၂၀၁၂- ပညာသင်နှစ် တွဲလက်များ ပညာရေးကူညီမှု အသင်း အလှူမှတ်တမ်းပုံများ
အစိုးရမူလတန်းကျောင်း မရခင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်...
This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Friday, June 29, 2012
၂၁ ရာစုပညာရေး
ကိုယ်သင်ချင်တာ ကိုယ်ရွေးချယ်ခွင့်ရှိလာမယ်
၂၁ ရာစု ပညာရေးအရွေ့ သို့မဟုတ် ပါရာဒိုင်းဟာ “မဖြစ်နိုင်ဘူး” ဆိုတာတွေကို စိန်ခေါ်နေတဲ့ အနေအထားကို ရောက်လာပြီ။ လက်ရှိ လက်ခံကျင့်သုံးနေကြတဲ့ ပညာရေးဟာ ၁၉ ရာစုလောက်ကတည်းက ကျင့်သုံးလာတဲ့ ပညာရေးစနစ်ရဲ့ ဝဲဂယက်ထဲကနေ ရုန်းထွက်နိုင်စွမ်း မရှိသေးဘူး။ အဲဒီမဖြစ်နိုင်ပါဘူးဆိုတာတွေကို ပြောနေတဲ့ ပညာရှင်ကြီးတွေရဲ့ အစွဲကိုဖြုတ်နိုင်မယ်ဆိုရင် ပညာရေးပါရာဒိုင်းဟာ အပြောင်းအရွေ့မြန်မယ် ထင်ပါတယ်။
Scott McLeod ဆိုသူက သူ့ ဘလော့ဂ် မှာ “Dangerously Irrelevant” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ရေးထားပါတယ်။ “ကြောက်မက်ဖွယ်ကောင်းသော ဆက်စပ်မှု ကင်းမဲ့ခြင်း” လို့ပြောရမယ်ထင်ပါတယ်။ သူ ညွှန်းထားတာက လက်ရှိခေတ်စားနေတဲ့ “Mission Imopssible” ရုပ်ရှင်ဇာတ်ကား အမည်ကိုပါ။
သူက ပညာရေးမှာ “ကိုယ့်ကို ပေးထားတဲ့ အလုပ် (assignment) ဟာ၊ ကိုယ်တိုင်ရွေးချယ်တာမျိုးပဲ ဖြစ်သင့်တယ်” လို့ အခိုင်အမာဆိုထားတယ်။ ဆရာက လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ချပေး လိုက်လို့ လုပ်ရတာမျိုး မဖြစ်သင့်ဘူး လို့ပြောထားတယ်။ အဲဒါ ၂၁ ရာစုရဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။
Thursday, June 28, 2012
★`•☂ •´အိပ်မက်နှင့်ပတ်သက်သော နိမိတ်များ`•☂•´★
သူငယ်ချင်းများ အိပ်မက်နှင့်ပတ်သက်ပြီး နိမိတ်များ ဆောင်ရန်ရှောင်ရန်များကို ဗဟုသုတအနေဖြင့် သိရှိ့စေရန်                                              ***{တင်ပြလိုက်ပါသည်}***
အိပ်မက်ကို လူတိုင်းမက်သည်။ သို့သော မိမိတို့ အိပ်မက်၏ကောင်းကျိုးဆိုးကျိုးကို ကြိုတင်၍ သတိမထားသည့်အတွက် အကျိုးခံစားသင့်သော အရာများလွဲချော်သွားသည်လည်း ရှိပေသည်။ မကောင်းကျိုးကို မခံစားရမီ ကြိုတင်၍ နိမိတ်အနေအထားအားဖြင့် အိပ်မက်မြင်မက်သည်ဖြစ်လျက် မိမိတို့၏ အိပ်မက်ကို သတိမမူ၍ ဖြစ်စေ၊ အဓိပ္ပာယ်ကို နားမလည်၍ဖြစ်စေ အမှုမဲ့ အမှတ်မဲ့နေသည့်အတွက် ဒုက္ခမတွေ့သင့်လဲနှင့် တွေ့ရတတ်သည်။ ဓာတ်လေချောက်ချား၍ မြင်မက်ခြင်းသည်လည်း ရှိတတ်၏။ ထိုအိပ်မက်ကို အမှန်မယူနိုင်ပါ။
    အကယ်၍ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် မြင်မက်သည်ဟု ယူဆမိလျှင် မိမိမြင်မက်သော အိပ်မက်၏ ကောင်းကျိုး ဆိုးပြစ်ကို ဝေဖန်တတ်သူကို ရှာ၍ ထိုသူအား ပြောပြရမည်။ သို့မဟုတ် အိပ်မက်ဆိုင်ရာ ကျမ်းစာအုပ်တို့ကို ဖတ်၍ ဝေဖန်ချက်ချပြီးလျှင် ကောင်းကျိုးပေးမည့် အိပ်မက်ဖြစ်က ပေးရန် အချိန်ကာလကို စောင့်ဆိုင်းလျက်အထူး သတိနှင့် နေရမည်။
    ဆိုးကျိုးပေးမည့် အိပ်မက်ဖြစ်က ထိုပေးလတ္တံ့သော အကျိုးကို မပေးရန် အဟောသိကံ ဖြစ်သွားအောင် ရတနာသုံးပါး၊ ဆရာသမား၊ ဘိုးဘွားမိဘတို့ကို ကိုးကွယ်ဆည်းကပ်၍ ယတြာများဆင်ရပေမည်။ ဤသို့ ညွှန်ပြအပ်သည့်အတိုင်း အိပ်မက်မြင်မက်တိုင်း ဂရုပြုရန် သတိရှိကြစေလိုသည်။
    ဤသို့ ကျမ်းအစောင်စောင်တို့ အဆိုမတူညီကြ၊ သို့သော်လည်း အိပ်မက်မကောင်း ထင်မြင်လျက် မက်သည့်အချိန်အခါ နေ့၌ မက်သော အိပ်မက်ဖြစ်စေ 'ယတြာကောင်းက မင်းလောင်းပျော်က' ဆိုသကဲ့သို့ ဆေးရှစ်ပါးဖြင့် ခေါင်းဆေးခြင်းကိုလည်းကောင်း၊ ဘုရားပုထိုးရှိခိုးခြင်း၊ နံ့သာပန်းတို့ဖြင့် သက်စေ့ပူဇော်ခြင်း၊ တြိရန်း, စတုန်ရန်း, နံ့သင့်သစ်သားတို့ကို အောက်ခံပြု၍ ခေါင်းဆေးခြင်းကိုလည်းကောင်း ဤသို့ စသော လောကဓမ္မယတြာကို ပြုခြင်းကြောင့် လွန်သည်မရှိ ကင်းပျောက်ကုန်၏။
    အိပ်မက်၊ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဂြိုလ်စာ သက်ရောက်အစရှိသည်တို့ကို မယုံကြည့်တတ်လျှင် မိစ္ဆာဒိဠိဖြစ်တတ်၏။ ထို့ကြောင့် "ငါ့အား အ,ကုသိုလ်ကံအကျိုးပေးလို၍ မကောင်းသောအိပ်မက် စသည်တို့ မြင်လာကုန်သည်။ ကုသိုလ်ကံအကျိုးပေးလို၍ ကောင်းသော အိပ်မက် စသည်တို့ မြင်လာကုန်သည်။ ဤသို့ ပုဗ္ဗနိမိတ်အဖြစ်ဖြင့် ကံကို အရင်းထား၍ ယုံကြည်ရမည်"ဟု ပညာရှိတို့ မိန့်တော်မူကြ၏။ ထို့ကြောင့် အိပ်မက်များအားကံကို အရင်းထား၍ ယုံကြည်ကြပါလေ။
ဒေါနတောင်ခြေ လှိုင်းဘွဲ့မြို့ အခြေအနေ
