သက်ထားကိုစိတ်ပူပြီး လျှောက်လှမ်းလာသောဒေါ်ပုမ၏ခြေလှမ်းတွေက လေယာဉ်ပျံအလားထင်မှတ်ရသည် သက်ထားဘာတွေများဖြစ်နေမလဲ ဘာတွေကုန်ပြီလဲလို့ စိုးရိမ်းစိတ်ဖြင့် အပြေးလာခဲ့ပြီး ဒေါ်ပုမအရောက်တွင်တော့
ဘုရားဘုရား တစ်ယောက်ထဲလွယ်လွယ်ကူကူနဲ့ မွေးလိုက်တာ သက်ထားရယ် ညည်းကံကောင်းတာ
ဒေါ်ပုမ ငါ့ကလေးလေးကိုကြည့်စမ်း ချစ်စရာလေးနော် သွေတွေပေနေတဲ့ ကလေးကို စိတ်မမှန်တဲ့ သက်ထားကပြပေးနေသည်
ဟယ် ချစ်စရာလေးအေ ပေးပေးကလေး ငါ့ကိုပေး
မပေးပါဘူးငါ့ကလေး
သက်ထားနဲ့တော့ခတ်တော့တာပါပဲ ဒေါ်ပုမစကားနားမထောင်ရင် ရိုက်မှာနော် ထမင်းလဲမကျွေးပဲနေလိုက်မှာ
မကျွေးလဲနေပေါ့ မစားဘူး နင်ကငါ့ကလေးကိုယူသွားရင် ဘယ်လိုလုပ်မလဲ
မပေးရင်လဲနေ ကဲလာ သက်ထားအိမ်ကိုသွားရအောင် ဒါနဲ့ လမ်းကောလျှောက်နိုင်ရဲ့လား
သူနဲ့အတူ ကစားဖော်ကစားဘက်ဖြစ်တဲ့ ရွာထဲကကလေးတွေက အခုလိုအချိန်မှာတော့ သက်ထားကို စိုးရိမ်တက်ကြသည် ရွာထဲကကလေးတွေက အခုလိုအချိန်မှာတော့ သက်ထားအတွက်တော့အားကိုစရာတစ်ခုလဲဖြစ်လောက်ပါသည် ကလေးတွေကို ခေါ်ခိုင်းလိုက်တဲ့ ဒေါ်ဂွတ်ထော်မှာတော့ ရွာသူရွာသားများနှင့်အတူ သက်ထားရှိရာသို့ ရောက်လာကြသည်
မွေးပြီးသွားပြီလား ဒေါ်ပုမ
အေး ငါရောက်လာတော့ သူကလေးကိုကောက်ချီထားတာတွေ့တယ် ငါလဲစိုရိမ်းစိတ်နဲ့ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိပါဘူးအေ
မသေကောင်းမပျောက်ကောင်း ကလေးကိုတစ်ယောက်ထဲမွေးရတာလွယ်ကူလိုက်တာတော်
အေးဟယ် သက်ထားရယ် နင်ကံကောင်းတယ်
ဘာလေးမွေးတာလဲ မှန်းစမ်းကြည့်ရအောင် သက်ထားရေ ဒေါ်ဂွက်ထော်တို့ကိုကလေးလေးပြပေးအုံးနော်
ဒီမှာကြည့် ငါ့ကလေးလေးက ချစ်စရာလေးနော်
ဟယ် ယောက်ျားလေးတော့ ချစ်စရာလေးအေ တတုတ်ကြီး
မွေးခါစ ကလေးကိုပွေ့ချီးထားသော အရူးမသက်ထားအားတွဲပြီး သူနေထိုင်တဲ့နေရာလေးဖြစ်တဲ့ ကုက္ကိုပင်အောက်တဲလေးရှိရာသို့ ရွာသူရွာသားများက ဝိုင်းကူတွဲလျှက်ခေါ်သွားကြသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကလေးကို ရေချိုးပေးပြီး ခန္တာကိုယ် တွင်သွေးများနဲ့ပေကျန်နေသော သက်ထားကိုလဲ ဒေါ်ပုမ လက်သည်ဒေါ်ဂွတ်ထော်တို့ကပဲ သန့်စင်အောင်ပြုလုပ်ပေးကြသည် လူအများကလဲ သက်ထားတစ်ယောက်ထဲမီးဖွားနိုင်တာကိုလဲ အံသြနေကြသည်
