ကျွန်တော်ကတော့ အမြဲအေးနေတဲ့
ရေအိုးလေးပေါ့ ရွာကလေးတရွာလယ်သမားတယောက်အိမ်မှာနေပါတယ်။မြန်မာနိင်ငံမှာဘဲနေပါတယ်။
ရေအိုးလေးပေါ့ ရွာကလေးတရွာလယ်သမားတယောက်အိမ်မှာနေပါတယ်။မြန်မာနိင်ငံမှာဘဲနေပါတယ်။
ဟောပြောရင်းဆိုရင်း သူကျွန်တော်ဆီလာပြီ…..ဟောဗျာ ..တခွက်သောက်လိုက်ပြီ..ပြီးတော့
သူ့မိသားစုတွေကိုလဲပြောလိုက်သေးတယ်..မနက်စောစောစီးစီးရေ သောက်တာကောင်းတယ်တဲ့
ကျွန်တော်ဆီကိုကလေးတယောက်ပြေးလာတယ်ဗျ ကျွန်တော့ထဲက တခွက်ကို သူသောက်ပြီးပြောလိုက်တယ် ရေလေးကအေးနေတာဘဲတဲ့ သူတိုကျွန်တော့ကို ချီးမွမ်းနေပြီ …ပျော်လိုက်တာ…အပြင်သွားလို့ပြန်လာလဲကျွန်တော့်ထဲကရေကိုသောက်ကြပါတယ်.။
သူတို့အခု ကျွန်တော့်ကို သူတို့ အလုပ်လုပ်တဲ့ ယာထဲကို ခေါ်သွားတော့မယ် ဗျ
ကျွန်တော့ကို ပွေ့  ပြီးတော့ သယ်သွားပါတယ် ကျွန်တော်လဲ ဇိမ်နဲ့ လိုက်သွားတာပေါ့ ကျွန်တော်ကို သူအလုပ်လုပ်တဲ့ ယာဘးမှာချထားတယ် သူမောတဲ့အခါ
ကျွန်တော်ထဲကရေကိုသောက်တာပေါ့ ကျွန်တော်ပျော်ပါတယ် သူတို့နဲ့နေရတာကို
ကျွန်တောလိုဘဲယာထဲကို ပိုင်ရှင်ခေါ်လာလို့ ပါလာတဲ့ရေအိုးတွေလဲရှိပါတယ်
သူတို့နဲ့လည်းမိတ်ဖွဲ့စကားပြောမိပါတယ်
သူတို့နဲ့လည်းမိတ်ဖွဲ့စကားပြောမိပါတယ်
`ငါသခင်က ငါ့ရေကို
မနက်တိုင်းမသောက်ဘဲမနေဘူး ပြီးတော့လဲ ငါ့ကိုအမြဲချီးမွမ်းတယ်`ကျွန်တော်ကဘဲ
ကျန်တဲ့ရေချမ်းအိုးတွေကို ကြွားတာပေါ့ သူတို့ကတော့ ဘာမှပြန်မပြောနိင်ဘူးလေ
သူတို့က ကျွန်တော်လောက်အလေးပေးမခံရတာ။
တစ်ရက် ကျွန်တော်တို့အိမ်ကို လာတဲ့ဧည့်သည်ကောင်မလေးက ချောလိုက်တာဗျာ
ကျွန်တော်က ရေအိုးဖြစ်နေလို့ပေါ့၊ကျွန်တော်သာ……။
ကျွန်တော်ထဲကရေကို ကျွန်တော် အိမ်သားတွေတင်မကပါဘူး အိမ်ကို အလည်လာတဲ့ မိတ်ဆွေတွေနဲ့ ရဟန်းသံဃာ တွေလည်းကျွန်တော့် ထဲကရေကို သောက်ပီးကျွန်တော့်ကို
ချီးမွမ်းပါတယ်။
``ဒီရေအိုးထဲကရေတွေက
အမြဲအေးနေတာဘဲနော် နွေရောက်လို့ ပူအိုက်နေတဲ့အခါဒီရေလးသောက်ရရင် အမောပြေမှာဘဲ”
ကျွန်တော်လဲ ရေအကျိုး (၁၀) ပါးမတောင်းဘဲနဲ့ပြည့်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကျွန်တော်တို့ရွာမှာလျှပ်စစ်မီးဆိုတဲ့အရာကြီးရလာတော့ ကျွန်တော်နေတဲ့အိမ်က တီဗီတို့၊ရေခဲသေတ္တာ တို့ ၀ယ်လိုက်တာပေါ့။