ပထမဆုံးမေတို့ မြို့လေးကို မိတ်ဆက်ပေးပါရစေ။ ဒေါနတောင်ခြေရင်းမှာ ရှိတဲ့ မေတို့ လှိုင်းဘွဲံ့မြို့လေးဟာ အနိမ့်ပိုင်း ကျပါတယ်။ လှိုင်းဘွဲ့ချောင်းက မြို့လေးကို နှစ်ပိုင်း ခွဲခြားထားပါတယ်။ မြို့တွင်း ကူးသန်းသွားလာရန်သော်၎င်း၊ ဘားအံမြို့သို့ သွားရန်သော်၎င်း မြို့တွင်းမှ ဖြတ်သန်းသွားလာရန် အရှည် ၁၉၅ပေ ရှိတဲ့ သံဘောင်တံတားတစ်ခုကို နှစ်ပေါင်း ၉၀ကျော် ၁၉၂၁ခုနှစ်က တည်ဆောက်ထားတဲ့ တံတားအိုလေးကို အမှီပြုပြီး သွားလာနေကြပါတယ်။
ဒါပေမဲ့ ဒီတံတားလေးက ၂၀၁၁ အောက်တိုဘာလ၊(၂၄)ရက်  ၊ည (၁၀) နာရီ ဝန်းကျင်လောက်မှာ ခါးလည်က ပြတ်ကျပြီး ပြိုကျခဲ့ပါတယ်။
အလောင်းမင်းတရား
အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တတိယ မြန်မာနိုင်ငံတော်ကြီး (ကုန်းဘောင်ခေတ်)ကို ထူထောင်ခဲ့သူ၊ အမျိုးသား စည်းလုံးညီညွှတ်ရေးကို ဆောင်ရွက်၍ ကဗျာစာပေများကို ချီးမြှောက်ခဲ့သည်။ မြန်မာ့စစ်အင်အားနှင့် တန်ခိုးသြဇာ ပြန်လည်ကြီးမားလာစေရန် ဆောင်ရွက်ခဲ့သည်။
အင်္ဂလိပ်များ မှတ်တမ်းတင်ခဲ့သော အလောင်းဘုရားခေတ်
ဘုရင့်နောင်
ဘုရင့်နောင်
ဘုရင့်နောင်
ဘုရင့်နောင်(အေဒီ ၁၅၁၅-၁၅၈၁)ကို ဟံသာဝတီဆင်ဖြူများရှင် အဖြစ်လည်း အသိများပါသည်။ တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေးကို အဆုံးတိုင် အောင်မြင်စေခဲ့သည် သာမက ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကိုပါ ရိုသေခံ့ညားအောင် ဘုန်းတန်ခိုးကြီးသည့် ဘုရင် ဧကရာဇ်တစ်ပါး ဖြစ်သည်။ ဦးကုလားမှန်နန်းရာဇ၀င် အစရှိသည့် ရာဇ၀င်ကျမ်းများတွင် ဘုရင့်နောင်သည် မင်းမျိုးမှန်သူဟု ဆွေမျိုးစဉ်ဆက် ပြဆိုကြသော်လည်း မွန်၊ ရခိုင်နှင့် ယိုးဒယား တို့မှ ရာဇ၀င်ကျမ်းများတွင်မူ သာမန်မျိုးရိုးမှ ဆင်းသက်သူဟုသာ ပြဆိုကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဘုရင့်နောင်ဟု ဆိုလိုက်လျှင် ၁၆ ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကြီးမားသော အပြောင်းအလဲကို ဖြစ်စေသည့် ဘုရင်အဖြစ် အများက နားလည်ကြပေမည်သာ ဖြစ်သည်။ (*ဘုရင့်နောင်လက်ထက်တွင် မွန်ဝန်ကြီးဗညားဒလ မှာ ထင်ရှားသည့် အမတ်ကြီးတစ်ပါးဖြစ်သည်။)
Contents
[hide]
နောက်ခံသမိုင်းကြောင်း
ဘုရင့်နောင်၊ ငယ်နာမည်ရှင်ရဲထွတ် သည် မင်းကြီးဆွေ(နောင်တွင် တောင်ငူဘုရင်ခံ မင်းရဲသီဟသူ)နှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီး ရှင်မျိုးမြတ်(သျှင်မျိုးမြတ်)တို့မှ သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)၊ ဇွန်လ (၂၅)ရက်တွင် ဖွားမြင်သည်။ မိခင်မှာ တပင်ရွှေထီး၏ နို့ထိန်း ဖြစ်သကဲ့သို့ တပင်ရွှေထီးနှင့် ဘုရင့်နောင်မှာ အသက် မကွာလှသဖြင့် နို့စို့ဖက်များ ဖြစ်ကာ တစ်ဦးနှင့် တစ်ဦး အလွန်ပင် ချစ်ခင်ကြသည်။ အရွယ်ရောက်သော် တပင်ရွှေထီး၏ အမတော် သခင်ကြီးနှင့် ငြိစွန်းခဲ့ကြသည်။ မင်းကြီးညို (တပင်ရွှေထီး၏ ဖခင်)မှ သတ်ရန် အမိန့်ချသော်လည်း ဇာတာကောင်းလှသည် ဟုဆိုကာ အပြစ်မှ ချမ်းသာပေးခဲ့သည်။ နောင် မင်းကြီးညို လွန်ပြီး တပင်ရွှေထီး နန်းတက်လျှင် ကျော်ထင်နော်ရထာ ဘွဲ့ပေးကာ အမတော် သခင်ကြီးနှင့် လက်ဆက်ပေးခဲ့သည်။ ထိုမှစကာ တပင်ရွှေထီး၏ နယ်ပယ် ချဲ့ထွင်ရေး စစ်ပွဲများတွင် တိုက်ပွဲတိုင်း ဦးဆောင် ပါဝင်ခဲ့ရပြီး ၄င်းတို့အနက် နောင်ရိုးတိုက်ပွဲမှာ ကျော်ကြားပြီး ထိုတိုက်ပွဲအပြီးတွင် ကျော်ထင်နော်ရထာဘွဲ့မှ ဘုရင့်နောင်ဘွဲ့သို့တိုးမြှင့်ပေးခြင်း ခံရသည်။ နောက် တပင်ရွှေထီးမှ တရားဝင် အမိန့်ထုတ်ကာ သတ်မှတ်သည် မဟုတ်သော်ငြား အိမ်ရှေ့မင်း စည်းစိမ်ပေးကာ ချီးမြှောက်ခဲ့ပြန်သည်။ ထိုမှတစ်ဖန် တပင်ရွှေထီး အရက်ကြောင့် တိုင်းပြည်အုပ်ချုပ်ရေး လစ်ဟင်းသည့်အချိန်မှ စကာ တိုင်းပြည်ကို တပင်ရွှေထီး ကိုယ်စား အုပ်ချုပ်ပေးရပြန်သည်။ မွန်တို့ သူပုန်ထသောကြောင့် တပင်ရွှေထီး က ဘုရင့်နောင်အား သွားရောက်နှိမ်နှင်းစေရာ ဒလအရောက်တွင် ဟံသာဝတီနန်းတော်မှ အဝေး တစ်နေရာ၌ မင်းတရားရွှေထီး လုပ်ကြံခံရသည်ကို ကြားရလေသည်။ ထိုသို့ဖြင့် ဘုရင့်နောင်သည် တပင်ရွှေထီး အစပျိုးခဲ့သည့် ဒုတိယ ပြည်ထောင်စုမြန်မာနိုင်ငံကြီး တည်ထောင်ရေး လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် တာဝန်ကျလာတော့သည်။
ဘန်ကောက်မြို့တွင်း တစ်နေ့တာ ဘုရားဖူးခရီးစဉ်
မြဘုရားနှင့် ရွှေနန်းတော်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်ရောက်ခဲ့ပြီဆိုရင် မြန်မာဗုဒ္ဓဘာသာများကတော့ မြဘုရားကို ပထမဆုံး ဦးတိုက် ရှိခိုးလေ့ရှိပါတယ်။ မနက်ပိုင်း (၈)နာရီခွဲမှ ညနေပိုင်း(၃)နာရီအထိ ဖွင့်ပါတယ်။ ညနေပိုင်းဆိုရင် နန်းတော်ထဲ ပွဲတော်တခုခုအတွက် ပြင်ဆင်လေ့ရှိတာကြောင့် မနက်စောစော သွားဖူးတာက ပိုစိတ်ချရပါတယ်။
