၂၀၁၂- ပညာသင်နှစ် တွဲလက်များ ပညာရေးကူညီမှု အသင်း အလှူမှတ်တမ်းပုံများ

အစိုးရမူလတန်းကျောင်း မရခင်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆောင်...

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, May 31, 2012

မိခင်တစ်ယောက် ရဲ့တိတ်တခိုး မျှော်လင့်ချက်



ကလင် ကလင် .... ကလင် ကလင် *

ဒိတ်အောက်နေတဲ့ ဖုန်းသံက ကိုင်သူမဲ့စွာ အော်မြည်နေသည်။ ကိုင်မယ့်သူက တော်တော် နဲ့ ပေါ်မလာပေမယ့်

ဖုန်းသံကတော့ ဆက်လက်မြည်နေဆဲပါ ။ နှေးတုံ့လှတဲ့ ခြလှမ်းတွေနဲ့ လျှောက်လှမ်းလာတဲ့ အဘွားအို တစ်ဦး ။

ဆက်တိုက်မြည်နေတဲ့ ဖုန်းနားကို ရောက်လာပေမယ့် ချက်ချင်းမကိုင်သေးပဲ အဓိပ္ပါယ်မဲ့စွာ စိုက်ကြည့်နေဧ။် ။

ခဏနေမှ ဖုန်းကို မကိုင်ချင်စွာနဲ့ ကိုင်လိုက်ပါသည်။

*ဟဲလို*

*ခေါ်နေတာ ကြာနေပြီ မေမေ ... မကိုင်တော့ စိတ်ပူလို့ ဆက်တိုက်ခေါ်နေတာ *

သြော် ! စိတ်ပူတယ်တဲ့လား ။ စိတ်ပူလို့ ဆက်တိုက်ခေါ်နေမယ့် အစား ကားလေးထုတ်ပြီး ပြေးလာလိုက်ပါလားကွယ်။

အပြင်သို့ ထွက်ကြလာသော စကားသံမဟုတ်ပါ ။ ရင်တွင်း တီးတိုးရေရွတ်လိုက်မိခြင်းသာဖြစ်သည်။

* မေမေ နေမကောင်းဘူးလား ... သမီး ငွေလာပို့မလို့ မေမေ ......သမီးတော့ မအားဘူးမေမေရေ ...သားငယ် စာမေးပွဲ ကလည်းတော်တော် နီးနေပြီလေ ။ သမီး အိမ်က ဒရိုင်ဘာ မောင်မြင့်ကိုဘဲ လွတ်လိုက်မယ်နော် ... မေမေ ဘာမှာ အုံမလဲ မေမေ*

* မမှာတော့ပါဘူး ........ သမီးကော နေကောင်းတယ်နော် *

*ဟုတ်ကဲ့ ......... ကောင်းပါတယ်မေမေ *

ဒီနေရာမှာတင် ဆက်သွယ်မှုက ပြတ်တောက်သွားပါတော့ဧ။် ။ ဖုန်းလေးကို ညင်သာစွာ ပြန်ချပြီး အနီးရှိ ပက်လက် ကုလားထိုင်ပေါ် ဖြေးညင်းစွာ ထိုင်ချလိုက်သည် ။ လွန်လေခဲ့သော နှစ် 30က ပုံရိပ်တွေက ဓာတ်ပုံရိုက်သလို ပြန်လည်မြင်ယောင်လာခဲ့သည်။ မိုးတွေ ရွာနေတဲ့ နေ့လေးတစ်နေ့ ကျွန်မတို့ လင်မယား အလုပ်ကိစ္စတစ်ခုနဲ့ ပဲခူးဘက်ကို ရောက်နေခဲ့သည်။ ချစ်လှစွာသော 10နှစ် သမီးလေးကို ကလေးထိန်း မိန်းကလေးနဲ့ အိမ်မှာ ထားခဲ့ရပါသည်။ ပဲခူးရောက်တော့ အိမ်ကို ဖုန်းဆက်ကြည့်တော့ ဖုန်းကိုင်မယ့်သူမရှိ ။ နောက်အကြိမ်ကြိမ် ထပ်ခေါ်ကြည့်သည် ။ မကိုင်တဲ့ ဖုန်းကို ဆက်ခေါ်ဖို့ဆိုတဲ့ အတွေးမရှိ ။ လင်မယားနှစ်ယောက်လုံး ကားပေါ်ချက်ချင်းတက်ကာ ရန်ကုန်သို့ တန်းပြန်ခဲ့ကြသည်။ အလုပ်မပြီးဘဲ သမီးဇောနဲ့ ပြန်လာခဲ့တဲ့အတွက် သိန်းပေါင်းများစွာမြတ်မယ့် လုပ်ငန်းတစ်ခုကို ဆုံးရှုံးမယ်ဆိုတာ သိပေမယ့် ငါ့သမီးလေး တစ်ခုခုဖြစ်နေလို့ ဖုန်းမကိုင်တာဘဲဆိုတဲ့ အသိက လူတကိုယ်လုံးကို ပူလောင်နေလိုက် သာဆိုတာ ပြောမနေပါနဲ့ ။ အိမ်ပြန်ရောက်တော့ သမီးလေးနဲ့ ကလေးထိန်းက အိပ်ပျော်နေကြခြင်း ဖြစ်ဧ။် ။ ဒါပေမယ့်ဆုံးရှုံးလိုက်ရတဲ့ ငွေကြေးတွေကို နှမြောတဲ့ စိတ်ထက် သမီးလေးကို ကောင်းကောင်းမွန်မွန် တွေ့လိုက်ရတဲ့ ပီတိ အပျော်လေးက အရာရာကို အနှမြောမရှိခဲ့ပါဘူး ။ သမီးလေး ဒုတိယနှစ်တက်နေချိန်မှာ အမျိုးသားက ပျော်ရွင်စွာ မိသားစုဘ၀လေးထဲကလေ မထင်မှတ်ဘဲ ထွက်ခွာသွားခဲ့ပါသည်။ အမျိုးသားဆုံးသွားပေမယ့် သမီးဆိုတဲ့ အားတွေကို ထည့်ကာ ကြိုးစားရပ်တည်ခဲ့ပါဧ။်။ ဘ၀ရဲ့ အမောတွေကို သမီးလေး အပြုံးတစ်ချက်နဲ့ အပမ်းပြေစေခဲ့သည်။ ဘွဲ့ရတော့ သင်တန်းတွေ စုံအောင် ဆက်တက်စေခဲ့သည်။ စင်ကာပူမှာ ကျောင်းနေချင်သည်လို့ ပူဆာလာတော့လည်း တစ်ချက်မညဉ်း သမီးလေး ဆန္ဒကို ဖြည့်စီးပေးခဲ့ပါဧ။်။ စာတော်သော သမီးအတွက် ဂုဏ်ယူမဆုံး တပြုံးပြုံးပေါ့ရှင်။ အမျိုးသား ဆုံးပြီးကတည်းက အခြေမပျက်အောင်ရပ်တည်ဖို့ ကြိုးစားလာခဲ့တဲ့ ပွဲရုံလုပ်ငန်းက ခုနှစ်ထဲမှာ ယိုင်နဲ့ လာခဲ့တာကိုတော့ သမီးလေး
ကို မသိစေခဲ့ပါ။ ပွဲရုံ ပိုင်ရှင်ဆိုတဲ့ နာမည်ပဲ ကျန်တော့သည်။ ဆက်လက် လည်ပတ်နိုင်အောင် ကြိုးစားနေရသည်။ စင်ကာပူမှာ သမီးလေး ကျောင်းပြီးရင်တော့ အသက်ရှူ ချောင်မှာဆိုတဲ့ အတွေးတွေက သမီးဆီကဖုန်းတချက်နဲ့တင် ပျက်စီးသွားစေခဲ့ပါသည်။ အိမ်ထောင်ပြုတော့မယ် တဲ့လေ။ မေမေက ဘာလက်ဖွဲ့မှာလဲဆိုတဲ့ မေးသံလေးက ချိုမြနေပေမယ့် ကျွန်မ အာဆေးမိနေခဲ့ပါ၏ ။ နောက်ဆုံးမှာတော့ သမီး မင်္ဂလာဆောင်မှာ မျက်နှာ မငယ်ရလေအောင် ကားတစ်စီး ဖြစ်အောင် လက်ဖွဲ့လိုက်ရချိန်မှာတော့ ကျွန်မ ဘ၀ကတော့ တိုက်ခန်းကျဉ်းကျဉ်းလေး တစ်ခုသာ ကျန်ရစ်နေခဲ့ ပါတော့သည်။ သမီး မင်္ဂလာဧည့်ခံပွဲပြီးချိန်မှာတော့ အခြေနေ အမှန်ကို သိစေခဲ့ပါသည် ။ သမီး ဘ၀လေး သာယာလှပနေတာကို အထူးကျေနပ် ပီတိဖြစ်မိပါ၏ ။ လစဉ် ကျွန်မ စားဖို့အသုံးစရိတ်ကို ထောက်ပံ့ပေးတတ်ပေမယ့် လူကတော့ တစ်မြို့ထည်းနေနေပေမယ့်နှစ် လတစ်ခါလောက်သာ ရောက်လာ
တတ်ပါတယ် ။ ဖင်ပူအောင်ပင် မထိုင် မေမေ နေကောင်းတယ်နော်......ဘာလိုသေးလဲ ဆိုတာနဲ့ ပြောပြေး ပြောတာက ပိုများဧ။်။ ဖြစ်နိုင်မယ်ဆို ကျွန်မသေချင်ပါသည်။ သားသမီး ဆိုတာကို အပေးပဲ ရှိချင်သည် ။ သားသမီးဆီကနေ ပြန်ယူနေရတဲ့ ဘ၀ကို ကျွန်မ မနေချင်ပါ ။ သမီးလေး ငယ်စဉ်က ယုယထွေးပွေ့ခဲ့တဲ့ ကြင်နာမှုမျိုးကို ကျွန်မ ခုချိန်မှာ သမီးဆီက မျှော်လင့်နေမိပါ၏။ သူငယ်ပြန်နေသလားလို့ ကျွန်မကိုယ် ကျွန်မ အကြိမ်ကြိမ် တွေးတော ဆင်ခြင်မိသည်။
ဟင်အင်း .... မဟုတ်ပါဘူး ။ ကျွန်မရင်ထဲက ပြင်းပြင်းပြပြ မျှော်လင့်နေမိခြင်းမျိုးပါ ။ ခုဆို သမီး ကမွေးတဲ့ မြေးမတောင် ပထမနှစ်တက်နေပါပြီ။ သမီးက ယောက္ခမတွေနဲ့ တူတူနေတာမို့ ယောက္ခမတာဝန်တွေလည်း ရှိရှာလို့နေမှာပါလေ လို့ဖြေတွေးရင်း နှစ်တော်တော်များများကို ကျော်ဖြတ်လာခဲ့တာ ခုဆို အဘွားအို တစ်ယောက်အရွယ်သို့ကူးပြောင်းလို့ လာနေပါပြီ ။ သမီး ပြုစုမှုတွေကို ခံယူနေရတဲ့ ခမည်းခမက်တွေလည်း အားကျမိပါသည်။ ခုရက်တွေ ကျွန်မ ရှိတဲ့ အသက်ရွယ်ထက် ပိုလို့ အိုစာလာသည်လို့ မှတ်ယူမိသည် ။ နေရင်းထိုင်ရင်းနဲ့ကို မောမောနေတတ်၏။ သမီးကိုတော့ အသိမပေးလိုတော့ပါ ။
သူအလိုလို ရောက်လာမယ့်အချိန်လေးကိုတော့ တိတ်တခိုးလေး မျှော်လင့်နေမိပါသည် ။ ငယ်စဉ်က ကျွန်မရင်ခွင်ထဲမှာ သမီးလေးကို ထွေးပိုက်ထားသလိုလေး ခုချိန်မှာ သမီးက ကျွန်မကို ထွေးပွေ့လာမယ့် နေ့လေးကို တိတ်တခိုးမျှော်လင့်ရင်း လောကကြီးထဲကနေ ညင်သာစွာ ထွက်ခွာသွားသူ အဘွားအိုတစ်ယောက် မျှော်လင့်ချက်အတွေးတွေ နဲ့ ပြုံးပြုံးလေ သေဆုံးသွားခဲ့ပါပြီ။

(ခိုင်လေး၊ရွှေတောင်)

အသင်းဝင်များ


၀၁။ အရှင်နန္ဒ(ပျော်ဘွယ်) 
၀၂။ အရှင်သာသန(ပုသိမ်ကြီး)
၀၃။ အရှင်ပညာဝရ (ဧလာ)
၀၄။ အရှင်ဇနသာရ(ပေါက်)
၀၅။ အရှင်ဓမ္မသာရ(ပေါက်)
၀၆။ အရှင်ကေသရိန္ဒ(ဗန်းမော်)
၀၇။ မအေးသီတာ
၀၈။ မအေးအေးသန်း(ပျော်ဘွယ်) 
၀၉။ မခိုင်စံပယ်(ရန်ကုန်) 
၁၀။ မအေးခိုင်(ပျော်ဘွယ်) 
၁၁။ မမြတ်ဆုမွန်ဝင်း(ရန်ကုန်)
၁၂။ မဖြူဝင်းမောင်
၁၃။ မခင်မျိုးဆင့်(ရန်ကုန်)
၁၄။ မတင်တင်ထွေး
၁၅။ မသီတာထွန်း
၁၆။ မနော်နော်
၁၇။ မမေဇင်ဦး
၁၈။ မယဉ်မိုး
၁၉။ မချောအိမွန်
၂၀။ မတင်ဇာကျော်
၂၁။ မခိုင်သစ်လွင်

Wednesday, May 30, 2012

ရေအိုးတစ်လုံး၏ ဒဿန

ကျွန်တော်ကတော့ အမြဲအေးနေတဲ့
ရေအိုးလေးပေါ့ ရွာကလေးတရွာလယ်သမားတယောက်အိမ်မှာနေပါတယ်။မြန်မာနိင်ငံမှာဘဲနေပါတယ်။

ဟောပြောရင်းဆိုရင်း  သူကျွန်တော်ဆီလာပြီ…..ဟောဗျာ  ..တခွက်သောက်လိုက်ပြီ..ပြီးတော့

သူ့မိသားစုတွေကိုလဲပြောလိုက်သေးတယ်..မနက်စောစောစီးစီးရေ သောက်တာကောင်းတယ်တဲ့
ကျွန်တော်ဆီကိုကလေးတယောက်ပြေးလာတယ်ဗျ ကျွန်တော့ထဲက တခွက်ကို သူသောက်ပြီးပြောလိုက်တယ် ရေလေးကအေးနေတာဘဲတဲ့ သူတိုကျွန်တော့ကို ချီးမွမ်းနေပြီ …ပျော်လိုက်တာ…အပြင်သွားလို့ပြန်လာလဲကျွန်တော့်ထဲကရေကိုသောက်ကြပါတယ်.။

  သူတို့အခု ကျွန်တော့်ကို သူတို့ အလုပ်လုပ်တဲ့  ယာထဲကို ခေါ်သွားတော့မယ် ဗျ
ကျွန်တော့ကို ပွေ့  ပြီးတော့ သယ်သွားပါတယ် ကျွန်တော်လဲ ဇိမ်နဲ့ လိုက်သွားတာပေါ့  ကျွန်တော်ကို သူအလုပ်လုပ်တဲ့ ယာဘးမှာချထားတယ်  သူမောတဲ့အခါ
ကျွန်တော်ထဲကရေကိုသောက်တာပေါ့ ကျွန်တော်ပျော်ပါတယ် သူတို့နဲ့နေရတာကို
ကျွန်တောလိုဘဲယာထဲကို ပိုင်ရှင်ခေါ်လာလို့ ပါလာတဲ့ရေအိုးတွေလဲရှိပါတယ်
သူတို့နဲ့လည်းမိတ်ဖွဲ့စကားပြောမိပါတယ် 