ဒေါ်ဂွတ်ထော် ကျွန်မတို့ သက်ထားရဲ့ သားလေးကို ဘာနာမည်ပေးရင်ကောင်းမလဲဟင် ဟဲ့ကောင်မတွေရယ် ညည်းတို့လဲ ဝိုင်းပြီးနာမည်လှလှလေးရွေးပေးကြအုံးလေဟယ် သက်ထားကလေးကိုပဲ ထိုင်မကြည့်နေကြနဲ့အုံး
အေး ဒါလဲဟုတ်တာပဲ သက်ထား နင့်သားလေးကိုဘာနာမည်ပေးမှာလဲ
ငါ့သားနာမည်လား အင်း အူဝဲအူဝဲအူဝဲ ကလေးငိုသံကိုကြားမိလိုက်သော သက်ထားသည် အင်းဟုတ်ပြီ အူဝဲအေးဟုတ်ပြီအူဝဲလို့ပေးမယ်
အေး ကောင်းတယ် သက်ထားရယ် နင်ကလဲလေ နင့်သားကိုနာမည်လှလှလေးပေးတက်သားပဲနော်
ဟီးဟီး သူကခဏခဏ အူဝဲလို့ ငိုငိုနေတော့ ငါလဲ သူ့ကို အူဝဲလို့ပဲပေးတာပေါ့ နင့်တို့အပူဘာပါလဲ ငါ့သားကို ငါနာမည်ပေးတာ
ဟုတ်ပါပြီ သက်ထားရယ် ကက်ကက်လန်အောင်ကိုရန်တွေ့နေတော့တာပါပဲ
ဟဲကောင်မတွေရယ် သွားကြသွားကြ နင့်တို့ ငါ့အိမ်မှာမနေကြနဲ့တော့ နင်တို့မသွားရင် ငါခဲ(ဂဲ)နဲ့ လိုက်ပြစ်မှာနော် သွားကြပြန်ကြတော့ ငါ့သားလေးနဲ့ ငါနဲ့တူတူအိပ်တော့မယ်
စိတ်မမှန် အရူးတစ်ယောက်ဖြစ်နေပေမဲ့ သူ့သားလေးအား လုယူသွားမှာကို စိုးရိမ်နေသည် သူ့ကလေးအား မည်သူ့ကိုမှ ပေးချီခြင်းမပြု သွားလေရာ နေရာတိုင်းသို့ သူမကလေးအား သူမနှင့်ထပ်ချက်မခွာခေါ်သွားလေ့ရှိသည်

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အူဝဲ အူဝဲ အူဝဲ
အမေ့သားလေး နို့ဆာနေပြီလား အမလေး သားလေးရယ် မငိုပါနဲ့ကွယ် မေမေနို့တိုက်မှာပေါ့ သက်ထားသည် သူမကလေးအား ရင်ခွင်လေးထဲထည့်ပြီး အငိုတိတ်အောင် နို့ချိုတိုက်ကြွေးလေသည် ဟိုတုန်းက တော့ သူတစ်ယောက်ထဲပေါ့ အခုဆိုရင်တော့ သူရဲ့ သားလေနဲ့သူနဲ့နှစ်ယောက်ဖြစ်လာကြပြီ သက်ထားဘဝမှာတော့ သက်ထားရဲ့ သားလေးဟာ သက်ထားရဲ့ ကမ္ဘာတစ်ခုပါ စိတ်မမှန်အရူးတစ်ယောက်ဖြစ်နေပေမဲ့ သားတစ်ယောက်ကိုတော့ မိခင်တစ်ယောက်လို ချစ်ခင်ကြင်နာယုယတက်ပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၅လခန့်ကြာပြီးသောအခါ)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒီရွာလေးကို ရောက်ရောက်ခြင်း ဆရာတော်ဘုရားကို အရင်လာပြီးဦးခိုက်တာပါဘုရား
သာဓုသာဓု သာဓုပါကွယ်
ဆရာတော်ဘုရားကော ကျမ်းမာရေးတွေကောင်းတယ်ပဲလား
ကောင်းပါတယ် ဒကာကြီနဲ့ဒကာမကြီးရယ်
တင်ပါ့ဘုရား တပည့်တော်နဲ့တပည့်တော်မတို့လဲ မြို့မှာအခြေချဖို့ ၇ွာကနေပြောင်းသွားလိုက်ကြတာ ရွာကိုမရောက်တာတောင် လေးငါးခြောက်နှစ်ရှိတော့မယ်