ဘုရားဖူးသွားမည့် ဧည့်သည်များအနေဖြင့် ဘောင်းဘီ အတို၊ အကြပ်များ၊ စကတ်အတိုများ၊ လည်ဟိုက်အင်္ကျီ၊ T-shirt ဝတ်ဆင်ခြင်း မပြုရပါဘူး။ အကယ်၍ ဝတ်သွားမိခဲ့ပါက အဝင်ဝတွင် အဝတ်လဲခန်းနှင့် အဝတ်ငှားရမ်းသော နေရာများတွင် ကျသင့်ငွေပေးဆောင်၍ ငှားဝတ်နိုင်ပါတယ်။ ဘုရားဝင်းပြင်ပတွင်လည်း စပန့်သား ဘောင်းဘီများအရှည်များကိုလည်း ရောင်းချပေးနေသည့်အတွက် ဧည့်သည်များအနေဖြင့် အဆင်ပြေစွာဝယ်ယူဝတ်ဆင်နိုင်ပါတယ်။
အင်တာနက်စာမျက်နှာတွင်းရှိ ယူကျူ့လင့်ထဲမှာ မြဘုရားဝင်းအတွင်း ရိုက်ကူးထားတာအပြင် ထိုင်းဘာသာ ဘုရားသီချင်းကိုပါ နားဆင်နိုင်ပါတယ်။
မြဘုရားသမိုင်း (အင်တာနက်စာမျက်နှာများမှ မြဘုရားသမိုင်းများကို စုစည်း ကူးယူတင်ဆက်ပါသည်။)
ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ 
http://borderlessburmesebloggers.blogspot.com/2008/09/blog-post_04.html မှ ကူးယူပါသည်။
မြဘုရားသည် ဆူကိုထိုင်း ခေတ် AD- 1438 ကပင် ထိုင်းနိုင်ငံတွင် ရှိနေခဲ့သည်။ ထိုင်းရာမ ဘုရင် ၁ (1782-1809) သည်။ AD- 1782 တွင် လာအိုနိုင်ငံ ဗီယင်တိန်းမြို့မှ ရရှိသော မြဘုရားကို သူ၏နန်းတော် ဘန်ကောက်မြို့တော်အတွင်း တစ်ပါတည်း တည်ဆောက်ခဲ့လေသည်၊ မြဘုရားသည် တကယ်တော့မူ ကြီးမားသော ကျောက်စိမ်းတုံးမှ ထုလုပ်ထားခြင်းဖြစ်လေသည်။ ယုံကြည်ရသော ရာဇ၀င်သမိုင်းမှတ်တမ်း ထဲတွင်မူ AD- 1434 လောက်က ထိုင်းနိုင်ငံမြောက်ပိုင်း ယခု ချင်းရိုင်ခရိုင် (Chiangrai) တွင် ဗုဒ္ဓဆင်းတုတော်ကို အင်္ဂတေများဖုံးအုပ်လျက် တွေ့ရှိခဲ့ရလေသည်။ ဆင်းတုတော်ကို ကျောင်းထိုင် ဆရာတော်တစ်ပါး၏ ကျောင်းထံသို့ ပင့်ဆောင်သွားခဲ့သည်။ တစ်နေ့သော အခါ ဆင်းတုတော်၏ နှာခေါင်းတော်နေရာမှ အင်္ဂတေများသည် အဖတ်လိုက် အလိပ်လိပ်ကွာကျပြီး အတွင်းမှာ ရောင်ခြည်စိမ်းများ ပျံ့လွင့်နေသည်ကို ဆရာတော်က တွေ့ရှိလိုက်ရလေသည်။ ဆရာတော်က အင်္ဂတေများအားလုံးကို ဆင်းတုတော်မှ ဖယ်ရှားလိုက်သောအခါ မြဘုရားဆင်းတုတော်ကို ဖူးမြင်လိုက်ရတော့သည်။ ထိုင်းတွေ၏အဆိုအရ မြဆိုသည်မှာ အစိမ်းရောင်ကိုခေါ်ခြင်းဖြစ်ေ
လသည်။
ထိုသတင်းကိုကြားကြသောအခါ လူအများသည် မြဘုရားကိုဖူးကြဖို့ စုရုံးလာကြတော့သည်။ ထိုအချိန်က ချင်းရိုင်နယ်သည် ချင်းမိုင် (Chiangmai) ဘုရင်၏ လက်အောက်တွင်ရှိနေသည်။ ထို့နောက် ဘုရင်ဆမ်ဖန်ကင်န်က မြဘုရားကို ချင်းမိုင်သို့ ပင့်ဆောင်ရန် ဆင်တော်ကိုလွှတ်လိုက်လေသည်။ သို့သော အကြိမ်တိုင်းတွင် ဆင်တောက လမ်းဆုံရောက်သော အခါ၌ လမ်းပန်း (Lampang ) မြို့တွင်းသို့ ပြေးပြေးဝင်ရောက်သွားခဲ့လေသည်။ ဆင်တော်က သုံးကြိမ်တိုင်တိုင် လမ်းပန်းမြို့တွင်းသို့ ပြေးဝင်ပုံကို ထောက်ရှုပြီး ဘုရင်က မြဘုရားသည် လမ်းပန်းမြို့၌ စံပယ်တော်မူလိုသည်ဟု အတွေး ရပြီးနောက် ဆင်းတုတော်ကို နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် တန်ခိုးထက်သော ချင်းမိုင်ဘုရင် တိလောကTiloka စိုးစံသော AD- 1468 အထိ လမ်းပန်းမြို့တွင် စံပယ်ထားခဲ့လေသည်။
AD- 1551 တွင် ချင်းမိုင်ဘုရင်သည် သားတော်မကျန်ရစ် ဘဲနတ်ရွာစံလေတော် သမီးတော်တစ်ပါးက လာအိုဘုရင်နှင့် စုလျားရစ်ပတ်လေသည်။ သမီးတော် ချိုင်းချက်သ Chaichettha မင်းသားဖွား  မြင်တော်မူသည်။ ချင်းမိုင်ဝန်ကြီးများက ၁၅ နှစ်အရွယ် မင်းသားကို ထီးနန်းအပ်သောအခါ လက်ခံခဲ့လေသည်။ သို့သောငြားလည်း သူ၏ခမည်းတော် လာအိုဘုရင် နတ်ရွာစံသောအခါ မင်းသားသည် သူ၏တိုင်းပြည်သို့ ပြန်ချင်နေခဲ့တော့သည်။ ထို့ကြောင့် AD- 1552 တွင် မင်းသားသည် လာအိုနိုင်ငံ၏ မြို့တော်ဖြစ်သော Luang Prabang လူအမ်ပရာဘန်သို့ မြဘုရားကို ပင့်ဆောင်သွားခဲ့လေသည်။ ချင်းမိုင်ဝန်ကြီးများကို သူပြန်လာ ပါမည်ဟု ကတိပြုခဲ့လေသည်။ သူဘယ်တော့မှ မပြန်ခဲ့သလို မြဘုရားသည်လည်း လူအမ်ပရာဘန်တွင် ၁၂ နှစ်တိုင်တိုင်း စံပယ်နေခဲ့ရလေသည်။
AD- 1564 တွင် ဘုရင်ချိုင်းချက်သသည် လာရောက်တိုက်ခိုက်သော မြန်မာဘုရင် ဘုရင်နောင်ကို ဆက်လက် မခုခံနိုင်တော့သဖြင့် သူ၏မြို့တော်ကို ဗီရန်တိန် Vientiane သို့ ပြောင်းရွှေ့စိုးစံခဲ့ရတော့သည်။ ထို့ကြောင့် မြဘုရားသည် ဗီရန်တိန်းတွင် နှစ်ပေါင်း ၂၁၄ နှစ်တိုင်အောင် စံပယ်နေခဲ့ရတော့၏ ထို့ကြောင့် လောနိုင်ငံတွင် ၂၂၆ နှစ်တိုင်အောင် AD- 1778 တွင် ဘန်ကောက်၏ ရာမဘုရင် ၁ Chao Phraya chakri သည် ဗိုလ်ချုပ်တစ်ဦး အဖြစ် ဗီရန်တိန်းကို သိမ်းပိုက်လိုက်ပြီးနောက် မြဘုရားကို ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပင့်ဆောင်လာခဲ့လေသည်။