    `ငါသခင်က ငါ့ရေကို
မနက်တိုင်းမသောက်ဘဲမနေဘူး  ပြီးတော့လဲ ငါ့ကိုအမြဲချီးမွမ်းတယ်`ကျွန်တော်ကဘဲ
ကျန်တဲ့ရေချမ်းအိုးတွေကို ကြွားတာပေါ့ သူတို့ကတော့ ဘာမှပြန်မပြောနိင်ဘူးလေ
သူတို့က ကျွန်တော်လောက်အလေးပေးမခံရတာ။

တစ်ရက် ကျွန်တော်တို့အိမ်ကို လာတဲ့ဧည့်သည်ကောင်မလေးက ချောလိုက်တာဗျာ
ကျွန်တော်က
ရေအိုးဖြစ်နေလို့ပေါ့၊ကျွန်တော်သာ……။

ကျွန်တော်ထဲကရေကို ကျွန်တော် အိမ်သားတွေတင်မကပါဘူး အိမ်ကို အလည်လာတဲ့ မိတ်ဆွေတွေနဲ့ ရဟန်းသံဃာ တွေလည်းကျွန်တော့် ထဲကရေကို သောက်ပီးကျွန်တော့်ကို
ချီးမွမ်းပါတယ်။

``ဒီရေအိုးထဲကရေတွေက
အမြဲအေးနေတာဘဲနော် နွေရောက်လို့ ပူအိုက်နေတဲ့အခါဒီရေလးသောက်ရရင် အမောပြေမှာဘဲ”

ကျွန်တော်လဲ ရေအကျိုး (၁၀) ပါးမတောင်းဘဲနဲ့ပြည့်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျွန်တော်တို့ရွာမှာလျှပ်စစ်မီးဆိုတဲ့အရာကြီးရလာတော့   ကျွန်တော်နေတဲ့အိမ်က တီဗီတို့၊ရေခဲသေတ္တာ တို့ ၀ယ်လိုက်တာပေါ့။

ဒီလိုကျွန်တော် ချီးမွမ်းခံရမှုတွေ ကြောင့်ပီတိတွေ ဖျာနေတဲ့နောက်ပိုင်းမှာ ကျွန်တော့်အိမ်ကို
ဂြိုလ်ဆိုးကြီးတခု ၀င်လာပါတယ်ဗျာ။ အဲ့ဂြိုလ်ဆိုးကြီးကြောင့် ကျွန်တော်ကို
အိမ်သားအားလုံးလှည့်ကိုမကြည့်ကြတော့ပါဘူး..အပြင်သွားလို့ပြန်လာလည်း
အဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြတယ်။ မိုးလင်းလဲအဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြ
တယ်။
ယာထဲသွားလဲအဲ့ဟာကြီးထဲကရေကိုဘဲယူသွားကြပါတယ်။ကျွန်တော်ကိုလှည့်ကိုမကြည့်ကြ
တော့ပါဘူး။ ရာသီမှာနေကလဲ အလွန်ပူပြင်းသည့်အတွက်
ကျွန်တော်ဗိုက်ထဲမှာခမ်းခြောက်နေပြီ၊
ဘာရေမှမရှိတော့ပါဘူး၊အဲဟာကြီးထဲကိုဘဲရေထည့်ပီးကျွန်တော်ဆီကိုမလှည့်လာဘူးလေ။

ပြီးတော့ပြောသေးတယ်
အဲ့ဒိဟာကြီးထဲကရေအေးလွန်းလို့ခဲတောင်ခဲသေးတယ်တဲ့။ ရခဲသေတ္တာဆိုတော့လဲ ခဲတော့မှာပေါ့။

ကျွန်တော်ကိုစော်ကားတာပေါ့  အဲ့ဟာကြီးမရှိခင်တုန်းကကျွန်တော်ကိုထဲကရေကိုဘဲ
အေးတယ်ဆိုပြီးသောက်ကြတယ်။ကျွန်တော်အပေါ်မှာလဲ
ပိုးမျှင်တွေတောင်တက်ကုန်ပြီပေါ့ဗျာ။ ဘာမှအသုံးမ၀င်တော့တဲ့ကျွန်တော့်ကို
ဘယ်သူကဂရုစိုက်ချင်တော့မှာလဲဗျာ။
 သူတို့အိမ် သန့်ရှင်းရေလုပ်တဲ့တရက်မှာတော့ ကျွန်တော့်ကို အိမ်ရဲ့ထောင့်တနေရာမှာ စွန့်ပစ်ထားလိုက်ပါတယ်။ မိုးဆိုတာ အစဉ်မကောင်းသလို အစဉ်လဲမခေါင်ပါဘူး။ အဲ့ဒိဟာကြီးလဲ အရင်လိုမအေးနိင်တော့ဘူးလေ၊ဘယ်အေးတော့မလဲ  လျှပ်စစ်မီးမှ မလာတော့တာ။ အခုကျွန်တော့ဆီပြန်လှည့်လာကြပြီလေ။

ကျွန်တော့်ကို ဖုန်သုတ်ရေဆေးပြီးတော့  ကျွန်တော့်ကိုအရင်နေရာပြန်ထားပြီရေအပြည့်
ဖြည့်ထားပါတယ်။ သူကျွန်တော့ဆီလာပြီး ကျွန်တော်ထဲကရေကိုသောက်ပြီးပြောသွားတယ်။

ဒီရေအိုးလေးဘဲ
ငါတို့ကို ထာဝရ အေးချမ်းမှုပေးတယ်.။။.



ကဲ..သဲချင်းတို့လဲဖတ်ရတာမောပြီ  ရေသောက်လိုက်ဦး။   ။

(သဇင်လေး)

ကလေး ဟာသပုံများ





ကြွက်ကလေးနှစ်ကောင်ရဲ့ ချစ်ပုံပြင်

ရာသီဥတုက အအေးလွန်ကဲနေခဲ့တယ်။ ရိတ်သိမ်းချိန်ကျော်လွန်ခဲ့လို့ လယ်ကွင်းတွေမှာ အစာတွေရှားစပြုလာတယ်။ ဆောင်းဦးရာသီမှာ တွင်းထဲစုဆောင်းခဲ့တဲ့အစာတွေကလည်း လယ်သမားတွေရဲ့ ထွန်တုံးအောက်မှာ ပျက်စီးသွားခဲ့ရတယ်။
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ? အိပ်မောကျနေတဲ့ ဇနီးရဲ့ တစ်နေ့တခြားကြီးလာတဲ့ ဗိုက်ကိုကြည့်ရင်း ကျွန်တော်စိတ်ညစ်နေခဲ့မိတယ်။ မကြာခင် ကျွန်တော်အဖေဖြစ်တော့မယ်။ ယောက်ျားတစ်ယောက်ရဲ့တာဝန်ကို လုံးလုံးလျားလျား ထမ်းဆောင်ရတော့မယ်။

ခုတော့... အိမ်ထဲမှာ စားစရာတစ်စက်မှ ရှိမနေခဲ့ဘူး။ မြက်ပင်တွေစားပြီး ကျွန်တော်နေလို့ရပေမယ့် ဇနီးကို အဆာခံလို့မဖြစ်ဘူး။ အထူးသဖြင့် သူ့ဗိုက်ထဲက ကျွန်တော်တို့ရဲ့သားကို အငတ်ခံလို့မဖြစ်ဘူး။ အဲဒီတုန်းက သူ့ကိုကျွန်တော်ယူမယ်ဆိုတော့ ဆင်းရဲတဲ့ကျွန်တော့်ကို သူ့မေမေက သဘောမတူခဲ့ဘူး။

"ကျွန်တော်အသက်ရှင်နေသရွေ့ ခင်ဗျားသမီးကို အငတ်မခံစေရဘူး"လို့ ကျွန်တော်ဂတိပြုမှ ယောက္ခမက သမီးကို ပေးရဲခဲ့တယ်။ အဲဒီနေ့ကစ ကျွန်တော်ဟာ ကမ္ဘာပေါ်က အပျော်ဆုံးကြွက်တစ်ကောင် ဖြစ်ခဲ့တယ်။


သူ့အတွက် ကျွန်တော်အရာရာပေးဆပ်ခဲ့တယ်။ သူ့ကိုတစ်ချက်မှ စိတ်ညစ်မခံစေခဲ့ဘူး။ သူ့ကို ကမ္ဘာပေါ်က ဒုတိယအပျော်ဆုံးကြွက်တစ်ကောင်ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သူ့ကိုချစ်တဲ့ ကျွန်တော်ရဲ့အချစ်က ကျွန်တော့်ကိုယ်ကျွန်တော်ချစ်တာထက် ပိုများခဲ့တယ်။ သူ့အတွက်ဆိုရင် သူ့လက်သည်းထဲက အညစ်အကြေးတွေကို ကျွန်တော့်သွားနဲ့ ညင်ညင်သာသာ ကိုက်ထုတ်ပေးဖို့ ကျွန်တော်ဝန်မလေးခဲ့ဘူး။ ရွာသူကြီးရဲ့သမီးနောက်ကနေ သူကြိုက်တဲ့နေကြာစေ့တွေ လိုက်ကောက်ပေးဖို့ ကျွန်တော်မကြောက်ခဲ့ဘူး။ သူ့အတွက် သီချင်းတိုးတိုးလေးညည်းရင်း အိပ်ပျော်သွားတဲ့ သူ့ကိုကြည့်ပြီး တစ်ညလုံးမအိပ်ဘဲလည်း ကျွန်တော်နေနိုင်ခဲ့တယ်။

သူ့ကို အဲဒီလောက်တောင် ကျွန်တော်ချစ်တယ်။


လင်းလက်တဲ့ သူ့မျက်လုံးလေးကိုချစ်တယ်။ ချွန်မြမြ သူ့ပါးစပ်လေးကို ချစ်တယ်။ နူးနူးညံ့ညံ့ သူ့နှာခေါင်းလေးကို ချစ်တယ်။
အညိုရောင် သူ့အသားအရေကိုချစ်တယ်။


ဒါပေမယ့်.... ဒါပေမယ့်.... အခုတော့ သူ့အတွက် မနက်ဖြန်မနက်စာကို ကျွန်တော်မပြင်ဆင်ပေးနိုင်ခဲ့ဘူး။ သူ့ကိုကျွန်တော်ချစ်တယ်။ ဒါပေမယ့် မနက်ဖြန်အစာ ဘယ်မှာရှာလို့ရနိုင်မယ်ဆိုတာကို ကျွန်တော်မသိခဲ့ဘူး။
ကျွန်တော် အစာထပ်သွားရှာကြည့်မယ်။ ဆောင်းဦးက ရိတ်သိမ်းခဲ့တဲ့ စပါးအကြွင်းအကျန် တစ်စေ့တလေလေးတော့ ရွံ့ဗွက်တွေထဲမှာ ရှိကောင်းပါရဲ့။


(၁ဝ)ခေါက်ကျော် ကျွန်တော်ရှာခဲ့ပေမယ့်၊ လက်သည်းတွေ သွေးထွက်တဲ့အထိ ကျွန်တော်တူးဆွ ရှာဖွေခဲ့ပေမယ့် လက်ဗလာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်။ အစ်ကို၊ အစ်မတွေဆီ သွားတောင်းကြည့်ပါဦးမယ်။ မရီးက ခါတိုင်းလိုကျွန်တော့်ကို မဆဲမဆိုဘဲ ကိုယ်ချင်းစာစာနဲ့ အစာတချို့ပေးမယ်ထင်ပါရဲ့။ သူ့အတွက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး (၇)ခေါက်လောက် ကျွန်တော်သွားတောင်းခဲ့ပေမယ့် သွားတောင်းတိုင်း မရီးရဲ့ အဆူအဆဲကိုပဲ ခံခဲ့ရတယ်။

ရွာထဲက အိမ်ကြွက်တချို့ဆီ ကျွန်တော်သွားတောင်းကြည့်ပါဦးမယ်။ သွားတောင်းတိုင်း ကျွန်တော် အထုအထောင်းခံခဲ့ရပေမယ့်၊ သွားတောင်းတိုင်း လယ်ကြွက်လုပ်ပြီး အိမ်ကြွက်ဆီမှာ လာတောင်းစားရသလားလို့ အပြောခံခဲ့ရပေမယ့် သူ့အတွက်နဲ့ ဒီလိုအထုအထောင်း၊ အဆဲအဆိုကို ကျွန်တော် မမူခဲ့ဘူး။


လက်ဗလာနဲ့ အိမ်ကိုကျွန်တော်ပြန်ရောက်လာတယ်။


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့သူ့ကိုကြည့်ပြီး ဒီနေ့တစ်နေ့လုံး သူဘာမှမစားရသေးဘူးဆိုတာကို ကျွန်တော်သိတယ်။ ကျွန်တော်အသဲတွေ ဓားနဲ့မွှန်ထားသလိုပါပဲ။ ကျွန်တော်လည်း အစာမစားရတာ သုံးရက်ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်က ယောက်ျားပါ။ သူ့ကို အဆာခံထားလို့တော့ မဖြစ်ဘူး။ ဒါပေမယ့် အစာလေးတစ်စက်ရဖို့ ကျွန်တော်မစွမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်တော်ငိုချင်လာတယ်။ ဒါပေမယ့် မျက်ရည်တွေ ထွက်ကျမလာခဲ့ဘူး။ ကျွန်တော်ဟာ အိမ်ဦးနတ်ပါ။ သူ့ကိုဘယ်လိုအန္တရာယ်၊ ဘယ်လိုဒုက္ခနဲ့ ဘယ်တော့မှ မခံစေရဘူးလို့ ကျွန်တော်ဂတိပေးထားတယ်။ ငိုဖို့ကျွန်တော်မေ့သွားပြန်တယ်။ အိမ်အပြင်ကို ကျွန်တော်ထွက်လိုက်ပြန်တယ်။ ဆောင်းလေးအေးအေးတွေက ငတ်မွတ်နေတဲ့ ကျွန်တော်ခံစားချက်ကို တိုက်ထုတ်နိုင်လိမ့်မယ် ထင်ပါရဲ့.....

"ကြွက်ကလေး.. ကြွက်ကလေးရေ... ဒီနေ့တစ်နေ့လုံး နင့်ကိုငါကြည့်နေတယ်။ နင်ဘာဖြစ်နေလဲ? ဆာလွန်းလို့ နင်တုန်နေတာလား?"

