ဒကာကြီးတောင်ရောက်လာပြီပဲ
တင်ပါ့ဘုရား ဘုန်းဘုန်းဘုရား တပည့်တော်ကို ကပ္ပိယကြီးနဲ့ ဆင့်ခေါ်ခိုင်းလိုက်တာ ဘာကိစ္စများထူးလို့ပါလဲဘုရား
ကိစ္စရယ်လို့ ထွေထွေထူးထူးမရှိပါဘူးကွယ် ဒကာကြီးကို ပြောစရာလေးရှိလို့ပါကွယ်
တင့်ပါဘုန်းဘုန်းဘုရား
ဘုန်းဘုန်းတို့ရွာထဲက စိတ်ဝေဒနာဖြစ်နေတဲ့ ဒကာမလေး သက်ထားအကြောင်းပြောမလို့ပါကွယ် သူမှာလဲ နေပူထဲလဲသွားလို့သွား မိုးရေထဲလဲသွားလို့သွား စားစရာမရှိ နေစရာမရှိ သွားစရာမရှိဆိုတော့ ဘုန်းဘုန်းတို့လိုဒကာကြီးတို့လို ပုံမှန်အသိစိတ်ရှိတဲ့သူတွေကပဲကူညီစောင့်ရှောက်ရမယ်မဟုတ်လားကွဲ့
မှန်ပါ့ဘုရား မိန့်တော်မူပါ
အေး ဒါကြောင့် ဘုန်းဘုန်းက သူနေထိုင်ရအစဉ်ပြေဖို့အတွက် သူနေနေကြနေရာလေးဖြစ်တဲ့ ရွာထိပ်ကကုက္ကိုပင် အောက်လေးမှာ တဲလေးဖြစ်ဖြစ် စောက်ပေးစေချင်လို့ပါကွယ်
တင်ပါ့ဘုရား
အေးကွယ် ဘုန်းဘုန်းတို့ ဗုဓ္ဒမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားတော်တွေထဲမှာလဲ လူလူချင်းဖေးမကူညီတာဟာ မင်္ဂလာတစ်ပါးဖြစ်တယ်တဲ့ ကဲ ဒီတော့ ဒကာမလေး သက်ထားအတွက် မြန်မြန်လေးဆောက်လုပ်ပေးလိုက်ကြပါကွယ်
တင်ပါ့ဘုရား တပည့်တော် ရွာထဲကလူလေးတွေနဲ့ အမြန်ဆုံးဆောက်လုပ်ပေးလိုက်ပါ့မယ်ဘုရား
အေး အေးကွယ် သာဓု သာဓု သာဓု
ရွာထဲမှာ လူကြီး(သူကြီး)အဖြစ်နေထိုင်ပြီး ရွာအတွက်ကောင်းရာကောင်းကြောင်း သယ်ပိုးဆောင်ရွက်နေတဲ့ ဘုရားဒကာ ကျောင်းဒကာဖြစ်တဲ့ ဦးစိန်ဘကတော့ ရွာဦးကျောင်းက ဆရာတော်ဘုရားမိန့်ကြားတာကိုနာခံပြီး ဆရာတော်ဘုရားအား ဦးသုံးကြိမ်ဦးခိုက်၍ ရွာဦးကျောင်းမှပြန်လာခဲ့သည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အရူးမနော် နင်လူလည်မကျနဲ့ ငါတို့လိုက်ပြီးသွားပြီ အခုနင်လိုက်ကလှည့်
အန် ငါလိုက်ရတော့မယ် ဟုတ်လား နင်တို့ကလဲဟယ် နာပြေးလို့တောင်မဝသေးဘူး
အရူးမနော် မရဘူး အခု အခေါက်နင်လိုက်ရမှာ နင်မလိုက်ရင် နင်နဲ့နောက်တစ်ခါမကစားတော့ဘူး
နင်တို့ကလဲဟယ် အဲ့လိုမလုပ်ပါနဲ့
