၂၀၁၂- ပညာသင်နှစ် တွဲလက်များ ပညာရေးကူညီမှု အသင်း အလှူမှတ်တမ်းပုံများ

အစိုးရမူလတန်းကျောင်း မရခင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်...

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label ဓမ္မဆောင်းပါး. Show all posts
Showing posts with label ဓမ္မဆောင်းပါး. Show all posts

Sunday, July 29, 2012

(၆) ကထိန်မမြောက်တဲ့သင်္ကန်းနဲ့ ကထိန်မြောက်တဲ့သင်္ကန်းတွေက ဘာတွေလဲ


“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရား
ရှင် မိန့်ကြားခဲ့သည့် အတိုင်း  အမြတ်ဆုံးအလှူတို့တွင်  ကထိန်သင်္ကန်း  လှူခြင်းလည်း 
ပါဝင်၏။
ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ...
၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်
    ဟူ၍ ဘုန်းကြီးကပြော၍ ကထိန်ခင်းလျှင်
၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင်
၎။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်  နေ့မရောက်မီ ကျောင်း၌  သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် 
    ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းသည့်    နေ့မရောက်မီ ကျောင်းကို   ကြိုတင်ပို့ထားသော    သင်္ကန်းဖြင့် 
    ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင်   အိမ်ကြီးအိမ်ငယ်နှင့်တကွ  ငါးခန်း(သို့မဟုတ်)  ငါးခန်း
    ထက်ပိုအောင် မဖြတ်ထား သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၈။ ကျောင်း၌ ယခင်က ကပ်ထားသည့် သင်္ကန်းများ၊ ကပ္ပဗိန္ဓုထိုးပြီးသားသင်္ကန်းများနှင့်
    ကထိန်ခင်းလျှင် ကထိန်မမြောက်ပါ။
ကထိန်မြောက်သော သင်္ကန်းများမှာ
၁။ သင်္ကန်းအသစ်နှင့် ကထိန်ခင်းလျှင်
၂။ နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၃။ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၎။ မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီးမသိမ်းဆည်းထားသော သင်္ကန်းဖြင့်
    ကထိန်ခင်းလျှင်
၆။ ကထိန်ခင်းမည့်နေ့  မရောက်မီ ကျောင်းကို  ကြိုတင်မပို့ထားသော  သင်္ကန်း၊ကထိန်း
 ခင်းမည့်   နေ့ရက်     ရောက်မှ    ကျောင်းကိုပို့သော    သင်္ကန်းဖြင့်   ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်
  ပိုအောင်  ဖြတ်ချုပ်  ထားသော  သင်္ကန်းဖြင့်  ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

(၃) ကမ္မဋ္ဌာန်းရှုစရာ အသုဘ ဘယ်နှစ်မျိုးရှိသလဲ


အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ဝိပသနာတရား ရှုမည် 
(သို့မဟုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀)မျိုးတို့ကို ရှုရင်း ပွားများ
လေ့ ရှိကြပါသည်။ 
 အသုဘ(၁၀)မျိုးဆိုသည်ကား....
၁။ ဥဒ္ဓုမာတက အသုဘလေပြည့်နေသော အိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့် ရုပ်အ
လောင်းကောင်
၂။ ဝိနီလက အသုဘအသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ဝိပုဗ္ဗက အသုဘပြည်များယိုစီးကျနေသော စက်ဆုပ်ဖွယ် ရုပ်အလောင်းကောင်
၎။ ဝိစ္ဆိဒ္ဒက အသုဘထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅။ ဝိက္ခာယိတက အသုဘခွေး၊ တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်
အလောင်းကောင်
၆။ ဝိက္ခိတ္တက အသုဘကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေ
သော ရုပ်အလောင်းကောင်
၇။ ဟတဝိက္ခိတ္တက အသုဘကျီးခြေသဏ္ဍာန် လက်နက်များဖြင့် ထိုးသတ်ထားသဖြင့်
 မရှုမလှဖြစ်နေသော ရုပ်အလောင်းကောင်
၈။ လောဟိတက အသုဘဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်း
ကောင်
၉။ ပုဋ္ဌုဝက အသုဘပိုးလောက်များ တဖွားဖွားတက်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘအရိုးစုသာရှိသော ရုပ်အလောင်းကောင်စသည်တို့ဖြစ်သည်။
 ရှေးပဝေသဏီက ရဟန်းသံဃာများနှင့် တရားရှာမှီး ယောဂီသူတော်စင်ကြီးများသည်
လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့ သွားရောက်ကာ အသုဘဘာဝနာ ကမ္မဋ္ဌာန်း
 စီးဖြန်းလေ့ ရှိကြသည်။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်း
ပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေများ၌ ရှိခဲ့ပေသည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)စာအုပ်မှ)