ကျွန်တော့်ကို လူတွေမေ့နေကြပြီလို့ ကျွန်တော်ထင်ခဲ့တယ်။ ခုတော့ ကျွန်တော်ကို မှတ်မိတဲ့သူ ရှိနေသေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အသံလာရာဆီ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ ခိုအစ်မကြီးကို တွေ့တယ်။


"ခိုအစ်မရေ... စားစရာတွေကို ကျွန်တော်ရှာမတွေ့လို့ပါ"


"မြို့ထဲသွားပါလား! မြို့ထဲမှာ စားစရာတွေပေါတယ်။ တောင်ဖက်တည့်တည့်သွားရင် မြို့ရောက်ပြီ" ခိုက ပြောပြောဆိုဆို ထပျံသွားတယ်။



မြို့ထဲ! ဒီရွာမှာ ကျွန်တော့်အဘိုးတစ်ယောက်ပဲ မြို့သွားဖူးတယ်။ မြို့ပေါ်မှာ စားလို့ကောင်းတဲ့အစာတွေ နေရာတိုင်းမှာရှိကြောင်း ကျွန်တော်ငယ်ငယ်က အဘိုးမဆုံးခင် ပြောပြခဲ့ဖူးတယ်။ မြို့မှာ ကောင်းကင်ပေါ်က တိမ်တွေဟာ ချိုသတဲ့။ မြေကြီးပေါ်က ကျောက်ခဲတွေဟာ ချောကလက်တွေတဲ့.... အင်း... မြို့ထဲသွားမယ်။ ဒီလိုတွေးနေရင်း ကျွန်တော်ဗိုက်တွေ မဆာတော့ဘူး။ အချစ်ရဆုံးသူ့ကိုခေါ်ပြီး ကျွန်တော်မြို့တက်မယ်။

သူ့ကိုကျွန်တော်နှိုးလိုက်တယ်။ သူ့ကိုခေါ်ပြီး မနက်ဖြန် မြို့တက်ပစ္စည်းပို့မယ့် ဦးကြီးနွားဆီ ကျွန်တော်တို့ကို မြို့ထဲပေးလိုက်ဖို့ သွားတောင်းဆိုတယ်။ ဦးကြီးနွားက ကျွန်တော်တို့ကို သနားပြီး သူ့နားရွက်ထဲ ဝင်ပုန်းပြီးလိုက်ဖို့၊ မသံမထွက်ဖို့၊ အိမ်ကြီးရှင် မသိဖို့ပြောတယ်။


ကျွန်တော်ပျော်မိတယ်။ မနက်ဖြန် ကျွန်တော်တို့မြို့တက်တော့မယ်။ ကျွန်တော်ချစ်ရတဲ့သူကို အငတ်မခံစေတော့ဘူး။


နောက်တစ်နေ့မနက်စောစောမှာ ဦးကြီးနွားရဲ့ နားရွက်ထဲပုန်းအောင်းပြီး ကျွန်တော်တို့ မြို့ထဲလိုက်ပါခဲ့တယ်။

ကျွန်တော်နဲ့ဇနီး ဦးကြီးနွားရဲ့နားရွက်ကို တင်းတင်းဆုပ်ကိုင်ပြီး သွားခဲ့တယ်။ အချိန်ဘယ်လောက်ကြာသွားတယ် မသိပါဘူး။ ဦးကြီးနွားရဲ့ "ဆင်းတော့.. မြို့ရောက်ပြီ"ဆိုတဲ့ အော်သံကြားမှ နားရွက်ထဲကနေ ကျွန်တော်တို့ဝမ်းသာအားရ ခုန်ချလိုက်ကြတယ်။ ဦးကြီးနွားကို ကျေးဇူးတင်ကြောင်း ဂါဝရပြုပြီး မြို့ထဲကို ကျွန်တော်တို့ဝင်ခဲ့ကြတယ်။


ဝေးဝေးတစ်နေရာရောက်တော့ နှာမှုတ်သံလား! သက်ပြင်းချသံလား မသိတဲ့ အသံတစ်သံကို ဦးကြီးနွားဆီကနေ ကြားလိုက်မိတယ်။ ကောင်းကင်ကို ကျွန်တော်မော့ကြည့်လိုက်မိတယ်။ ထိုးထိုးထောင်ထောင် တိုက်တွေက ကျွန်တော်မျက်စိရှေ့ ကန့်လန့်ဖြတ်ဝင်ခဲ့လို့ ကောင်းကင်ကို ကျွန်တော်မတွေ့ခဲ့ရဘူး။ မြေပြင်ကို ကျွန်တော်ငုံ့ကြည့်လိုက်တယ်။ အထပ်ထပ်ခင်းထားတဲ့ အင်္ဂတေကြောင့် မြေကြီးကို ကျွန်တော်မတွေ့ခဲ့ရဘူး။

ကျွန်တော်နဲ့ဇနီး နံရံထောင့်တစ်ခုမှာ တွန့်တွန့်ဆုတ်ဆုတ် ရပ်နေကြတယ်။ မျက်စိရှေ့က လမ်းမပေါ်မှာ ပျားပန်းခတ် လှုပ်ရှားသွားလာနေကြတဲ့ လမ်းသွားလမ်းလာတွေ၊ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားတဲ့ ကားတွေကြောင်း ကျွန်တော်တို့မျက်စိပြာပြီး ခေါင်းမူးခဲ့ကြရတယ်။ ဆူညံနေတဲ့အသံတွေက ကျွန်တော်တို့ခေါင်းကို ခွဲမတတ်ပါပဲ။ ဒီနေရာမှာ ကျွန်တော်ဟာ တကယ့်သူစိမ်းတစ်ယောက် လုံခြုံတဲ့နေရာလေးတစ်ခုတောင် ကျွန်တော်ရှာမတွေ့ခဲ့ဘူး။


ရွာကို ကျွန်တော်သတိရလာမိတယ်..... လယ်ထဲမှာ စားစရာတချို့တော့ ရှာတွေ့ကောင်းရဲ့။ မရီးလည်း ကိုယ်ချင်းစာပြီး ကျွန်တော်တို့ကို အစာတချို့ပေးတန်ကောင်းရဲ့။ အိမ်ကြွက်တွေလည်း ကျွန်တော်တို့အပေါ် ချစ်ခင်တန်ကောင်းရဲ့.....

ဒါပေမယ့် မြို့ပေါ်မှာ ကျွန်တော်သတ္တိနည်းနည်းမှ ရှိမနေခဲ့ဘူး။ နေချင်စိတ်လည်း မရှိခဲ့ဘူး။ ကျွန်တော်စပြီး ငိုချင်လာမိတယ်။



မျက်လုံးစူးရှတဲ့ဇနီးက "မောင်... လမ်းမရဲ့ဟိုဖက်ခြမ်းက ပြတင်းပေါက်မှာ ကိတ်မုန့်တွေအများကြီးပဲ"လို့ ထအော်တယ်။ ကိတ်မုန့်တွေကို ကျွန်တော်လည်းတွေ့လိုက်တယ်။ ကျွန်တော်တို့ နောက်ဆုံးကိတ်မုန့်စားချိန်က သူ့မွေးနေ့မှာဖြစ်တယ်။ အဲဒီတုန်းက သူကြီးရဲ့သားအငယ်ဆုံး လက်ထဲကနေ ကိတ်မုန့်တစ်ဖပ်ကို ကျွန်တော်အသက်စွန့်ပြီး လုယူလာခဲ့တယ်။ အဲဒီတုန်းက သူ့ကို ကျွန်တော်ပိုးပန်းဆဲဖြစ်တယ်။ ချိုမြိန်လိုက်တဲ့ အတိတ်ကဖြစ်ရပ်လေး... ကိတ်မုန့်ကို သူအရမ်းကြိုက်တယ်။ တွေးနေရင်း ရုတ်တရက် ကျွန်တော်ခွန်အားတွေရလိုက်တယ်။ ရင်ဘတ်ကိုပုတ်ပြီး "လာ... မောင်တို့ လမ်းဖြတ်ပြီး ကိတ်မုန့်သွားယူရအောင်" လို့ ပြောလိုက်တယ်။

သူ့လက်ကိုဆွဲပြီး လူတွေရဲ့ကြားထဲ ကျွန်တော်ဖြတ်ဝင်လိုက်တယ်။ လူတွေများလွန်းနေတယ်။ ကျွန်တော်တို့ ဟိုခုန်ဒီခုန်နဲ့။ သူ သတိလက်မဲ့ဖြစ်ပြီး မိန်းမဝကြီးတစ်ယောက်ရဲ့ ဖိနပ်ပေါ် ခုန်တက်မိသားဖြစ်သွားတယ်။ မိန်းမကြီးရဲ့ငယ်သံပါတဲ့ အော်သံကြောင့် လမ်းမပေါ်က လူတွေရဲ့အာရုံက ကျွန်တော်တို့အပေါ် ကျရောက်လာခဲ့တယ်။ လူအများက ခြေထောက်နဲ့ ကျွန်တော်တို့ကို တက်နင်းကြတယ်။ လက်ထဲက စာအုပ်တွေနဲ့ ကျွန်တော်တို့ကို ပစ်ပေါက်ကြတယ်။ သူ့ကိုအကာအကွယ်ပေးရင်း ကျွန်တော်အတင်းရှောင်ခဲ့တယ်။ ဒီလိုအချိန်ကျမှ "လမ်းဖြတ်တဲ့ကြွက်ကို လူတိုင်းဝိုင်းရိုက်ကြတယ်" ဆိုတဲ့အဆိုကို ကျွန်တော်နားလည်လိုက်တယ်။ ဒါဟာ ကျွန်တော်တို့ကြွက်တွေအဖို့ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ အဖြစ်လည်းနော်!



ကျွန်တော်တို့ကံကောင်းသွားတယ်။ ရှေ့မှာ ရေချောင်းတစ်ခုကိုတွေ့လို့ သူ့လက်ကိုဆွဲပြီး ရေချောင်းထဲ ကျွန်တော်တို့ ခုန်ချလိုက်ကြတယ်။ လမ်းမကို ကျွန်တော်တို့ဖြတ်နိုင်ခဲ့တယ်ဆိုပေမယ့် ရေချောင်းထဲခုန်ချချိန် ကျွန်တော့်ခြေတစ်ဖက် ခေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်။ ကျွန်တော်ကြောင့် သူ့ကို အစိုးရိမ်မလွန်ချင်ခဲ့ဘူးလေ....

တအောင့်ကြာမှ၊ လမ်းမပေါ်ကလူတွေ ကျွန်တော်တို့နှစ်ယောက်ကို မေ့လောက်ချိန်ရောက်မှ သူ့ကိုရေချောင်းထဲမှာ ပုန်းနေစေပြီး ကျွန်တော်တစ်ယောက်တည်း အပေါ်ကိုတိတ်တဆိတ် တက်လာခဲ့တယ်။ နံရံတစ်လျှောက် ပုန်းခိုပြီး ကိတ်မုန့်ဆိုင်ဘက်ကို ကျွန်တော်တစ်လှမ်းချင်း စမ်းသွားလိုက်တယ်။ ၃လှမ်းမြောက်မှာ ကိတ်မုန့်တွေကို ကျွန်တော်တွေ့လိုက်တယ်။ ကိတ်မုန့်တွေဆီ ကျွန်တော်ခုန်အုပ်လိုက်တယ်။ "ဒုန်း..."ဆိုတဲ့ အသံနဲ့အတူ တစ်ခုခုကို ကျွန်တော်တိုက်လိုက်မိတယ်။ ဒါပေမယ့် ကျွန်တော်ရှေ့မှာ ကိတ်မုန့်ကလွဲပြီး ဘာမှရှိမနေဘူး။ ကျွန်တော်ခေါင်းမှာ ဘုကြီးတစ်လုံးထလာတယ်။ ကိတ်မုန့်နဲ့ကျွန်တော်ကြားမှာ တစ်ခုခုခြားထားမှန်း ကျွန်တော်သိလိုက်တယ်။ ဒါပေမယ့် ဘာခြားထားမှန်းတော့ ကျွန်တော်မသိဘူး။ ကြည်လင်တဲ့အရာတစ်ခုက ကျွန်တော်နဲ့ကိတ်မုန့်ကို ကာဆီးထားတယ်။ ဒါဟာ မြို့ကလူတွေ ကျွန်တော်တို့ကြွက်တွေကို လှည့်စားတဲ့ လှည့်စားနည်းတစ်မျိုးဖြစ်မယ် ထင်ပါတယ်။

ဆိုင်ထဲကို ကျွန်တော်ချောင်းမြောင်းကြည့်လိုက်တယ်။ ဆိုင်ထဲမှာ လူတွေချည်းပဲ။ အင်္ကျီဖြူဝတ်ထားတဲ့သူ ကြည့်ရတာ အရမ်းရက်စက်မယ့်ပုံပဲ။ လမ်းမပေါ်မှာ ကြုံခဲ့တဲ့အဖြစ်တွေကြောင့် မြို့ပေါ်ကလူတွေကို ကျွန်တော်ကြောက်ရွံ့နေမိတယ်။ နေ့လယ်ကြောင်တောင်မှာ သူတို့မျက်စိအောက်က ကိတ်မုန့်ကိုသွားလုဖို့ ကျွန်တော်သတ္တိရှိမနေခဲ့ဘူး။ မတတ်နိုင်ဘူး... မိုးချုပ်တဲ့အထိ ကျွန်တော်စောင့်ရတော့မယ်။

ရေချောင်းထဲရောက်ချိန် သူ့ကိုကျွန်တော် တင်းတင်းဖက်ထားလိုက်မိတယ်။ ကျွန်တော့်နားရွက်ကို သူ့ဗိုက်နားကပ်ထားလိုက်တယ်။ ဗိုက်ထဲက သားလေးရဲ့အသံကို ကျွန်တော်နားစွင့်မိတယ်။ သူ့ဗိုက်ထဲက တကွိကွိမြည်သံကိုပဲ ကျွန်တော်ကြားလိုက်ရတယ်။ ကျွန်တော့်မျက်လုံးထဲက မျက်ရည်တွေ မျက်ထောင့်ကနေ လျောကျလာခဲ့တယ်။ ဆိုနင့်တဲ့အသံနဲ့ "ဆောရီး ရှင်မရယ်... မောင်နဲ့အတူနေရတာ ရှင်မ ပင်ပန်းလှပါပြီ" လို့ သူ့ကို ကျွန်တော်ပြောမိတယ်။ သူက ကျွန်တော်ခေါင်းထက်က ဘုကို ပွတ်သပ်ပေးရင်း "နာနေသေးလား? မောင်နဲ့အတူနေရတာ ရှင်မ ပျော်ပါတယ်" လို့ ပြောတယ်။

ညအမှောင်ကို ရောက်လာခဲ့ပါပြီ။ သူနဲ့ကျွန်တော် ကိတ်မုန့်ဆိုင်ဖက် အပြေးလေးလာခဲ့တယ်။ ဆိုင်ထဲမှာ လူတစ်ယောက်မှ ရှိမနေတော့ဘူး။ တံခါးအောက်ကနေ ဆိုင်ထဲကို ကျွန်တော်တို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ကြတယ်။ ဆိုင်ထဲက နေရာတိုင်းမှာ ကိတ်မုန့်တွေချည်းပဲ။ ကျွန်တော်ရူးမတတ် ပျော်မိတယ်။ သူ့ကိုပွေ့ဖက်နမ်းရှုံ့ရင်း "ရှင်မရေ.. ရှင်မ... ရှင်မဗိုက်ပြည့်အောင် မောင်လုပ်နိုင်ခဲ့ပါပြီ"လို့ ကျွန်တော်ဆိုတယ်။

ဒါပေမယ့် ကျွန်တော်ရဲ့ပျော်ရွှင်မှုက ချက်ချင်းရိုက်ချိုးခံလိုက်ရတယ်။ နေ့လယ်တုန်းကအတိုင်းပဲ ကိတ်မုန့်တွေကို ကြည်လင်တဲ့ဗူးတစ်ခုနဲ့ ခြားထားတာကို တွေ့လိုက်ရတယ်။ ဘယ်လိုလုပ်လုပ် ကိတ်မုန့်ကို ဖွင့်မရခဲ့ဘူး။ မြင်သာမြင်ရပြီး ကိုင်လို့မရခဲ့ဘူး။ ကျွန်တော်စိတ်တွေ လှုပ်ရှားလာပြန်တယ်။

"မောင်.... ဒီမှာ ကိတ်မုန့်တစ်တုံးကျနေတယ်" သူက ကျွန်တော့်ကို အော်ပြောတယ်။

ကျွန်တော်ကြည့်လိုက်တော့ တကယ့်ကိတ်မုန့်တစ်တုံးပါပဲ။ ဒါပေမယ့် ကိတ်မုန့်ဘေးမှာ ညှပ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ မြို့ပေါ်ကလူတွေ ကျွန်တော်တို့ကို ကိတ်မုန့်နဲ့မြူဆွယ်ပြီး ထောင်ဖမ်းဖို့မှန်း ကျွန်တော်သိလိုက်တယ်။ ဒီလိုထောင်ချောက်မျိုးက ကျွန်တော်တို့ တောမှာလည်းရှိတယ်။ ကျွန်တော်မြင်ဖူးခဲ့တာ အကြိမ်ကြိမ်ပါ။ ကိတ်မုန့်ကို တစ်နည်းနည်းနဲ့ရအောင်ယူဖို့ ကျွန်တော်အတွက် မခက်ခဲခဲ့ပါဘူး။ ရွာမှာတုန်းက ကျွန်တော့်အမြီးကိုသုံးပြီး ညှပ်အောက်က လိုချင်တဲ့အရာကို ကျွန်တော်ကော်ကော်ထုတ်ခဲ့ဖူးတယ်။ အဲဒီညှပ်စုတ်တွေ ကျွန်တော်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် မြို့ပေါ်ကလူတွေက ကောက်ကျစ်ကြတယ်။ သူတို့ရဲ့ညှပ်ကလည်း ကောက်ကျစ်မယ် ထင်ပါတယ်။ ဒါပေမယ့် သူ့အတွက်နဲ့ ကျွန်တော်ကြိုးစားကြည့်ဦးမယ်။


မြေပေါ်မှာ ကျွန်တော်တွားသွားလိုက်တယ်။ ဂရုတစိုက်နဲ့ အမြီးကို ညှပ်အောက်ထဲထိုးထည့်ပြီး ကိတ်မုန့်ကို ကော်လိုက်တယ်။ တစ်လက်မ၊ နှစ်လက်မ၊ သုံးလက်မ.... ညှပ်ထဲကနေ ကိတ်မုန့်တဖြေးဖြေး အပြင်ထွက်လာခဲ့တယ်။

"ဗိုက်ထဲက ကလေးအတွက် ဒီကိတ်မုန့်ကို အကုန်စားလိုက်ပါ ရှင်မ" သူ့ကို ကျွန်တော်အမိန့်ပေးလိုက်တယ်။


"ဟင့်အင်း... မောင့်တစ်ဝက်၊ ရှင်မ တစ်ဝက်စားမယ်"


သူ့အပြောကို ကျွန်တော်ဂရုမစိုက်ဘဲ ကိတ်မုန့်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တယ်။


"စားစမ်းပါ..."