ဒီလိုကျွန်တော် ချီးမွမ်းခံရမှုတွေ ကြောင့်ပီတိတွေ ဖျာနေတဲ့နောက်ပိုင်းမှာ ကျွန်တော့်အိမ်ကို
ဂြိုလ်ဆိုးကြီးတခု ၀င်လာပါတယ်ဗျာ။ အဲ့ဂြိုလ်ဆိုးကြီးကြောင့် ကျွန်တော်ကို
အိမ်သားအားလုံးလှည့်ကိုမကြည့်ကြတော့ပါဘူး..အပြင်သွားလို့ပြန်လာလည်း
အဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြတယ်။ မိုးလင်းလဲအဲ့ဟာကြီးထဲကရေကိုဘဲသောက်ကြ
တယ်။
ယာထဲသွားလဲအဲ့ဟာကြီးထဲကရေကိုဘဲယူသွားကြပါတယ်။ကျွန်တော်ကိုလှည့်ကိုမကြည့်ကြ
ယာထဲသွားလဲအဲ့ဟာကြီးထဲကရေကိုဘဲယူသွားကြပါတယ်။ကျွန်တော်ကိုလှည့်ကိုမကြည့်ကြ
တော့ပါဘူး။ ရာသီမှာနေကလဲ အလွန်ပူပြင်းသည့်အတွက်
ကျွန်တော်ဗိုက်ထဲမှာခမ်းခြောက်နေပြီ၊
ဘာရေမှမရှိတော့ပါဘူး၊အဲဟာကြီးထဲကိုဘဲရေထည့်ပီးကျွန်တော်ဆီကိုမလှည့်လာဘူးလေ။
ကျွန်တော်ဗိုက်ထဲမှာခမ်းခြောက်နေပြီ၊
ဘာရေမှမရှိတော့ပါဘူး၊အဲဟာကြီးထဲကိုဘဲရေထည့်ပီးကျွန်တော်ဆီကိုမလှည့်လာဘူးလေ။
ပြီးတော့ပြောသေးတယ်
အဲ့ဒိဟာကြီးထဲကရေအေးလွန်းလို့ခဲတောင်ခဲသေးတယ်တဲ့။ ရခဲသေတ္တာဆိုတော့လဲ ခဲတော့မှာပေါ့။
ကျွန်တော်ကိုစော်ကားတာပေါ့ အဲ့ဟာကြီးမရှိခင်တုန်းကကျွန်တော်ကိုထဲကရေကိုဘဲ
အေးတယ်ဆိုပြီးသောက်ကြတယ်။ကျွန်တော်အပေါ်မှာလဲ
ပိုးမျှင်တွေတောင်တက်ကုန်ပြီပေါ့ဗျာ။ ဘာမှအသုံးမ၀င်တော့တဲ့ကျွန်တော့်ကို
ဘယ်သူကဂရုစိုက်ချင်တော့မှာလဲဗျာ။
ပိုးမျှင်တွေတောင်တက်ကုန်ပြီပေါ့ဗျာ။ ဘာမှအသုံးမ၀င်တော့တဲ့ကျွန်တော့်ကို
ဘယ်သူကဂရုစိုက်ချင်တော့မှာလဲဗျာ။
သူတို့အိမ် သန့်ရှင်းရေလုပ်တဲ့တရက်မှာတော့ ကျွန်တော့်ကို အိမ်ရဲ့ထောင့်တနေရာမှာ စွန့်ပစ်ထားလိုက်ပါတယ်။ မိုးဆိုတာ အစဉ်မကောင်းသလို အစဉ်လဲမခေါင်ပါဘူး။ အဲ့ဒိဟာကြီးလဲ အရင်လိုမအေးနိင်တော့ဘူးလေ၊ဘယ်အေးတော့မလဲ လျှပ်စစ်မီးမှ မလာတော့တာ။ အခုကျွန်တော့ဆီပြန်လှည့်လာကြပြီလေ။
ကျွန်တော့်ကို ဖုန်သုတ်ရေဆေးပြီးတော့ ကျွန်တော့်ကိုအရင်နေရာပြန်ထားပြီရေအပြည့်
ဖြည့်ထားပါတယ်။ သူကျွန်တော့ဆီလာပြီး ကျွန်တော်ထဲကရေကိုသောက်ပြီးပြောသွားတယ်။
ဒီရေအိုးလေးဘဲ
ငါတို့ကို ထာဝရ အေးချမ်းမှုပေးတယ်.။။.
ကဲ..သဲချင်းတို့လဲဖတ်ရတာမောပြီ ရေသောက်လိုက်ဦး။ ။
0 comments:
Post a Comment