ဒီနေ. ထက်စာမေးပွဲအောင်တဲ.နေလေ။ (10)တန်းကို ဂုဏ်ထူးလေးခုနဲ့အောင်တာဆိုတော့ မေမေပျော်နေလိုက်တာ
ဘာနဲ့မှကို ယှဉ်ပြစရာ မရှိလောက်အောင်ပါပဲ ။ ထက် မေမေ့ကိုချစ်တယ်။ မေမေက ထက်ရဲ့တဦးတည်းသော မှီခိုအားထားရာလေ။ မေမေ.ကို ဘယ်လောက်ချစ်သလဲဆိုတာတော့ ပြောမပြတတ်လောက်အောင်ပါပဲ။
ထက်ဒီနေ့တော့ မေမေမသိအောင် မေမေ.ရဲ့ဘီရိုသော့ခိုးထားတယ်...........။ မေမေ အရမ်းပင်ပန်းနေတယ်လေ
ထက်စာမေးပွဲအောင်တော့ အပျော်တွေလွန်နေတာလေ
ဒါကြောင့်မေမေစောစော အိပ်ယာဝင်သွားတယ်လေ..........။ ထက်သိချင်နေတာကို ဒီနေ့သိခွင်ရတော့မယ်လေ ။
မေမေက ထက်ငယ်ငယ်လေးကပေါ့နော် သိတတ်စအရွယ်လောက်ကတည်းက ထက်ကြည့်နေတာလေ ညညဆို
ထက်ကိုနမ်းတယ် ပြီးရင် မေမေဘာတွေလုပ်မလဲလို့ ထက်အိပ်ချင်ယောင်ဆောင်ပြီး လေ့လာခဲ့တယ်လေ.....။
ပြီးတော့
ထက်က မေမေရယ် ဖေဖေအကြောင်းပြောပြပါလားဆိုရင်.......မေမေကလေ....သမီးလေးရယ်.........ဆိုပီး.....မေမေ့
မျက်နှာလေး.တနေရာကိုဆွေးဆွေးသွားတာကို.....တွေ့ရတယ်.....ဒီလိုနဲ့ထက်လည်း........မေမေစိတ်ဆင်းရဲတာကို.
မကြည်.ရက်တော့.......နောက်လည်းမမေးမိတော့ပါဘူး........
ဒီလိုနဲ့......
ထက်ဘီရိုကိုဖွင့်တယ် မေမေမကြားမိအောင် မနည်းသတိကြီးစွာနဲ့ပေါ့ ဘီရိုကလည်း အော်နေလိုက်တာ
တကျွိကျွိနဲ.လေ.......ဟိဟိ........ထက်ကြောက်စိတ်ထက် သိချင်စိတ်ကများနေတော့...........ထက်ရှာဖွေလိုက်တယ်
အထဲမှာ ဘာများရှိမလဲလို့ပေါ့.........။ တွေ့လိုက်ပါပီ ထက်လိုချင်နေတဲ. ပစ္စည်းတခု မေမေ သေသေချာချာကို
ထုတ်ပိုးထားတာလေ ဒဏ္ဍာယီစာအုပ်တစ်အုပ်..........။
ထက်စာအုပ်ကိုသေချားကြည့်ပြီးတော့ မေမေကဘာကြောင့်ဒီစာအုပ်ကို ထက်မသိအောင်
ဘာလို့များဒီလောက်တောင် သိမ်းထားရလဲပေါ့.........ဘယ်ရမလဲ မိထက်ပဲလေ သိချင်တာဆို မရရအောင် စုံစမ်း
ရှာဖွေတာပေါ့.........။ ဒီလိုနဲ.....................။ ဒီနေ.ဟာ တွယ့်ဘ၀ထဲကို သမီးလေး ၀င်ရောက်လာတဲ.နေ့လေးပါ.......တွယ် သမီးလေးကိုချစ်တယ် သနားတယ်
..........သမီးလေးက
တွယ်ထက်ကံဆိုးတယ်လေ..........တွယ်က ဖေဖေနဲ.ကိုကိုရှိနေသေးတယ်....တွယ်ကိုမေမေကမွေးပီးကတည်းကဆုံး
သွားတော.........တွယ်အတွက် ဖေဖေနဲ.ကိုကိုက အမေလည်းဟုတ်တယ် လေ ဒါကြောင့်တွယ်က
ကံကောင်းသေးတယ်.........သမီးလေးက ကံမကောင်းဘူးလေ.......သမီးလေး မေမေ တွယ့်ယောင်းမက
နှလုံးရောဂါသည်......ကိုကိုက တက္ကစီမောင်းတယ်..........မိထက်လေးကို မွေးခါနီးမှာ ကိုကိုက ပိုက်ဆံပိုရအောင်တဲ့
ကားကို ညဘက်ပါဆွဲတယ်လေ ..........တွယ်တို့ မောင်နှမ နှစ်ယောက်က ဖေဖေ့ကို အရမ်းချစ်တာ..........ဖေဖေက
တွယ်ကို မွေးပြီး မေမေဆုံး သွားတော့...စိတ်ညစ်ပြီးတော့ အရက်တွေသောက်တယ်......နောက်တော. အသဲရောဂါနဲ့
ကွယ်လွန်ခဲ့တယ်လေ............ဒီနောက်ပိုင်း ...........ကိုကိုနဲ့တွယ်က ကိုယ့်ဘ၀ကိုယ်ကျောင်း
ခဲ့ရတာပေါ့...........ကိုကိုက ညှာတယ်လေ တွယ့်ကို ...........