Monday, July 16, 2012

ဥပုသ်နေ့အကြောင်းနဲ့ ပတ်သတ်သမျှ သိကောင်းစရာများ အပိုင်း(၁)

ဝါတွင်းကာလလည်း နီးလာတာနဲ့ ဥပုသ်အကြောင်း မေးလာတဲ့မေးခွန်းများကို အချိန်မီသိရှိရအောင် ဖြေပေးလိုက်ပါတယ်။ ဥပုသ်ဆိုသည်မှာ ဥပေါသထ-ဟူသောပါဠိကို ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။ ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့ ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ ၀သထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကိုယ်ကျင့်သီလ မပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့အတွက် နေ့ရက် များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့ သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည် ရန်အတွက် ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာ ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

Sunday, July 15, 2012

အယူမှားရင် ငရဲကျမယ်ဆိုတာ ဟုတ်ပါသလား

(အရှင်ဘုရားအယူမှားရင် ငရဲကျမယ်လို့ပြောတာ ဘာသာခြားတွေကိုငရဲကျမယ်လို့ပြောတာနဲ့ အတူတူပဲမဟုတ်လားဘုရား)

ကောင်ကလေးရေ..ကောင်ကလေးမေးခွန်းက သိပ်ကြောက်ဖို့ကောင်းနေပါလားကွယ်..။ ဒါပေမဲ့ ဦးဇင်းအတတ်နိုင်ဆုံး ကိုယ်စွမ်းအားဥာဏ်စွမ်းအား ရှိသလောက်ဖြေပေးပါ့မယ်။

``အယူမှားရင်ငရဲကျမယ်ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အယူမှားတာနဲ့ ဘာသာခြားနဲ့ က သေချာတွေးကြည့်ရင် မသက်ဆိုင်လှတဲ့ အရာတစ်ခုပါ။ ဘာသာခြားတိုင်း အယူမမှားသလို အယူမှားတိုင်းလည်း ဘာသာခြားမဟုတ်ပါဘူး။´´

``ဗုဒ္ဓဘာသာရဟန်းပါလို့ အမည်ခံထားကြတဲ့ ပုဂ္ဂိုလ်တချို့တောင်မှ ဘုရားဟောတရားတွေကို မှန်မှန်ကန်ကန် မတွေးတတ် အဓိပ္ပါယ်မကောက်တတ်တော့ အယူမှားသွားတယ်လေ။ မြန်မာပြည်မှာ အဲလိုဘုန်းကြီးတွေ အများကြီးရှိပါတယ်။ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကကို အယူမှားသွားကြတဲ့ ရဟန်းတွေရှိပါတယ်´´

အယူမှားရင် ငရဲကျတယ်ဆိုတာက မက္ခလိဂေါသာလတို့ရဲ့ အယူမျိုးကို ပြောတာပါ။ မက္ခလိဂေါသာလရဲ့ အယူကို အနည်းငယ်မျှ သိသာရုံဖော်ပြပေးပါ့မယ်။

“မေတ္တာဘာဝနာ”




