အဲ့ဒါကိုသာကြည့်တော့ မောင်ထွန်းခိုင်ရေ သူ့သားလေးကိုလေ ဘယ်သူမှထိတာကိုမကြိုက်ဘူး သူများခိုးသွားမှာကိုအလွန်ကြောက်တာ ကြောက့်လွန်းလို့ သူသားကိုသွားတဲ့နေရာတိုင်းခေါ်သွားတာပဲကြည့်တော့
သက်ထားကိုလဲ အပြစ်ပြောမနေပါနဲ့ ဒေါ်ပုမရယ် သူလဲ သူ့သားကိုသူများခိုးသွားမှာကိုကြောက့်တာကိုဗျ
အေးလေ သူလဲ သူ့သားကိုခိုးသွားမှာကိုကြောက်မှာပေါ့ တော်သေးတယ် အခုတောင် မသေကောင်းမပြောက်ကောင်း ပြန်ကောင်းလာလို့ တော်သေးတာပေါ့
ဟုတ်တယ် ဒေါ်ပုမရေ သူဒီလို နေပူထဲခေါ်မိုးရွာထဲခေါ်တဲ့ပုံစံမျိုးနဲ့ဆိုရင်တော့ ကလေးအတွက် စိုးရိမ်ရတယ်
အေးဟုတ်တယ် ငါလဲအဲ့ဒါကိုစိုးရိမ်နေရတာ
ဒီလိုလုပ်ပါလား
အေးဘယ်လိုလဲ ပြောပါအုံးကွယ်
သက်ထားကလဲ ကျွန်တော်တို့ရဲ့ သူငယ်ချင်း ဆိုတော့ နောက်ပြီး ကျွန်တော်တို့မှာကလဲ သားသမီးမရှိဘူး အဲ့တော့ သက်ထားကလေးကို ကျွန်တော်တို့လင်မယား အမွေစားအမွေခံနဲ့မွေးစားလိုက်ရင်မကောင်းဘူးလား
ကောင်းတာတော့ကောင်းပါတယ် ဒါပေမဲ့သက်ထားကလဲပေးအုံးမှလေကွယ် သူက သူ့သားလေးကိုအရမ်းချစ်တာ သူ့သားငိုရင် သီချင်ဆိုပြီးချော့သိပ် တစ်ခါတလေဆိုရင် ကပြပြီးတော့တောင်သိပ်တာ သူ့သားကိုသူကတော်တော်ချစ်တာ ဖြစ်မယ်မထင်ပါဘူးကွယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူကလေး အိပ်ချင်တန် ဗျိုင်းရှေ့ကပြန် ဗျိုင်းရှေ့ကပြန် ဗျိုင်းရှေ့ကပြန် သားရေ မေမေလဲ ဒီလောက်ပဲရတယ် ဒီလောက်ပဲနားထောင်နော်
ဝဲ ဝဲ ဟင့်ဟင့်ဝဲ ဝဲဟင့်ဟင့်
အေးအေးတိတ်တိတ် ပြန်ဆိုပေးမယ် လူကလေးအိပ်ချင်တန် ဗျိုင်းရှေ့ကပြန် ပြန်သွားတဲ့ကိုဗျိုင်းဖြူ အယ် ကိုဗျိုင်းဖြူက ဆုံးသွားပြီသားရဲ့ ဟီးဟီး
သက်ထားရေ သက်ထား ကလေးကိုချော့သိပ့်နေတာလား
နင်ကလဲ မြင်မြင်ကြီးနဲ့ အပိုလုပ်ပြီးမေးနေတယ် ဘာလဲ ဘာလာလုပ်တာလဲ ငါ့သားအိပ်နေတယ် ပြန်ကြပြန်ကြ
သက်ထားကလဲ ငါ့တို့တောင်အထဲမဝင်ရသေးဘူး မောင်းထုတ်နေတော့တာပဲနော်
မောင်းထုတ်မှာပေါ့ နင်တို့ကငါ့ကလေးခိုးသွားရင်ဘယ်လိုလုပ်မလဲ
မခိုးပါဘူးဟာ နင်ငါတို့ကိုမမှတ်မိတော့ဘူးလား ငါကထွန်းခိုင်လေ ဟိုမှာ နင့်သူငယ်ချင်း တင်ငွေလေ တကယ်ပဲမမှတ်မိတော့ဘူးလား
