သူငယ်ချင်းတို့ ကို ကျွန်တော် အခု ရေးပြမယ် အကြောင်းလေး ကတော့ သူငယ်ချင်း တစ်ယောက်ရဲ့ ခံစားချက်လေးပါ။ လောကဓံကို ရဲရဲ ခံပြီး တိုက်ပွဲ ၀င်ခဲ့တဲ့ သူတစ်ယောတ်ပေါ့ ....ကဲသူအကြောင်းလေး မစခင် သူနဲ့ ဆုံတွေ့ ခဲ့ပုံလေး ပြောပြမယ်နော်။ သူက ကျွန်တော် သူငယ်ချင်း တစ်ယောတ်ရဲ့ သူငယ်ချင်းပါ။
တစ်နေ့ ကျွန်တော်နဲ့ ကျွန်တော် သူငယ်ချင်း ကော်ဖီသောက်ပြီး ကွန်ပြူတာကာ ကျွန်တော်လဲ ထုံစံအတိုင်း ဖူးစာထဲ ၀င်နေတာပေါ့။ အဲအချိန်မှာ သူက ဆိုင်ရောက်လာတယ် ...ကျွန်တော် သူငယ်ချင်းက သူနဲ့ သိနေတော့ သူကိုခေါ်တာနဲ့ ကျွန်တော်နားမှာ လာထိုင်တယ်။ ထိုင်ပြီးတယ်ဆိုရင်ပဲ ကျွန်တော် ဖူးစာထဲ ၀င်နေတာကို သူက ကြည့်ပြီး
အကိုက ဖူးစာက mraungmintun လား လို့ မေးတယ် ..ကျွန်တော်လဲ ဟုတ်ပါတယ်လို့ ပြောလိုက်ပါတယ်။ သူက အဲမှာ အကိုတင်တဲ့ ဘလော့တွေ ကျွန်တော် ဖတ်ရတယ် ကြိုတ်တယ် အကို ဆိုတော့။ ကျွန်တော်ရဲ့
စာပေလေးတွေ အားပေးသူဆိုတော့ စကားတွေ ပြောဖြစ်ကြတယ် ...အဲမှာသူက ကျွန်တော်ရေးတဲ့ အမေအကြောင်းစာလေးကို ကြိုတ်တယ်၊နောက်ပြီးသူ အရမ်း ခံစား ရတဲ့အကြောင်း ပြောပြတယ်။
ကျွန်တော်လဲ ခံစား ချက်လေး ချပြတာပါလို့ ပြောတယ်။
အဲမှာသူက ကျွန်တော်ကို မေး ခွန်း တခုမေးတယ် ...ပြည့်တန်ဆာ အမေလဲ အမေဆိုတာ အကိုစိတ်ရင်းနဲ့ ခံယူလို့ ရေးတာလားတဲ့....ကျွန်တော်လဲ ဟုတ်မှန်ကြောင်း အမေဆိုတာ ဘာနဲမှအစား ထိုး မရကြောင်း၊ ဘာပဲဖြစ်ဖြစ် အမေဟာ အမေပဲလို ကျွန်တော်ပြောတော့ သူကျွန်တော်ကို ပြောတယ် ...လူတိုင်းရင်ထဲမှာ
အဲဒါလေး ရှိစေချင်တယ် ...ကျွန်တော်လဲ ဘာဖြစ်လို လဲ လို့ မေးတော့ သူပြောပြတယ်၊
သူရဲ့ ဘ၀ အကြောင်း ကိုပေါ့ ...သူပြောပြတဲ့ သူအကြောင်လေး
နာထောင်ကြည့်ပါအုံးနော် .....
.....................................................................