လိုက်မှာလားမလိုက်ဘူးလားပြော အရူးမ နင်မလိုက်ရင် ငါတို့ မကစားတော့ဘူး ပြန်တော့မှာ လာသူငယ်ချင်းတို့ ငါ့တို့ပြန်ရအောင်
ဟဲ့ဟဲ့ နေကြပါအုံးဟယ် နင်တို့ကလဲ ငါလိုက်ပေးပါ့မယ် ဒါပေမဲ့တစ်ခုတော့ရှိတယ်နော် နင်တို့တွေအဝေးကြီးတော့ မပြေးကြနဲ့
အေးပါ ကဲဒါဆိုစမယ် တစ် နှစ် သုံး
အရူးမမရွှေဥ ဘယ်ကိုသွားဘို့လဲ
တရိစ္ဆာန်ရုံကိုသွားဖို့
ဒို့လဲ လိုက်မယ်
မလိုက်နဲ့ကျားကြီးဆင်ကြီးကိုက်လိမ့်မယ်
ကိုက်ကိုက်သေသေ
ဒါဆိုငါ့ကို နေက်တစ်ခါလမ်းမှာတွေ့ရင်အရူးမလို့မခေါ်နဲ့
(ဟေး ဟေး ဝါး ဝါးဟေး ဟေး ဟဟဟဟေးဝါး ဝါး)
ရွာထဲက ကလေးတွေနဲ့ ချွေးတစ်လုံးသံတစ်လုံး ကစားနေတဲ့ သက်ထားကတော့ စိတ်မမှန်ရှာဘူး ကလေးတွေနဲ့ကစားနေရတာကိုက သူတော်တော်လေးပျော်နေတယ် သက်ထားဆိုတဲ့ အမျိုးသမီးကတော့ သူများကျွေးရင်စားတယ် ပေးရင်ယူတယ် ဒီလိုပဲ ရွာထဲမှာဟိုရှောက်သွားဒီရှောက်သွား ဟိုကလေးတွေနဲ့ကစားဒီကလေးတွေနဲ့ကစား ပေါ့ဗျာ သက်ထား ကလေးတွေနဲ့ကစားနေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရှာတဲ့ ဒေါ်ပုမကတော့
ကဲကဲကဲ ကလေးတွေ တော်ကြတော့ မိုးချုပ်တော့မယ် အိမ်ပြန်ကျတော့ တော်ကြာ မင်းတို့အမေတွေလိုက်ရှာနေကြအုံးမယ်
ဟုတ်ကဲ့ ဒေါ်လေးပု အရူးမရေ ငါတို့ပြန်ပြီ နောက်နေ့မှ ပြန်ကစားမယ်နော်
သက်ထား ညည်းလဲတော်တော့
ဟာ မတော်သေးပါဘူး ကစားအုံးမှာ ဒေါ်ပုမနင်နော် ငါကစားလို့မဝသေးဘူး ဘာလို့ ငါသူငယ်ချင်းတွေကိုပြန်ခိုင်းလိုက်တာလဲ
မိုးချုပ်တော့မယ်လေ သက်ထားရယ် သူတို့အမေတွေစိတ်ပူနေမှာပေါ့
မရဘူး မရဘူး ပြန်ခေါ်ပေး ပြန်ခေါ်ပေးနော်
ကဲ သက်ထားနဲ့တော့ ခတ်တော့တာပါပဲ
ပြန်ခေါ်ပေးပြန်ခေါ်ပေး ငါ့သူငယ်ချင်းတွေပြန်ကုန်ပြီ ပြန်ခေါ်ပေးနော် ပြန်မခေါ်ပေးရင် ငါအော်ငိုလိုက်မှာနော် ဒေါ်ပုမ အဟင့်အဟင့်
နောက်နေ့ကြရင်ပြန်ခေါ်ပေးမယ်နော် သက်ထားက လိမ္မာပါတယ် နော် မငိုနဲ့နော်
ဒေါ်ပုမ နင်တကယ်ပြောတာနော် ငါ့ကိုမလိမ်ရဘူးနော်
