သနပ်ခါး အမြစ်က ပိုအေးပါတယ်
အဘွားကျွေးခဲ့တဲ့ ပါးစပ်ထဲက ကွမ်း
အသက်ကြီှး မစားကောင်းမှန်း သိခဲ့တဲ့အချိန်
ကျနော် သွားကိုက်တတ် နေပြီလေ။
ဖိုးလမင်းဆီ တောင်းတဲ့ဆု
ထမင်းဆီဆမ်းကို ရွှေလင်ပန်းထဲထည့်ခိုင်း
အာဟာရ မရှိတာ သိတဲ့ အမေ
ရွှေလင်ပန်း လိုချင်တာလား၊ ထမင်းလိုချင်တာလား
စဉ်းစားနေရတယ်။
ရာသီတွေ ပြောင်းတယ်၊ ပြောင်းတယ်
မိုးမမှန်သလို လူလဲ စောင့်ရတတ်တာမို့
ပုတ်သင်ညိုတွေ ခေါင်းမညိတ်တတ်တဲ့ခေတ်မှာ
လည်ပင်းကို စပရိန် ပြောင်းလိုက်ပြီ။
လူများရင် ဤ လည်း
အမဲသားဖြစ်တတ်သား
ဇာတ်တူတဲ့သူတွေ ဖတ်ပါစေ
မြွေမဟုတ်တော့လည်း ခြေ မမြင်မိဘူးလေ။
သဲတပွင့်နဲ့ ပုလဲဖြစ်သွားပေမယ့်
ဆလုံတွေ အင်္ကျီမရှိတာ
ကျနော်တို့ မေ့ထားလိုက်ရမလား
နောင်တကို ရွှေချပြီး
အမှားတွေ ဆက်လုပ်ဖို့
အိမ်ဦးခန်းမှာ စာအုပ်စင်လေးတော့
နေရာပေးပါရစေ။
မောင်ကြီးငြိမ်းချမ်း
0 comments:
Post a Comment