ထွန်းခိုင် ထွန်းခိုင်က ပိုးထိပြီးလို့သေတာကြာပြီလေ
လုပ်ပြီသက်ထားကတော့
နင်တို့ကိုငါမသိဘူး သွားကြသွားကြ မသွားရင် ငါဂဲ(ခဲ)နဲ့လိုက်ထုမှာနော် သွားကြသွားကြ
နင်ကလဲ ကို့သူငယ်ချင်းတွေကိုအဲ့လိုပဲပြောရလား
မသွားဘူးလားသွားမှလား ကဲငါလာ ဂဲနဲ့ကိုလိုက်ထုမယ် သေဖို့သာပြင် သူ့အိမ်ကို လာသောသူများအား သူ့သားလေးကို ခိုးမယ်လို့ ထင်ပြီး လာသမျှလူများကို မောင်ထုတ် ဂဲနဲ့လိုက်ပြစ် အမျိုးမျိုးလုပ်၍မောင်းထုတ်တက်သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဆရာတော်ဘုရား တပည့်တော်တို့ ဇနီးမောင်နှံ မနက်ဖြန်မြို့ကို ပြန်ကြတော့မှာပါဘုရား မပြန်ခင် ဘုန်းဘုန်းဘုရားအား လာဦးခိုက်တာပါဘုရား
အေးကွယ် သာဓုသာဓုသာဓု နောက်လဲ လာလည်ကြပေါ့ကွယ် ကိုယ့်ရွာလေးကို ဒါနဲ့မြို့မှာကော အစဉ်ပြေကြတယ်ပဲမလား
ပြေပါတယ်ပြေပါတယ် ဘုရား တပည့်တော်ဘုန်းဘုန်းဘုရားအားလျှောက်တင်စရာလေးရှိတယ်ဘုရား
ဘာများတုန်းကွဲ့
ဒီလိုပါ တပည့်တော်တို့မှာသားသမီးရင်ချာဆိုလို မရှိပါဘူးဘုရား အခု စိတ်ဝေဒနာရှင် အရူးမသက်ထားဟာတပည့်တော်တို့ရဲ့ သူငယ်ချင်းပါဘုရား အဲ့ဒါ သူ့ရဲ့သားလေး မောင်အူဝဲအား တပည့်တော်တို့ မွေးစားချင်ပါတယ်ဘုရား အူဝဲလေးကို သက်ထားရဲ့လက်ထဲမှာ ဒီလိုပဲ ထားထားမယ်ဆိုရင် အူဝဲလေးရဲ့အသက်စိုးရိမ်ရပါတယ်ဘုရား
အေးကွယ် သူမှာလဲ တစ်နေ့တစ်နေ့ သူ့သားကို လူတွေခိုးမှာကြောင့်လို့ သွားလေရာကိုခေါ်သွား ဟိုတစ်နေ့က နာဖျားပုံနဲ့ဆိုရင်ဖြင့်အင်း ဘုန်းဘုန်းလဲ သူတို့သားအမိကိုကြည့်ပြီးသံဝေက ရပါတယ်ဒကာကြီးရယ်
တပည့်တော်မွေးစားတယ်ဆိုတာကလဲ သူတို့သားအမိကို မခွဲခွာပါဘူး တပည်တော့ရွာကိုမကြာမကြာလာပြီး သူ့ရဲ့သားလေးနဲ့သူနဲ့ကိုလဲ လာလာတွေ့ပေးပါမယ်ဘုရား ကလေးရဲ့နောင်ရေးလဲ ရှိသေးတယ်လေဘုရား ဒါကြောင့် တပည့်တော်က မွေးစားမယ်ပြောတာပါ
ဒကာပြောတာလဲမှန်တာပဲ ကလေးရဲ့နောင်ရေးလဲရှိသေးတယ်ပဲကိုး အေးလေ ကလေး၇ဲ့နောင်ရေးကောင်းဖို့လုပ်တာဆိုတော့လဲ ဘုန်းဘုန်းပြောစရာမရှိတော့ပါဘူးကွယ်