ဒေါ်ပုမတကယ်ပြောတာပါ ကဲသက်ထား ဒီမှာကြည့်စမ်း
အဟီး ဟီး ဟီး ဘာကြီးလဲဟင်
ထမင်းနဲ့ဟင်းလေ ရွာထိပ်ကကုက္ကိုပင်အောက်မှာသက်ထားကိုသွားရှာသေးတယ် မတွေ့လို့ ဒေါ်ပုမဒီကိုလိုက်လာခဲ့တာ
ဟီး ဟီး ဟီး ဒေါ်ပုမကို ငါဘာလို့ချစ်တာလဲသိလား
ဒေါ်ပုမကဘယ်လိုလုပ်သိမလဲ သက်ထားရဲ့
ငါကိုထမင်းတွေဟင်းတွေကျွေးလို့ ချစ်တာ ကဲသိပြီလား ဟီးဟီး ဟီး
ကဲလာ ထမင်းစားမယ်
အင်း
အားပါးတရထမင်းတွေစားနေတဲ့ သက်ထားကိုကြည့်ပြီးဒေါ်ပုကတော့ ပိတိတွေဖြာလို့ အခုလိုဖြစ်သွားတာကိုလဲ တွေးပြီးစိတ်မကောင်းတွေဖြစ်နေရှာတယ်
စားလို့ကောင်းတယ် ဒေါ်ပုမရယ် နင်ဘယ်လိုချက်ထားတာလဲဟယ်
စားလို့ကောင်းရင်စား ထမင်းတွေဟင်းတွေကောကုန်ရဲ့လား
မကုန်မှာ မပူနဲ့ ဒေါ်ပုမရေ ငါအကုန်စားမှာ နင်လဲစားပြီးပြီလား ငါခွန့်ကျွေးရမလား
စားပြီးပြီ သက်ထားပဲဝအောင်စား ဒါနဲ့သက်ထား ကစားရင် အမြင့်တွေဘာတွေမတက်နဲ့နော် ပြီးရင် ခုန်လဲမခုန်လဲ ဒေါ်လေးပုပြောတာမှတ်ထားနော် ဘာလို့လဲဆိုတော့ သက်ထားဗိုက်ထဲမှာ ကလေးလေးရှိနေလို့ ပြောတာမှတ်ထားရမယ်နော်
ကလေးလေး ဟုတ်လား ကလေးလေးက ဘာလုပ်လို့ရတာလဲဟင်
ကလေးလေးကလား ကလေးလေးက ကြီးလာရင် သက်ထားနဲ့အတူတူကစားလို့ရတာပေါ့
ကောင်းတာပေါ့ နော် ငါအဖော်ရတာပေါ့ ဟီးဟီး ဒါနဲ့ငါ့ဗိုက်ကလဲ ထမင်းမစားပဲနဲ့ပူပူလာတယ်
ကဲအဲ့တော့ ဗိုက်ထဲကကလေးလေးကိုဂရုစိုက်ရမယ်နော် ဒေါ်ပုမ ပြောစကားကိုနားမထောင် သက်ထားကို ဒေါ်ပုမ ရိုက်မှာ
နားထောင်မှာပေါ့ နင့်စကားကိုငါနားမထောင်ရင် ငါထမင်းငတ်မယ်လေ ခိခိခိခိခိခိခိခိ
အဟီးဟီး ဟီးဟီး သတ်ထားကတော့လေ တကယ်
သတ်ထားကို ရွာထဲကလူတွေက ပဲဝိုင်းဝန်းစောင့်ရှောက်ပေးကြတယ် စိတ်မမှန်ဖြစ်နေတဲ့လူဆိုတော့လဲ ရွာထဲကလူတွေကလဲ ချစ်ကြတယ် ခင်ကြတယ် သူအခုလိုစိတ်မမှန်ဖြစ်နေတာကိုလဲ လူတွေက ဝမ်းနည်းပြီးသနားကြတယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အချိန်တွေက စက္ကန့်မှမိနစ် မိနစ်မှ နာရီ နာရီမှ သီတင်းပက် သီတင်းပက်မှ လ သို့ပြောင်း ခဲ့ပြီး သက်ထားရဲ့ ကိုဝန်လေးမှာတော့ နေ့စေ့လစေ့ ဖြစ်လာခဲ့တယ်