ကျွန်တော် နာမည်က မောင်မောင်ပါ ..ကျွန်တော်က ရန်ကုန်သားပါ... ကျွန်တော်မွေးကတည်းက အဖေဆိုတာ မမြင်ခဲ့ရပါဘူး၊ငယ်ငယ်လေးထဲက အဖေဆိုတာတောင်းတခဲ့ပါတယ်။ အမေကို မေးတော့လဲ
အမေက သေပြီပဲ ပြောတယ် ...ကျွန်တော် သိတတ်စ အရွယ် ရောက်တော့ ကျွန်တော်ကို ကျွန်တော်တို့ 
ရပ်ကွက်ထဲက လူတွေက ပြည့်တန်ဆာမသားလို့ ပြောကြတယ် အဖေတောင် ဘယ်သူမှန်းမသိ
အဖေမပေါ်တဲ့သား ဆိုပြီး ပြောသံတွေ ကျွန်တော် ငယ်ငယ်ကတည်းက ကြားခဲ့ရတယ်။
ကျွန်တော်နဲ့  အတူတူ ကစားနေတဲ့ ကလေးတွေရဲ့ မိဘတွေကတောင် သူတို့သားသမီးတွေကို မကစားနဲ့ ပြည့်တန်ဆာမသားနဲ့ အတူတူ ဆော့ရင် နင်တိုပါ အကျင့် ယုတ်ကုန်မယ် ...လာခဲ ဆိုပြီး သူငယ်ချင်း မိဘတွေ ပြောတာ ကျွန်တော်ကြား ရပါတယ် ...ငယ်သေးတော့ သူတို့ ပြောတာ သဘော မပေါက်ဘဲ ဘာဖြစ်လို့ ငါကို ခွဲခြား တာလဲ ဆိုပြီး ငိုခဲ့ရတာ အကြိမ်ကြိမ်ပါ။
အမေကတော့ မိုးလင်းလို့  ကျွန်တော်စားဖို့ သောက်ဖို့  ချတ်ပြုတ်ပြီးတာနဲ့  ကျွန်တော်ကို ထားပြီး အပြင်ထွတ်တာညနေစောင်း လောက်မှ ပြန်လာတယ်။ ညနေအမေပြန်ရောက်ရင်ပဲ ကျွန်တော် နဖူးလေး နမ်းပြီး ဘာဖြစ်လို့ ငိုတာလဲ သားသား သူတို့ ပြောလို့  စိတ်ထဲ ဘာမှမထား နဲ့  ..ငါသားနဲ့  ဘယ်သူမှမဆော့လဲ အမေဆော့မယ် ဆိုပြီး ကျွန်တော်နဲ့ 
ဆော့တယ် ...ညကျမှ သားအမိနှစ်ယောက် ချက်ပြုတ်စားပြီး၊ အမေက ပုံပြင်လေးတွေ ပြောကာ အိပ်ကျတယ်လေ။
အဲအချိန်တုန်းက ကျွန်တော်အတွက် နေ့ငရဲ၊ ညကျတော့ နတ်ပြည် ရောက်သလိုပေါ့။ ကျွန်တော်အဲလိုနဲ့ ဖြတ်သန်းလာတာ ကျောင်းတက်တဲ့ အရွယ်ရောက်တော့ ကျောင်းတတ်ရတာပေါ။ ကျောင်းတက်တဲ့ အထိတောင် ကျွန်တော် သူငယ်ချင်းတွေကသူမိဘတွေ ပြောစကားနဲ့  ကျွန်တော်ကို ပြည့်တန်ဆာမသား။ သူနဲ့မပေါင်း နဲ့ ပေါင်းရင် ရှတ်စရာကြီး၊ အဲလိုတွေ ပြောခံထိလို ငိုပြီး အိမ်ပြန်ရောက်လာတဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ အိမ်ရောက်လို့ရှိရင်အမေက
