Saturday, June 2, 2012

ပုဂံ အကြောင်းး

ပုဂံ ဆိုတာ ကို မြန်မာပြည် တွင်းကပါ မက နိုင်ငံရပ်ခြား တိုင်းပြည်များက ရှေးနှစ်ပေါင်းများစွာ ကတည်းက သိရှိကြ မှာပါ.........
ပုဂံ ကို အစဉ်အလာ မှတ်တမ်းများ အရ ခရစ်နှစ် ၁၀၇ ခုနှစ် က ညောင်ဦးမြို့  တောင်ဘက် ကျောက်ပန်းတောင် မြို့ ဘက်အထွက် တုရွင်းတောင် ရဲ့ အရှေ့ ဘက် ၁မိုင် ခန့် ရှိ ယုန်လွှတ်ကျွန်း အရပ်မှာ သမုဒ္ဒရာဇ်မင်း က ကျေးရွာပေါင်း (၁၉)နဲ့  စတင်တည်ထောင် ခဲ့ပါတယ်.....ကျေးရွာကြီး(၁၉) ရွာထဲမှ ညောင်ဦးရွာ သည် ယနေ့ထက်တိုင် တည်ရှိနေပါသေးတယ်......သမုဒ္ဒရာဇ်မင်းဆက်တွင်
(၁) သမုဒ္ဒရာဇ် မင်းဆက် (၂)ရသေ့ကြောင် (၃) ပျူစောထီး (၄) ထီးမင်းယဉ် ၅) ယဉ်မင်းပိုက် (၆) ပိုက်သေဉ်လည်
(၇) သေဉ်လည်ကြောင် မင်းတို့ ကယုန်းလွှတ်ကျွန်းအရပ်မှာစိုးစံခဲ့ကြပါတယ်......

သေဉ်လည်ကြောင် မင်းလက်ထက် ခရစ်နှစ် ၃၄၄ ခုနှစ် တွင် ဒုတိယ ပုဂံအဖြစ် လောကနန္ဒာ ဘုရားတည်ရှိတာ ပုဂံမြို့ သစ်တောင်ဘက်
ရေအိုးစင်ချောင်း ရဲ့ မြောက်ဘက် ကမ်းနေရာမှာတည်ထောင်ခဲ့ကြပါတယ်...သေဉ်လည်ကြောင်မင်း မှစပြီး (ဂ) ကြောင် ဒူရစ် (၉) သည်းထန်း (၁၀) သူရဲ (၁၁) သာရမွန်ဖျား (၁၂) သိုက်တိုင် အစရှိမင်း အဆက်ဆက်ထီးနန်းစိုးစံခဲ့ကြပါတယ်....

သိုက်တိုင် မင်းလက်ထက် ခရစ်နှစ် ၅၁၆ ခုနစ်မှာတော့ တတိယပုဂံပြည် ကိုတည်ထောင်ကြပြန်တယ်..... တမ္ဖ၀တီ လို့ခေါ်ဆိုကြတဲ့  တတိယပုဂံ ကိုတော့ မိဖုရားကြီးဖွားစော နေထိုင်ခဲ့သည်ကို အကြောင်းပြုလို့ ဖွားစော၇ွာ လို့ခေါ် ဆိုကြတဲ့ နေရာမှာပဲ ဖြစ်ပါတယ်.....
တမ္ဖ၀တီ တွင် (၁၃) သေဉ်လည်ကြောင်ငယ် (၁၄) သေဉ်လည်ပိုက် (၁၅) ခန်းလောင်း (၁၆) ခန်းလတ် (၁၇) ထွန်တိုက် (၁၈) ထွန်ပစ်
(၁၉) ထွန်ချစ် (၂၀) ပုပ္ဖါးစောရဟန်း (၂၁) ရွှေအုန်းသီး (၂၂) ပိတ်သုံ (၂၃) ပိတ်တောင်း (၂၄) မင်းခွေး (၂၅) မြင်းကျွေး (၂၆) သိင်္ဃ
(၂၇) သိန်းခွန် (၂၈) ရွှေလောင်း (၂၉) ထွန်ထွင်း (၃၀) ရွှေမှောက် (၃၁) ထွန်လွှတ် (၃၂) စောခင်နှစ် (၃၃) ခဲလူး တို့ ထီးနန်းစိုးစံခဲ့ကြပါတယ်.....