အရူးမ နင်ကို ငါတို့ကစားဖို့ လာခေါ်တာဟ
သူငယ်ချင်းတို့ရယ် ငါမကစားတော့ပါဘူးဟယ်
ဘာလို့လဲဟ အရူးမကလဲ နင်မကစားတော့ ငါတို့ပျင်းတယ်ဟ နင့်ဗိုက်ကြီးကလဲ တစ်နေ့တစ်နေ့ပူပူလာတယ်နော် နင်ဘာတွေစားလို့လဲဟင်
အေးဟ ငါလဲအဲ့တာကိုစဉ်းစားနေတာ ထမင်းလဲ ငါအများကြီးမစားပါဘူး ဘာလို့ပူလာမှန်းမသိဘူး
ဟီးဟီးဟီး ဒါပေမဲ့နင်အခုဝတ်ထားတဲ့င်္အကျီ ပွပွကြီးပြီးတော့ နင်ဗိုက်ကလဲပူပူကြီးနဲ့ဆိုတော့ ငါတို့ရွာထဲမှာ သီတင်းကျွတ်ရင် လွတ်တင်တဲ့မီးပုံးပျံကြီးကြနေတာပဲ ခိခိခိခိခိ
အေး ဟုတ်တယ်နော် ခိခိခိခိ ဒေါ်ပုမ ပြောတာတော့ ငါ့ဗိုက်ထဲမှာ ကလေးလေးရှိတယ်တဲ့
ဟုတ်လား
အေး စိတ်မဆိုးကြပါနဲ့သူငယ်ချင်းတို့ရယ် ငါနင်တို့နဲ့ မကစားတော့ဘူးနော် ပြီးတော့ငါ့ကိုကစားရင် ဒေါ်ပုမက ရိုက်မှာဟ ထမင်းလဲမကျွေးဘူးလို့ပြောတယ် စိတ်မဆိုးနဲ့နော်
အေးပါ ရပါတယ်ဟာ ဒါဆိုလဲ ငါတို့ပြန်တော့မယ်နော်
အေးအေး သူငယ်ချင်းတို့ဘိုင်းဘိုင်း
ဒေါ်ပုမပြောလဲ ရွာထဲကကလေးတွေနဲ့ ခိုးခိုးပြီးကစားတာပါပဲ အမှန်တော့သက်ထားမှာ ရှိနေတဲ့ကိုဝန်ကနေ့စေ့လစေ့ဖြစ်နေတော့ သက်ထား အရင်လို သွတ်သတ်မှူမရှိတော့ဘူး ကစားဖို့လာခေါ်တဲ့ရွာထဲကကလေးတွေပြန်သွားတာကိုကြည့်ပြီး သက်ထား စိတ်ကမထိန်းနိုင်ပဲ ရွာထဲကကလေးတွေနောက်ပြေးလိုက်ရင်းးးးး
သူငယ်ချင်းတို့ သူငယ်ချင်းတို့ ဟေးသူငယ်ချင်းတို့ အား အား သူငယ်ချင်းတို့ ငါ့ကိုစောင့်ပါအုံး အား
အရူးမ အရူးမ နင်ဘာဖြစ်တာလဲ
အား အား ဗိုက်ဆာလိုက်တာ ဗိုက်ဆာတယ် သူငယ်ချင်းတို့ဗိုက်ဆာတယ် အးအား
အရူးမ နင်ဘာဖြစ်တာလဲ
ဗိုက်ဆာတယ် ဗိုက်ဆာတာကိုပဲသိတယ် အားအား ဗိုက်ဆာတယ်
ဗိုက်ဆာတယ် ရော့ ငါ့မှာမုန့်ပါလာတယ် ရော့စား စားပြီးရင် နင်ငါတို့နဲ့အတူတူကစားရမယ်နော်
ဟင့်အင် မစားချင်ဘူး မစားချင်ဘူး ဗိုက်ဆာတယ် ဗိုက်ဆာတယ်
အရူးမကလဲ ဗိုက်ဆာတယ်ပြောပြီး မုန့်ကျွေးတာလဲ မစားဘူး ဟာ သွေးတွေ အများကြီးပါလား အရူးမ နင်ဘာဖြစ်တာလဲ
