Tuesday, May 1, 2012

အရိန္ဒမာအသိဆုံး ပါ မဏိစန္ဒာ ရယ်

မြင်ကတည်းက
ရင်ထဲစွဲခဲ့တယ် မဏိစန္ဒာ .....

ဘုရင့်ဘဏ္ဍာ မတော်မတရားနဲ့
အရှင့်အာဏာ စော်ကားခဲ့သူမို့
သြော် ...ဓါးထိကာ အသေသတ်ရင်လည်း
ကျေနပ်မှာပါ ၊
မလျော်တာ အခက်ကြံဆမိလို့
အနော်ရထာ မျက်မာန်ရှမှာလဲ
ခံရမယ် သေအချာသိပေမယ့်
ဝေဒနာရှိသူ ရင်မှာမအေးလေတော့
သေဘေးကိုတဲ့မမြင်သာ
အကြင်နာက နှစ်ဆင့်ပိုကဲ ။

မသင့်လျှော်တာ ချစ်ခဲ့သူမို့
 အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ကိုယ့်ကြမ္မာပေါ့

ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွဲကာရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင် ထင်သလား
ရင်ခွင်မှာ ဆယ်နေကဲသလို
အမြဲပူလောင်လှချည်ရဲ့
ကြိုးနှောင်ကာ အရှင်တည်းပါလို့
ရင်ကို လှံ မထိခင်က
ချစ်မိသူ အသည်းကြွေပြုန်းကာ

(မဏိစန္ဒာ ရယ် )
ကိုယ်ကတော့ အမြဲသေဆုံးခဲ့ပါပြီ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"