ပုဂံမင်းဆက်ရဲ့ (၃၄) ဆက်မြောက် ဘုရင် ပျဉ်ပြားမင်းလက်ထက် ၂၃ ဒီဇင်ဘာ ၈၄၉ခုနှစ် မှာတော့ အခုလက်ရှိပုဂံနေရာ ဖြစ်သော စတုတ္ထ ပုဂံပြည်ကြီးကို တည်ထောင် ခဲ့ပါတယ်.... ပုဂံကို တည်ထောင်စဉ် က ရဟန်း ပညာရှိလေးပါး လူပညာရှိ လေးဦးတို့ 
့ပါဝင်ခဲ့ကြပါတယ်..... ရဟန်း ပညာရှိလေးဦး တို့ မှာ တာမလိန္ဒ ၊ ရှင်အာနန္ဒာ ၊ ရှင်ဥတ္တရာ နဲ့  ရှင်ဆပ္လ တို့ ဖြစ်ကြပြီး လူပညာရှိ အမတ်
လေးဦးတို့မှာ စိန့် မင်းသား၊ဟူးရားဖြူ ၊ ဟူးရားညို နဲံ့ အင်ပြစ် (လင်းဘင်) ရွာသား ရာဇသင်္ကြိ တို့ ဖြစ်ကြကြောင်း ပုဂံ နဒ္ဒေစာတမ်းက ဆိုပါတယ်........စတုတ္ထ မြောက် ပုဂံတွင် ထီးနန်းစိုးစံခဲ့ကြသူ ပုဂံဘုရင်များမှာ (၃၄) ပျဉ်ပြားမင်း (၃၅) တန်နက် (၃၆) စလေမင်းခွေး (၃၇) သိန်းခို (၃၈) ညောင်ဦးစောရဟန်း (၃၉) ကျောင်းဖြူ (၄၀) ကျည်းစို (၄၁) စုက္ကတေး (၄၂) အနော်ရထာ (၄၃) စောလူးမင်း
(၄၄) ကျန်စစ်သား (၄၅) အလောင်းစည်သူ (၄၆) နရသူ (၄၇) နရအတိစည်သူ (၄၈) နားတောင်းများ (၄၉) နရသိင်္ဃ ဥဇနာ (၅၀) ကျစွာ (၅၁) ဥဇနာ (၅၂) နဂသီဟပတေ့ (၅၃) ကျော်စွာ (၅၄) စောနစ် (၅၅)စောမွန်နစ် တို့ဖြစ်ကြပါတယ်.....ပျဉ်ပြားမင်း တည်ထောင်ခဲ့သော
စတုတ္ထ ပုဂံသည် နှစ်ပေါင် ၅၁၉ နှစ်အကြာ စောမွန်နစ် မင်းလက်ထက် ခရစ်နှစ် ၁၃၆၈ ခုနှစ်တွင် ပျက်သုန်းခဲ့ရကြောင်း မြန်မာရာဇ၀င်
မှတ်တမ်းများ ကဖော်ပြကြပါတယ်.......

ရှည်လျား လှသော ပုဂံခေတ် ကာလ တစ်လျှောက် မင်း မိဖုရား မှူးကြီးမတ်ရာများ ၊ မြို့ သူ မြို့ သားများက စေတီ ပုထိုး များ မြောက်များစွာတည်ထား ကိုးကွယ်ခဲ့ကြရာ နိုင်ငံခြားသား အများစုက စေတီပုထိုးပေါများသော တိုင်းပြည် ( The Land Of Pagoda)
ဟု ခေါ်ဆိုခဲ့ကြပါတယ်..........



                                                                                                             ပုဂံ အကြောင်း (၁)
 ကိုးကားချက် - ဆရာတင်နိုင်တိုး (ခရီးသွားလမ်းညွှန် )

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"