“ ငါ့သား၊ အဖေ့သူငယ်ချင်း အသုဘကို ငါသွားချင်တယ်၊ လိုက်ပို့” ပြီးခဲ့တဲ့နေ့က အဖေ ကျွန်တော့အိမ် ရောက်လာပါတယ်။ သူ့သူယ်ချင်း ဆုံးလို့ အသုဘကိုလိုက်ပို့ပေးချင်ကြောင်း လာပြောပါတယ်။ ကျွန်တော်အေဖနဲ့ ရွယ်တူဆိုတော့ အသက် ၇၀ ဝန်းကျင်ပါ။ ကျွန်တော့်ရဲ့ ကားပေါ်မှာ အဖေနဲ့ စကားပြောဖြစ်ကြတယ်။
“ အဖေ..အဖေ့သူငယ်ချင်းက သားသမီးတွေ မရှိဘူးလား”
“သားတစ်ယောက်၊သမီးတစ်ယောက်ရှိတယ်”
“အတူမနေဘြူးလား”
“မနေကြဘူးကွ”
“ဘာဖြစ်လို့လဲ အဖေ”
“ဒီလိုကွ။ ဒီကောင်ကြီးက နောက်မိန်းမယူထားတာ။ သားသမီးတွေက သူ့ကိုအမြင်မကြည်ဘူး။ ဒါကြောင့် သားသမီး တွေ နဲ့ ဒီကောင်အဆင်မပြေဘူး။အခုသေတော့လည်း သူ့သားနဲ့ သမီးဆီကို ငါပဲအကြောင်းကြား ထားတယ်”
“သူက ဘာဖြစ်လို့ နောက်မိန်းမ ယူတာလဲအဖေ”
“ဒါတော့ငါဘယ်သိမှာလဲ ငါသိတာတော့ သူ့ရဲ့ ပထမ မိန်းမဆုံးပြီးမှ ဒီမိန်းမကို ယူတာပါ၊ အဲဒီလိုယူလိုက်တာကြောင့် သားနဲ့ သမီးဟာ သူ့အဖေကို လုံးဝ လှည့်မကြည့်တော့ဘူး“
“ဒါဆိုရင် ဘာဖြစ်လို့ သူ့သားနဲ့သမီးက(ကို) စောင့်နေရမှာလဲအဖေရ”
ဒါကတော့ သူ့ဆန္ဒပေါ့ကွာ၊ ဒီကောင်ကြီးက မှာသွားလို့ ငါလည်းသူခိုင်းတဲ့တိုင်းလုပ်ရတာပေါ့
။ မိဘက သားသမီးကိုချစ်တာ သဘာဝ က ဖြစ်လာတဲ့စိတ်...၊ တားဆီးလို့ မရဘူး။ သားသမီးက မိဘကိုပြန်ပြီး ပြုစုတာ၊ စောင့်ရှောက်တာ၊ ချစ်တာကျတော့ သဘာဝ စိတ်မဟုတ်ဘူး။ မြင့်မြတ်တဲ့လူသားတွေမှာသာရှိတဲ့စိတ်ကွ”အဲ့ဒီနေ့ တောင်မြင့်သင်္ချိုင်းမှာ မီးသင်္ဂြိုလ်ပါတယ် အဖေက ပြီးတဲ့ (အချိန်အထိ) စောင့်ကြည့်ပါတယ်။ သူ့သူငယ်ချင်းရဲ့သားနဲ့ သမီးဟာ ငါးရက်
နဲ့ ရက်လည်ချင်ပါတယ်ဆိုလို့ အဖေဟာဆက်ပြီးကူညီပြန်တယ်။
ရက်လည်တဲ့နေ့က လူတော်တော်စည်ပါတယ်။ အသုဘရှင်ရဲ့ သားသမီးဟာ ငွေကြေး ရှိသူတွေဆိုတော့ ရက်လည်ဆွမ်းမှာ ရက်ရက်စက်စက်လှူပါတယ်။ သူ့အဖေအသက် (၇၂)နှစ်မို့သဃာ (၇၂)ပါး ကိုပင့်တယ်။ ဆွမ်းကပ်တယ်။ သင်္ကန်းလှူတယ်။ အရပ်ထဲက လူတွေကို ရက်လည်တရားနာဖို့ဖိတ်တယ်။ နေ့လည်စာနဲ့ ဧည့်ခံတယ်။ ဒီလိုတွေ စည်စည်ကားကားဖြစ်ဖို့ စနစ်တကျဖြစ်ဖို့ ကျွန်တော့်အဖကပဲ အားတက်သရောကူညီပါတယ်။
ရက်(လည်)တဲ့နေ့မှာ ရေစက်ချကြတယ်။ သေဆုံးသူ အဖေအတွက် အမျှ ဝေပေးတယ်။
အဲ့ဒီရက်လည်ဆွမ်းသွတ်ပြီးတဲ့ညမှာ အဖေနဲ့ ကျတော်စကားတွေ အများကြီးပြောဖြစ်တယ်
ငါ့သား..