ကျွန်တော် အသံမာမာနဲ့ပြောမိတယ်။ ဒါဟာ လက်ထပ်ပြီး ပထမဆုံးအကြိမ် သူ့ကို အသံမာမာနဲ့ ပြောခြင်းပါပဲ။


ကိတ်မုန့်စားပြီး အချိန်သိပ်မကြာလိုက်ပါဘူး။ ရုတ်တရက် သူမြေပြင်ပေါ်မှာ လူးလွန်းရင်း "နာလိုက်တာ... နာလိုက်တာ...." လို့ ထအော်တယ်။


ကျွန်တော့်စိတ် တုန်ခနဲဖြစ်သွားမိတယ်။ သွားပြီ.... မြို့ကလူတွေ သိပ်ရက်စက်တယ်။ ညှပ်သုံးတဲ့အပြင် မျှားစာဖြစ်တဲ့ ကိတ်မုန့်ထဲမှာလည်း ကြွက်သတ်ဆေးတွေ ထည့်ထားတယ်။ ရွာကလူတွေက ဒီလိုမလုပ်တတ်ခဲ့ဘူး။ မြို့ပေါ်ကလူတွေ ကောက်ကျစ်လိုက်တာ.....


"ရေ... ရေ... ငတ်တယ်.. ရေငတ်တယ်..."


သူအသံမြင့်နဲ့ အော်တယ်။ ကျွန်တော်ရူးတော့တယ်။


ရေလိုက်ရှာတော့ အိမ်တစ်အိမ်လုံးမှာ ရေတစ်စက်တောင် မတွေ့လိုက်ရဘူး။ ကျွန်တော့်မှာ တံတွေးရှိတယ်.... သူ့ပါးစပ်နဲ့တေ့ပြီး တံတွေးတွေ ထုတ်နိုင်သမျှ ကျွန်တော်ထုတ်တယ်။ ရင်ဘတ်ထဲက သည်းခြေရည်တွေတောင် ထွက်မတတ် ကျွန်တော်ထွေးထုတ်နေမိတယ်။ ကျွန်တော် အာခေါင်တွေ ကွဲကြေမတတ်ပါပဲ။

ကျွန်တော်တံတွေးတွေ ထွက်မလာခဲ့တော့သလို သူ့အသံလည်း တဖြည်းဖြည်း တိုးတိုးလာခဲ့တယ်။ သူ့ပါးစပ်ထဲကနေ သွေးတွေ ထွက်စပြုလာတယ်.... ကျွန်တော်အပါး သေမင်းချည်းကပ်လာတာ ဒီလောက်မြန်ဆန်လိုက်မယ်လို့ ကျွန်တော်တစ်ခါမှ တွေးမထားမိခဲ့ဘူး။ သူ့ကို ကျွန်တော်တင်းတင်း ဖက်ထားမိတယ်။ အရူးတစ်ယောက်လို သူ့နှုတ်ခမ်းထောင့်က သွေးတွေကို သုတ်ပေးနေတယ်။ ဒါပေမယ့် သွေးထွက်တဲ့နှုန်းတက်က ကျွန်တော်သုတ်ပေးတဲ့နှုန်းထက် မြန်နေခဲ့တယ်။ ကျွန်တော့်အပါးကနေ သူထာဝရခွဲသွားတော့မယ်၊ သူ့ကို ကျွန်တော်ဒီတစ်သက် ဆုံးရှုံးရတော့မယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိလိုက်တယ်။

ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး... ကျွန်တော် မငိုဘူး.... ကျွန်တော် လုံးဝ မငိုဘူး....

သူ့ကိုဖက်ရင်း ဘေးကညှပ်ပေါ် ကျွန်တော်ခုန်တက်လိုက်တယ်။

"ဖောင်း......"


ခါးရိုးကျိုးသံကို ကျွန်တော်ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။


ကျွန်တော် မနာဘူး.. ကျွန်တော် မနာဘူး.... ကျွန်တော် မနာဘူး.. ကျွန်တော် နည်းနည်းမှ မနာဘူး.....


သူ့မျက်နှာကို နမ်းရှုံ့ရင်း အသံတိုးတိုးလေးနဲ့ သူ့ကိုပြောချင်တဲ့ နောက်ဆုံးစကားတစ်ခွန်းကို ကျွန်တော်ပြောလိုက်ပါတယ်။


"ရှင်မရယ်.. တကယ်လို့ နောင်ဘဝသာရှိမယ်ဆိုရင် ကြွက်ကလေးနှစ်ကောင်ပဲ ငါတို့လုပ်ပါရစေ။ ထုံထုံအအနဲ့ အချင်းချင်းချစ်ကြပြီး ရိုးရိုးရှင်းရှင်းနဲ့ ဘဝကိုဖြတ်ကျော်ကြမယ်။ နှင်းတွေကျနေပါစေ မြက်ခြောက်ပုံထဲမှာ နွေးနွေးထွေးထွေးနေပြီး ရှင်မကို တင်းတင်းကျပ်ကျပ် ဖက်ထားမယ်။ နောက်ပြီး....နောက်ပြီး.... ရှင်မ... ရှင်မရဲ့ နားရွက်ကို ညင်ညင်သာသာ ကိုက်ကစားမယ်.........."


(ရွှေမြို့တော်)

