက မယူပါ။ သုံးစုံသာ ယူသည်။ ကျန်တာတွေကို
ပြန်ပေးလိုက်သည်။ ချက်ချင်းပဲ သိက္ခာချ လူထွက်သည်။ ပြီးတော့ 
တိုက်ခိုက်နည်းပညာများကို လေ့ကျင့်တော့သည်။ သူ့နာမည် က ၀ီရတဲ့။ 
ဝီရသည် ဦးဇင်း ဘ၀က တရားကို ကြိုးကြိုးစားစား အားထုတ်သလို
လူဖြစ် သွားတော့လည်း တိုက်ခိုက်နည်း ပညာများကို ကြိုးကြိုးစားစား
လေ့ကျင့်သည်။ ညဘက် နေ့ဘက် အချိန်ပြည့် လေ့ကျင့်သည်။သူ့
အတွက် စားဘို့ လူငယ်လူရွယ် များက ယူလာပေးသည်။ လေ့ကျင့်မှု့
အရှိန်ရသည့်နဲ့ အမျှ လျင်မြန်မှု့ ကျွမ်းကျင်မှု့ သန်မာမှု့ ခိုင်မာမှု့တွေက
အံ့သြလောက်အောင်ကို ကောင်းမွန်ခဲ့သည်။ ခုလို အနေအ ခြေပုံစံမျိုး
ကိုသာ ဘုရင်ကြီး သိခဲ့ မြင်ခဲ့မယ်ဆိုလျှင်   ------------------------။


တစ်နေ့ မြို့စောင့်တပ်မှူးလေးနဲ့တကွ အမတ်ကြီးများ များစွာတို့
ရောက်လာကြသည်။ ပြီးတော့ ၀ီရကို ဒူးထောက်အရိုအသေပေး
ကြသည်။ ၀ီရ အံ့သြနေသည်။ သူသည် ရဟန်းတစ်ပါးအသွင်
နဲ့မဟုတ်တော့။ ဘာကြောင့် ဒူးထောက် အရိုသေ ပေးနေကြတာ လဲ။ 
နားမလည်တော့။ မနေတတ်။ မှူးကြီး မတ်ရာများက “ ကျွန်တော်မျိုး
တို့၏ ဘုရင် မင်းမြတ်ကြီးသည် တိုင်းပြည်နဲ့ လူမျိုးအတွက် တိုင်ပွဲဝင်ရင်း
နန်းရွာစံ ကံတော် ကုန် သွားပါပြီ။ ဘုရင်မင်းကြီးက သူ့ ရဟန်းကို လူဝတ်
လဲစေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာသာနဲ့သာသနာအတွက် တာဝန်
ထမ်းဆောင်ရန် တောင်းပန်စကား လျှောက်ထား ခိုင်းပါသည်။ ခုလိုမြင်
တွေ့ရတာ ၀မ်းနည်း ၀မ်းသာဖြစ်ရပါသည်။ တိုင်ပြည်နဲ့ လူမျိုး ဘာသာနဲ့
သာသနာအတွက် ဘုရင် မင်းကြီး၏ မင်းမြောက်တန်ဆာငါးပါးကို လက်ခံ
တော်မူပါ ” လို့ လျှောက်တင်ကြသည်။ ၀ီရလည်း ယုံကြည်စိတ်ချသဖြင့်
ပေးအပ်သော ကျေကျေနပ်နပ်ဖြင့် ပေးအပ်သော တိုင်းပြည်တာဝန်ကို
တာဝန်ကျေစွာထမ်းဆောင်ဘို့ လက်ခံလိုက်သည်။ ပြီးတော့ “ ငါသည် 
တိုင်းပြည် နဲ့လူမျိုး ဘာသာနဲ့ သာသနာအတွက် ဘေးဖြစ်စေသော
အနှောက်အယှက်ဖြစ်သော   ဘေးရန်ကို ကာကွယ်တားဆီဘို့ အတွက်
သာ ယခုလို လက်ခံခြင်းဖြစ်သည်။ ယင်း စကားသည် မှန်ကန်သော စ
ကားဖြစ်ပါသည်။ ထို့ကြောင့် ငါလုပ်ဆောင်သော အရာရာ တိုင်း အောင်
မြင်ပြီးမြောက်ပါစေ သား” လို့ သစ္စာဆိုအဓိဋ္ဌာန်ပြုသည်။ ပြီးတော့ ချောင်း
ထဲက ငါးလေးများ တောကောင် လေးများကို နှုတ်ဆက်လိုက်သည်။ သူ
တို့လည်း ၀မ်းနည်း ၀မ်းသာ ဖြစ်နေကြလိမ့်မည် သာ။ ဒီလိုနဲ့ ရက်ပေါင်း
များစွာ လပေါင်းများ စွာ ကျေးကုလားများကို တိုက်ထုတ်ခဲ့ရ သည်။ ဘုရင်
ဝီရ၏ ကျွမ်းကျင်သော နည်းပညာ ရဲရင့်သော စိတ်ဓာတ် မှန်ကန်သော
လုပ်ရပ်များကြောင့် တစ်နယ်ပြီး တစ်နယ် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ 
ဘုရင်ဝီရ အပေါ် ယုံကြည်အားကိုး ချစ်မြတ်နိုးသော တိုင်းသူ ပြည်သား 
များကလည်း တညီတ ညွတ်တည်း ပါဝင်လာကြသည်။ တိုင်းရင်းသား 
ပြည်သူ များ၏ ညီ ညွတ်မှု့သည် တိုင်း ပြည်၏ အင်းအားဖြစ်လာခဲ့သည်။ 
စည်းလုံး ညီညွှတ်မှု့ နဲ့ တစ်တိုင်းပြည် လုံးမှာ ခိုကပ်နေ ကြသော ကျေး
ကုလားများကို ကြူပင်ကိုခုတ် ကြူငုတ်ပါ မကျန် တွန်းလှန်တိုက် ခိုက်
မောင်းထုတ်သုတ်သင် ပစ်နိုင်ခဲ့သည်။ တိုက်ပွဲတွေ အားလုံးပြီးလို့ တိုင်း
ပြည်ငြိမ်းချမ်းသော အခါမှာတာ့ ဘုရင်ဝီရသည် သူ့ရည်ရွယ်ချက်ဖြစ်သော
တရားအရသာကို သောက်သုံးဘို့ စဉ်း စားမိသည်။ သို့သော်လည်း တိုင်း
ပြည် ပြန်လည်တည်ငြိမ်ဘို့ တိုးတက်ဘို့ လုပ်ဆောင်နိုင် သည့် သူကို 
ရှာမတွေ့ခဲ့။ ဖြစ်ချင်ရာ ဖြစ် ပစ်ထားခဲ့လျှင် ပြန်လည် ပြိုကွဲသွားနိုင်သည်။ 
ကစဥ့်က လျား ကသောမျောပါး ဖြစ်သွားနိုင်သည်။

