ဟိုအဝေးမှာ ထွန်းလင်းစ
ကြယ်တံခွန်များ
အရောင်မှိန်လို့လင်း
ဘယ်မလဲ သူ့တို့အတွက် အားပေးဖော်
ဘယ်မလဲ သူတို့အတွက် လက်ကမ်းကြိုဆိုသူ
ထောက်ကြိုသူများက ကင်းမဲ့လေတော့
တောက်ပဖို့ အားနည်း
အရောင်တွေကလည်းမွဲနေကြ…………
မြောက်အရပ်က ဓူဝံကြယ်
ထိန်လင်းလို့တောက်ပ
လူများက ချီးမွန်းထောမနာပြု
ကဗျာဖွဲ့မှု စာဖွဲ့မှုတွေပြုကြနဲ့ ……………
အားငယ်နေတဲ့ ကြယ်များ
နယ်စွန်နယ်ဖျားမှာနေကြ
လူများမသိကြလို့လားကွယ် ………………
ချီးမြှောက်ကြပါ…..ကြိုဆိုကြပါ…
အနာဂတ်အတွက်ထွန်းလင်းစ
ကြယ်တံခွန်များ အားပေးလိုက်ကြပါ
ကြိုထောက်လင့်သူမရှိရင် စိတ်အားငယ်
ငယ်ငယ်ရွယ်ရွယ်နဲ့အကြွေစော
နှမြောစရာတွေဖြစ်ကုန်ရော့မယ်…………။
(စနေမိုး)
0 comments:
Post a Comment