Monday, May 28, 2012

အနှိုင်းမဲ့ စာတိုပေစများ



လာဘမစ္ဆရိယ

ဓမ္မပဒ၌ ဗုဒ္ဓက – လာဘမစ္ဆရိယနှင့် ပတ်သက်၍ လောသကတိဿအမည်ရှိမထေရ်တစ်ပါး အကြောင်းကို ဟောကြားခဲ့လေ၏။
ကဿပဘုရားလက်ထက်က ကျောင်းထိုင်ရဟန်းတစ်ပါးရှိလေ၏။ တနေ့ သူ့ဒကာတစ်ယောက်က အာဂန္တုရဟန်းတစ်ပါးကို သူ၏ကျောင်းသို့ ခေတ္တပင့်လာ၏။ ခရီးသွား အာဂန္တုရဟန်း၏ ဣနြေ္ဒမှာလွန်စွာကြည်လင်သောကြောင့် ကျောင်းဒကာသည် အလွန်ကြည်ညို၏။ ထို့ကြောင့် ပြန်မကြွမခြင်း ပစ္စည်းလေးပါးကို တာဝန်ယူကြောင်း ဖိတ်မံလှူဒါန်း၏။ ထိုအခါ ကျောင်းထိုင်ရဟန်းထဲ၌ မနာလိုခြင်း ဣဿာနှင့် ၀န်တိုခြင်း မစ္ဆရိယ တို့ ပြင်းထန်စွာဖြစ်၏။
ကျောင်းဒကာက မနက်မိုးလင်းလျှင် အာဂန္တုရဟန်းနှင့် အတူ ဆွမ်းစားရန်ပင့်ဖိတ်၏။ ကျောင်းထိုင်ဘုန်းကြီးက မကျေနပ်။ သူ့ဒကာလှူသောဆွမ်းကို ဧည့်သည်ရဟန်အား မစားစေချင်။ ဤသဘောကား လာဘမစ္ဆရိယပင်ဖြစ်၏။
ထိုကြောင့် ဧည့်သည်ရဟန်းကို ရန်သူလိုဆက်ဆံကာ စကားမပြောဘဲနေ၏။ သူ၏အကြီးမားဆုံးမှားယွင်းချက်ကား သူဣဿာမစ္ဆရိယဖြစ်နေသောရဟန်းကို ရဟန္တာဖြစ်ကြောင်း မသိသောအချက်ပင်ဖြစ်၏။ ထို့ကြောင့် ညကတည်းက ဆွမ်းစားကြွလျှင် ဧည့်သည်ရဟန်းမပါစေရန် မည်သို့လုပ်ရမည်ကို စဉ်းစား၏။
ငါ့ဒကာကျွေးလိုက်တဲ့ဆွမ်းကောင်း ဟင်းကောင်းတွေစားပြီးလျှင် ဒီကိုယ်တော် ငါ့ကျောင်းကခွာနိုင်မှာ မဟုတ်တော့ဘူးဟူ၍ ပုထုဇဉ်ပီပီ ကိုယ့်စိတ်နှင့်နှိုင်းကာတွေး၏။
မနက်စောစောရောက်သောအခါ ဧည့်သည်ရဟန်းအသံမကြားအောင် တိတ်တိတ်ထ၏။ ကိုယ်လက်သုတ်င်ပြီးသောအခါ မုသားလွတ်ရုံပြောနိုင်ရန် ကျောက်စည်ကို လက်တစ်ချောင်းနှင့်ခေါက်၏။ ဧည့်သည်ရဟန်းကျိန်းစကာနေသောအခန်းတံခါးကို လက်သည်းနှင့်ထိရုံထိ၏။ ပြီးလျှင် သင်္ကန်းရုံ သပိတ်ပိုက်ကာ တစ်ပါးတည်းဆွမ်းစားကြွသွား၏။။
ကျောင်းဒကာအိမ်ရောက်သောအခါ ဧည့်သည်ရဟန်းကို ကျောင်းဒကာမေးလိုက်သည်နှင့်…. “သင်ဒကာသကြည်ညိုနေတာ သင့်ကိုယ်တော်ကဖြင့် အစားကောင်း အသောက်ကောင်းတွေစားပြီး တအားအိပ်နေလိုက်တာ ငါကျောက်စည်တွေထိုးပြီး သူ့အခန်းတံခါးခေါက်တာတောင် မနိုးဘူး။ ဒါကြောင့် တပါးတည်းကြွခဲ့တာ။ သင်က အဲဒီလိုအအိပ်ကြီးတာကိုပဲ ကြည်ညိုနေတာလား” ဟု ရဟန္တာကို ဒကာဖြစ်သူ အကြည်ညိုပျက်အောင် ပြော၏။
သို့သော ကျောင်းဒကာက ကျောင်းထိုင်ဘုန်းကြီးထက် အသိဉာဏ်ကြီး၏။ ကျောင်းထိုင်ဘုန်းကြီး၏သန္တာန်၌ဖြစ်ပေါ်နေသော ဣဿာမစ္ဆရိယကို ရိပ်စားမိသောကြောင့် ဘာမှဆက်မလျှောက်တော့ဘဲ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကိုသာ ဆွမ်းကပ်လိုက်၏။ ပြီးသည်နှင့် သပိတ်ထဲတွင် မွန်မြတ်သော ခဲဘွယ်ဘောဇဉ်တို့ကိုထည့်ကာ “အရှင်ဘုရား ဧည့်သည်ရဟန်းဟာ ခရီးပန်းလာလို့ အိပ်ပျော်နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဘုရား။ ဒါ့ကြောင့် အခုကပ်လိုက်တဲ့ဆွမ်းများကိုသာ ဧည့်သည်ရဟန်းကို ကပ်လှူလိုက်ပါဘုရား” ဟု လျှောက်ထားပြီး ကပ်လိုက်၏။
ကျောင်းထိုင်ဘုန်းကြီးကာ လာဘမစ္ဆရိယတွေတက်လာပြီး ဒီဆွမ်းကောင်းတွေကို ဒီကိုယ်တော်ကျွေးလို့ မဖြစ်ဘူး။ တော်ရာမှာစွန့်ပစ်ခဲ့မယ်ဟု တွေးကာ မီးရှို့ထားသော လယ်တော်တစ်ခုထဲ သွန်ပစ်ခဲ့၏။ ထိုသည်ကို အဘိဉာဏ်တန်ခိုးဖြင့် သိမြင်သော ရဟန္တာမထေရ်မြတ်ကြီးသည် ငါဆက်ရှိနေရင် ပုထုဇဉ်ရဟန်းအဖို့ အပြစ်ပိုကြီးရန်သာရှိသည်ဟု တွေးမိသဖြင့် ကောင်းကင်ခရီးမှ ဈာန်ယာဉ်စီးကာ ချက်ချင်းကြွသွားလေ၏။
ကျောင်းရောက်၍ အာဂန္တုရဟန်းမရှိတော့သည်ကိုတွေ့သောအခါမှ ကျောင်းထိုင်ရဟန်းသည် သူ့အပြစ်ကို သတိရတော့၏။ ငါ့ကား ရဟန္တာတစ်ပါး၏လာဘ်ကို ဖျက်ဆီးမိပြီဟူသော နှလုံးမသာယာခြင်း ဒေါမနဿနှင့် သေလွန်သောကြောင့် အ၀ီစိငရဲ၌ နှစ်ပေါင်းကမ္ဘာနှင့်ချီကာ ခံရ၏။
ငရဲမှလွန်သောအခါ အောက်တန်းစား ဘီလူးဘ၀ ငါးရာ ဖြစ်ရ၏။ ၄၉၉ ဘ၀လုံး ငတ်ပြတ်ပြီး သေခဲ့ရ၏။ ငါးရာမြောက်ဘ၀တွင်ကား ကိုယ်ဝန်အညစ်အကြေးပုံကြီးတစ်ပုံကို စားရသဖြင့် တစ်ကြိမ်သာ အစာဝဖူး၏။
ဘီလူးဘ၀ကသေသော်အခါ ခွေးဘ၀ငါးရာတွင် ၄၉၉ ဘ၀လုံး ငတ်ပြတ်ပြီး သေခဲ့ရ၏။ ၅၀၀ မြောက်ဘ၀တွင် အံဖတ်ပုံကြီးတစ်ပုံကိုသာ ၀လင်အောင် စားရဘူး၏။
ခွေးဘ၀ကသေသော်အခါ ကာသိတိုင်း ရွာတစ်ရွာတွင် ပဋိသန္ဓေနေ၏။ သူ ပဋိသန္ဓေနေသည်နှင့်တပြိုင်နက် တစ်အိမ်သာလုံး အလုပ်ရှာမရတော့ဘဲ ငတ်မွတ်ဆင်းရဲကုန်၏. သူ၏အမည်ကို မိတ္တ၀ိန္ဒက ဟု မှည့်၏။ သူအရွယ်ရောက်သောအခါ အိမ်မှနှင်ထုတ်လိုက်သည်နှင့် အိမ်မှစီးပွားရေး အဆင်ပြေသွားလေသည်။ မိတ္တ၀ိန္ဒကသည် ရွာမှထွက်လာပြီး ဗာရာဏသီပြည်သို့ရောက်၏။ သနားတတ်သော ဘုရားအလောင်း ဒိသာပါမောက္ခဆရာကြီးက ခေါ်ယူကျွေးမွေးထားသော်လည်း သူလက်ခံခဲ့သော ဣဿာမစ္ဆရိယမီးသည် သူ့ကိုသာမက သူနှင့်ဆက်စပ်သူဟူသမျှကို လောင်ကျွမ်း၏။ သူရောက်သည်နှင့် ဒိသာပါမောက္ခဆရာကြီးမှာ လာဘ်တိတ်သွား၏။ တနေ့သော် မိတ္တ၀ိန္ဒက ပညာသင်လူငယ်များနှင့် ရန်ဖြစ်ပြီး ထွက်ပြေးပြန်သည်။
ပစ္စန္တရာဇ်ရွာသို့ရောက်သော် ဆင်းရဲတစ်ယောက်နှင့် အိမ်ထောင်ကျရာ ကလေးနှစ်ယောက်ရ၏။ ထိုရွာသည် မိတ္တ၀ိန္ဒက ရောက်သောအခါမှစ၍ မီး (၇) ကြိမ်လောင်၏။ မင်းဒဏ် (၇)ကြိမ်သင့်၏။ ဆည်ကန်ပေါက်ကာ ရေ (၇)ကြိမ် မြှုပ်၏။ ရွာသားတွေက မိတ္တ၀ိန္ဒက မိသားစုကို ခဲဖြင့် ပစ်ပေါက်နှင်ထုတ်ကြ၏။ သူတို့ပြေးလားရင်း တောအုပ်တစ်အုပ်တွင် ဘီးလူးများနှင့်ရင်ဆိုင်ရ၏။ ဘီလူးများက မိန်းမနှင့် သားနှစ်ယောက်ကို ဖမ်းဆီးစားသောက်ကြ၏။ မိတ္တ၀ိန္ဒက လည်း ကိုယ်လွတ်ရုန်းရင်း ပင်လယ်ကူးသဘောင်္ပေါ်သို့ ဘုမသိ ဘမသိနှင့်လိုက်သွား၏။
သမုဒ္ဒရာအတွင်းသို့ (၇)ရက်မြောက်သောနေ့တွင် သဘောင်္မှာ ရှေ့ဆက်မသွားဘဲရပ်နေတော့သည်။ မာလိန်မှူးသည် သူယုတ်မာအကုသိုလ်ကြီးသူပါလာသည်ကို သိ၍ မဲပေါက်ကာ သူယုတ်မာ ဟု ရေးထားသောမဲကို နှိုက်မိသူသည် ၀ါးတစ်စီးနှင့် သမုဒ္ဒရာထဲ ချထားခြင်းခံရသည်။ ထိုမဲကို မိတ္တ၀ိန္ဒက (၇)ကြိမ်တိုင်တိုင်နှိုက်မိသောကြောင့် ၀ါးတစ်စီးနှင့် သမုဒ္ဒရာထဲ အချခံရ၏။ သူ့ကို ချလိုက်တော့မှ သဘောင်္သည် လေးညျို့မှလွှတ်သောမျှားကဲ့သို့ အရှိန်နှင့်ပြေးလေတော့သည်။
မိတ္တ၀ိန္ဒကသည် ၀ါးတစ်စီးဖြင့် မျောနေရာမှ (၇) ရက်စံ၊ (၇) ရက်ခံ သော ဝေမာနိကပြိတ္တာမလေးယောက်ရှိသော ဖလ်ဗိမာန်သို့ ရောက်သွား၏။ ထိုဝေမာနိကပြိတ္တာမလေးယောက်နှင့် နတ်စည်းစိမ်ကို (၇) ရက်စံစားရသည် ထိုသည်မှာ ကျောင်းထိုင်ဘုန်းကြီးဘ၀ကစောင့်ခဲ့သောသီလကုသိုလ်ကြောင့်ပင် ဖြစ်၏။ ပြိတ္တာမများ ငရဲသို့ (၇) ရက်ခံရန်ထွက်သွားသောအခါ မိတ္တ၀ိန္ဒကသည် မစောင့်နိုင်သဖြင့် ၀ါးစည်းဖြင့် သမုဒ္ဒရာအတွင်းဆက်၍ မျှောခဲ့ပြန်၏။ တခါ ဝေမာနိကပြိတ္တာမရှစ်ယောက်ရှိသော ငွေဗိမာန်သို့ရောက်ခဲ့ပြန်သည်။ ထို့အတူ ငရဲခံရန်ထွက်သွားသော ပြိတ္တာမများကို မစောင့်နိုင်ဘဲ ၀ါးစည်းဖြင့် ဆက်မျောပြန်သည်။ ပြိတ္တာမ (၁၆)ရှိသော ပတ္တမြားဗိမာန်၊ ပြိတ္တာမ (၃၁)ယောက်ရှိသော ရွှေဗိမာန်တို့တွင် (၇)ရက်စီ နတ်စည်းစိမ်ခံစားပြီး ဆက်မျောပြန်ရာ ဘီလူးမတစ်ယောက်မြို့ပြု၍နေသော ကျွန်းတစ်ကျွန်းသို့ရောက်သွား၏။
ဆာလောင်မွတ်သိပ်နေသော မိတ္တ၀ိန္ဒကသည် ဆိတ်မဖန်ဆင်းထားသော ဘီလူးမကိုတွေ့ကာ သတ်ဖြတ်ထားမည်ဟူသောစိတ်ဖြင့် ဆိတ်မခြေထောက်ကိုကိုင်လိုက်တာ ဘီလူးမသည် ချက်ချင်းဘီလူးမအသွင်ကို ပြန်ယူပြီးလျှင် မိတ္တ၀ိန္ဒက၏ခြေထောက်နှစ်ချောင်းကိုကိုင်ကာ အားကုန်လွှဲပစ်လိုက်လေသည်။ မိတ္တ၀ိန္ဒက၏ကိုယ်သည်လည်း သမုဒ္ဒရာကျော်ပြီး ဗာရဏသီမင်းကြီး၏ဥယျာဉ်အတွင်းရှိ ခြုံပုတ်ကြီးတစ်ခုအပေါ်သို့ကျသွား၏။
ထိုအချိန်တွင် ဆိတ်များ မကြာခဏပျောက်သဖြင့် ဆိတ်ကျောင်းသားများက ဆိတ်သူခိုးကိုဖမ်းရန် စောင့်နေကြလေသည်။ ကံဆိုးသောမိတ္တ၀ိန္ဒက ဆိတ်များကိုမြင်သွားသောအခါ “ငါဟာ ကျွန်းတစ်ကျွန်းပေါ်က ဆိတ်တစ်ကောင်ခြေထောက်ကိုသွားဆွဲလိုက်လို့ ဆိတ်ကဘီလူးဖြစ်သွားပြီး ငါ့ခြေထောက်ကနေကိုင်ပစ်လိုက်တာ သမုဒ္ဒရာကိုကျော်ပြီး ဒီနေရာထိရောက်လာတယ်။ အခုလည်းဆိတ်တွေကို တွေ့ရပြန်ပြီ။ ဒီဆိတ်တစ်ကောင်ကောင်ရဲ့ခြေထောက်ကိုဆွဲလိုက်ရင် ဆိတ်ကဘီလူးဖြင်ပြီး ငါ့ခြေထောက်ကို ပြန်ကိုင်ပစ်လိုက်တာနဲ့ ငါပျော်ပါးခဲ့ဘူးတဲ့ ပြိတ္တာမတွေရဲ့ ပြန်ရောက်သွားနိုင်တယ်” လို့ တွေးပြီး ဆိတ်ခြေထောက်တစ်ကောင်ကို သွားကိုင်၏။ ဆိတ်ကား သူထင်သလိုဖြစ်မလာဘဲ တပဲပဲနှင့်အော်ကာ ရုန်းကန်းနေ၏။ ထိုအချိန်မှာ အသင့်စောင့်နေသောဆိတ်ကျောင်းသားတွေက ဆိတ်သူခိုးဟုထင်ပြီး ဘုရင်ထံပို့ရန်ဖမ်းယူလာလေသည်။ လမ်းတွင် ဒိသာပါမောက္ခဆရာကြီးနှင့်တွေ့ရာ ဆရာကြီး၏ပြောဆိုတောင်းပန်မှုကြောင့် မင်းဒဏ်မှ လွတ်ခဲ့ရ၏။
ထိုဘ၀မှစုတေသောအခါ ဂေါတမဘုရားလက်ထက်တွင် အိမ်ခြေတစ်ထောင်ရှိသောရွာကြီးတစ်ရွာ၌ ပဋိသန္ဓေသွားနေ၏။ သူပဋိသန္ဓေနေသောအခါမှစ၍ ထိုရွာကြီးသည် မီး (၇)ကြိမ်သင့်သည်။ မင်းဒဏ် (၇)ကြိမ်သင့်၏။ ဘာမှလုပ်ကိုင်စားသောက်၍မရတော့။ နောက်ဆုံးသူတစ်ပါးထံမှ တောင်းရမ်းသောအခါ၌ပင်လည်း ပေးချင်ကျွေးချင်သူမရှိ။
ထို့ကြောင့်ရွာသူကြီးက သူယုတ်မာတစ်ယောက်ယောက် အိမ်တစ်အိမ်တွင် ပဋိသန္ဓေနေပြီးဆိုသည်ကိုသိသဖြင့် အိမ်ခြေကို ငါးရာစီခွဲလိုက်၏။ ထိုသူငယ်မပါသော အိမ်ခြေငါးရာကား အဆင်ပြေသွားပြီး ထိုသူငယ်ပါနေသော အိမ်ခြေငါးရာကား ငတ်မွတ်မြဲ ဆက်လက်ငတ်မွတ်နေ၏။ ထို့နောက် ၂၅၀ စီထပ်ခွဲပြီး နောက်ဆုံးတွင် သူတို့မိသားစုတစ်အိမ်သာကျန်တော့သည်။ သူဖခင်သည်လည်း သည်းမခံနိုင်တော့ဘဲ ကိုယ်ဝန်အရင့်အမာကြီးနှင့် သူ့မိခင်ကို ပစ်ခွာသွားတော့၏။ သူ၏မိခင်သည် သူ့ကိုဆင်းရဲငြိုငြင်စွာမွေးဖွားပြီး လောသကတိဿဟု မှည့်၏။
သူ၏ဣဿမစ္ဆရိယမီးသည် သူ့မိခင်ကိုပါ ဆက်လောင်ပြန်၏။ သူ၏မိခင်သည် သူ့ကိုပွေ့ပြီးစားစရာတောင်းလိုက်လျှင် မည်သူမျှမပေးကြ။ ထိုကြောင့် မိခင်မှာ သူ့ကိုတစ်နေရာမှာ ခဏထားပြီးသွားတောင်းမှ စားစရာရ၏။ သူ (၇)နှစ်သားအရွယ်တွင် သူ့မိခင်သည်ကား သူ့ဒဏ်ကိုဆက်လက်မခံနိုင်တော့ဘဲ အိုးခြမ်းကွဲလေးတစ်ခုကို သူ့လက်ထဲထည့်ကာ ထွက်ပြေးရတော့၏။ လောသကတိဿသည် အိုးခြမ်းခွက်ကလေးကိုင်ကာ တစ်လမ်းဝင် တစ်လမ်းထွက် သာဝတ္ထိမြို့တစ်မြို့လုံး လှည့်လည်တောင်းရမ်းသော်လည်း စားစရာတစ်ဆုပ်ပင် ပေးမည့်သူမရှိ။ အိမ်ရှင်မများသည် ပန်ကန်းဆေးရေ အိုးဆေးရေများကို အိမ်ပေါက်ဝမှ လမ်းဘေးသို့ပက်ချသော်အခါ ရေမှပါလာသောထမင်းစေ့များသည် ဟိုတစ်စေ့ ဒီတစ်စေ့ပြန့်ကြဲနေတတ်၏။ သူသည် သဲလူးနေသော ထိုထမင်းလုံးများကို ကျီးတစ်ကောင်ကဲ့သို့ တစ်စေ့ချင်းကောက်၍စားရ၏။
ထိုအချိန်မှာပင် အရှင်သာရိပုတ္တရာနှင့်တွေ့ပြီး ရှင်သာမဏေ၀တ်ခွင့်ရခဲ့၏။ ထိုအခါ တစ်ဆင့်ရဟန်းဖြစ့်ပြီးနောက်ကလအတန်ကြာမှာပင် ကိလေသာအာသဝေါကုန်ခမ်းသောရဟန္တာအဖြစ်သို့ရောက်သော်လည်း ၀ဋ်ကြွေးကားမကုန်ခန်းသေးပေ။ အဘယ်ကြောင့်ဆိုသော် ရဟန္တာဖြစ်သည်အထိတိုင်အောင် ဆွမ်းတစ်နပ်မှ ၀အောင်မစားရခြင်းဖြစ်သည်။
သူ၏အကုသိုလ်ကံကြီးမားပုံကား သူဆွမ်းခံကြွ၍ ဆွမ်းလောင်းမည့်သူရှေ့ရောက်သွားလျှင် လောင်းရန်ပြင်ဆင်သည့်ဆွမ်းအုပ်ထဲမှဆွမ်းများသည် အလိုလိုပျောက်သွားတတ်၏။ ထို့ကြောင့် အလှူရှင်ကတကယ်မရှိတော့ဘူးထင်၍ ကန်တော့ဆွမ်းသာလောင်းတော့၏။ တခါတရံတွင်ကား ဆွမ်းလောင်းမည့်သူရှေ့ရောက်၍သပိတ်ကိုဖွင့်လိုက်လျှင် သူ့သပိတ်ထဲတွင် လောင်းစရာမရှိတော့လောက်အောင် ဆွမ်းများပြည့်လျှံနေသည်ကို လောင်းမည့်သူ၏မျက်စေ့ထဲတွင်မြင်ကာ မလောင်းတော့ဘဲ ဆွမ်းအုပ်ကို ပြန်ချလိုက်တော့၏။ ဣဿာမစ္ဆရိယဆိုးကျိုးများတည်း
အာဟာရမပြည့်ဝသော လောသကတိဿမထေရ်သည် အသက်ငယ်ငယ်နှင့်ပင် ပရိနိဗ္ဗာန်ဝင်စံရမည့်နေ့သို့ရောက်လာ၏။ အရှင်သာရိပုတ္တရာသည် တပည့်ဖြစ်သူ၏၀ဋ်ကြွေးကို နားလည်၏။ တစ်ကြိမ်တစ်ခါမှ ဆွမ်းမ၀သည်ကိုလည်းသိ၏။ ထိုကြောင့် ပရိနိဗ္ဗာန်စံမည့်နေ့တွင်ကား ဆွမ်းတစ်နပ်ကို ၀၀လင်လင်ဘုဉ်းပေးသွားစေချင်၏။ ထို့ကြောင့် အရှင်ကိုယ်တော်မြတ်ကိုယ်တိုင်ဦးဆောင်ပြိး လောသကတိဿမထေရ်ကိုခေါ်ကာ နှစ်ပါးအတူဆွမ်းခံကြွ၏။ ဣဿာမစ္ဆရိယမီးသည် အရှင်သာရိပုတ္တရာကိုပါလောင်၏။ ထိုနေ့မှ ဆွမ်းလောင်းနေကြဆွမ်းရှင်များပင် တစ်ဦးမှလောင်းဖော်မရတော့ပေ
အရှင်သာရိပုတ္တရာသည် အိမ်ခြေအတော်ဆွမ်းရပ်ပြီးသည်အထိ ဆွမ်းမရသောအခါ လောသကတိဿမထေရ်ကို ကျောင်းပြန်လွှတ်ကာ တစ်ပါးတည်းဆွမ်းခံကြွရတော့၏။ ထိုအခါမှ အိမ်အားလုံးသည် အရင်အတိုင်းဆွမ်းပြန်လောင်း၏။ ဒကာ ဒကာမများက အိမ်မှာပင် ဆွမ်းဘုဉ်းပေးရန်လျှောက်ထားကြ၏။ အရှင်သာရိပုတ္တရာက တပည့်ရဟန်းတစ်ပါးရှိကြောင်းပြောကြားသောအခါ အိမ်မှာလည်းဘုဉ်းပေးပါ။ ကျောင်းမှရဟန်းအတွက်လည်းပို့ပေးပါမည်ဟု တာဝန်ယူသဖြင့်လိုက်လျောလိုက်လေသည်။ ခဲဘွယ်ဘောဇဉ်များအပြည့်အစုံထည့်ကာ လောသကတိဿမထေရ်ထံအမြန်ပို့စေ၏။ သို့သောဒကာများသည် လမ်းခုလတ်သို့ရောက်လျှင် လောသကတိဿမထေရ်ကိုမေ့သွားကာ ခဲဘွယ်ဘောဇဉ်များကို စားပစ်လိုက်ကြ၏။ လောသကတိဿမထေရ်၏ အကုသိုလ်ကြောင့် မေ့လျော့ခြင်း ဖြစ်သည်။
အရှင်သာရိပုတ္တရာကျောင်းပြန်ရောက်သောအခါ လောသကတိဿအထေရ်ကိုရှာကြည့်ရာ ဆွမ်းစားကျောင်းထဲတွင် အရှင်သာရိပုတ္တရာမှာလိုက်သည့်အတိုင်း ငုတ်တုတ်လေးထိုင်စောင့်နေသည်ကိုသာ သနားစဖွယ်တွေ့ရ၏။ အရှင်သာရိပုတ္တရာသည် အနားသို့သွားကာ – “တပည့်လောသကတိဿ ဆွမ်းဘုဉ်းပေးပြီးပြီလော။” “မဘုဉ်းပေးရသေးပါဘူရား။” အိုဖြစ်မှ ဖြစ်ရလေ။ ပို့ခိုင်းလိုက်တဲ့သူတွေ ကျောင်းကိုရောက်လာဟန်မတူဘူးဟု တွေးပြီး နေကို ကမန်းကတန်းမော့ကြည့်လိုက်ရာ မွန်းလွဲသွားလေသည်။ လောသကတိဿမထေရ်ကား မကြာမီအချိန်မှာပင် ပရိနိဗ္ဗာန်စံဝင်ရတော့မည်။ ဆွမ်း၀၀လင်လင်ဘုဉ်းပေးရဖို့ နေ-နေသာသာ စားပင်မစားရတော့။ “တပည့်လောသကတိဿ ခဏစောင့်လော့ ငါယခုပင်ပြန်လာမည်။”
အရှင်သာရိပုတ္တရာသည် သင်္ကန်းရုံ သပိတ်ပိုက်ပြီး နောက်တစ်ကြိမ်အလှူခံကြွရပြန်၏။ ဒီအခါကား အရပ်ထဲမကြွတော့ ကောသလမင်းကြီးနန်းတော်ထဲဝင် ရပ်ရတော့၏။ ကောသလမင်းကြီးသည် အရှင်သာရိပုတ္တရာကို ဖူးတွေ့ရသည်နှင့် သဒ္ဓါဖြစ်ကာ ဆွမ်းချိန်မဟုတ်သောကြောင့် စတုမဓူများကို သပိတ်အပြည့်လောင်းလှူလိုက်၏
အရှင်သာ၇ိပုတ္တရာသည် ကျောင်းသို့မြန်မြန်ကြွကာ လောသကတိဿမထေရ်ထံ ရှေးရှုသွား၏။ အနားရောက်သည်နှင့် “လောသကတိဿ သင်၏၀ဋ်ကြွေးကားကြီးမားလှ၏။ သပိတ်ကို သင့်လက်ထဲထည့်လိုက်လျှင် စတုမဓူများပျောက်ချင်ပျောက်သွားနိုင်သည်။ ထို့ကြောင့် ငါက သပိတ်ကိုပိုက်ထားမည်။ သင်အလိုရှိသလောက်ယူ၍ ဘုန်းပေးလေ” ဟုပြောကာ နောက်ဆုံးကျွေးမွေးတော်မူ၏။
လောသကတိဿမထေရ်သည် ရဟန္တာဖြစ်သည့်ဘ၀မှာပင် ထိုတစ်ကြိမ်သာ ၀၀လင်လင်ဘုဉ်းပေးပြီး ပရိနိဗ္ဗာန်ဝင်စံခဲ့ရ၏။

