Friday, June 1, 2012

အလွမ်းနေ့ရက်တွေ ကုန်ပါစေ





မိုးမြင့် ဘုံဖျား ပင်ယံဖျားမှာ

ရောင်လွှာသိဒ္ဓိ ရနံ့မညိနိုင်သည့်တိုင်

မြေလွှာမှာ ကြည်ဖြူစွာနေသွားဖို့

ငါတို့ကြိုးစားကြမယ်

မြေမဟာနန်းက ..တေးဆိုတတ်တဲ့

ငှက်ကလေးတွေရယ်

ကမ္ဘာ့ရွာမှာ တို့တွေရဲ့ ခွန်အားသွေးတွေ

ချန်ရစ်ခဲ့ကြမယ်ကွယ်.......


တောရိုင်းတွေကျော်ဖြတ်ရင်း

ဒဏ်ရာတွေအထပ်ထပ်ရလာခဲ့တယ်

ခါးသီးမူတွေ အလည်

အသဲကြားက

စီးဆင်းသွားတဲ့မျက်ရည်တစ်စက်ကြောင့်

တင်းထားတဲ့ အားမာန်တွေကို ပြန်ရှက်မိတယ်  

ငါဟာယောက်ျားတစ်ယောက်ပါ

အမှားတွေကြားက.

အလဲလဲအကွဲကွဲနဲ့ ကိုယ့်ကိုကိုယ်ဆွဲထူရင်း

အားတင်း ပြီးလျှောက်ခဲ့တယ်

 ဘယ်တော့မှနောက်မဆုတ်ဘူး

အားနည်းချက်ကိုနင်းလျှောက်ပြီး

အားသာချက်ကိုအရယူကြမယ်

နေမဝင်ခင် ကမ်းခြေမှာ ငါတို့ အတူဆုံကြမယ်

ပုဇွန်ဆီရောင်ညနေခင်းလေးကို

တို့တတွေငေးကြည့်ရင်းပေါ့ကွယ်.....


အချိန်ရထားကို  လိုက်ပါစီးနင်းရင်း

အတူဆုံဖြစ်တဲ့

အမှတ်တရနေ့ရက်တွေ

အဝေးက ငေးမျှော်နေခဲ့မိတယ်

အလွမ်းနေ့ရက်တွေကြားမှာ ဘဝကိုမွန်းမံရင်း

ဆုံးရှုံးခဲ့ရတဲ့ ချစ်ခြင်းမေတ္တာကို

ပြန်လည် အသက်သွင်းဖို့


ပြန်လည်ဆုံဆည်းမယ့်နေ့ကို

ငါ ..မျှော်နေတယ်   ချစ်သူရယ်.....







(...နေမင်းခိုင်.)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"