တင်ပါ မနက်ဖြန်တပည့်တော်တို့ ဇနီးမောင်နှံပြန်ရင် သက်ထားကလေးအား တခါတည်းခေါ်သွားလိုက်ပါမယ် တပည့်တော်တို့ကို ခွင့်ပြုပါအုံးဘုရား
အေးကွယ်အေးကွယ်
သက်ထားရဲ့ သူငယ်ချင်းများဖြစ်ကြတဲ့ ထွန်းခိုင်တင်ငွေ တို့လင်မယားနှစ်ယောက်မှာဖြစ် သက်ထားရဲ့ကလေးအားအမွေစားအမွေခံနဲ့မွေးစားဖို့ ခေါ်သွားမည်အကြောင်းကို ဆရာတော်ဘုရားအားလျှောက်တင်၍ဦးခိုက်ပြီး ဘုန်းကြီးကျောင်းမှပြန်လာခဲ့ကြသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သားလေးရေ ဟင်း အိပ်ပုတ်ကြီးလိုက်တာ အခုထိမထသေးဘူးလား ဒါဆိုလဲ နေအုံးနော် မေမေ ရွာထဲက သူငယ်ချင်းတွေနဲ့ သွားကစားလိုက်အုံးမယ်နော်
သက်ထား ၏သူငယ်ချင်းများဖြစ်ကြသော ရွာထဲကကလေးများနှင့် ကစားရန်သက်ထား သူ၏ကလေးအိပ်နေချိန်လေးတွင် ရွာထဲသို့ ကစားရန် ဝင်လာခဲ့သည်
သက်ထားရေ သက်ထား ဘယ်သူမှလဲမရှိကြပါလား ဘယ်များသွားတာပါလိမ့် ပုခတ်ထဲမှာလဲ ကလေးရှိနေတယ် ကဲမိန်းမရေ သက်ထားမရှိတုန်း ကလေးကို အတုနဲ့အစစ်လဲရအောင်
အင်းအင်း
ပေးပေး ရော့ကလေး
ချစ်စရာလေးနော် ကလေးက မောင့်မြင့်ဝေနဲ့ တစ်ပုံစံထဲပဲနော်
အေးဟုတ်တယ်နော် ကဲမိန်းမရေ ကလေးလဲ ကိုတို့လက်ထဲရေက်လာပြီဆိုတော့ မြို့ကိုပြန်ကြရအောင် တော်ကြာသက်ထားလာနေလို့ မပေးပဲနေနေအုံးမယ် အခုတောင်သူမရှိတုန်းမလို့ယူလို့ရတာ သွားကြရအောင် သွားကြရအောင်
ဒေါ်ပုမရေ ကျွန်တော်တို့သွားပြီ
အေးကွယ် ကားကိုလဲ သတိနဲ့လဲမောင်းကြအုန်းနော်
ဟုတ်ကဲ့ နောက်လာလည်မှပဲ တွေ့ကြတာပေါ့
အေးကွယ်အေးကွယ်
သက်ထားတစ်ခုခုဖြစ်ရင်လဲ မြို့ကိုအကြောင်းကြားနော် ကျွန်တော်တို့ လာလို့ရအောင် နောက်ပြီးသက်ထားကိုလဲ ဂရုစိုက်ပေးပါနော်
အေး အေး
သွားပြီနော်
အေးကွယ်အေး
အမွေစားအမွေခံအဖြစ်မွေးစားဖို့ သက်ထား ၏သူငယ်ချင်းများဖြစ်ကြသော ထွန်ခိုင်တင်ငွေတို့မှာ သက်ထား၏သားလေးအား မြို့ကြီးသို့ ခေါ်သွားလေသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သားရေ မေမေပြန်လာပြီ မောလိုက်တာသားရယ်