ဗိုက်ဆာတာပဲသိတယ် သူငယ်ချင်တို့ ငါဗိုက်ဆာတယ်
ခဏနော် အရူးမ နင်ဒီမှာ ခဏစောင့်နေနော် ငါတို့ရွာထဲက လူတွေသွားခေါ်လိုက်အုံးမယ် ခဏလေးနေအုံးနော် လာသူငယ်ချင်းတို့ ရွာထဲကလူတွေကိုသွားပြောကြရအောင်
ရွာထဲကကလေးတွေကတော့ ရွာထဲကလူတွေကိုသွားခေါ်ကြသည် သက်ထားဗိုက်ထဲမှာလွယ်ထားတဲ့ ကလေးလေးကတော့ လူ့ဘဝ လူ့လောကထဲ လာချင်လို့ အတင်းသာ တိုးဝှေ့ရုန်းထွက်နေသည်
အားအား အင်းအင်း ဗိုက်ဆာတယ် ဗိုက်ဆာတယ် အားအင်းအင်း အင်းးးးးအင်း ဟူးဟူးအင်းးးအင်းအားအားအင်းအင်း ဟူးဟူး အင်းးးးးးးးးးးးးးးးးးးးးးးးးးအူဝဲ အူဝဲ အူဝဲ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒေါ်လေးပုရေ ဒေါ်လေးပု ဒေါ်လေးပုရေဒေါ်လေးပု ကလေးတွေရဲ့အော်သံကြောင့် အိမ်ထဲမှာ ရေးကြီးသုတ်ပြာထွက်လာတဲ့ ဒေါ်ပုမကတော့
ဟေး ဘာဖြစ်ကြလို့လဲကွယ်
အရူးအရူးအရူးမမ
အရူးမဘာဖြစ်လို့လဲ ဒေါ်လေးပုကိုမြန်မြန်ပြောစမ်း
အရူးမလေ အရူးမ သွေးတွေနဲ့ နောက်ပြီးဗိုက်ဆာတယ်လို့လဲ ပြောတယ် မုန့်ကျွေးတော့လဲ မစားဘူး
အေ ဟုတ်လား လာလာ အော်နေအုံး ကတုန်း ရွာထဲက ကလေးမွေးတဲ့ အဒေါ်ကြီး ဒေါ်ဂွတ်ထော်ကိုသွားခေါ်ပြီး နင်တို့သူငယ်ချင်း အရူးမရှိတဲ့နေရာကိုလိုက်လာခဲ့ မြန်မြန်လာခဲ့ကြနော်
ဟုတ်ကဲ့
စိတ်မမှန်ဖြစ်နေတဲ့ သက်ထားကို စိတ်ပူပြီး လျှောက်လှမ်းလာတဲ့ ဒေါ်ပုမရဲ့ခြေလှမ်းတွေက ယခုအချိန်မှာ လျှင်မြန်သွတ်လက်နေသည်
ဟူး ဟူး
အူဝဲ အူဝဲ အူဝဲ အူဝဲ အူဝဲ အူဝဲ
ကလေးလေးရေ မငိုပါနဲ့ဟယ် တိတ်တိတ်မငိုနဲ့တိတ်
အူဝဲအူဝဲ အူဝဲ အူဝဲ
လျှေက်နေသောခြေလှမ်းတွေက နှေးကွေးလှသည်ဟုမိမိကိုယ်မိမိအပြစ်တင်နေမိသည်
သက်ထားကိုစိတ်ပူပြီး လျှောက်လှမ်းလာသောဒေါ်ပုမ၏ခြေလှမ်းတွေက လေယာဉ်ပျံအလားထင်မှတ်ရသည် သက်ထားဘာတွေများဖြစ်နေမလဲ ဘာတွေကုန်ပြီလဲလို့ စိုးရိမ်းစိတ်ဖြင့် အပြေးလာခဲ့ပြီး ဒေါ်ပုမအရောက်တွင်တော့။။။
ဒုတိယပိုင်းအား (မျှော်)
(ရဲရင့်ရထာ)
0 comments:
Post a Comment