အလင်းရောင်ထွန်းလင်းစကြယ်များ စကြာဝဠာနေရာအနှံ့အပြားမှာရှိနေရဲ့။
ထိုအလင်းရောင်များကို မြင်သူများရှားပါးလို့ မြင်တဲ့ကြယ်စင်စု ထွန်းလင်းတောက်ပတဲ့ လစန္ဒာကိုသာ လူများက ချီးမွမ်းထောမနာပြုကြနဲ့ လမင်းကြီးက လှချင်တိုင်းလှနေလိုက်တာ……
လမင်းကြီးလိုလှချင်တိုင်းလှဖို့ အရှိန်ယူနေတဲ့ကြယ်စင်လေးများ အများအပြားရှိနေပေမယ့် သူတို့ကို စာပေဖွဲ့ ကဗျာဖွဲ့သူကမရှိ ထွန်းလင်းဖို့အရှိန်မရခင် တချို့အကြွေစော သူတို့နယ်ပယ် သူတို့ရင်တွင်း
အလှမာန်များကင်းနေတာကို လူများက မသိလိုက်ရရှာ……..
အားပေးကြပါစို့……….ကြိုလင့်ထောက်ကြိုပါစို့………လင်းလက်ဖို့ကြယ်စင်စုများကို ပိုပြီးထိန်လင်းအောင် အကြိုးဆောင်ကြပါစို့………….ကူညီကြပါစို့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်………
သူတို့လေးတွေရဲ့ အရောင်ကို တောက်ပဖို့ သူတို့ကိုယ်ပိုင်အလင်းရောင်နှင့်မပြီး ကူညီလို့အလင်းပေးမှ သူတို့လေးတွေရဲ့ အရောင်အဆင်းကပိုပြီးလှပ ရှုမငြီးလို့တင့်တယ် သူတို့ဘဝ သူတို့အလှနဲ့ ရပ်တည်နိုင်မယ်…..သူတို့လေးတွေရဲ့အလင်းရောင် စကြာဝဠာတံတိုင်းအထိ အလင်းရောင်ကို သူတို့ပေးဆောင်နိုင် လူများကို စိတ်ငြိမ်းချမ်းအောင် သူတို့လေးတွေက နောင်အချိန်မှာ စွမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။
ထိုကြောင့် ထွန်းလင်းစ ကြယ်စင်စုများကို ကျွန်ုပ်တို့အတူတကွ အားပေးလို့ အလင်းရောင်များကို ထွန်းညှိပေးလိုက်ကြပါစို့လို့………………………..
(စနေမိုး)
0 comments:
Post a Comment