မေတ္တာရိပ်

Friday, May 25, 2012

ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံတွေမှာ ရေးထားတဲ့အဆိုအမိန့်များ

ဟားဗတ်တက္ကသိုလ်ကဆရာတွေပြောပြလေ့ရှိတာကတော့ သင့်ဘ၀မှာ စိတ်တိုင်းကျဖိုနဲ့ ကောင်းတဲ့ ဝေဖန်မူများ ရချင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်တဲ့အချိန်တွေဟာ နေရောင်နဲ့ထိတွေ့ဖို့ အချိန်မရှိဘူးဆိုတာပါပဲ။ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခဲ့တဲ့ကျောင်းသားတွေဟာ ဘယ်လိုစိတ်ဓါတ်တွေနဲ့  တွေးခေါ်မှုတွေ ရခဲ့သလိုဆိုတာ လူတွေအဖြေရှာကြပါတယ်။
အဖြေကတော့ ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံတွေမှာ ရေးထားတဲ့အဆိုအမိန့်(၂၀)က အဖြေပါတယ်။
ဒီအဆိုအမိန့်(၂၀)ကိုဖတ်ကြည့်လိုက်ပါ။
ပြီးတော့ အဝေးကပဲ ကျင့်ကြံလိုက်နာကြည့်လိုက်ပါ။
သင်လည်းအောင်မြင်လာလိမ့်မယ်။ အဆိုအမိန့်တွေကတော့
(၁) အခုတောင်မှ သင်၏ပြိုင်ဘက်သည် စာရွတ်ကိုအဆက်မပြတ်လှန်နေပြီ။
(၂) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏတာပါ။ မကြိုးစားလိုက်မှ တသက်တာပင်ပန်းမှာ။
(၃) ဒီအချိန်မှာ အိပ်ငိုက်နေရင် မင်းအိမ်မက်မက်လိမ့်မယ်။ ဒီအချိန်မှာကြိုးစားရင်   မင်းအိပ်မက် အကောင်အထည်ဖေါ်နိုင်မယ်။
(၄) အချိန်နှောင်းသည်ဟုထင်လိုက်သောအချိန်သည် အစောဆုံးအချိန်ပင်ဖြစ်သည်။
(၅) ငါလစ်လျူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ ဆုတောင်းခြင်း ပင်ဖြစ်သည်။
(၆) သင်ယူဖို့ အချိန်မရှိတာဘူးဆိုတာ မဟုတ်ပါဘူး။ ကြိုးစားအားထုတ်မူမရှိတာပါ။
(၇) ယနေ့ အလုပ်ကို နောက်နေ့အထိ မဆွဲပါနဲ့။
(၈) စိတ်ချမ်းသာမူဟာ အဆင့်သတ်မှတ်ထားတာရှိချင်ရှိလိမ့်မယ်။ အောင်မြင်မူမှာတော့ ရှိတယ်။(မူရင်း)
စိတ်ချမ်းသာမူဟာ အဆင့်သတ်မှတ်ထားတာရှိချင်မှရှိလိမ့်မယ်။ အောင်မြင်မူမှာတော့ရှိတယ်
( နန္ဒ အထင်)
(၉) သင်ယူတာ လူဘ၀အားလုံး မဟုတ်ပါ။ လူ့ဘ၀ရဲ့ အစိတ်အပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူးဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၁၀) မရှောင်ဖယ်နိုင်တဲ့ပင်ပန်းဆင်းရဲမူများကို ခံစားပါ။
(၁၁) သူများထက်ပိုစော၊ ပိုကြိုးစားနိုင်မှ အောင်မြင်မူ အရသာကို ခံစားရမှာ။
(၁၂) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ မအောင်မြင်နိုင်ဘူး။ ဒါဟာကိုယ်ရဲ့ပြည့်စုံသောပင်ကိုယ် ထိန်းနိုင်စွမ်းနဲ့ မလျော့သောဇွဲလုံ့လတို့မှ ရရှိလာတာ။
(၁၃) အချိန်ဟာ အမြဲတမ်း ကုန်ဆုံးနေတယ်။
(၁၄) ဒီနှစ်ယိုသောသွားရည်သည်၊နောက်နေ့မျက်ရည်ဖြစ်သည်။
(၁၅) ခွေးလိုသင်၊လူကြီးလူကောင်းလို ကစားပါ။
(၁၆) ဒီနေ့မသွားလျှင်၊နောက်နေ့ပြေးရလိမ့်မည်။
(၁၇) အနာဂါတ်ကို ရင်းနှီးမြုပ်နှံသူဟာ ယခုလက်တွေ့ကို သစ္စာရှိသူပါ။
(၁၈) ပညာအဆင့်အတန်းဟာ ၀င်ငွေအဆင့်အတန်းကို ကိုယ်စားပြုတယ်။
(၁၉) အကျပ်အတည်း၊အခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။
(၂၀) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
          (ရှင်းသန့်မေ)


ဘဝရဲ့ အနှစ်သာရ

လူတယောက်ရဲ့ ဘ၀မှာ ..အနှစ်သာရဆိုတာ ဘယ်လိုဟာကို ခေါ်တာလဲ ။
ချမ်းသာနေတာ အနှစ်သာရလား ။ ဖြစ်ချင်တာ ဖြစ်ခွင့်ရနေတာ အနှစ်သာရလား ။ ပျော်ရွှင်နေတာ အနှစ်သာရလား ။ မမြဲတတ်တဲ့ ..သဘောတရား အရ … အားလုံးဟာ မသေချာပါ ။
စဉ်းစား ကြည့်ရရင်တော့ …
ဘ၀တွေ တိုင်းမှာလဲ ..ပြီးပြည့်စုံနေတဲ့ ဘ၀မျိုး ဆိုတာ မရှိတတ်ကြပါဘူး ။
အချိုးအကွေ့တွေပေါတယ် ။
ကောက်ကျစ်လိမ်လည်မူတွေ …ကြုံရမယ် ။
ရှုံးနိမ့် …အားငယ်မူတွေ လဲ ရှိဖူးရမယ် ။
အောင်မြင် ..တက်ကြွခြင်းတွေလဲ ရှိလာမယ် ။
အဲ့ဒါတွေက …ခဏသာ ..ဖြစ်တတ်ပြီး ….ဘယ်အရာ မှမမြဲတတ်ပါ ။


ဒုက္ခ လို့ ခေါ်လို့ ရမဲ့ ..ရှုံးနိမ့်ခြင်းတွေ ထဲမှာ ….ခံစားနေရင် ….ဘ၀ကြီးခြောက်သွေ့ .. နေမယ် ၊ သေချင်လောက်အောင် ..စိတ်ညစ်ရမယ် ။
သုခ လို့ ခေါ်လို့ရတဲ့ ..အောင်မြင်ပျော်ရွှင်ခြင်းတွေ ထဲမှာ ..မျှောပါနေရင် ….ပျော်၇ွှင်တက်ကြွမယ် ။ မာန ၊အတ္တ တွေ တက်လာမယ် ။ ကိုယ့်ကို ကိုယ် …အထင်ကြီးစိတ်တွေ ၀င်လာမယ် ။ အဲ့ဒါတွေက ..မြဲသလားဆိုတော့ ….ခဏတာသာပါပဲ ။ အစိုးမရတဲ့ ..လူ့စည်းစိမ် …အနှစ်သာရအစစ်ကို မပေးစွမ်းနိုင်ပါဘူး ။
ဒါကြောင့်မို့ လူ့ဘ၀ ကို …အေးချမ်းစွာ နဲ့ ..အဓိပါယ် ရှိရှိ နေထိုင် သွားနိုင်ဖို့ ….ဘာတွေ လို အပ်ပါသလဲ ။
မှုံ ..စဉ်းစားနေတာ ..ကြာ ပါ ပြီ ..အဖြေရယ်က ..မသေချာ ….ပါ ။


ခု လို နွေရာ သီ ..အရမ်း ပူတဲ့ အချိန်တွေမှာ ဆိုရင် ….ချောင်းသာ ကမ်းခြေ ဆို …ဟိုတယ်တွေ ….မလောက် အောင်ကို …စည်ကားလှပါတယ် ။ အဲ့ ဒီလို ..အပန်းဖြေ တော့ရော ..ဘ၀ အမောတွေ ပြေ သွားကြရော တဲ့ လား ။ မှုံ ..ထင်ပါတယ် ။ ခဏ ပဲ မေ့လို့ ရပြီး …..လုံးဝ ပြေပျောက် သွားဖို့ ဆိုတာ မဖြစ်နိုင်ပါ ဘူး။
ဒါပေမဲ့ လဲ လေ ….ချမ်းသာတဲ့ လူရော ..ဆင်းရဲ တဲ့ လူရော ..လူမျိုးပေါင်းစုံ တို့ မှာ …စိတ်ညစ်နွမ်းမူ ..ကိုယ်စီ နဲ့ မို့ သာ … အပန်းဖြေ လာကြတာ နေမှာပါ ..။
မှုံ ..တယောက်လဲ ….ချောင်းသာ သို ….အလည်တခေါက်ရောက်ခဲ့ပြန်ပါတယ် ။


ညနေ ..နေညိုချိန်မှာတော့ ….လမ်းလျှောက် သူ ၊ လေညင်းခံ သူ များနဲ့ စည်ကားလှပါတယ် ။
မှုံ လဲ ….တယောက်ထဲ ..လမ်းလျှောက် ထွက်လာရင်း …အတွေးသမားမို့ ….လူတွေ နဲ့ ဝေးရာ သို့ ..လျှောက်ခဲ့မိပါတယ် ။ လူ ၇ှင်းသော ….ကျောက်ဆောင်လေးနား အရောက်တွင် ….နေ၀င်သွားတာ ကို ကြည့်ရင် ကျောက်ဆောင် ပေါ်သို့ တက်ခဲ့ပါတယ် ။ ကျောက်ဆောင်လေး ပေါ်တွင်တော့ ..မှုံ့ ထက် ဦးသူတယောက် ရှိနေပါတယ် ။
“ လေးလေး …..သမီး ဒီနားမှာ ..ခဏထိုင်မယ်နော် ”
“ ရပါတယ် …ထိုင် သမီး ”
မှုံ ….ဦးလေး ကြီး ရဲ့ ..မလှမ်းမကမ်းမှာ …၀င်ထိုင်လိုက်ပါတယ် ။ ဦးလေး ကြီးက …အ၀တ်အစား စမတ်ကျပြီး ..ချမ်းသာတဲ့ လူတန်းစားက ဆိုတာ ..သိသာ လှပါတယ် ။ ဦးလေးကြီးက ….နေ၀င်ချိန်ကို တမေ့ တမော ငေးနေတာ မို့ ….မှုံလဲ ..စိတ်ဝင်တစား လိုက် ကြည့်မိပါတယ် ။