ဘန်ကောက်ကိုလည်း မြို့တော်အဖြစ် တည်ဆောက်လိုက်ပြီး မြဘုရားကိုလည်း နန်းတော်အတွင်း ထည့်သွင်း စံပယ်တော်မူစေလေသည်။ ထိုအချိန်မှစ၍ မြဘုရားသည် ထိုင်းနိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသော အဆောင် တန်ခိုးကြီး ဘုရားအဖြစ် ကျော်ခဲ့လေသည်။ ဆင်းတုတော်ကို သွန်ဘူရီမှ ဘန်ကောက်မြို့တော် နန်းတော်ဘုရားကျောင်းသို့ AD- 1784 March 22 တွင်ပင့်ဆောင်ခဲ့ကြလေသည်။ ရာမဘုရင် ၁ က မြဆင်းတုတော်ကို တစ်နှစ်လျှင် နှစ်ကြိမ် နွေနှင့် မိုးတွင် သင်္ကန်းကပ်လေသည်။ ရာမဘုရင် ၃ က (1824 – 1851) တွင်မူ တစ်ကြိမ်ထပ်တိုး၍ ဆောင်းသင်္ကန်းပါ ကပ်လှူလေသည်။ မြဆင်းတုတော် သင်္ကန်းကပ်ပွဲတော်ကို နှစ်စဉ် သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့လေသည်။ မြဆင်းတုတော်၏ ရင်တော်သည် ၄၈.၃ စီတီမီတာ ရှိသည်။ ဥာဏ်တော်သည် ၆၆ စီတီမီတာ ရှိသည်။ ဆင်းတုတော်သည် ထိုင်ကိုယ်တော်ဖြစ်ပြီး ညာခြေတော်သည် ဘယ်ခြေတော်အပေါ် တင်ထားလေသည်။ ဆင်းတုတော်၏ ကိုယ်နေ ဟန်ပန် တရားထိုင်နေပုံမှာ တောင်ပိုင်း အိန္ဒိယနှင့် သီရိလင်္ကာ ဟန်နှင့် ဆင်တူနေလေသည်။ မြဘုရားကို ထိုင်းတွေက ၀ပ်ဖကရောက် Wat Phra Kaew ဟုခေါ်သည်။ ၀ပ်ဆိုသည်မှာ ဘုရား၊ ကရောက်က ကျောက်စိမ်း။
ပြေ (ဆေး၂) မဟေသီ
October 2007
www.shanniyouth.blogspot.com  မှ ကူးယူပါသည်။
ဘန်ကောက်မြို့တွင်း ရေကြီးပြီးသည့်နောက်ပိုင်း ယခုရက်များတွင် မြဘုရားသို့လာရောက်ကြသော ဘုရားဖူးလာဧည့်သည်များ အဝင်ဝမုဉ်ဦးအထိ ကြိတ်ကြိတ်တိုးစည်ကားလျှက်ရှိပုံ
 တာဝန်ချိန်ပြီးဆုံး၍ မြဘုရားဝင်းအနီး ရွှေနန်းတော်ထဲမှ ထွက်လာသော စစ်သည်တော်များ
 ဝပ်အာရုဏ်
ခရီးသွားများအနေဖြင့် ကျောက်ဖရားမြစ်နဘေး မြစ်အလှကို ခံစားရင်း စေတီလက်ရာများကို လေ့လာကြပါသည်။
ဘုရားဝင်းအတွင်းမှာ မြစ်ဟိုဘက်ကမ်းရှိ မြဘုရားရှိရာသို့ အခုလို လှမ်းမြင်နိုင်ပါတယ်။ 
http://blissofus.blogspot.com/2011/09/blog-post_26.html ဒီလင့်ကို နှိပ်၍ လေ့လာနိုင်ပါတယ်။
ရွှေဘုရား
 ရွှေဘုရားရှိရာ ဘုရားဝင်းအတွင်းမှာ ရုပ်ပွါးတော်တစ်ဆူ
http://blissofus.blogspot.com/2010/08/wat-traimit.html
တောင်ပေါ်ဘုရား
တောင်ပေါ်ဘုရားကိုတော့ အများအားဖြင့် ညနေပိုင်းမှာ သွားကြပါတယ်။ ဘုရားဖူးရင်း Sunset ကြည့်နိုင်ပြီး ဘန်ကောက်မြို့ကွက်ကိုပါ တက်ရောက်ကြည့်ရှုလေ့ရှိကြပါတယ်။
ဗုဒ္ဓမွန်ထုံ
 ဘန်ကောက်မြို့တွင်း အချိန်ရလျှင် မြို့ထဲနှင့် သိပ်မဝေးလှတဲ့ ဗုဒ္ဓမွန်ထုံဘုရားသို့လည်း သွားရောက်နိုင်ပါတယ်။
http://blissofus.blogspot.com/2011/05/blog-post_16.html 
ဘန်ကောက်မြို့အနောက်ဘက်ရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးစေတီတော်ကြီးကို ဖူးမျှော်နိုင်ပါတယ်။
http://blissofus.blogspot.com/2010/12/blog-post_18.html
ဖေါ်ပြပါလင့်တွေမှာ ဘုရားများနဲ့ ပတ်သက်ပြီး ပိုစ့်တွေ ရေးသားပေးထားပါတယ်။
ဘန်ကောက်မြို့တွင်းနှင့် မြို့အထွက် ဘုရားစေတီများပါ မကျန် စုံအောင်ဖူးမည်ဆိုပါက အချိန်နှစ်ရက်ခန့်ပေးနိုင်လျှင် ပိုကောင်းမည်ဖြစ်ကြောင်း သတင်းစကားလက်ဆင့်ပါးပါရစေနော်။
လေးစားစွာဖြင့်
(bliss of us)
အယုဒ္ဓယတွင် တစ်နေ့တာ...။
 အယုဒ္ဓယမြို့မှာ ကြည်ညိုသပ္ပါယ်လှတဲ့ ဘုရားစေတီပုထိုးများကို ဖူးမျှော်လေ့လာကြပြီး
မိသားစု အပန်းဖြေခရီး ထွက်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့ အလေ့အထနဲ့ မြင်ကွင်းထူးဆန်းလေးတွေကို 
လှည့်လည်ကြည့်ရှုပြီး အလှဓာတ်ပုံရိုက်ကြပါတယ်။ 
ဒေသရဲ့ အလေ့အထမြင်ကွင်းတွေက ထိုင်းလူမျိုးတို့ရဲ့ သမိုင်းနဲ့ လူနေမှုအကျင့်စရိုက်များကို လေ့လာနိုင်မှာဖြစ်ပါတယ်။ 
အပန်းဖြေနေရာများမှာ လူအများစိတ်ဝင်စားဖွယ်ဖြစ်အောင် အလှဆင်ထားကြတာပါ
နှောင်းခတ်ပုံရိပ်များကို အရုပ်လေးတွေနဲ့ အဓိပ္ပါယ်ဖေါ်ဆောင်ထားပါတယ်
“ပျော်ပျော်ရွှင်ရွှင် အယုဒ္ဓတစ်ခွင်”
ဒေသဓလေ့များကို အခုလို အရုပ်လေးတွေနဲ့ ဖေါ်ကျူးထားတာ အလွန်ချစ်စရာပါ။
“အယုဒ္ဓယရောက် ဧည့်သည်များ ပျော်ရွှင်နိုင်ကြပါစေ”
ငယ်ငယ်တုန်းက ကလေးဘဝအရွယ် ပျော်ရွှင်စွာ ဆော့ကစားကြတယ် :)
လေးစားစွာဖြင့်
bliss of us
သတိရသေးရဲ့လား
(၁)