ဟင် ငါ့သားလေး ငါ့သားလေးကော ဘယ်ရောက်သွားပြီလဲ ဘယ်သူခိုးသွားပြီလဲ အဟီးဟီး သားလေး မေမေသားလေး ဟီးဟီး ဒါငါ့သားမဟုတ်ဘူး ငါ့သားက ချစ်စရာလေး ဒါကချစ်ဖို့မကောင်းဘူး စသည်ဖြင့် သက်ထားသားလေးပြောက်သွားလို့ ငိုကြွေးနေပုံကို သက်ထားမမြင်နိုင်တဲ့ ခြုံနွယ်လေးထဲကနေကြည့်နေတဲ့ ဒေါ်ပုမမှာတော့ ဝမ်းနည်းပြီးမျက်ရည်များပါစီးကျလာတော့သည်
သက်ထားသည် သက်ထားကလေးပြောင်သွားတဲ့နေ့ကစပြီး အေးမျှသာစည် ရွာကလေးကိုစွန့်ခွာ၍ သူ့မ၏သားလေးကို နေရာအနှံ့လိုက်လို့ရှာခဲ့သည် သားကိုချစ်သောစိတ် သားပျောက်သွားလို့ ရင်ဘက်စည်တီးငိုကြွေးခြင်းများနှင့် နေပူမရှောင် မိုးရွာမရှောင် နေ့မအိပ် ညမအိပ်ဖြစ် သာကိုလိုက်ရှာနေရင်း မတွေ့တော့တဲ့အဆုံး သူမနေထိုင်ခဲသောရွာလေးဖြစ်တဲ့ အေးမျှသာစည် ရွာလေးသို့ပြန်လာပြီး သူနေထိုင်သည့်နေရာဖြစ်တဲ့ ရွာထိပ်ကကုက္ကိုပင်လေးအောက့်တွင် အသက်မရှိသော ကောရုပ်ကလေးအား သူ့သားအဖြင့် ထင်မှတ်ပြီး သက်မဲ့ဖြစ်သောကလေးပုံစံကောရုပ်လေးအားရင်ခွင်ထဲတွင်နို့တိုက်သည့် ပုံစံဖြင့်ထွေးပိုက်ပြီး
သားရေသားရေ လူကလေးဆိုသောစကားနှင့်
သက်ထားဆိုတဲ့အမျိုးသမီး အသက်သေဆုံးသွားခဲ့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၂၅နှစ်ခန့်ကြာပြီးသောအခါ)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အခုဆိုရင်အချိန်တွေက တော်တော်လေးကုန်ဆုံးစေခဲ့ပါပြီ အမေတွေကိုဂုဏ်ပြုတဲ့နေ့လေးအဖြစ် အမေနေ့ကိုလဲရောက်လို့လာပါပြီ အထက်ပါအကြောင်းအရာများကို ကျွန်တော်ရဲ့ ကျွေးဖေဖေ ဦးထွန်းခိုင်ဒေါ်တင်ငွေ နှင်းအေးမျှသာစည် ရွာလေးမှာရှိတဲ့ အဖွားဒေါ်ပုမတို့နှင်အတူ အေးမျှသာစည်ရွာသူရွာသားများ ကျွန်တော် ကိုပြောပြလို့ ကျွန်တော်သိခဲ့ရတာပါ မေမေရဲ့ ပုံစံကဘယ်လိုဘယ်ပုံမျိုးလဲဆိုတာကို ကျွန်တော်မသိပေမဲ့ ကျွန်တော်လေ စိတ်ကူးထဲမှာ မေမေပုံစံကိုဖော်ပြီး မေမေကိုလွမ်းရင် အလွမ်းပြေကြည့်ဖို့အတွက် မေမေနဲ့ပုံစံတူမယ်ထင်တဲ့ မေမေပုံလေးကို ကျွန်တော် ပန်ချီဆွဲထားပြီး မေမေကိုလွမ်းတိုင်းသတိရတိုင်း ကျွန်တော်ဆွဲထားတဲ့ပုံလေးကိုပဲ ကျွန်တော်ကြည့်နေမိတော့ပါသည်
မိန်းမရေ မင်း သားလေး အူဝဲရော
