Friday, June 15, 2012

အတတ်ပညာတတ်ကြစေလို။


အသိပညာချို့ယွင်းလေသမျှ
အမှန်မမြင်လေကြ မှားသံသရာ
ဘယ်စခန်းဘယ်လှမ်းလို့
ဘယ်သောင်ကမ်းဆိုက်မည်မသိ
ရှိရှိသမျှသတ္တဝါ ……………
ပညာဥာဏ်ကင်းလေရင်ဖြင့်
အဆင်းရယ်ရောင်ထိန်ပေမယ့်
အရောင်မှိန်သလိုပ
လူကြားသူကြားအရာမဝင်
မြင်မြင်သမျှလူများ အထင်သေးလို့
ရင်လေးစရာပါပဲ…
လူလောကရောက်လာခိုက်ကြုံ
လူဘုံမှာကျက်စားစဉ်ခဏ
ပညာတတ်အောင်လုပ်ကြမှ
အကောင်းအဆိုး အကြောင်းအကျိုးနားလည်
စကားအသွယ်သွယ်မှာလည်းယဉ်ကျေး
လူများလည်းမထင်သေးလို့
ရင်အေးလို့ပျော်ဖွယ်သာ…
ထိုကြောင့်လူများ ပညာများကိုသင်စေလို
သမုဒယဤကမ္ဘာဝယ်
ကျင်လည်နေသမျှ ရင်ဝယ်အေးစေကြောင်း
တရားကောင်းများကိုနားလည်
အပါယ်လည်းမသွား ပြည်နိဗ္ဗူသာင်စခန်း
အရောက်လည်းလှမ်းနိုင်မည်လေး…………………….။
  (စနေမိုး)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"