လူသားတို့ နေ့စဉ်သုံး စကား၊ ဝေါဟာရများတွင် အသုံးများသော၊ နေ့စဉ်လိုလို အသုံးပြုနေကြသော စကားလုံးတစ်ခု ရှိပါသည်။ လူတို့၏ အချင်းချင်း ဆက်ဆံရေးတွင်လည်း စိတ်ထဲပါလို့ဖြစ်စေ၊ စိတ်မပါဘဲဖြစ်စေ မကြာခဏ ပြောလေ့ရှိသည်။ မေးလည်း မေးလေ့ရှိသည်။ “သတိရတယ်”၊ “သတိရသေးရဲ့လား”ဆိုသော ဝေါဟာရပင် ဖြစ်ပါသည်။ ထိုဝေါဟာရကို အသုံးမပြုဖူးသူ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းလူတိုင်းသည် နေရာဌာနအသီးသီးတွင် အဓိပ္ပာယ်ကိုယ်စီဖြင့် ထိုဝေါဟာရလေးကို အသုံးပြုနေကြပါသည်။
မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ
မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်
(၁) သွေးပေါင်ကျခြင်း
ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။
ဘာလုပ်နိုင်မလဲ
မတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။
Wednesday, June 27, 2012
သမိုင်းတစ်ခေတ်ဆန်းသစ်စေဖို့
ဤအဖွဲ့လေးကို ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းအရင်းကတော့ ယနေ့ ပညာသင်ကြား
နေကြသော   ကလေးသူငယ်များအတွက်   စွမ်းနိုင်သည့်ဘက်မှ   တတ်စွမ်းသလောက်
ကူညီထောက်ပံ့ရန်   စိတ်ကူးရည်သန်၍   စတင်  ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။    ယခုအခါ 
ပညာသင်ကြားနေကြသော မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသူ၊ကျောင်း
သားလေးများကို အနာဂတ်၏ ငွေကြယ်ပွင့်များဟု ကျွန်ုပ်ဆိုချင်ပါသည်။
ထိုအနာဂတ်  ကြယ်ပွင့်လေးများအား   လင်းထိန်တောက်ပဖို့ရန်  သင်ထောက်ကူပစ္စည်း
များဖြင့်  ကူညီပေးမှသာ  သူတို့လေးတွေရဲ့အလင်းရောင်သည်   ပိုမို၍ အရောင်တောက်
ပလာမည်ဖြစ်ပေသည်။ ကျောင်းသားကျောင်းသူများကို အဓိကရည်ရွယ်၍ အဖွဲ့ကို တည်
ထောင်ခြင်းဆိုရခြင်းမှာ   ကျွန်ုပ်တို့မြန်မာနိုင်ငံအတွင်း၌     ပညာသင်ကြားနေကြသော  
ကလေးသူငယ်များသည်    အထူးအားဖြင့်   တောရွာများတွင်    ပညာသင်နေကြသော 
ကလေးသူငယ်များမှာ ချို့တဲ့စွာ ပညာသင်ကြားနေရပါသည 
ပြည့်စုံသော  ကျောင်းများ  မြန်မာနိုင်ငံတွင် အများအပြားရှိပေမယ့်လည်း  တောရွာများ
တွင်ကား    ပညာရေးအတွက်   မပြည့်စုံကြသော  ကလေးသူငယ်များစွာရှိပါသည်။ ထို
အထဲမှာမှ အများစုသည်  အလွန်ဆင်းရဲချို့တဲ့ လွန်းလှပါသည်။ အချို့သောကျေးရွာများ
တွင်ကလေးသူငယ်များ   ပညာသင်ချင်ကြပေမယ့်  မိဘများက  ငွေကြေးချို့တဲ့ဆင်းရဲ
လွန်းလှ၍ မိမိတို့ရဲ့ ရင်သွေးငယ်လေးများကို   ပညာအမွေများ  ဆက်လက်ပေးစွမ်းနိုင်
ခြင်းမရှိကြပေ။ ထိုကဲ့သို့သော ကလေးများအတွက်  အလွန်ပင်  ဝမ်းနည်းစရာ  ကောင်း
လှပေသည်။  ထိုသို့ကလေးသူငယ်များအား  ပညာရေးအတွက် ထောက်ပံ့မှုပေးသူများ 
အင်မတန်ရှားပါးလှသည်။ သို့ပါသောကြောင့်  ကျွန်ုပ်တို့  လျစ်လျူရှုနေကြလျှင်  နောင်
အခါများတွင်  လောက၌   ကျွန်ုပ်တို့ လောက်  မိုက်သူများ  ရှိကြမည်မဟုတ်တော့-ဟု 
ကျွန်ုပ်ထင်မြင်မိပါသည်။
သို့ပါသောကြောင့်  ကျွန်ုပ်တို့အနေနှင့်  သမိုင်းတစ်ခေတ်ဆန်းသစ်စေဖို့ရန်  မိမိတို့၏ 
သမိုင်းကို  မှန်ကန်စွာ ရေးသားနိုင်ဖို့လိုပါသည်။ မှန်ကန်သောသမိုင်းကို  ရေးသားနိုင်
ရန်မှာလည်း  မှန်ကန်သော  အလုပ်များကို  လုပ်ဆောင်နိုင်မှသာ မှန်ကန်စွာ သမိုင်း
ကျောက်တိုင်   ရေးထိုးနိုင်ကြမည်ဖြစ်ပါသည်။
လူ့လောကကို ခဏတာရောက်လာခိုက်တွင် တန်ဖိုးရှိသောလူ၊ တန်ဖိုးမဖြတ်နိုင်သော
လူများဖြစ်ရန်     လုပ်ဆောင်ဖို့ အရေးကြီးလှပေသည်။  အင်မတန်မှ  ရနိုင်ခဲသော လူ့
အဖြစ်ကို ကံကောင်းထောက်မစွာ ရလာခိုက်ဝယ်  လောကကောင်းကျိုး   မိမိကောင်း
ကျိုးများကို   ဆောင်ရွက်နိုင်သမျှ  ဆောင်ရွက်နိုင်အောင်   လုပ်ဆောင်သင့်ပေသည်။ 
မိမိကောင်းကျိုးကို လိုလားသူသည်  သူတပါး   ကောင်းကျိုးကို   များများလုပ်သင့်ပေ
သည်။  သို့မှသာ   မိမိဘဝကောင်းကျိုးများ ရမည်ဖြစ်သည်။
လူ့လောကရောက်လာအခိုက်တွင်  လောကကြီးတစ်ခုလုံးအတွက် မလုပ်ဆောင်နိုင်
တောင်မှ မိမိနိုင်ငံ  မိမိလူမျိုး မိမိဆွေမျိုးများ၏  ကောင်းကျိုးရအောင်ဆောင်ရွက်သင့်
သည်မှာ လူသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ သို့မှသာ လူလောကကို လာရကျိုး
နပ်မည်ဖြစ်သည်။
ထို့ကြောင့်ပင်     ဆရာကြီးဇော်ဂျီက  အောက်ပါကဗျာကိုရေးသားခဲ့၍  လူလောက
ကောင်းကျိုး များကို ဆောင်ရွက်နိုင်အောင် အားပေးထားခဲ့ပါသည်။
သင်သေသွားသော်……
ကံကောင်းစေသော ကုသိုလ် ၅မျိုး(တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်)
တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်။ ရဝေနွယ်-အင်းမ
·
      စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?