မူးကြီးမတ်ရာ သေနာပတိများစွာတို့ကလည်း တိုင်းပြည်ကို တည်ငြိမ်
တိုးတက်ဘို့ လုပ်ဆောင်ပြီး မှသာ လိုရာလမ်းကို လျှောက်လှမ်းသင့်
ကြောင့် လျှောက်တင်ကြသည်။ ဒီလိုနဲ့ပဲ ဘုရင်တစ်ပါး အဖြစ် ၀ီရ 
တစ်ယောက် အုပ်ချုပ်မင်းလုပ်နေသည်။ တစ်နေ့မှာ သက်တော် 
ရှည်အမတ်ကြီး ဦးဗလက “ ဘုရင်မင်းမြတ် ဘုရား၊ ရဲရင့် ထက်
မြတ်သော အရှင်မင်းမြတ်ရဲ့ သွေးသားနဲ့ စိတ်ဓာတ်တို့ကိုကျွန်တော်
မျိုးတို့ တိုင်းပြည်အတွက် ချန်ထားရစ်ခဲ့သင့်ပါသည်။ ထို့ကြောင့် နတ်
ရွာ စံဝင်တော်မူပြီးသော ဘုရင်မင်းကြီးရဲ့ သမီးတော် ရူပါနဲ့ ထိမ်းမြား 
လက်ထပ် သွေးသားဓာတ်တို့ ချန်ထားခဲ့သင့်ပါကြောင်း ” လျှောက်
ထား သံတော်ဦးတင် လေသည်။ ရူပါသည် ဘုရင့်သမီးဆိုတဲ့ ဂုဏ်နဲ့
လိုက်ဖက် အောင်ကို နူးညံ့ လှပလွန်းသည်။ အပြစ်ပြောစရာ မရှိ
လောက်အောင်ကို  ချောမောလှပ လွန်းသည်။ ဘုရင်ဝီရသည်လည်း
 ပုထု ဇဉ်ပီပီ နှစ်သက်မြတ်နိုးသဖြင့် ရူပါကို မိဖုရား မြောက်ကာ လက်
ဆက် ထိမ်းမြားလိုက်သည်။ နောက် ဘုရင်ဝီရသည် သားတော် အမွှာ
ပူးလေး နှစ်ယောက်ရဲ့ ဖခင်ဖြစ်လာခဲ့သည်။ တည်ငြိမ်အေးချမ်းပြီး
တိုးတက်သာယာ သော တိုင်းပြည်နဲ့ ပျော်ရွှင်ကြည်နူးစရာ ကောင်း 
သည့် အခြေအနေပါပဲ။ ဒီလိုနဲ့ နေလာခဲ့တာ နှစ်တွေပင် များစွာ 
ကုန်လွန်ခဲ့ပါပြီ။ သားတော်နှစ်ပါး လည်း အရွယ် ရောက် ပညာစုံတဲ့
တစ်နေ့။ ဘုရင်ဝီရသည် ရူပါကို ခွင့်တောင်းသည်။ တောထွက်
တရားအားထုတ်ချင်သည်။ ရူပါကလည်း ယောဂီဝတ်ပြီး
တရားအားထုတ်ချင်ကြောင်း ပြောသည်။ သားတော်နှစ်ပါးကို
တိုင်းပြည်အပ်မည့်အကြောင်း တစ်တိုင်းပြည်လုံး ကြေငြာ   
မောင်းတီးသည်။ သဘောမတူသည့်အဖွဲ့ အစည်းရှိလျှင် ကန့်ကွက်
နိုင်သည်။ တစ်တိုင်းပြည် လုံးရှိ အဖွဲ့အစည်းအားလုံးက သဘောတူ
ကြသဖြင့် သားတော်အကြီးကို ဘုရင်အဖြစ်တင်မြောက်ပြီး သားတော်
ငယ်ကို အိမ်ရှေ့စံအဖြစ် တင်မြောက်လိုက်သည်။ ခုတော့ ဘုရင်ဝီရက 
ရဟန်းဝတ်ပြီး  မိဖုရားရူပါက ယောဂီဝတ်ပြီး ဘေးမဲ့တောလေး ထဲမှာ
ကိုယ်စီ ကိုယ်စီ တရား အားထုတ်နေကြပါပြီ။