ညီမလေးဆိုပြီး ကျောင်းဆက်တက်ခိုင်းတယ်...........တွယ်က အဝေးသင်နဲ့
ဘွဲ့တစ်ခုယူလိုက်တယ်လေ...........ဒီလိုနဲ့...........တွယ်ရယ် ကိုကိုရယ်က
ပိုက်ဆံရှာတယ်.....တွယ့်ယောင်းမလေးကို.........အိမ်မှာ နေစေခဲ့တယ်လေ............တနေ့တော့...........ကံဆိုးတာပဲ.
......မိထက်လေးကိုလွယ်ထားရတဲ.....တွယ်ယောင်းမလေးဗိုက်နာတယ်............ကိုကိုကလည်း
မရှိဘူး...........တွယ်ကလည်း
စနေနေ.ရုံးပိတ်ရက်ဆိုတော့..........ယောင်းမလေးနဲ့.အတူတူရှိနေတော့...........ဆေးရုံကို.....တွယ်နဲ.အိမ်နီးနားချင်းေ
တွက...........ယောင်းမလေးကို..........မီးဖွားနိုင်အောင်........ပို့ပေးခဲ့တယ်........ဒါပေမဲ့..........တွယ်အရမ်းစိတ်မကောင်း
ဖြစ်မိတယ်.........ကံမကောင်းတဲ့အပြင်...........ကံဆိုးမသွားရာ .............
မိုးလိုက်လို့ရွာဆိုသလိုပေါ့.......တွယ်.......သတင်းတခုကြားလိုက်ရတယ်........ဘာတဲ့........ကားသမားတစ်ယောက်....အက်စီးဒင့်ဖြစ်လို့........အရေးပေါ်ပို့လိုက်ရတယ်တဲ့...........တွယ်ဆုတောင်းနေမိတယ်..........ကိုကိုမဖြစ်ပါစေနဲ့ပေါ့....
.ဆုတောင်းတာနောက်ကျခဲ့ပြီလေ......ကိုကိုရယ်........ဒီမှာ.....ကိုကိုယ့်.....ရင်သွေးလေးလေ..........ကိုကိုရယ်......တွယ်
တို့ကိုထားခဲ့ပြီးလား......ဟင်..........တွယ်ကိုကိုယ့်.....အတွက်...ငိုကြွေးနေချိန်မှာ.....လူ.ဘ၀ထဲကို......အဖြူလား
အမဲလား...ဘာမှန်းမသိဘဲ.........ရောက်လာတဲ့....မိထက်လေးကို.......တွယ်ပွေ့ပိုက်ရင်း.........ဆရာဝန်ကို........ ကလေးမိခင်ကျမ္မာရဲ့လားလို..........အားတင်ပြီးမေးလိုက်ပါတယ်.........ဒါပေမဲ့......တွယ့်ကို.....သူတို့....သနားသလို......၀ိုင်းကြည်.နေတော..........တွယ်သိလိုက်ပါပီ...........တွယ်ဘ၀ထဲကို.........နောက်ဆုံးသော......သွေးသားဖြစ်တဲ........မိ
ထက်လေးကို....ကိုကိုရယ်..တွယ်ယောင်းမလေးရယ်က.....ယုံကြည်စိတ်ချစွာနဲ့....ထားခဲ့ပြီလေ.............ဘာမှကိုမသိ
ရှာသေးတဲ့ မိထက်လေးဘ၀ကို တွယ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးရတော့မယ်
ဆိုတဲ့ အသိတွေ ချက်ချင်းဝင်လာတာနဲ့ တွယ့်မျက်ရည်တွေခန်းသွားခဲ.လေပြီ စာတွေကို...ထက် ဆက်ပြီးတော ဖတ်နိုင်တဲ့ ခွန်အားမရှိတော့ဘူး..ထက်ကိုမေမေ.......အဲဒီ
လောက်တောင်ချစ်တယ်ဆိုတာ ထက်သိလိုက်ရတယ်လေ မမေရယ် ထက်ဘ၀ရဲ့ အကောင်းဆုံးသော အဖြူစင်ဆုံးသောမေတ္တာတွေကို ပးတဲ့မေမေ့ကို ထက်အရမ်းချစ်တယ်........ထက်ခုလို မမေမသိအောင်လုပ်တယ်ဆိုတာကိုသာ မေမေသိခဲ့ရင် မမေပိုပြီးဝမ်းနည်းမှားလား ဟင်......
ထက်အရမ်းဆိုးပါတယ်......ထက်ကိုမေမေက......သမီးလေးအရင်းတယောက်လို.....ပြုစုပျိုးထောင်ပေးခဲ့တာ အခုဆို ထက်(10)တန်းတောင်အောင်ပြီ မမေရယ် ထက်မှားပါတယ် ထက် မမေမသိအောင်ခုလိုခုပ်မိတဲ့အတွက် ထက်ကိုမေမေမုန်းလိုက်ပါနဲ့နော်...........
ထက်မေမေ့ရဲ့အိပ်စက်နေတဲ့ပါးပြင်လေးကို..........ကြည်နူးဝမ်းသာသောအနမ်းများနှင့်.........
(မိထက်)
0 comments:
Post a Comment