လောကတွင် ပညာတတ်သူတွေ များသည်။ သို့ပေမယ့် ပညာရှိနည်းသည်။
ပညာတတ်တချို့မှာ
မိမိကိုယ်မိမိ ပညာတတ်သည်ဆိုပြီး အောက်ခြေလွတ်စိတ်ကြီးဝင်နေကြသည်။
စာအုပ်ထဲက ပညာသာတတ်
သည် အတွေးအခေါ်မရှိ၊ ဆင်ခြင်မှုမရှိဖြစ်တတ်ကြသည်။
ပညာတတ်တိုင်းပညာရှိမဟုတ်ပေ။ ဒါပေမယ့်
ပညာရှိတိုင်းပညာတတ်ကြသည်။ ထိုကဲ့သို့
ပညာတတ်ဆိုပြီး အောက်ခြေလွတ်စိတ်ကြီးဝင်နေသူများ သည်
ပညာတကယ်မတတ်သောကြဖြစ်သည်။ ထိုသူတို့သည် စာအုပ်ထဲက
ပညာသာသိသည်။ လူမှုကျင့်ဝတ်များ
ကိုလည်း သူတို့နှင့်မဆိုင်သလို နေတတ်ကြသည်။ လူသာကြီးသည် ဦးနှောက်က
မကြီးတတ်။ စာသာသိသည်
အတွေးခေါ်ကမရှိတတ်ဖြစ်နေကြသည်။
ထိုသူများကို လေ့လာကြည့်ပါ။ ကိုယ့်ကိုယ့်ကို အဟုတ်ကြီးထင် ၊
ရှက်ရကောင်းမှန်းလည်းမသိ၊
ဘာမှလည်းနားမလည်၊သူတပါးအား စိတ်အနှောင့်အယှက်ပေးတတ်ကြသည်။
ထိုကဲ့သို့သော လူမျိုးကို
အမတ်ကြီး ဦးပေါ်ဦးက ခွေး၏အမြီးနှင့် ခိုင်းနှိုင်းထားသည်။ ဘာကြောင့်
ထိုကဲ့သို့ခိုင်းနှိုင်းရသနည်း။ ခွေး၏
အမြီးသည် မှတ်၊ ခြင်၊ ယင်တွေကို မယမ်းနိုင်၊ မိမိအရှက်ကို
လည်းလုံအောင်မဖုံးနိုင်ပါဘူး၊ အထက်ပါလူမျိုး
သည်း ထိုအတိုင်းပင်ဖြစ်ပေလိမ့်မည်။ သူတတ်သော ပညာသည်သူ့အတွကလည်း
အသုံးမ၀င် သူတပါးအတွက်
လည်း အသုံးမကျ ဖြစ်တတ်သည်။ စာအုပ်ထဲက စာကို အလွတ်ကျက်နိုင်ရုံနှင့်လည်း
ပညာတတ်မဖြစ်နိုင်။
ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြားတတ်ဖို့အရေးကြီးသည်။
ဘ၀တွင် ပညာတတ်ဖို့သည် အရေးကြီးတာမှန်သည်။ သို့ပေမယ့် ပညာရှိဖို့သည်
ပို၍အရေး
သည်ဟုကျွန်တော်၏ အမြင်ကိုတင်ပြလိုက်သည်။
0 comments:
Post a Comment