နေလုံး နီနီကြီးက ….တဖြည်းဖြည်းနဲ့ ..ပင်လယ်ထဲ စုံးစုံး မြုတ် သွားမှ ….ဦးလေး ကြီး ..လှုပ်ရှားလာ ပြီ ။
“ နေ၀င်သွားပြီ။ …ဘ၀တွေလဲ ..ဒီလိုပါပဲ …တချိန် နေ၀င်ရမှာပဲ ။ ဘယ်သူ မှ ရှောင်လွဲလို့ မရဘူးလေ ”
“ ဟုတ်တယ်နော် ..လေးလေး …..လူဘ၀ရဲ့ နိဂုံးကတော့ …ဒီလို သာယာမယ်မထင်ဘူး ”
“ သေချာတာပေါ့ သမီးရယ် …နေ၀င်ချိန်ထိအောင် ..အနှစ်သာရ ရှိရှိနဲ့ …ကျော်ဖြတ်နိုင်ဖို့ က အရေး ကြီးဆုံးပဲ”
“ အနှစ်သာရရှိရှိ ….ဆိုတာ ….ဘယ်လိုမျိုးလဲလေးလေး ”
ဦးလေးကြီးက …ပြုံးနေပြီ … ခေါင်းကို ညိမ့်ခါ …..
“ သမီးတို့အရွယ်က …ဘယ်သိလိမ့်အုံးမလဲ ။ ငယ်ရွယ်တက်ကြွတဲ့ ..အချိန်မှာတော့ ….အနှစ်သာရဆိုတာ …ချမ်းသာတာ၊အောင်မြင်နေတာ လို့ပြောရင် မှန်နေပေမဲ့ ….ဘ၀ တခုလုံးစာနဲ့ ယှဉ်ရင်တော့ …အဲ့ဒါက …အနှစ်သာရ အစစ်မဟုတ်ဘူး ..သမီးရဲ့ ”
ဦးလေးကြီးက ..ခဏနားပြီး …ဘေးက ရေသန့်ဘူးကို မေ့သောက်လိုက်ပါတယ် ။


“ အနှစ်သာရ ဆိုတာ …လူ့ဘ၀ကို အေးငြိမ်းချမ်းသာစွာ ဖြတ်ကျော်နိုင်ခြင်းပါပဲ ။ ဘ၀ ဘ၀ တိုင်းမှာ ဆင်းရဲခြင်းဆိုတာ ရှိတယ် ။ လူဆင်းရဲမှ ဆင်း၇ဲတာမဟုတ်ဘူး။ ချမ်းသာတဲ့ လူ၊ အောင်မြင်ကျော်ကြားတဲ့ လူ တွေရဲ့ ….ဆင်းရဲကမှ ပိုကြီးတာ ။ ပိုင်ဆိုင်ထားတာတွေကို ….လျှော့ပါး မသွားချင်တဲ့ စိတ် ၊ သူတပါး သာ သွားမှာ ..စိုးတဲ့ စိတ်တွေက … သူတို့ရဲ့ အကြီးမားဆုံးဆင်းရဲတွေပါပဲ ။ မတည်မြဲခြင်းဆိုတဲ့ ..နိယာမ အတိုင်း ..တချိန်မှာတော့ ..သူတို့ဟာ ..ဒါတွေကို စွန့်လွှတ်ခဲ့ရတာပါပဲ ။ အဲ့ဒီလို ….ဒေါသ ၊ မောဟ ၊ အတ္တ မီးတွေ လောင်ပြီး …သူ့တိုဘ၀ ..နေ၀င်သွားခဲ့မယ်ဆိုရင် …..သူ့တိုမှာ ..ဘာအနှစ်သာရမှ မရှိခဲ့ဘူးပေါ့ ..”
မှုံ ….ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ……လောကကြီးအကြောင်းကို …စမ်းဝါးမိလာပါတယ် ။
“ ကဲ ..သမီး ….မှောင်လာ ပြီ ….ဘန်ဂလို ဘက် ..လမ်းလျှောက် ပြန်ရင်း ….စကားဆက်ကြတာပေါ့ ”
“ ဟုတ်ကဲ့ ..လေးလေး ..”


လရောင် ….ဖွေးဖွေး အောက်မှာ ….လမ်းလျှောက် ရင်း … ..ဦးလေးကြီးက စကားဆက်ပါတယ် ..
“ ဘ၀ကို အေးငြိမ်းချမ်းသာ စွာ …လျှောက်လှမ်းနိုင်ဖို့က …အဓိက …ရောင့်ရဲ နိုင် ပြီး ၊ သူတပါးကို ..နားလည်ပေးနိုင်တဲ့ ..စိတ်နှလုံး ..ပါပဲ ။ ရောင့်ရဲ ..နိုင်ပြီဆိုထဲက …သူအေးချမ်းနေပြီလေ ။ အဲ့ဒီစိတ်လေး မြဲလာရင် ….အေးချမ်းတဲ့ ဘ၀ကို ..ပိုင်ဆိုင်နိုင်မှာ သေချာ ပြီ ။ သူတပါးသူအပေါ် နားလည်ပေးနိုင်တဲ့ ..စိတ်လေး ထပ်ရခဲ့ရရင်တော့ …. အကောင်းဆုံး ..အနှစ်သာရကို ပိုင်ဆိုင်နိုင်ပြီပဲ .။ ..အဲ့ဒါက မှ …အနှစ်သာရစစ်စစ်ပဲ ။ လောကီရေးနဲ့ ..ကြည့်ရင်လဲ …အေးချမ်းတဲ့ဘ၀ ။ လောကုတ္တရာ ရေးနဲ့ ကြည့်ရင်လဲ …ဒေါသ ၊မောဟ …ကင်းနေတဲ့ အတွက် …အကောင်းဆုံး ဘ၀ ကူးနိုင်ပြီလေ … ”
ဦးလေးကြီး ..စကားများက ..မှုံ ..နှလုံးသားထဲကို စွဲထင်သွားစေပါတယ် ။
“ ကျေးဇူးပါ ..လေးလေး …သမီး ကြိုးစားကြည့်ပါမယ် ။ ခု လို လေးလေး နဲ့ ..ဆုံလိုက် ရတာ …သမီးဘ၀ကို ..အနှစ်သာရ ရှိစေတာပါပဲ ။ သိချင်တာလေးတွေ ..သိခွင့်ရ လို့ ..အရမ်းကျေးဇူးတင်ပါတယ် …လေးလေး ”


ဘန်ဂလို နဲ့ ..နီးလာ ပြီမို့ …ဦးလေးကြီးနဲ့ ..နှုတ်ဆက် လမ်းခွဲ့ ခဲ့ပါတယ် ။
ဒီနေ့ နေ၀င်ချိန်ဟာ ….မှုံ ဘ၀ရဲ့ …နံနက်ခင်းမိုးလင်းချိန်လေးလို ..အလင်းရောင်လေးကို ရစေခဲ့ပါတယ် ။
ရောင့်ရဲ ခြင်းနဲ့ ..နားလည်မူတွေပေးစွမ်းနိုင်တဲ့ နှလုံးအိမ်က ….မလွယ်ကူနိုင်ပေမဲ့ ..ကြိုးစားကြည့်ရင်တော့ …ဖြစ်နိုင်မှာပါ ။
သူငယ်ချင်းများအားလုံး ..အနှစ်သာရနဲ့ ပြည့်စုံတဲ့ …ဘ၀ ပိုင်ရှင်များဖြစ်နိုင်ပါစေလို့ တောင်းဆုပြုပါတယ် ။

(မှုံနံ့သာဖြူ)

ဒေါ်လာငါးဆယ်

ကျွန်တော်တစ်ခါတုန်းက..အနစ်နာခံမှုဆိုတာကို..
သရော်တော်တော်လုပ်ထားတဲ့ပုံပြင်လေးတစ်ပုဒ်တင်ခဲ့ပါတယ်
နိုင်ငံရေးပါတီများညွှန်းလိုတာပါ ။
ခုတစ်ခါ..ကိုယ်အပါအ၀င်ပြည်သူတွေဖက်ကရော..ဒီမိုကရေစီခရီးလမ်းမှာ..
ဘယ်လိုသဘောထားကြရမှာလဲ..။

အနောက်တိုင်း ၀တ္ထုတိုလေးတစ်ပုဒ် ခုရက်ဖတ်ဖြစ်ပါတယ်..ဖေါက်သည်ချပါရစေ..
စာရေးဆရာ Amy Cubgism ရဲ့ Welcome Home ဖြစ်ပါတယ်..။


အချိန်ကတော့..ပထမကမ္ဘာစစ်အပြီး..ရုရှားနိုင်ငံတော်ကြီး
ကွန်မြူနစ်စနစ်ထူထောင်ချိန်မှာပါ..
ရုရှားတွေက ဂျူးလူမျိုးတွေကို ရုရှားကနေနှင်ထုတ်တဲ့အချိန်ပါ
ဂျူးတွေကလည်း အမေရိကန်နိုင်ငံကို ပြောင်းရွေ့အခြေချကြပါတယ်..
အလုံးအရင်းလိုက် ပြောင်းရွေ့ကြပါတယ်..ဒါပေမဲ့ အမေရီကန်ဆိပ်ကမ်းရောက်ရင်
လူတစ်ကိုယ်လျှင် ဒေါ်လာ၅၀ show money   ပြရပါတယ်..။


Benjamin Jasensky ရဲ့မိသားစုလည်း အမေရိကန်ကို
ထွက်ခွာဖို့ဆိပ်ကမ်းရောက်နေချိန်ဖြစ်ပါတယ်..
သားသမီးမြေးတွေနဲ့တစ်စုတစ်ဝေးသွားဖို့ဖြစ်ပါတယ်..။


အဲဒီချိန်မှာ ကောင်လေးတစ်ယောက်ငိုနေတာကို  Benjamin Jasensky
သွားတွေ့မိပါတယ်..
အကျိုးအကြောင်းမေးကြည့်တော့ အမေရိကန်ကို သွားဖို့ ဒေါ်လာ၅၀
ပျောက်သွားတဲ့ကြောင်းပြောပြပါတယ်..။
ဒီတော့ Benjamin Jasensky က ကောင်လေးကို သနားဂရုဏာသက်လို့..
သူ့တွက်ဒေါ်လာ ၅၀ကိုထုတ်ပေးလိုက်ပါတယ်..
ကောင်လေးရဲ့နာမယ်ကိုတောင် မမေးလိုက်ဖြစ်ပါဘူး..
မိသားစု အမေရိကန်ကိုထွက်ခွာသွာတော့  Benjamin Jasensky တစ်ယောက်
ကျန်ရစ်ခဲ့ရပါတယ်..။


နောက်မှ ဒေါ်လာ၅၀ ထပ်မံရှာပြီး Benjamin Jasensky အမေရိကန်ကို
လိုက်ရရှာပါတယ်..
 Benjamin Jasensky ရဲ့မိသားစု..အမေရိကန်မှာ  ကုန်စုံဆိုင်လေးဖွင့်လို့
လုပ်ကိုင်စားသောက်ရပါတယ်..ဒါပေမဲ့ ပြေပြေလည်လည်တော့မဟုတ်ပါဘူး..။


ဒီလိုနဲ့..ဆယ့်ငါးနှစ်လောက်ကြာပါလေရော.. Benjamin Jasensky
ကတော့သူဒေါ်လာ၅၀ ထောက်ပန့်လိုက်တဲ့ကောင်လေးကိုလည်း သတိမရနိုင်ရှာပါဘူး..။


တစ်နေ့မှာ..သူတို့တိုလီမုတ်စဆိုင်လေးရှေ့ကို..
မော်တော်ကားအကောင်းစားကြီးတစ်စီးဆိုက်လာပါတယ်..
ရုပ်ရည်သန့်ပြန့်တဲ့ အမျိုးသားတစ်ယောက်ဆင်းလာရင်း လူတစ်ယောက်ကို
ရှာဖွေနေပါတယ်..
တိုက်တိုက်ဆိုင်ဆိုင်.. Benjamin Jasensky ကိုမှသွားမေးလိုက်မိပါတယ်..
“ ကျေးဇူးပြုပြီး..ဒီနားမှာ Mr. Benjamin Jasensky တစ်ယောက်များရှိပါလား….”
လို့မေးမိတော့…
အဘိုးအရွယ်ရောက်နေတဲ့ Benjamin Jasensky က
သူဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်..


အဲဒီမှာပဲ လူရွယ်က Benjamin Jasensky ကိုဖက်လို့ ဟိုးလွန်ခဲ့တဲ့ဆယ်ငါးနှစ်က
ဒေါ်လာ ၅၀ ဇာတ်လမ်းထဲက ကောင်လေးဟာ သူပါပဲတဲ့.. Jsadore ပါတဲ့..
အဲဒီချိန်မှာJsadore ကအမေရိကန်မှာ မီလီယံနာဖြစ်နေခဲ့ပါပြီ..။


ကျေးဇူးဆပ်ချင်လို့နေ့ရှိသမျှရှာနေရကြောင်းပြောပြရင်း..
ငွေတန်ဘိုးရေးမထားတဲ့ ချက်လက်မှတ်တစ်စောင်ကို..
Benjamin Jasensky လက်ထဲအတင်းပဲထိုးထည့် နုတ်ဆက်ထွက်ခွာသွားပါတယ်..။


မီလီယံနာ Jsadore လည်းပြန်သွားရော.. Benjamin Jasensky ကသူ့မိသားစုကို..
အထူးသဖြင့် သားဖြစ်သူကို..တိုင်ပင်ပါတယ်..
“  ငါဒီ ချက်လက်မှတ်မှာ..တန်ဘိုး ဘယ်လောက်ရေးရရင် ကောင်းမလဲ….” ပါတဲ့..
မိသားစု က၀ိုင်းစဉ်းစားကြပါတယ်..
အဲဒီချိန်မှာ..သားဖြစ်သူက  အဖေဖြစ်သူ Benjamin Jasenskyကို ခုလိုမေးပါတယ်..
“  အဖေ လွန်ခဲ့တဲ့ ဆယ်ငါးနှစ်က ဒေါ်လာ ဘယ်လောက် ပေးခဲ့မိပါလဲ..”
“  သားရေ..အဲဒီတုန်းက ကောင်လေးကို ပေးတာ ဒေါ်လာ ၅၀ လေ..”
“  ဒါဆိုလဲ..ဒေါ်လာ ၅၀ ပဲ ရေးသင့်တာပေါ့အဖေရယ် ” တဲ့လေ..
အဲလိုနဲ့ပဲ..ဒေါ်လာ ၅၀ ရေးပြီး..ဘဏ်ကနေထုတ်ယူလိုက်ကြပါသတဲ့..။


ဇာတ်လမ်းလေးက..ဒါပါပဲ..
ကျွန်တော်သာ Benjamin Jasensky ဖြစ်ခဲ့ရင်..
ငွေတန်ဘိုး ဘယ်လောက်ရေးမိမယ်မသိပါ ခင်ဗျာ..။

(ရွှေမြို့တော်)

Tuesday, May 22, 2012

"ဘ၀ အောင်မြင်မှုကို ပြောပြနေတဲ့ A B C D"

အင်္ဂလိပ် အက္ခရာ A B C D . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။ အဲဒီ
အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .


A=1, B=2, C=3, D=4, E=5,

F=6, G=7, H=8, I=9, J=10,

K=11, L=12, M=13, N=14, O=15

P=16, Q=17, R=18, S=19, T=20

U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့
နံပါတ်တစ်ခုစီ ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။



၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K

8+1+18+4+23+15+18+11= 98 %

အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။



၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E

11+14+15+22+12+5+4+7+5 = 96 %

ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။



၃။ ချစ်ခြင်းတရား (Love)

L+O+V+E

12+15+22+5 = 54 %

ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။



၎။ ကံတရား (Luck)

L+U+C+K

12+21+3+11 = 47 %

ကံတရားကတော့ အောင်မြင်ခြင်းနဲ့ ၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။ ၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။



၅။ ပိုက်ဆံ (Money)

M+O+N+E+Y

13+15+14+5+25 = 72 %

မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း ၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။ ဒါဆိုရင်



၆။ ခေါင်းဆောင်မှု အရည်အသွေး (Leadership)

L+E+A+D+E+R+S+H+I+P

12+5+1+4+5+18+19+8+9+16 = 89 %

ခေါင်းဆောင်မှုကောင်းရင်တော့ ၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။ အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး စဉ်းစားကြည့်ရအောင်။ ဟုတ်ပြီ . . .
စိတ်နေစိတ်ထား။



၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E

1+20+20+9+20+21+4+5 = 100 %

ရပါပြီ . . . ဘ၀ကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။ “Attitude is everything ” လို့ ဆိုပါတယ်။ ကိုယ့်ရဲ့
စိတ်နေစိတ်ထားကို ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲနိုင်ပါတယ်။
အခု အဖြေကို သိရပါပြီ။ ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။


မူရင်းရေးသားသူ: Kyawzin Oo

လူငယ်တွေအတွက် မရှိမဖြစ်အရာနှစ်မျိုး

ချီးကျူးရမယ့်စိတ်
တစ်ဆက်တည်းပဲ လူငယ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာများကိုလည်း ပြောပြပေးပါလို့ တောင်းဆိုတတ်ကြတယ်။ ဝေဖန်ရေးကို လိုလိုလားလား တောင်းခံတဲ့ စိတ်မျိုးရှိတာ လူငယ်တွေကို ချီးကျူးရမယ်။ ရင့်ကျက်တဲ့အရွယ် လူကြီးတွေတောင် ဝေဖန်ရေးကို လက်ခံတတ်ကြတာ မဟုတ်ဘူး။ ဝေဖန်သူကို "ကက်ကက်လန်" ပြန်ပြီး ရန်တွေ့တတ်ကြတယ်။ ကိုယ့်မှာ ဖြည့်ဆည်းဖို့ လိုအပ်နေတာတွေကို သိချင်စိတ်ရှိတာလည်း ကောင်းတာပဲ။ တစ်ပါးသူကို ထောက်ပြပေးပါလို့ တောင်းဆိုတာက ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်။ ပလွှားစိတ် မရှိတာကို ညွှန်ပြတယ်။ ဒီအချက်တွေကြောင့်လည်း လူငယ်တွေနဲ့ "ပလဲနံပသင့်"တာ ဖြစ်တယ်။ လူကြီးတွေ(အထူးသဖြင့်) မြို့သားပညာတတ် လူကြီးတွေက အများအားဖြင့် ဟန်များတယ်။ (ခုခေတ်စကားနဲ့ဆို ပဲများတယ်ပေါ့)။ တကယ်သိတာ မဟုတ်ဘဲနဲ့ သိချင်တတ်ချင်ယောင် သိပ်လုပ်တတ်ကြတယ်။

သရေဆိုတာ ပွဲမပြီးတာ
ဟန်မလုပ်တတ်တာဟာ လူငယ်တွေရဲ့ နှစ်လိုဖွယ် အကောင်းဆုံးအချက် ဖြစ်တယ်။ သိရင် သိတယ်။ မသိရင် မသိဘူး။ ကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကြိုးဝိုင်းထဲမှာ ပရိသတ်ကို ညာပြီး သရေထိုးသွားတဲ့ လုပ်ပွဲမျိုးဆိုရင် သည်းခံမနေဘူး။ ၀ိုင်းပြီး အော်ကြဟစ်ကြ ဆူကြတာပဲ။ လက်ဝှေ့ထိုးတယ်ဆိုတာ အရှုံးအနိုင်သိဖို့ ဖြစ်တယ်။ အရှုံးအနိုင် အဖြေမထွက်ရင် ပွဲပြီးတယ်လို့ မယူဆဘူး။ ပညာတတ်လောကမှာ ရေပန်းစားတဲ့ Win-Win ဆိုတာ တကယ့်ပြိုင်ပွဲတွေမှာ မရှိနိုင်ဘူး။ ပြိုင်ပွဲဆိုကတည်းက အရှုံးအနိုင် သိဖို့လုပ်တာ မဟုတ်ဘူးလား။ သရေဆိုတာက ပွဲမပြီးသေးဘူး။ နောက်ထပ် ပြိုင်စရာ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ ဘောလုံးပွဲမှာ ပူးတွဲပထမဆိုတာ မရှိဘူး။ ရာသီကုန်မှာ အမှတ်တူ၊ ဂိုးကွာခြားမှုတူ ဖြစ်နေရင် အဲဒီနှစ်သင်း ထပ်ကန်ရတယ်။ သရေဖြစ်နေရင် အချိန်ပို ကစားရတယ်။ အချိန်ပိုထိ သရေဖြစ်နေသေးတယ်ဆိုရင် အရှုံးအနိုင် မပေါ်မချင်း ပယ်နယ်တီကန်ပြီး ဆုံးဖြတ်ရတယ်။

ပိုပြီး ရင်းရင်းနှီးနှီး
ဟန်မဆောင်တတ်တာ၊ ပွင့်လင်းတာကြောင့် လူငယ်တွေနဲ့ပိုပြီး ရင်းရင်းနှီးနှီး နေဖြစ်တယ်။ သူတို့စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ကိုယ်က နားထောင်ပေးသလို၊ ကိုယ်ပြောတာတွေကိုလည်း သူတို့က စေတနာမှန်နဲ့ ပြောတာပဲဆိုပြီး လက်ခံတယ်။ လူကြီးနဲ့လူငယ် သဟဇာတဖြစ်ဖို့ အရေးကြီးဆုံးက စေတနာမှန်ဖို့ပဲ။ လူငယ်တွေက သူတို့လိုအပ်တာတွေ ထောက်ပြပါဆိုရင် ကိုယ်မြင်တွေ့တဲ့အတိုင်း ပြောလိုက်တယ်။ ကိုယ်ရေးတဲ့စာတွေထဲက သူတို့မကြိုက်တာတွေကို ပြောရင်လည်း လက်ခံသင့်တာကို လက်ခံပြီး ရှင်းပြဖို့လိုအပ်တာကို ရှင်းပြလိုက်တယ်။ ဟန်လုပ်ပြီး တစ်ယောက်ကိုတစ်ယောက် "ဗုံနဲ့မြှောက်" နေတာမျိုးတွေ မရှိဘူး။ လူကြီးရော လူငယ်ပါ စိတ်လွတ်လပ် ပေါ့ပါးတယ်။ စကားပြောရတာ နှစ်ဦးစလုံးအတွက် အကျိုးရှိတယ်။

မရှိမဖြစ် နှစ်မျိုး
အဲဒီလို လူငယ်တွေက သူတို့ လူငယ်များအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဘာလဲလို့ မေးကြတာကိုလည်း ကိုယ့်ခံယူချက်အတိုင်း ဖြေလိုက်ပါတယ်။ မျှော်လင့်ချက် နဲ့ စံပြုပုဂ္ဂိုလ် (Role Model) ဆိုတဲ့ အရာနှစ်မျိုးဟာ လူငယ်တိုင်းအတွက် အလိုအပ်ဆုံးအရာ ဖြစ်တယ်။ ဒီနှစ်ခု ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသားရှိမှ လူ့လောကမှာ လူတစ်လုံး သူတစ်လုံး (Somebody) ဖြစ်နိုင်ပါတယ်။ ဒီနှစ်ခု မရှိရင် ပဲ့မပါတဲ့လှေလို ဟိုဘက် မျောလိုက်၊ ဒီဘက်မျောလိုက်နဲ့ ဘယ်သောင်ဘယ်ကမ်းမှ ဆိုက်မှာ မဟုတ်ဘူး။ ဟိုလိုလို ဒီလိုလိုနဲ့ လူရာမ၀င်တဲ့ (Nobody) ယောင်ခြောက်ဆယ်အဖြစ်နဲ့ နိဂုံးချုပ်ရမှာ သေချာတယ်။

ရှင်လျက်သေနေသူ
လူ့ဘ၀ဆိုတာ မျှော်လင့်ချက်ကြောင့် အဓိပ္ပာယ် ရှိနေတာဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀ဟာ အသက်ရှင်လျက် သေနေတဲ့ဘ၀ ဖြစ်တယ်။ ဘာအနှစ်သာရမှ မရှိဘူး။ အချည်းနှီးပဲ။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ တစ်နေ့မှာ ဆင်းရဲတဲ့ဘ၀က လွတ်မြောက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ရှိရင် ဆင်းရဲပေမယ့် ပျော်ရွှင်နိုင်တယ်။ ဆင်းရဲလို့ စိတ်မချမ်းသာတာ မပျော်နိုင်တာ မဟုတ်ဘူး။ မျှော်လင့်ချက် မရှိလို့ စိတ်မချမ်းသာတာ၊ မပျော်နိုင်တာ။ မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်မှုဆိုတာ ဆိတ်သုဉ်းသွားရင် အဲဒီလူဟာ ရှင်လျက် သေနေတဲ့သူပဲ။ ဘာမှ သုံးစားလို့ မရတော့ဘူး။ လူမှန်ရင် မျှော်လင့်ချက် ရှိရမယ်။ စိတ်ကူးယဉ်တတ်ရမယ်။

အိပ်မက် မက်တတ်ရမယ်
အထူးသဖြင့် လူငယ်မှန်ရင် စိတ်ကူးယဉ် အိပ်မက်တွေ အမြဲမက်နေရမယ်။ အိပ်မက် မမက်တတ်ရင် လူငယ် မဟုတ်ဘူး။ ''ဖြစ်တော့ ဖြစ်ချင်တာပေါ့၊ ဒါပေမယ့်...'' ဆိုတာ အရှုံးသမားရဲ့ လက်သုံးစကား ဖြစ်တယ်။ လူငယ်မှာ ဒါပေမယ့် (but) ဆိုတာ လုံးဝ မရှိရဘူး။ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်တစ်ခုတည်းသာ ရှိရမယ်။ လောကမှာ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ မလုပ်ရသေးလို့ မဖြစ်သေးတာသာ ဖြစ်တယ်။ လုပ်ရင် ဖြစ်တယ်။ သွားရင် ရောက်တယ်။ ယူရင် ရတယ်။ မဉ္ဇူသကနတ်ပန်းကိုမှ ဆွတ်ချင်သလား။ မရမချင်း ဆွတ်မယ်ဆိုတဲ့ ဇွဲသတ္တိရှိရင် မရဘဲ မနေဘူး။ ရမှာသေချာတယ်။ ဇွဲနဲ့သတ္တိ မရှိဘဲ ရတာကိုပဲ ယူလိုက်ပါတော့မယ် ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းကို မရဘဲ ခေါင်ရမ်းပန်းကိုပဲ ရလိမ့်မယ်။ ခေါင်ရမ်းပန်းကို ခေါင်းမှာပန်တဲ့ လူဆိုရင် ရွာသူရွာသားတွေက ရွာထဲလုံးဝ အ၀င်ခံမှာ မဟုတ်ဘူး။ ရွာနာတယ်ဆိုပြီး မောင်းထုတ်ကြမှာ သေချာတယ်။

အားကျအတုယူစရာ
လူငယ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ နောက်တစ်မျိုးက စံပြုပုဂ္ဂိုလ် (Role Model) ဖြစ်တယ်။ ကလေး ဘ၀ကတည်းက အားကျအတုယူစရာ စံပြုပုဂ္ဂိုလ် တစ်ဦးဦး ရှိနေသင့်တယ်။ စံပြုပုဂ္ဂိုလ်ကို အားကျအတုယူပြီး ကြိုးစားအားထုတ်မှုဟာ လူတိုင်းအတွက် အရေးပါတယ်။ ရှေးခေတ်က ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့ တစ်တွေဟာ အိုင်ယာလန်သူပုန်ကြီး မိုက်ကယ်ကောလင်းကို အားကျအတုယူပြီး အင်္ဂလိပ်နယ်ချဲ့တွေကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဂျူးလိယက်ဖူးချစ်တို့ ဟိုဆေးရီဇော် တို့ကို ချီးကျူးခဲ့ကြတယ်။ နောက်ခေတ် လူငယ်တွေကျတော့ မော်စီတုန်းနဲ့ ဟိုချီမင်း၊ ကက်စထရိုနဲ့ ချီဂွေဗာရား၊ ငုယင်ဗန်ထရွိုင်း စတဲ့ တော်လှန်ရေးသမားကြီးတွေကို စံပြုပုဂ္ဂိုလ်အဖြစ် အားကျအတုယူခဲ့ကြတယ်။


ဧ၀ရတ်ကို အောင်နိုင်တဲ့ မျက်မမြင်
ကျွန်တော်တို့ ကလေးဘ၀ကဆိုရင် အင်္ဂလိပ် ဖတ်စာအုပ်ထဲမှာပါတဲ့ ရော်ဘင်ဟုဒ်လို၊ အိုင်ဗင်ဟိုလို မတရားမင်းတွေကို ဆန့်ကျင်ခြားနားပြီး ဆင်းရဲသားတွေကို ကူညီတဲ့ လူစွမ်းကောင်းတွေကို သိပ်အားကျခဲ့ရတယ်။ ကစားရင်တောင် ရော်ဘင်ဟုဒ် လုပ်တမ်းမှ ကစားချင်တယ်။ ထောင်အကြိမ်ကြိမ် ကျခဲ့ရတဲ့ သတင်းသမားတစ်ယောက် ဖြစ်ခဲ့ရတာ ငယ်စဉ်က ရော်ဘင်ဟုဒ်တို့၊ အိုင်ဗင်ဟို တို့ကို အားကျအတုယူခဲ့လို့ ထင်ပါရဲ့။ အခုခေတ် ကလေးတွေနဲ့ လူငယ်တွေမှာ အဲဒီလို စံပြုပုဂ္ဂိုလ်မျိုး တော်တော်ရှားပါးတာ တွေ့ရတယ်။ ကျောင်းသင်ဖတ်စာတွေထဲမှာ မတွေ့ရသလို အပြင် ဖတ်စရာတွေထဲမှာလည်း မတွေ့နိုင်ဘူး။ ဒီခေတ်မှာ ရော်ဘင်ဟုဒ်လို လူစွမ်းကောင်းတွေ မတွေ့နိုင်တော့ပေမယ့် မျက်စိနှစ်ဖက်စလုံး မမြင်ရတဲ့သူနဲ့ ခြေနှစ်ဖက်စလုံး ပြတ်နေသူတွေက ဧ၀ရက်တောင်ထိပ်ကို ရောက်အောင်တက်နိုင်ခဲ့ကြတဲ့ အဖြစ်တွေ၊ ၁၃ နှစ်သမီးလေး တစ်ယောက်တည်း ရွက်လှေတစ်စင်းနဲ့ ကမ္ဘာတစ်ပတ် ပတ်ခဲ့တဲ့ သတင်းတွေ နေ့စဉ် တွေ့မြင်ဖတ်ရှုနေရတယ် မဟုတ်လား။ ဒါတွေဟာ ကလေးတွေနဲ့ လူငယ်တွေအတွက် စံပြုပုဂ္ဂိုလ်တွေ ဖြစ်နိုင်တာပေါ့။

သူတော်ကောင်းမကြီး
ဒီလို သတင်းအဖြစ်အပျက်တွေကို ကျောင်းဖတ်စာတွေထဲရောက်အောင် ပို့သင့်ကြပါတယ်။ လူစွမ်းကောင်းတွေ အကြောင်းမှ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ကူသူကယ်သူမဲ့ ဖြစ်နေကြတဲ့ ဆင်းရဲသားတွေနဲ့ ရောဂါသည် ဒုက္ခိတတွေကို ကယ်တင်ရေး အတွက် သူ့ဘ၀တစ်ခုလုံး မြှုပ်နှံပြီး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တဲ့ လူဖြူခရစ်ယာန် သီလရှင် သူတော်ကောင်းမကြီး မာသာထရီဇာရဲ့ အကြောင်းနဲ့ သူ့လုပ်ရပ်တွေ အကြောင်းလည်း ကမ္ဘာတစ်ခုလုံးက စာသင်ခန်းတွေထဲမှာ ကလေးတွေ ဖတ်ရှုသင်ကြားနေနိုင်အောင် ဆောင်ရွက်သင့်ကြပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ တစ်နေ့တခြား တိုးပွားများပြားလာပြီး လူသားတွေ ရိုင်းသထက် ရိုင်းလာနေတဲ့အတွက် ကမ္ဘာကြီးတစ်ခုလုံး ပစ္စန္တရစ်အရပ်သဖွယ် ဖြစ်နေတဲ့ ခေတ်ကာလကြီးမှာ မာသာထရီဇာဆိုတဲ့ မေတ္တာရှင် သူတော်စင်ကြီးဟာ အကောင်းဆုံးသော စံပြုပုဂ္ဂိုလ် မဟုတ်ပါလားခင်ဗျာ။

(- လူထုစိန်ဝင်း)

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"