Tuesday, June 26, 2012
Monday, June 25, 2012
သင်.....ဘာဖြစ်ချင်သလဲ
ကျွန်တော် “အကြီးစားအိပ်မက် မက်ကြပါ” ဆိုတဲ့ ကိုယ်တွေ့ဆောင်းပါးကို ရေးသားတင်ပြခဲ့ပါတယ်။ အတိုင်းအတာတစ်ခုအထိ စိတ်ပါဝင်စားကြတယ်လို့ သိရှိရပါတယ်။ တစ်ချို့ကလည်း Facebook ပေါ်မှာ Share လုပ်ပေးထားတာကိုလည်း တွေ့ရှိရပါတယ်။ တစ်ချို့ကလည်း ကူးယူသွားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကျွန်တော် ဒီဆောင်းပါးကို ဆက်ရေးဖြစ်တာပါ။ လူတိုင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။ “ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်ဖို့အတွက် စာအုပ်ထဲမှာ ချရေးပါသလား” လို့ လူ ၁၀၀ကို မေးကြည့်ပါ။ ကျွန်တော် မေးဘူးပါတယ်။ များသောအားဖြင့် ဖြေကြတာကတော့ မရေးဖြစ်ပါဘူးတဲ့။
Sunday, June 24, 2012
လောကဓံကို အံတုလျှောက်လှမ်းခဲ့သောသူ (ဖြစ်ရပ်မှန်)
သူငယ်ချင်းတို့ ကို ကျွန်တော် အခု ရေးပြမယ် အကြောင်းလေး ကတော့  သူငယ်ချင်း တစ်ယောက်ရဲ့ ခံစားချက်လေးပါ။ လောကဓံကို ရဲရဲ ခံပြီး   တိုက်ပွဲ ၀င်ခဲ့တဲ့ သူတစ်ယောတ်ပေါ့ ....ကဲသူအကြောင်းလေး မစခင် သူနဲ့ ဆုံတွေ့ ခဲ့ပုံလေး ပြောပြမယ်နော်။ သူက ကျွန်တော် သူငယ်ချင်း တစ်ယောတ်ရဲ့ သူငယ်ချင်းပါ။
တစ်နေ့ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း ကော်ဖီသောက်ပြီး ကွန်ပြူတာကာ ကျွန်တော်လဲ ထုံစံအတိုင်း ဖူးစာထဲ ၀င်နေတာပေါ့။ အဲအချိန်မှာ သူက ဆိုင်ရောက်လာတယ် ...ကျွန်တော် သူငယ်ချင်းက သူနဲ့ သိနေတော့ သူကိုခေါ်တာနဲ့ ကျွန်တော်နားမှာ လာထိုင်တယ်။ ထိုင်ပြီးတယ်ဆိုရင်ပဲ ကျွန်တော် ဖူးစာထဲ ၀င်နေတာကို သူက ကြည့်ပြီး
အကိုက ဖူးစာက mraungmintun လား လို့ မေးတယ် ..ကျွန်တော်လဲ ဟုတ်ပါတယ်လို့ ပြောလိုက်ပါတယ်။ သူက အဲမှာ အကိုတင်တဲ့ ဘလော့တွေ ကျွန်တော် ဖတ်ရတယ်  ကြိုတ်တယ် အကို ဆိုတော့။ ကျွန်တော်ရဲ့  
စာပေလေးတွေ အားပေးသူဆိုတော့ စကားတွေ ပြောဖြစ်ကြတယ် ...အဲမှာသူက ကျွန်တော်ရေးတဲ့ အမေအကြောင်းစာလေးကို ကြိုတ်တယ်၊နောက်ပြီးသူ အရမ်း ခံစား ရတဲ့အကြောင်း ပြောပြတယ်။
ကမ္ဘာ့ အကြီးဆုံးသင်္ဘောတင်သင်္ဘော....
ဒီကုန်တင်သဘောင်္ကြီးကတော့ တစ်ခုလျှင်တန်ချိန် ၃၀၀၀ နီးပါးအလေးချိန်ရှိသည့် သင်္ဘော ကိုယ်ထည်းအကြမ်း ၂၂ ခုကိုတင်ဆောင်ကာ ကမ္ဘာတစ်ဝက်ခရီးကိုပါတ်ကာ သယ်ယူပို့ ဆောင် ပေးနိုင်ပါတယ်... မယုံကြည်နိုင်လောက်အောင်အံ့ သြစရာကောင်းလှတဲ့ ထိုကုန်တင်သင်္ဘောကြီးဟာ တန်ချိန် ၇၅၀၀၀ အထိတင်ဆောင်နိုင်ပါတယ်... သူတင်ဆောင်သည့် ကုန်စည်များဟာလည်း ကလေးကစားစရာအရုပ်များ၊ ရုပ်မြင်သံကြားစက် များ၊ ကော်ဖီစေ့ များမဟုတ်ပဲ တည်ဆောက်ပြီး၊ တည်ဆောက်ဆဲသင်္ဘောများနှင့် ရေနံတူးစင် များကိုပါ တင်ဆောင်နိုင်တာဖြစ်ပါတယ်... ယီမင်တွင်တိုက်ခိုက်ခံရသည့် အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်ကိုး အား နိုင်ငံသို့ ပြန် လည်သယ်ဆောင်ရာတွင်လည်း ဤဧရာမသင်္ဘောကြီး ဘလူးမာလင် ကိုအသုံးပြုခဲ့ ရတာဖြစ်ပါ တယ်... စပိန်နိုင်ငံမှ လေယာဉ်တင်သင်္ဘောအား သြစတေးလျရေတပ်မှ သယ်ဆောင်ယူခဲ့ စဉ်ကလည်း အဆိုပါ သင်္ဘောကြီးကိုသာလျှင်အသုံးပြုခဲ့ ရပြန်ပါတယ်...
