ဒီကမ္ဘာကြီးမှာ.....
ချစ်ခြင်းမေတ္တာတွေလိုအပ်နေသူတွေ အများကြီးရှိတယ်
သူတို့ ပာာ မေတ္တာတရားငတ်မွတ်စွာနဲ့ 
အသက်ရှင်သန် နေထိုင်ကြရတယ်
အေးချမ်းလှတဲ့ ဆောင်းရာသီမှာ
ထင်းမီးအပူကို အရမ်းလိုအပ်နေတဲ့သူတွေလိုပါပဲ..
သူတို့ တွေကိုမင်းမှာရှိတဲ့ မေတ္တာတရားတွေကို
ပေးလိုက်ယုံနဲ့  သူတို့ ပာာ ပျော်ရွှင်လာပြီး
သူတို့ ရဲ့ ဘ၀ပာာ အဓိပ္ပာယ်ရှိလာပြီး
လူဖြစ်ရကျိုးနပ်လာပါလိမ့်မယ်
စိတ်ဓာတ်ကျနေပြီး ၀မ်းနည်းနေတဲ့
ကလေးတစ်ယောက်ကို ပွေ့ ဖက်လိုက်ပြီး
သူ့ လက်အစုံကို မင်းရဲ့ လက်နဲ့ ကိုင်ပေးကာ
မင်းရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးလိုက်ပါ
အရွယ်မလိုက်အောင် ရောဂါခံစားနေရတဲ့
ရောဂါသည် ညီငယ် ညီမ ငယ်လေးတွေကို
မင်းရဲ့ နွေးထွေးတဲ့ လက်အစုံနဲ့  ထွေးပိုက်ပေးပြီး
အဆုံးမရှိတဲ့ စိတ်အားအင်တွေကို မွေးဖွားပေးလိုက်ပါ
အမေပျောက်သွားလို့ ငိုနေတဲ့ကလေးငယ်တစ်ယောက်ကို
အမေပြန်လာတဲ့အထိ နွေးထွေးစွာနဲ့ အားပေးစကားပြောပြီး
ပွေ့ ဖက်ကာ စောင့်ဆိုင်းပေးပါ
အလုပ်ကြမ်းတွေလုပ်နေရတဲ့ အဖိုးအိုတစ်ယောက်ကို
ရေအေးလေး တစ်ခွက်လောက်တိုက်ပြီး
အမောပြေ စကားလေးတွေပြောကာ
သူ့ ရဲ့ လက်တွေကို မင်းရဲ့ နွေးထွေးတဲ့
လက်အစုံနဲ့ ထွေးပိုက်ပေးပါ
မင်းရဲ့ ချစ်သူ ၊ သူငယ်ချင်း စိတ်ဓာတ်ကျတဲ့အခါ
ဝမ်းနည်းနေချိန်အခါမှာလည်း
မင်းပာာ သူတို့ ရဲ့ ကျောမှီခိုရာ ၊ အားပေးစကားပိုင်ရှင်
နွေးထွေးသော လက်ပိုင်ရှင် တစ်ယောက်ဖြစ်ပါစေ
မင်းရှေ့ မှာ လူတစ်ယောက်ငိုနေတာတွေ့ ရင်
ထိုင်မနေဘဲ အကျိုးကြောင်းမေးပြီး
စိတ်သက်သာစေတဲ့ စကားလေးတွေပြောပေးပါ
လိုအပ်ရင် မင်းရင်ခွင်ကို သူခိုလှုံစရာအဖြစ် အသုံးချပေးပါ
ငါတို့ အားလုံးမှာ
ထာဝရပိုင်တာဆိုလို့ ချစ်ချင်းမေတ္တာ တစ်ခုဆိုတာပဲရှိပါတယ်
ဒါလေးတစ်ခုကိုပဲ လူသားအားလုံးအတွက်
မင်းတတ်နိုင်သမျှ ပေးစွမ်းလိုက်ပါ
မင်းမှာ လူသားတွေကို စာနာတဲ့ စိတ်ဓာတ်ရှိရင်
ဒါလေး တစ်ခုလောက်တော့ လုပ်ပေးလိုက်ပါ
ငွေတွေ ၊ စိန် ၊ ရွှေရတနာတွေ မလိုပါဘူး
အဲ့ဒါတွေက တကယ်တော့ဘာမှ မပာုတ်ပါဘူး
လောကကြီးမှာ လူသားအားလုံးလိုအပ်နေတဲ့
မင်းရဲ့ နှလုံးသားထဲမှာရှိတဲ့
ချစ်ခြင်းမေတ္တာဆိုတာပါပဲ
လူသားတစ်ယောက်ပီသစွာနဲ့ 
လူမျိုးမရွေး ၊ ဘာသာမရွေး မခွဲခြားစွာနဲ့ 
မင်းရဲ့ နှလုံးသားထဲက မဆုံးနိုင်တဲ့
ချစ်ခြင်းမေတ္တာတွေကို ပေးလိုက်ပါ
ဒီလိုဆိုရင်.....
မင်းဆီကို မဆုံးနိုင်တဲ့ ဘယ်အရာနဲ့ မှမလဲနိုင်တဲ့
ချစ်ခြင်းမေတ္တာတွေပာာ မင်းဆီကို ပြန်လည် လာပါ့လိမ့်မယ်
တစ်ခါတစ်လေ....မင်းသူတို့ အတွက် မစွမ်းဆောင်ပေးနိုင်တဲ့အခါ
ဆုတောင်းပေးနေရုံနဲ့ မရပါဘူး
လူတွေအများ ချစ်ခြင်းမေတ္တာအကြောင်းနားလည်လာအောင်
လက်ဆင့်ကမ်းပြီး ပြောကြားပေးပါ
ငါတို့ လူသားတွေ အားလုံး
ချစ်ခြင်းမေတ္တာတရားကို လက်ကိုင်ထားပြီး
ငါတို့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေးတွေ
ပျော်ရွှင်စရာတွေ ၊ တရားမျှတမှုတွေ နဲ့ ကြင်နာမှုတွေ
ပြည့်နှက်နေအောင် ဖန်တီးတည်ဆောက်ကြမယ်လေ...
ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်စုံနေတဲ့ကမ္ဘာကြီးကိုပေါ့လေ......။ ။
ကျွန်တော်ဧ။်စာကို ဖတ်ပြီးတိုင်း စာဖတ်သူမိတ်ဆွေတစ်ခုခု ရမည်ပာု မျှော်လင့်လျက် ။
(၀ိဝိ_ရွှေမြို့ တော်)
0 comments:
Post a Comment