Sunday, July 29, 2012

(၁၂) ခုဒ္ဒကပါဠိတော် နိဿယကျမ်းကြီးကို ဆရာတော်ဦးဗုဓ် ဘယ်လိုအပြီးသတ်စီရင်ခဲ့သလဲ



ဆရာတော်ဦးဗုဓ်သည် ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပြုစုပြီဆိုလျှင် မပြီးဆုံးမချင်း ဘယ်သော
အခါမျှ ရပ်နားလေ့  မရှိ။  လုံ့လ ဝီရိယကြီးစွာဖြင့် ပြီးမြောက်အောင် အဆုံးသတ်လေ့ရှိ၏။
“ခုဒ္ဒက ပါဠိတော်နိဿယကျမ်းကြီး”  ကား  ဆရာတော်ဦးဗုဓ်၏  နောက်ဆုံးလက်ရာ ဖြစ်
လေသည်။ အဆိုပါ ကျမ်းကြီးကို ပြုစုစဉ် ဆရာတော်ဦးဗုဓ်၌ ဒူလာဝမ်းသက်ရောဂါ စွဲကပ်
ခဲ့လေသည်။  မည်သည့် ဆေးဝါး  နှင့်မျှ ပျောက်ကင်းသက်သာသည်  မရှိခဲ့။ အခြေအနေ
မှာ တစ်နေ့ထက်တစ်နေ့  ဆိုးရွားလာခဲ့၏။  အဆိုပါ ရောဂါဖြင့် ပျံလွန်တော်မူလိမ့်မည်ဟု
ဆရာတော်ကိုယ်တိုင်ပင် မှတ်ယူထားခဲ့လေသည်။

ထိုသို့ ရောဂါမှာ တစ်နေ့ထက်တစ်နေ့ တစ်စတစ်စ ပြင်းထန်လာသည့်အလျောက် ကုဋီမှ 
ဆင်းရသည်  မရှိလောက်အောင်  ဖြစ်နေချိန်တွင် ပြုစုနေဆဲကျမ်းဂန်  မပြီးဆုံးဘဲ ပျံလွန်
တော်မူသွားမှာကို  ဆရာတော် စိုးရိမ်နေခဲ့သည်။  သည့်အတွက်  တပည့်ရဟန်းများအား
၎င်းကုဋီထိုင်သည့်  မျက်နှာမူရာ ရှေ့တွင်  မီးသွေးများ  သုတ်လိမ်းပေးထားရန် မိန့်တော်
မူခဲ့သည်။  ဆရာတော်ဦးဗုဓ်သည်  ကုဋီထိုင်ရင်း အဆိုပါကျမ်းကို မပြီးပြီးအောင်ရေးသား
ပြုစု၏။  ဆရာတော်  ဦးဗုဓ်  ကုဋီအပြင်သို့ထွက်လျှင်  တပည့်ရဟန်းများက  ဆရာတော်
ရေးသား ထားသောစာကို ကူးကြရ၏။  ကူးပြီးနောက် မီးသွေးများဖြင့် ပြန်၍ လိမ်းကျံပေး
ထားရ၏။

ဤသို့ဖြင့် ခုဒ္ဒကပါဠိတော်  နိဿယကျမ်းကြီးကို  ပြီးမြောက်စေခဲ့သည်။ ထိုကျမ်းကား ဂါ
ထာ စုဏ္ဏိယပေါင်း ပုဒ်ရေ(၄၈)ပုဒ် ရှိပြီး သာသနာတော်အတွက် လွန်စွာမှ အကျိုးရှိသော
ကျမ်းကြီးတစ်ဆူ   ဖြစ်ခဲ့လေသည်။   ဆရာတော်ဦးဗုဓ်   နောက်ဆုံးပြုစုခဲ့သောကျမ်းကြီး 
 ဖြစ်၍ ပြုစုခဲ့သမျှထဲတွင်  အပင်ပန်း အဆင်းရဲ ခံရဆုံးသော ကျမ်းဖြစ်ပေရာ ကျမ်း၏နိဂုံး ၌ အောက်ပါအတိုင်း မှတ်တမ်းပြုခဲ့ပေသည်။

“ငါသည် ကိုယ်စိတ်နှစ်ဖြာ  မချမ်းသာသော ရောဂါဝေဒနာ  ကပ်ရောက်လာသော်လည်း 
ကိုယ်နှင့် အသက် မငဲ့ကွက်မူ၍ ဤနိဿယကို ရေးသားဘိသကဲ့သို့ အသင် စာသင်သား
တို့သည်လည်း  ကိုယ်နှင့်အသက်  မငဲ့ကွက်မူ၍  ဤခုဒ္ဒက  သိက္ခာပါဠိတော် နိဿယကို
(ဝါ) ကျန်များစွာသော ကျင့်ဝတ်သိက္ခာကို အနည်းငယ်မျှ ဖြစ်သော အဓိသီလ၊ အဓိစိတ္တ၊ 
အဓိပညာသိက္ခာသုံးပါးကို  ကိစ္စတစ်ပါး  စွန့်ပစ်ထား၍  ဖန်များကြိမ်ခါ  လွန်စွာကြိုးကုတ်
 အားထုတ်မြဲပင် ယှဉ်စေကုန်သတည်း”။

(ဆရာတော် ဦးဗုဓ် ပျံလွန်တော်မူသောအခါ သက်တော်(၅၅)နှစ်သာ ရှိ၏။ ဣရိယာပထ
မျှတမှု မရှိအောင်  စာနှင့်စာ မျက်နှာတော်  မခွာစတမ်း စွဲစွဲလမ်းလမ်း ထိုင်နေ လျောင်း
နေတော်မူသည့်   အတွက် ထိုမျှသာ  နေထိုင်သွားရခြင်းဖြစ်၏။  ဆရာတော်ပြုစုခဲ့သော 
ကျမ်းအရေအတွက် (၆၁)ကျမ်းဖြစ်ကြောင်း မှတ်သားရပါသည်။)

(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"