တင်ဆောင်ကာ တရုတ်နိုင်ငံ နန်တုံဆိပ်ကမ်းမှ တင်ဆောင်ထွက်ခွာလာစဉ်... The ship of all ships: The largest cargo  transport ship in the world, the Blue Marlin of Dockwise, carries four  pontoons and 18 hulls on its back from Nantong Port, China
ဒေါက်တာအမ်ဘေဒကာ သို့မဟုတ် ဗုဒ္ဓရင်ခွင်သို့ ပြန်လာသူ
ဘီမရာအို ရာမ်ဂျိ အမ်ဘေဒကာဟာ တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တက္ကိက၀ါဒီ၊ အရေးသွက်သော စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမားနှင့် အိန္ဒိယမှာ ဗုဒ္ဓဘာသာ ပြန်လည်တည်ဆောက်သူ စသော ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားလှပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ ဥပဒေရေးဆွဲရေးအဖွဲ့ရဲ့ အဓိကပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
အိန္ဒိယမှာ ဆင်းရဲတဲ့ မဟာဆိုတဲ့ အမျိုးအနွယ်တစ်စု ရှိပါတယ်။ နောင်ပိုင်းမှာ မသတီစရာလို့ သက်မှတ်ခံရပြီး အများသူငှါ မထိကောင်းတဲ့ အနွယ်အဖြစ် သက်မှတ်ခံရပါတယ်။ ဒီလို အမျိုးအနွယ်မှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ သူဟာ လူမူရေး ချိုးနှိမ်မှုတွေ၊ ဟိန္ဒူတွေရဲ့ အမျိုးလေးပါး(ဘုရင်၊ ပုဏ်ဏား၊ သူကြွယ်၊ သူဆင်းရဲ)စနစ်တွေကို သူ့ဘ၀တစ်လျှောက်လုံး တိုက်ခိုက်ဆန့်ကျင်လာခဲ့ပါတယ်။ သူဟာ အများသူငှါ မထိကောင်းတဲ့အနွယ်(လူမျိုး)များလို့ သက်မှတ်ခံထားရတဲ့ ဇာတ်နိမ့် သိန်းပေါင်းများစွာကို ဗုဒ္ဓဘာသာအဖြစ် ပြန်လည်သွတ်သွင်းပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အိန္ဒိယသားမြောက်များစွာက သူ့ကို ဘုရားလောင်းအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်ကတော့ တစ်ခါမှ သူ့ကိုသူ ဘုရားလောင်းလို့ မပြောခဲ့ပါဘူး။
“ဗီဇာတစ်ခုကို စောင့်နေခြင်း”လို့ အမည်ပေးထားတဲ့ သူ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဇာတ်နိမ့်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို အသေးစိတ် ရေးပြထားပါတယ်။
“အိန္ဒိယသား ၁၂-ယောက်လောက်ရှိတယ်။ သူတို့က အန္တရာယ်ပြုမယ့်ပုံစံနဲ့ ကျွန်တော့်ရှေ့မှာ။ ဒုတ်တွေကိုင်ပြီး တန်းစီနေကြတယ်။ ကျွန်တော်ကတော့ ကြောက်ကြောက်လန့်လန့်၊ အသနားခံနေတဲ့ မျက်နှာပေးလေးနဲ့ပေါ့။ ဒါက လွန်ခဲ့တဲ့ ၁၈-နှစ်လောက်ကပေါ့။ ဒါပေမယ့် ကျွန်တော် ဒီမြင်ကွင်းကို ဖျောက်လို့ မရနိုင်ခဲ့ဘူး။ ကျွန်တော့်မျက်စိထဲမှာ ရှင်းရှင်းလင်းလင်းကြီးကို မြင်ယောင်နေဆဲပဲ။ ဒါကို မြင်ယောင်မိတိုင်း ကျွန်တော့်မျက်စိထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေဆဲပဲ။ ဒီအဖြစ်အပျက်လေးဟာ ကျွန်တော့ဘ၀မှာ အများသူငှါ မထိကောင်းတဲ့ ဇာတ်နိမ့်တစ်ယောက်ရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”
ကိုအောင်နိုင်ဦးပြောပြသော ငရဲပြည်အတွေ့အကြုံ
မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။
ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။
၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။
Saturday, June 23, 2012
ရက်လည်ဆွမ်း
“ ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့” ပြီးခဲ့တဲ့နေ့က အဖေ ကျွန်တော့အိမ် ရောက်လာပါတယ်။ သူ့သူယ်ချင်း ဆုံးလို့ အသုဘကိုလိုက်ပို့ပေးချင်ကြောင်း လာပြောပါတယ်။ ကျွန်တော်အေဖနဲ့ ရွယ်တူဆိုတော့ အသက် ၇၀ ဝန်းကျင်ပါ။ ကျွန်တော့်ရဲ့ ကားပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ကြတယ်။
“ အဖေ..အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား”
“သားတစ်ယောက်၊သမီးတစ်ယောက်ရှိတယ်”
“အတူမနေဘြူးလား”
“မနေကြဘူးကွ”
“ဘာဖြစ်လို့လဲ အဖေ”
“ဒီလိုကွ။ ဒီကောင်ကြီးက နောက်မိန်းမယူထားတာ။ သားသမီးတွေက သူ့ကိုအမြင်မကြည်ဘူး။ ဒါကြောင့် သားသမီး တွေ နဲ့ ဒီကောင်အဆင်မပြေဘူး။အခုသေတော့လည်း သူ့သားနဲ့ သမီးဆီကို ငါပဲအကြောင်းကြား ထားတယ်”
“သူက ဘာဖြစ်လို့ နောက်မိန်းမ ယူတာလဲအဖေ”
“ဒါတော့ငါဘယ်သိမှာလဲ ငါသိတာတော့ သူ့ရဲ့ ပထမ မိန်းမဆုံးပြီးမှ ဒီမိန်းမကို ယူတာပါ၊ အဲဒီလိုယူလိုက်တာကြောင့် သားနဲ့ သမီးဟာ သူ့အဖေကို လုံးဝ လှည့်မကြည့်တော့ဘူး“
“ဒါဆိုရင် ဘာဖြစ်လို့ သူ့သားနဲ့သမီးက(ကို) စောင့်နေရမှာလဲအဖေရ”
ဒါကတော့ သူ့ဆန္ဒပေါ့ကွာ၊ ဒီကောင်ကြီးက မှာသွားလို့ ငါလည်းသူခိုင်းတဲ့တိုင်းလုပ်ရတာပေါ့
။ မိဘက သားသမီးကိုချစ်တာ သဘာဝ က ဖြစ်လာတဲ့စိတ်...၊ တားဆီးလို့ မရဘူး။ သားသမီးက မိဘကိုပြန်ပြီး ပြုစုတာ၊ စောင့်ရှောက်တာ၊ ချစ်တာကျတော့ သဘာဝ စိတ်မဟုတ်ဘူး။ မြင့်မြတ်တဲ့လူသားတွေမှာသာရှိတဲ့စိတ်ကွ”အဲ့ဒီနေ့ တောင်မြင့်သင်္ချိုင်းမှာ မီးသင်္ဂြိုလ်ပါတယ် အဖေက ပြီးတဲ့ (အချိန်အထိ) စောင့်ကြည့်ပါတယ်။ သူ့သူငယ်ချင်းရဲ့သားနဲ့ သမီးဟာ ငါးရက်
နဲ့ ရက်လည်ချင်ပါတယ်ဆိုလို့ အဖေဟာဆက်ပြီးကူညီပြန်တယ်။
ရက်လည်တဲ့နေ့က လူတော်တော်စည်ပါတယ်။ အသုဘရှင်ရဲ့ သားသမီးဟာ ငွေကြေး ရှိသူတွေဆိုတော့ ရက်လည်ဆွမ်းမှာ ရက်ရက်စက်စက်လှူပါတယ်။ သူ့အဖေအသက် (၇၂)နှစ်မို့သဃာ (၇၂)ပါး ကိုပင့်တယ်။ ဆွမ်းကပ်တယ်။ သင်္ကန်းလှူတယ်။ အရပ်ထဲက လူတွေကို ရက်လည်တရားနာဖို့ဖိတ်တယ်။ နေ့လည်စာနဲ့ ဧည့်ခံတယ်။ ဒီလိုတွေ စည်စည်ကားကားဖြစ်ဖို့ စနစ်တကျဖြစ်ဖို့ ကျွန်တော့်အဖကပဲ အားတက်သရောကူညီပါတယ်။
ရက်(လည်)တဲ့နေ့မှာ ရေစက်ချကြတယ်။ သေဆုံးသူ အဖေအတွက် အမျှ ဝေပေးတယ်။
အဲ့ဒီရက်လည်ဆွမ်းသွတ်ပြီးတဲ့ညမှာ အဖေနဲ့ ကျတော်စကားတွေ အများကြီးပြောဖြစ်တယ်
ငါ့သား..