ဒီကနေ့ အချိန်အနည်းငယ်အတွင်းမှာ ဘာဝနာအကျင့်တစ်မျိုးကို ကျင့်ကြရပါလိမ့်မယ်။ အခုကျင့်မယ့် ဘာဝနာက ၀ိပဿနာ ကမ္မဋ္ဌာန်တရားရဲ့ အဆုံးသတ်အပိုင်းပါပဲ။ အခုပြုရမယ့် ဘာဝနာက မိမိတို့ပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေကို သတ္တ၀ါအပေါင်းတို့အား အမျှအတမ်းဝေဖို့ ဖြစ်ပါတယ်။ မိမိ၏ စိတ်ချမ်းသာမူ၊ စိတ်မျှတမူတို့ကို အများနဲ့ဝေငှဖို့ ဖြစ်ပါတယ်။

ဒီလိုသူများနဲ့ ငြိမ်းချမ်းသာယာမူ၊ မျှတမူ၊ စိတ်ချမ်းသာမူတွေကို ဝေငှနိုင်တယ်ဆိုတာဟာ မိမိကိုယ်တိုင်ကလဲ မိမိစိတ်ထဲမှာ သူများတွေကို ကရုဏာဝင်ဖို့ ကြင်နာထောက်ထား မေတ္တာပွားတတ်ဖို့ ဖြစ်ပါတယ်။

ယောဂီတို့ဟာ ၀ိပဿနာတရားကျင့်စဉ်မှာ အဆင့်မြင့်လာတဲ့အခါ ဘာကို သိလာသလဲဆိုရင်၊ မိမိကိုယ်ထဲမှာ အညစ်အကြေးတွေရှိနေရင် ဒီကျင့်စဉ်မှာ တရားမတက်နိုင်ဘူးဆိုတဲ့အသိ ဖြစ်လာပါတယ်။ အမှန်တရားတစ်ခုက ယောဂီတို့ဟာ မိမိတို့စိတ်ထဲမှာ အညစ်အကြေးတစ်ခု ပွားလာတယ်ဆိုရင်၊ ဥပမာ ဒေါသ အမျက်ထွက်တာ၊ မုန်းတီးတာ၊ သဘောဆိုးထားတာ၊ ရန်ညှိုးဖွဲ့တာအစရှိတဲ့ အကုသိုလ်စေတသိတ်တွေ ဖိစီးနှိပ်စက်တဲ့အခါ ယောဂီဟာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒီဟာကတော့ ဒီအတိုင်းပါပဲ။ ဘယ်တော့မဆို ကိုယ့်စိတ်ထဲမှာ အကုသိုလ်စိတ် ပွားလိုက်တယ်ဆိုရင် ကိုယ်ဟာ စိတ်မချမ်းမသာဖြစ်ရတာပါပဲ။

အရင်တုန်းက ယောဂီတို့ဟာ မိမိကိုယ်တွင်းမှာ တကယ်ဖြစ်ပျက်နေတာတွေကို မစူးစမ်းမဆင်ခြင်ခဲ့လို့ တကယ်ဖြစ်ပျက်နေတာတွေကို မသိရှိမခံစားခဲ့ပါဘူး။ ဒါကြောင့်မို့ တကယ့်ကိုယ်ထဲ ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို အသိဉာဏ်လဲ မရှိခဲ့ပါဘူး။ သိလဲ မသိခဲ့ပါဘူး။ အခုတော့ ယောဂီတွေဟာ မိမိရဲ့စိတ်ကို ရူတတ်တဲ့အကျင့်ဖြစ်လာပြီမို့ မိမိစိတ်ထဲမှာ အကုသိုလ်စိတ်ဝင်လာရင် သြော်ကြည့်စမ်း ငါ့စိတ်ထဲမှာ အကုသိုလ်စိတ်ဖြစ်တဲ့အခါ ငါစိတ်မချမ်းသာဖြစ်ရပါလားဆိုတဲ့ အသိဉာဏ် ၀င်လာပါတယ်။ တစ်နေ့ပြီးတစ်နေ့ ယောဂီတို့ ဆက်ကျင့်သွားမယ်ဆိုရင် ဒီအသိတရားဟာ ပိုပိုပြီး ထင်ရှားထင်ရှား လာပါလိမ့်မယ်။

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"