ကျွန်တော်ကို သား ဘာမှမဖြစ်နဲ့ သူတို့  ဒီလို ပြောပေမဲ့  နောင်တချိန် သားက သူတို့ အပေါ်မှာနေရာယူရမယ်။
ငယ်သေးတော့ အမေဘာပြောလဲ နာမလည်ဘူး ဒါပေမဲ့ အမေရဲ့ အနမ်းလေးတွေကတော့ ကျွန်တော်အတွက် အားပေါ့။ ကျွန်တော်စိတ်ထဲမှာအမေဖြစ်ချင်သလို စာကို ကြိုးစားပြီး သင်ခဲ့ တယ် ကျွန်တော်အလယ်တန်းလောက်ရောက်ပြီး နားလည်လာတော့ အမေကိုမေးတယ်
အမေက တကယ်ပဲ အဲဒီ အလုပ်လုပ်လားလို့  ...အမေမငြင်းဘူး..အမှန်အတိုင်း ပြောတယ် ...အမေက ပြောတယ်
သား အမေရုန်း ထွက်ခဲ့ပေမဲ့ မေမေ မလွတ်ခဲ့ဘူး ....အမေအဲဒီ ဘ၀ရောက်ရတာကလဲ လောဘသားကောင်တွေကြောင့်ပါပဲ၊
မိမိအကျိုးပဲကြည့်ပြီး သူများ ဘာဖြစ်ဖြစ် လုပ်တဲ့ သူတွေကြောင့်။ အမေရုန်း ထွက်ခဲ့ပေမဲ့ ပတ်ဝန်းကျင်က အမေကို ကောင်ကောင်း မွန်မွန်လုပ်စားတယ် မထင်ဘူး။ ပြည့်တန်ဆာက ပြည့်တန်ဆာပါပဲ ဆိုတော့ အမေလဲ
ရွဲ့ပြီး လမ်းမှား ပေါ်ဆက်လျှောက်နေခဲ့တယ်။
မိမိမှားတာ သိနေလျှက်နဲ့ အဲဒီအမှားကို ဆက်လုပ်နေတာ လူမိုက် အကြီးစားပဲ။ ဥပမာ ...အမေပေါ့သား...အမေလိုမျိုး သားကို လမ်းမှား
မရောက်စေချင်ဘူး...အမေကြောင့် သားဆုံးရှုံးခဲ တဲ့အရာတွေ သား ဘာသာပြန်ယူရမယ် ...ဘယ်တော့မှ
ဘေးပတ်ဝန်းကျင်ကြောင့်မယိုင်စေနဲ့  ...မိမိလျှောက်စရာရှိတာလျှောက် ...အမေသားဟာ အမေလို ဘယ်တော့မှ မဖြစ်စေနဲ့  ...အမေက အခု သားကို အမေ့ ခန္ဓာနဲ့ ရင်းပြီး အမွေတွေ ပေးနေတာ ...အမေပေးနိုင်တဲ့အမွေကလဲ
ပညာပဲရှိတယ်သား၊ သားကြိုးစားပါ။ အမေကိုကြည့်ပြီး ကျွန်တော်မျက်ရည်ကျခဲ့ရတယ်။ အမေပြောသလို ကျွန်တော် ကြိုးစား ခဲ့တယ် ...