“ရက်လည်ဆွမ်းကို မင်းဘယ်လိုမြင်တုန်း”
ကျွန်တော်ဘားမှ မဖြေတတ်ဘူး၊ ကျွန်တော်နားလည်တာ မိရိုးဖလာပါပဲ၊အိမ်တိုင်းအိမ်တိုင်း လူသေဖူးကြတယ်၊ ရက်လည်ဆွမ်းသွတ်ကြတယ်၊ တချို့လည်းသုံးရက် တချို့လည်းငါးရက် ခုနှစ်ရက်မှာ ရက်လည်တယ်။ သေဆုံးသူတွေအတွက် ကောင်းမှုကုသိုလ်လုပ်တယ် အမျှပေးတယ်
အမျှ ရပြီး ကျွတ်ဖို့ လွတ်ဖို့ ရည်ရွယ်ချက်နဲ့ သံဃာတော်တွေကိုပင့်တယ်၊(လှူဖွယ်ဝတ္ထုတွေ လှူဒါန်းတယ်)။ ကျတော်က ဒီလောက်ပဲသိတာ ကျတော်သိသလောက်တော့ အဖေလည်းသိနေတာမို့ ကျတော်ဘာမှ မဖြေတာဖြစ်ပါတယ်။
“ငါစဉ်းစားမိတယ်။ သားသမီးအတွက် ငါတို့ မိဘတွေသေရင် သားသမီး ၀တ်ငါးပါးထဲက မွေခံထိုက်စေ ဆိုတဲ့စကားနဲ့ လူမျှ ဝေဆိုတဲ့စကားကိုတာ လိုက်နာကြတယ်။ သားသမီး ၀တ်ငါးပါးတည်းမှာ ကျန်တဲ့ဝတ်သုံးပါးကို ဂရုမစိုက်ကြဘူး ”
“ ဘာကိုဆိုလိုတာလဲ အဖေ”
“ ဒီလိုကွာ ။ မိဘတွေ သေမှ သိန်း ၄၀ ၊ ၅၀ ဖိုး အကုန်ခံပြီး ရက်လည်ဆွမ်းလုပ်တာထက် မိဘတွေ မသေခင် သူတို့ စားချင်တာကျွေးဖို့ ၊ သူတို့ ဝတ်ချင်တာဝတ်ဖို့။ သူတို့စိတ်ချမ်းသာဖို့ ပိုပြီးအရေးမကြီးဘူးလား။ အခု တော့ကွာ..””
ဒါဆိုရင်အဖေရယ် မိဘတွေ သေမှ အမျှတန်းဝေတာထက် ကောင်းသာရှိသေးလို့လား။
“ကျွေးမွေးမပျက်ဆိုတဲ့ သားသမီးဝတ်ငါးပါးထဲက ပထမတာဝန်ကို မကျေပွန်တဲ့ သားသမီးက အများကြီးပါကွာ။ ငါတို့မိဘတွေ သားသမိးမကြိုက်တာ တစ်ခုလောက်လုပ်မိရုံနဲ့ ပုံ ကြီးချဲ့ ပြီးပစ်ထားကြတဲ့ သားသမီးကများတာပါ။
မိဘသေမှ အမျှဝေတာထက် မသေခင် သားသမီးဝတ်သုံးပါးကိုလိုက်နာသင့်တယ်။ အခုတော့ မိဘတွေသေမှာ ရက်လည်ဆွမ်းကို ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ပေးရုံနဲ့ သားသမီးဝတ်ကျေပြီလို့ထင်နေကြတယ်။မသေခင်မှာ ကျွေးတာပိုကောင်းတာပေါ့။ သေပြီးမှာတော့ ကိုယ့်မိဘလောက်ကိုယ့်အပေါ် မစောင့်ရှောက်တဲ့ကိုယ့်ကို မပြုစုခဲ့တဲ့ တခြားလူတွေကို ငွေကုန်ကျေးကျခံပြီး ကျွေးတာ အဓိပ္ပါယ် မဲ့ နေသလို အဖေ ခံစားရတယ် ကွာ။ တကယ်တော့ ကိုယ့်အပေါ်ကို အသက်နဲ့ရင်းပြီးချစ်ခဲ့တဲ့ စောင့်ရှောက်ခဲ့တဲ့မိဘကို ကျွေးသင့်တာကွ“
အဖေ့စကားဟာ အဓိပ္ပါယ်တွေ ရှိပါတယ်။
မိဘကို အသက်ရှင်နေတုံးမှာ ကျွေးမွေးခြင်းလည်းမရှိ စောင့်ရှောက်ခြင်းလည်းမရှိ ။ သေခါမှ မိဘပိုင်ဆိုင်တာတွေကို အမွေခွဲဖို့ ရင်ထဲ က လောဘမီးတွေ နဲ့ မျက်နှာမှာက မျက်ရည်တွေနဲ့ မပြေမလည်ဖြစ်နေကြတဲ့ မောင်နှမတွေက အများကြီးပါ။
“အမွေခံထိုက်စေ” ဆိုတဲ့စကားကိုတိတိကျကျလိုက်နာပြီးကျွေးမွေး မပျက်၊ ဆောင်ရွက်စီမံနဲ့ စောင့်လေမျိုးနွယ်ကိုမေ့နေကြတဲ့ သားသမီးတွေ အများစုပါ။ အမွခံထိုက်စေနဲ့ လှူမျှ ဝေကိုတော့ လိုက်နာကြတယ်။
အဖေပြောတဲ့စကားတစ်ခွန်းပြောပါရစေ။
“ ငါ့သား... သားသ္မီးဆိုတာ မိဘတွေ သေရင် မိဘတွေ ကိုမြေကြီးထဲမြုပ်ပစ်လိုက်ကြတယ် မီးရှို့ ပစ်ကြတယ် ။မိဘတွေက သားသမီးတွေ သေရင် သားသမီးတွေကို ငါတို့ မြေကြီးထဲမြုပ်မပစ်ဘူး။ ရင်ဘတ်ထဲက အသည်းနှလုံးထဲမှာ မြုပ်နှံထားတယ်”
ကျွန်တော် တို့လိုသားတွေ ၊ သမီးတွေ စဉ်းစားကြည့်ကြရအောင်နော်။
ဆရာ ဦးဘုန်း

(shwemyotaw)
0 comments:
Post a Comment