“ရက်လည်ဆွမ်းကို မင်းဘယ်လိုမြင်တုန်း”
ကျွန်တော်ဘားမှ မဖြေတတ်ဘူး၊ ကျွန်တော်နားလည်တာ မိရိုးဖလာပါပဲ၊အိမ်တိုင်းအိမ်တိုင်း လူသေဖူးကြတယ်၊ ရက်လည်ဆွမ်းသွတ်ကြတယ်၊ တချို့လည်းသုံးရက် တချို့လည်းငါးရက် ခုနှစ်ရက်မှာ ရက်လည်တယ်။ သေဆုံးသူတွေအတွက် ကောင်းမှုကုသိုလ်လုပ်တယ် အမျှပေးတယ်
အမျှ ရပြီး ကျွတ်ဖို့ လွတ်ဖို့ ရည်ရွယ်ချက်နဲ့ သံဃာတော်တွေကိုပင့်တယ်၊(လှူဖွယ်ဝတ္ထုတွေ လှူဒါန်းတယ်)။ ကျတော်က ဒီလောက်ပဲသိတာ ကျတော်သိသလောက်တော့ အဖေလည်းသိနေတာမို့ ကျတော်ဘာမှ မဖြေတာဖြစ်ပါတယ်။
“ငါစဉ်းစားမိတယ်။ သားသမီးအတွက် ငါတို့ မိဘတွေသေရင် သားသမီး ၀တ်ငါးပါးထဲက မွေခံထိုက်စေ ဆိုတဲ့စကားနဲ့ လူမျှ ဝေဆိုတဲ့စကားကိုတာ လိုက်နာကြတယ်။ သားသမီး ၀တ်ငါးပါးတည်းမှာ ကျန်တဲ့ဝတ်သုံးပါးကို ဂရုမစိုက်ကြဘူး ”
“ ဘာကိုဆိုလိုတာလဲ အဖေ”
“ ဒီလိုကွာ ။ မိဘတွေ သေမှ သိန်း ၄၀ ၊ ၅၀ ဖိုး အကုန်ခံပြီး ရက်လည်ဆွမ်းလုပ်တာထက် မိဘတွေ မသေခင် သူတို့ စားချင်တာကျွေးဖို့ ၊ သူတို့ ဝတ်ချင်တာဝတ်ဖို့။ သူတို့စိတ်ချမ်းသာဖို့ ပိုပြီးအရေးမကြီးဘူးလား။ အခု တော့ကွာ..””
ဒါဆိုရင်အဖေရယ် မိဘတွေ သေမှ အမျှတန်းဝေတာထက် ကောင်းသာရှိသေးလို့လား။
“ကျွေးမွေးမပျက်ဆိုတဲ့ သားသမီးဝတ်ငါးပါးထဲက ပထမတာဝန်ကို မကျေပွန်တဲ့ သားသမီးက အများကြီးပါကွာ။ ငါတို့မိဘတွေ သားသမိးမကြိုက်တာ တစ်ခုလောက်လုပ်မိရုံနဲ့ ပုံ ကြီးချဲ့ ပြီးပစ်ထားကြတဲ့ သားသမီးကများတာပါ။
မိဘသေမှ အမျှဝေတာထက် မသေခင် သားသမီးဝတ်သုံးပါးကိုလိုက်နာသင့်တယ်။ အခုတော့ မိဘတွေသေမှာ ရက်လည်ဆွမ်းကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ပေးရုံနဲ့ သားသမီးဝတ်ကျေပြီလို့ထင်နေကြတယ်။မသေခင်မှာ ကျွေးတာပိုကောင်းတာပေါ့။ သေပြီးမှာတော့ ကိုယ့်မိဘလောက်ကိုယ့်အပေါ် မစောင့်ရှောက်တဲ့ကိုယ့်ကို မပြုစုခဲ့တဲ့ တခြားလူတွေကို ငွေကုန်ကျေးကျခံပြီး ကျွေးတာ အဓိပ္ပါယ် မဲ့ နေသလို အဖေ ခံစားရတယ် ကွာ။ တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ရင်းပြီးချစ်ခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့မိဘကို ကျွေးသင့်တာကွ“
အဖေ့စကားဟာ အဓိပ္ပါယ်တွေ ရှိပါတယ်။
မိဘကို အသက်ရှင်နေတုံးမှာ ကျွေးမွေးခြင်းလည်းမရှိ စောင့်ရှောက်ခြင်းလည်းမရှိ ။ သေခါမှ မိဘပိုင်ဆိုင်တာတွေကို အမွေခွဲဖို့ ရင်ထဲ က လောဘမီးတွေ နဲ့ မျက်နှာမှာက မျက်ရည်တွေနဲ့ မပြေမလည်ဖြစ်နေကြတဲ့ မောင်နှမတွေက အများကြီးပါ။
“အမွေခံထိုက်စေ” ဆိုတဲ့စကားကိုတိတိကျကျလိုက်နာပြီးကျွေးမွေး မပျက်၊ ဆောင်ရွက်စီမံနဲ့ စောင့်လေမျိုးနွယ်ကိုမေ့နေကြတဲ့ သားသမီးတွေ အများစုပါ။ အမွခံထိုက်စေနဲ့ လှူမျှ ဝေကိုတော့ လိုက်နာကြတယ်။
အဖေပြောတဲ့စကားတစ်ခွန်းပြောပါရစေ။
“ ငါ့သား... သားသ္မီးဆိုတာ မိဘတွေ သေရင် မိဘတွေ ကိုမြေကြီးထဲမြုပ်ပစ်လိုက်ကြတယ် မီးရှို့ ပစ်ကြတယ် ။မိဘတွေက သားသမီးတွေ သေရင် သားသမီးတွေကို ငါတို့ မြေကြီးထဲမြုပ်မပစ်ဘူး။ ရင်ဘတ်ထဲက အသည်းနှလုံးထဲမှာ မြုပ်နှံထားတယ်”
ကျွန်တော် တို့လိုသားတွေ ၊ သမီးတွေ စဉ်းစားကြည့်ကြရအောင်နော်။
ဆရာ ဦးဘုန်း
“တရားကိုရှောင် ဤလူ့ဘောင်”
လောကလူ့ရွာ
ရွှေရှိမှအမျိုးတော်
ငွေရှိမှလူခေါ်
ပညာတော် ပေမယ့်
ရွှေငွေမရှိလေတော့
မထင်ပေါ် မကျော်ကြား
စင်ပေါ်များပင်မကောက်
မရောက်လဲမရောက်ကြရချေ……
လောကလူ့ရွာ
ငွေကိုသာ ကိုးကွယ်
ရွှေကိုသာစိုးတွယ်လို့
အမျိုးပင်မတော်ပေမယ့်
ဆိုးပင်ဆိုးလတ်လည်းခေါ်ဆိုကြ
အမျိုးမျိုးလုပ်ကြတဲ့လူတွေ….
တရားပါဘိကွယ်
စကားအထာသိတဲ့ပညာရှိတော့
မြင်တာနဲ့သိပေမယ့်
အကြင်နာမရှိလေတော့
ရင်နာမိတယ်တဲ့လေ…..
အော်….လူတွေ…လူတွေ
အပူတွေသာပွား
အယူတွေမှားနှင့်
လူတွေများရယ်
အမှုတွေများတယ်
သမုတွေထားတွယ်လေသမျှ
အခုဝယ် မပွားလေကြ
တရားဓမ္မကိုရှောင်….
အော်….လူ့ဘောင်….လူ့ဘောင်…………..။
               (စနေမိုး)
တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။
လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"