ဘယ်သူဘာပြောပြော ခေါင်းထဲ မထည့်တော့ဘူး ...စိတ်ထဲမှာ ဘာပဲဖြစ်ဖြစ်အမေပဲလို့  သတ်မှတ်လိုက်တယ်။ အဲအချိန်မှာ ကျွန်တော်နားမှာ သူငယ်ချင်းကောင်း ၂ယောက် ကျွန်တော်ရခဲ့တယ်။
တစ်ယောက်က သော်တာ နောတ်တစ်ယောက်ကစိုးလွင် သူတို့ ၂ယောတ်က
ကျွန်တော်ကိုတော်တော်လေး နာလည်ကြတယ် ...ကျွန်တော် စိတ်အား ငယ်တဲ့အချိန် ကျွန်တော်ကို ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ အချိန်တိုင်း ကျွန်တော် ဘက်က ရပ်တည်ခဲ့တယ်။ ပြီးတော့ ကျွန်တော်ရဲ ကျေးဇူးရှင်လို့ ပြောလို့ ရတယ်။ ကျွန်တော်တို့ မြို့ ခံ ကျူရှင်ဆရာလေး တစ်ယောက်ပါ။ သူက ကျွန်တော်ကို အသိတွေ တိုးစေမယ် စာအုပ်တွေပေးဖတ်တယ်၊
ပီမိုးနှင်း စာအုပ်တွေ ပေးဖတ်တာ များပါတယ်၊ ရသ ရှိတဲ့ စာအုပ်တွေကြောင့် ကျွန်တော် အားအင်တွေပိုပြီးတိုးလာတယ်။ ပြီးတော့  ဆရာက ကျွန်တော်ကို ၈တန်းကျောင်းသား ဘ၀ထဲက ပိုက်ဆံမယူပဲ စာသင်ပေခဲ့တယ်၊
သူသင်တာက ၁၀တန်းတခုတည်း ကျွန်တော်ကိုမှရွေးပြီး ၈တန်းကျောင်းသား ဘ၀ထဲက စာသင်ပေးခဲ့ပါတယ် အဲဒိအတွက် ဆရာမှာ ပတ်ဝန်းကျင်ရဲ ရိုက်ခတ်မှုတွေ ခံခဲ့ရပါတယ်။ ကျွန်တော်အမေနဲ့  ဆရာနဲ့ တိတ်တိတ်ပုန်းဖြစ်နေတယ် အဲကြောင့် ဆရာက ကျွန်တော်ကို
စာသင်ပေးတယ်ပေါ့။ ဆရာက အဲလိုစကားတွေ ကြားတာတောင် ကျွန်တော် သူဆီစာသွားမသင်တဲ့နေ့တွေမှာ အိမ်အထိလာခေါ်တယ်။ ကျွန်တော်လဲ ဆရာကိုတနေ့ မေးမိတယ်၊ ဆရာ ခုလို မဟုတ်ပဲ အပြောခံရတာ
ဘာမှမဖြစ်ဘူးလားလို့  ဆရာက ကျွန်တော်ကို ပြုံးကြည့်ပြီး။ လူဆိုတာ သူထင်ကြေး သူပေးတာပဲ။
လူ့သဘာဝလွတ်လပ်ခွင့်လေ၊ မဟုတ်ပါဘူး လို့ လိုက်ရှင်းပြနေရမှာလား မောင်မောင်၊ ပြောလေ ရှုပ်လေပဲ။
အရေးကြီးတာ မိမိလိပ်ပြာ မိမိသန့် ဘို့  အရေးကြီးတယ်။
ဆရာလိပ်ပြာဆရာသန့်တယ် ပြီးတော့ လောကမှာ လိုအပ်နေတဲ့သူကို လိုအပ်နေတာ ပေးတာက
အကောင်းဆုံးပဲလေ..မင်းက ပညာကို အရမ်း လိုချင်တဲ့သူ အဲလို လူကို ဆရာက ပညာပါရမီ ဖြည့်တယ်။
ဆရာမှားလား ..ဆရာက မင်းကို ပါရမီးဖြည့်သလို မင်ကလဲ ယူရမယ်။
.ဘာအကြောင်းမှမစဉ်းစာနဲ့ မိမိလျှောက်မဲ့လမ်းကို မိမိလျှောက်။ ဆရာရဲ့ ဆုံးမစကားတွေ
