Sunday, July 29, 2012

(၉) ခေတ်ဟောင်းရုပ်ရှင်ကို ဘယ်လိုစခဲ့ရသလဲ


ယနေ့ မြန်မာ့ရုပ်ရှင်လောကသည် အတော်အတန် ဖွံ့ဖြိုးခဲ့ပြီး ဆင့်ပွားဖြစ်သည့် ဗီဒီယို၊ဗီစီ
ဒီ၊ ဒီဗွီဒီများလည်း  တိုးတက်ပေါ်ထွက်လာခဲ့ပါပြီ။  ခေတ်ဟောင်း  မြန်မာ့ရုပ်ရှင်၏အစ အ

ခက်အခဲများနှင့် ကြုံတွေ့ ခဲ့ရသည်။ ကမ္ဘာ့အနောက်နိုင်ငံတွင် ၁၈၉၄ ခုနှစ်မှစ၍ ရုပ်ရှင်ပြ ခဲ့ပြီး  မြန်မာနိုင်ငံတွင်မူ  နှစ်ပေါင်း (၂၅)  နှစ် နောက်ကျပြီးမှသာပေါ်ထွက်လာခဲ့ပါသည်။ ပထမဆုံး  မြန်မာ့ရုပ်ရှင်မှာ ဘိလပ်သွား ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန်၏ ဈာပနသတင်း
ကားဖြစ်၍ ဒါရိုက်တာအဖြစ် ဓာတ်ပုံပညာရှင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်က ရိုက်ကူး
ခဲ့ပါသည်။


၁၉၂၀ ပြည့်၌  ရန်ကုန်မြို့ရှိ စီနီမာဒီပဲရစ်ရုံကြီးတွင် အမေရိကန် ရုပ်ရှင်ကားတစ်ကားနှင့်
 ပူးတွဲပြသခဲ့ရာ မြန်မာလူထုကြီးက တစ်ခဲနက် အားပေးခဲ့ကြပါသည်။  ဇာတ်လမ်းပါသော
 ဇာတ်ကားကို  ဘားမားဖလင်မှ  ရိုက်ကူးခဲ့ပြီး  ဇာတ်ကားအမည်မှာ “မေတ္တာနှင့် သူရာ”
 ဖြစ်သည်။ ဆရာကြီးပီမိုးနင်း၏ ဇာတ်လမ်းဖြစ်ပြီး မြန်မာ့ရုပ်ရှင် ဇာတ်လမ်းပါ ဇာတ်ကား
များအနက် ပထမဦးဆုံးလည်း ဖြစ်ပါသည်။  ဦးတုန်ကြီးနှင့် လန်ဒန်အတ်ဦးအုန်းမောင်တို့
က ဒါရိုက်တာအဖြစ် ရိုက်ကူးကြသည်။ မင်းသားမှာ မြန်မာအဆွေ ဦးဘညွန့်၏သား ဦးညီ
ပု၊မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီဖြစ်ပြီး ၎င်းဇာတ်ကားကို ရန်ကုန်မြို့ရှိ စီနာမာဒီပဲရစ် ရုံကြီး တွင်ပင်  ပြသခဲ့ပါသည်။  ၎င်းနောက်  “ကျေးတောသူ မနု” ဇာတ်ကားကို ထပ်မံရိုက် ကူး ခဲ့ပါသည်။  လန်ဒန်အတ် ကုမ္ပဏီမှဖြစ်ပြီး ဦးညီပုနှင့် ခင်ခင်နုတို့ ပါဝင်သရုပ်ဆောင် ခဲ့ကြပါသည်။


၁၉၂၀  မှ  ၁၉၂၉  ခုနှစ်အတွင်း ရုပ်ရှင် ကုမ္ပဏီပေါင်း (၄၀) ကျော် ပေါ်ပေါက်ခဲ့ဖူးသည်။
(၁၉၃၃) ခုနှစ်စတင်၍ “မြန်မာအဆွေ” ကို “အေဝမ်း” ဟူ၍ အမည်ပြောင်းလဲလိုက်သည်။
 မြန်မာအ သံထွက် ပထမဆုံးဇာတ်ကားမှာ “ငွေပေးလို့မရ” ဖြစ်သည်။ ၁၉၃၂  ခုနှစ်တွင် 
ရိုက်ကူးပြီး  မင်းသားအေးကိုနှင့် မင်းသမီး ခင်မေလေးတို့ ပါဝင်သည်။ အဆိုပါဇာတ်ကား
ကို ရန်ကုန်မြို့ရှိ  ဘားမားအင်ပီရီးရယ်  ကုမ္ပဏီက  ဘုံဘေတွင်  သွားရောက် ရိုက်ကူးခဲ့
သော်လည်း အသံအနေအထားမှာ စိတ်တိုင်းကျလောက်အောင် ပီပြင်မှုမရှိခဲ့ပေ။ ဒုတိယ
အသံထွက်ရုပ်ရှင်ကားမှာ “ပဋိက္ခရား”  ဖြစ်ပြီး ဗြိတိသျှဘားမား  ကုမ္ပဏီမှ ရိုက်ကူးခဲ့ခြင်း
 ဖြစ်သည်။

မင်းသားကိုလှဖေနှင့်  မင်းသမီး  ခင်ခင်ရီတို့ ပါဝင်ထားကြပြီး ရန်ကုန်မြို့၌ပင် ရိုက်ကူးခဲ့
ခြင်းဖြစ်သည်။   ဤသို့ဖြင့်   ယနေ့ပွဲလယ်တင့်နေသော  မြန်မာ့ရုပ်ရှင်  ဖြစ်မြောက်လာ
အောင်ရှေးမဆွက   အနုပညာရှင်များ    အတတ်ပညာရှင်များက   ကြိုးပမ်းခဲ့ကြရပါ၏။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"