ဘေးမဲ့တောလေးထဲကတိုင် တိုင်းပြည်အပေါ်ကို မေတ္တာအအေးဓာတ်
တွေ ပို့လွှတ် လွှမ်းခြုံလျှက်ပေါ့။ (တောထဲက ချောင်းငယ်လေးရဲ့
ဒီဘက်ခြမ်းမှာ ဦးဇင်းဝီရက တရား အားထုတ်ပါသည်။ ဟိုဘက် 
အခြမ်းမှာတော့ ယောဂီရူပါက တရားအားထုတ်ပါသည်။ အလည်
က ချောင်းဘေးမှာ သူတို့ကို ပြုစု လုပ်ကျွေးမဲ့ ဆွမ်းဟင်းအတွက်
တာဝန်ယူတဲ့ ရွာသူ ရွာသားများ နေကြသည်)။ ကဲ ခုတော့လည်း
အပူကူးစက်ခံခဲ့ရသော ဘေးမဲ့ တောလေး   အေးချမ်း သာယာ 
သွားခဲ့ပါပြီ။ ငါးလေးများ တောကောင်လေးများလည်း တေးဆိုရင်း
မြူးထူး ခုန်ကစားလို့ပေါ့။ ကဲ သူငယ်ချင်းတို့ရေ ဒို့တတွေ အားလုံး
ဒို့နိုင်ငံ ဒို့တိုင်းပြည် ဒို့လူမျိုး ဒို့ဘာသာ ဒို့ယဉ်ကျေးမှု့ ဒို့သာသနာကို
စော်ကားရန်စလာတဲ့ ဘယ်လိုဘေး အန္တရာယ်မျိုးကို မဆို ဘယ်
လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် တွန်းလှန်ကာကွယ် တိုက်ထုတ်ကြရ အောင်နော်။
ဘုရင်ဝီရလို ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်ခဲ့ ရင်တောင်
နောက်လိုက်ကောင်း တစ်ယောက်အနေနဲ့ပေါ့။


အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း 
( ကိုယ်တိုင်း ခံစား ရေးဖွဲ့သည်)

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"