ကျွန်တော်နားထဲက ဘယ်တော့မှမထွက်ပါဘူး ...ကျွန်တော် ၁၀တန်း ကျောင်းတက်ခါစမှာပဲ ကျွန်တော်အမေမှာ AIDS ဆိုတဲ့ရာဂါဆိုးကြီး ၀င်လာပါတယ် ...အမေရောဂါ ဖြစ်တော့ ကျွန်တော် ဘ၀က လူပြောစရာ ပိုဖြစ်လာတယ်။ ကျွန်တော်နားမှာ အားဆေးတွေ တိုက်ကျွေးခဲ့ တာကတော့ ကျွန်တော် သူငယ်ချင်း ၂ယောက်ရယ်၊ဆရာရယ်ပါ။
ကျွန်တော်အမေ နေမကောင်းတော့ ကျွန်တော် ကျောင်းတက်လို့ မရတော့ဘူး။ အိမ်ရဲ့ စာဝတ်နေရေး အတွတ် ကျွန်တော်ရုန်းကန်ရတယ် ....မြို့ နယ်အနှံ့ သွားပြီး ထမ်းပိုးလေးနဲ့  အသုတ်ရောင်းခဲ့တယ်။ ကျွန်တော် သူငယ်ချင်း ၂ယောက်နဲ့  ဆရာကောင်မှုကြောင့် ကျောင်းမတက်ပဲ ၁၀တန်းကို
အပြင်ဖြေခွင့် ကျောင်းအုပ်ကြီးက လတ်ခံခဲ့တယ် ...ကျွန်တော် ဈေးရောင်းလို့ 
အိမ်ရောက်တာနဲ့  စားဖို့ သောက်ဖို့ လုပ် အမေကို ပြုစု ညရောက်တော့မှ ဆရာဆီသွား ပြီး စာသင်ရတယ်။ ကျွန်တော်အမေကို နေ့လယ် ဘက်ကျတော့ AIDS ရောဂါသည် ကြည့်ရှု့တဲ့ လူမှုရေး အဖွဲ့ တခုက နေတိုင်းလိုလို လာပြီးအားပေးတယ် အမေရဲ့အလုပ်လေးတွေ ၀ိုင်း လုပ်ပေးတယ်။ ကျွန်တော်အတွက်လို အပ်တဲ့ စာအုပ်တွေကိုတော့ ကျွန်တော်သူငယ်ချင်း ၂ယောက်က ဖြည့် ဆည်းပေးတယ်။ ကျွန်တော် ၁၀တန်ဖြေပြီး အောင်စာရင်း ထွက်တဲ့နေမှာပဲ အမေဆုံးတယ်။
ကျွန်တော် သူငယ်ချင်း၂ယောက်က ကျွန်တော်ဆီလာပြီး ကျွန်တော် ၁၀တန်းကို သုံးဘာသာ ဂုဏ်ထူးနဲ့ အောင်တာကို အားရ၀မ်းသာ လာပြော အိမ်မှာက အမေ အသုဘကြီးနဲ့ တိုးတာပဲ။
.ကျွန်တော်ပျော်ရမလား ငိုရမလား ...ရပ်ကွက်ထဲကလဲ အမေဒီရောဂါနဲ့ ဆုံးတယ်ဆိုပြီး
ချက်ချင်း သဂြိုလ်ခိုင်းတယ်။ သူငယ်ချင်း အကူအညီ ဆရာအကူအညီ လူမှုရေး
အဖွဲ့အစည်းတစ်ခုရဲ့ အကူအညီကြောင့် ကျွန်တော်အမေရဲ့ ဈာပန ပြီးဆုံး သွားပေမဲ့ အမေနောက်ဆုံးခရီးမှာ လိုက်ပိုသူ့ကတော်တော်လေး နည်းခဲ့ပါတယ်။ ကျွန်တော် ပျော်ရွှင်မှုတွေက အမေဆုံးကတည်းက ပျောက်ဆုံးခဲ့ရပါတယ်။