သွားစရာရှိတယ်လို့ပြောပြီး အခန်းထဲမှာအဝတ်အစားတွေထည့်နေတာပဲ ဘယ်သွားမလို့လဲတော့မသိပါဘူး တော်သိချင်ရင်သွားမေးကြည့်ပါလား
အေ ဟုတ်လား လာခဲ့ ငါတို့နှစ်ယောက်သွားကြည့်ကြရအောင်
ဒေါက် ဒေါက် ဒေါက် သားရေ အူဝဲ အဖေပါ
ဟုတ် ဖေဖေ လာပါပြီ
မင်းမေမေပြောတယ် င်္အကျီတွေထုတ်နေတယ်ဆို ဘယ်ကိုသွားမလို့လဲကွ ငါ့သားရ
ဘယ်မှမဟုတ်ပါဘူးဖေဖေ
ဘာလဲသားက ဖေဖေနဲ့မေမေကို လူထူလူအတွေလို့ထင်နေတာလား ဒီမယ်သား စိတ်ကျမ်းမာရေးအထူးကုဆေးခန်းက ဆရာဝန်တစ်ယောက်၇ဲ့သားပါ အဲ့လောက်ထိ မညံသေးပါဘူး သားအေးမျှသာစည်ရွာကလေးကိုသွားမလို့မလား
ဟာ ဖေဖေက ဘယ်လိုသိတာလဲ
သိတာပေါ့ မနက်ဖြန် အမေနေ့လေ မင်းအမေ သက်ထားမြေပုံကို မင်းသွားကန်တော့မလို့မလား
ဟုတ်တယ် ဘာလိုလိုနဲ့ မေမေဆုံးသွားတာတောင် ၂၅နှစ်ပြည့်ပြီ
ဖေဖေနဲ့မေမေလဲ သားနဲ့အတူ လိုက်မယ်လေ ဘာလို့လဲဆိုတော့ ဖေဖေတို့လဲ သက်ထားကို တောင်းပန်ရမယ်လေ ပြီးတော့ သားကလဲ သားမေမေကိုကန်တော့ပေါ့ ဖေဖေတို့လဲ သက်ထားကိုတောင်းပန်မယ် ကဲပြောနေကြာပါတယ် မြန်မြန်အဝတ်အစားတွေထည့် မြန်မြန်သွားကြရအောင်
နှစ်စဉ်နှစ်တိုင်း အေးမျှသာစည်ရွာကလေးကိုတော့ ကျွန်တော်အမြဲရောက်ဖြစ်သည် အမေများနေ့မှာ ကျွန်တော်ရဲ့အမေကို ကန်တော့ရင်းပေါ့ မေမေရဲ့ အခိုးအငွေ့တွေများ ကျန်ရှိနေအုံးမလားဆိုပြီးရွာထိပ်က ကုက္ကိုပင်နားမှာ ကျွန်တော် အမေကိုအလွမ်းပြေ ထိုင်ရင်း မေမေမြေပုံလေးကို ပွေ့ပိုက်ပြီး ငိုတဲ့မျက်ရည် မေမေသာရှိရင် ကျွန်တော်ကိုမျက်ရည်လေးတွေလာသုတ်ပေးမှာကတော့ သေချာပါတယ် ကျွန်တော်ကို လူ့လောကလူ့ဘဝထဲသို့ သွပ်သွင်းပေးခဲ့တဲ့မေမေ အခုချိန်မှာလေ ကျွန်တော်ဘေးနားမှာ မေမေတကယ်ရှိနေမယ်ဆိုရင် နွေးထွေးတဲ့ မေမေရင်ခွင် ကျွန်တော်လေ တစ်ကြိမ်တစ်ခါလောက်တော့ ပြေးဝင်ကြည့်ချင်တယ် မေမေရယ် မေမေ ပုံစံကို သားမသိပေမဲ့ သားလေ မေမေကိုအရမ်းအရမ်းအရမ်းချစ်တယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဝေဖန်အကြံပေးမှူများကိုလက်ခံထားပါသည်ကြိုးစားပါအုံးမည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ရဲရင့်ရထာ၊ ရွှေမြို့တော်)
0 comments:
Post a Comment