ကျွန်တော်က စက်ရုပ်လိုပဲ လည်ပတ်ခဲ့တယ်။ ကျွန်တော်အချစ်ဆုံး သူငယ်ချင်း ၂ယောက်ကလဲ သူမိဘတွေက နိုင်ငံခြားကို ကျောင်းတတ်ဖို့ လွှတ်လိုတ်တယ်လေ။ ကျွန်တော်လဲ ကျောင်းဆက် မတက်ဖြစ်တော့ပဲ ကျွန်တော်အဖော် ဖြစ်တဲ့ဆိုင်းထမ်းလေးနဲ့ပဲ ၀မ်းရေး အတွက် ရုန်းကန်နေလိုက်တယ်။ တစ်နှစ်လောက်ကြာတော့ကျွန်တော်ဆီ
ဆရာရောက်လာပြီး ကျွန်တော် သူငယ်ချင်း ၂ယောက် ကျွန်တော်ကို ခေါ်ကြောင်း ...သူတို့ နဲ့ နေပြီး ကျောင်းတက်ဖို့ သူတို့ စီစဉ်ထားကြောင်း လာပြောပါတယ်။
ကျွန်တော်လဲ ဘယ်မှမသွားချင်တော့ဘူး..ကျွန်တော်အမေခေါင်း ချခဲ့တဲ့ ဒီနေရာမှာပဲ နေမယ်ပေါ့။
ဆရာကိုပြောတော့ ဆရာက မင်းအမေဖြစ်စေချင်တာ ဒီလိုလား။ ပညာတတ်လား မင်းက ခုချိန်မှာ အခွင့်အရေးရတယ်၊ ရတုန်းမှာ မင်အမေဖြစ်ချင်သလို ကြိုးစာပါလို ပြောတော့ ကျွန်တော်လြဲပန်တွေးပြီး
ဆရာပြောတာ ဟုတ်တယ် လုပ်ရမယ်လို နလုံး မှူ ပြီး ဘုရင်နောင်ဖောင်ဖျက်ရတော့တယ်။ အမေရဲ့နောတ်ဆုံးလက်ကျန်အိမ်လေးပါရောင်းပြီး ကျွန်တော် သူငယ်ချင်းတွေ ဆီကို ထွက်ခဲ့တယ်။
ဒီရောက်တော့ သူငယ်ချင်းတွေ အဆင်သင့်လုပ်ထားပေးလို့ ကျွန်တော်အတွက်
အကုန်အဆင်ပြေခဲ့တယ်။ အခု ကျွန်တော် အမေဖြစ်ချင်သလို ကျွန်တော်ဘွဲတခု ပြည်ပမှာ ရပြီးပြီး။
ပြည့်တန်ဆာ မရဲသားက အလုပ်ထဲမှာ မိမိလူမျိုးတောင်မဟုတ်ပါဘူး နိုင်ငံခြားသားတွေ ဒီနိုင်ငံသားတွေရဲ့ အပေါ်မှာ ကျွန်တော်အလုပ်လုပ်နေရတာပါ။
ကျွန်တော်အကြောင်းကို ဘယ်သူမှ ဒီမှာ မသိဘူး အကို၊ ကျွန်တော် သူငယ်ချင်းတွေက လွဲရင်ပေါ့။ အကိုမယုံရင် အကိုဘေးနားက ကျွန်တော် သူငယ်ချင်း အရင်းကြီးပါ မေးကြည့်ဆိုတော့  ကျွန်တော်လဲ ကျွန်တော်သူငယ်ချင်းကိုကြည့်တော့သူက ပြုံးပြီး ခေါင်းညိမ့်ပြတယ်။
မှတ်ချတ်။ ။ ကျွန်တော် ဒီဘလော့ဂ်လေးကို ပိုင်ရှင်ခွင့် ပြုချက်နဲ့ ရေးသား ခဲ့တာပါ အမည်များ ပြောင်လဲ ဖော်ပြထားပါတယ်။ ကျွန်တော်ရေးသား တင်ပြသော ဘလော့ဂ်လေးဖတ်ပြီး သူငယ်ချင်းတို့ အသိလေး
တခုရခဲ့မယ်ဆို ကျွန်တော်ကော ကျွန်တော်ကို မျက်ရည်လေးနဲ့  ဘ၀ခင်းပြသော ကိုမောင်မောင်ပါ
ဝမ်းသာမှာပါ ...ပြောပြသော သူသည် ဖူးစာတွင်မန်ဘာအဖြစ် ရှိနေပါတယ်
(mraungmintun-----shwemyotaw.)
1 comments:
respect him and writer
Post a Comment