အေးကွယ် မြို့မှာအခြေချတာ နှစ်နဲ့ကြာနေပြီလို့ဆိုပေမဲ့ ဘုန်းဘုန်းကတော့မနေ့တနေ့ကပဲလို့ထင်လိုက်မိတယ် လူဆိုတော့လဲ လူ့ဘဝမှာဒီလိုပဲကျင်လည်ကျက်စားရတာပေါ့ကွယ် ဒါနဲ့ ဒကာနဲ့ဒကာမကြီးတို့ကော မြို့မှာ အစဉ်ပြေကြတယ်ပဲလား
ပြေပါတယ်ဘုရား ဘုန်းဘုန်းဘုရား ဒါကတော့ တပည့်တော်နဲ့တပည့်တော်မတို့ရဲ့ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒန်းတဲ့ဝတ္ထုငွေလေးပါဘုရား ကျောင်းမှာလဲ လိုတာလေးတွေ သုံးလို့ရတာပေါ့ဘုရား
အေးကွယ် သာဓုသာဓုသာဓု ယုခုလိုလှူဒန်းရသောအကြိုးအားကြောင့် စိတ်၏ချမ်းသာခြင်း ကို၏ကျမ်းမာခြင်း သွားလေရာအန္တရာယ်ကင်းလို့ ရန်စွယ်များလဲ ကင်းရှင်းကြပါစေကွယ်
ဘုန်းဘုန်းဘုရားပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား
ကပ္ပိယကြီး ဟေး ကပ္ပိယကြီးရဲ့ ကျောင်းမှာရှိလားကွဲ့
တင်ပါ့ ရှိပါတယ်ဘုရားဘာများမိန့်တော်မူပါ့မလဲဘုရား
ဘာမှတော့မရှိပါဘူးကွယ် ဒီက ဒကာနဲ့ဒကာမကြီးလှူဒန်းတဲ့ဝတ္ထုငွေလေးကို ကျောင်းဝေယာဝိတ္ဇနေရလေးမှာသုံးဖို့ သိမ်းထားလိုက်ပါကွယ်
တင်ပါ့ဘုရားဘုန်းဘုန်းဘုရားတပည့်တော် တို့လဲ ရွာလေးကိုရောက်တုန်းရောက်ခိုက် ရွာထဲရှောက်လည်လိုက်အုံးမယ်ဘုရား တပည့်တော်တို့ကိုခွင့်ပြုပါအုံးဘုရား
အေးကွယ်အေးအေးရွာမှာဆို ပညာလေးကလဲတက် စီးပွားရေးအရဆိုရင်လဲ လယ် ကိုင်းကျွန်း အစရှိတဲ့အရာများကိုလုပ်ကိုင်ပြီး ငွေကြေးချမ်းသာလာတာနဲ့အမျှ မြို့မှာအခြေချမယ်ဟုဆိုကာမြို့ကိုကိုပြောင်းသွား
ကြတဲ့ ကိုထွန်းခိုင် မတင်ငွေတို့ကတော့ အေးချမ်းပြီးသာယာလှတဲ့ အေးမြသာစည်ဆိုတဲ့ ရွာလေးကိုတော့ အလည်တစ်ခေါက်အရောက်လာတာနဲ့ ဆရာတော်ဘုရားကိုဦးခိုက်ပြီး ရွာထဲက အသိမိတ်ဆွေများအိမ်သို့ အလည်အပတ် သွားခဲ့ကြသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဗျို့ ဦးစိန်ဘနဲ့ ဒေါ်ပုမတို့ရေ အိမ်ထဲမှာကောရှိကြတယ်ပဲလားဗျ
အိမ်ရှေ့မှ ခေါ်သံတစ်ခုကြောင့် အိမ်ထဲမှာရှိနေသော ဒေါ်ပုမကတော့
အေး ဘယ်သူများလဲကွယ် မင်းတို့ဦးလေးကိုစိန်ဘကတော့ နောက်ဘက်ရွာခဏသွားတယ်ကွဲ့
လုပ်ပြီ ဒေါ်ပုမတို့ကတော့ မမှတ်မိဘူးနဲ့တူတယ် ကျွန်တော်ထွန်းခိုင် ဒီကကျွန်တော်မိန်းမ တင်ငွေလေဗျာ
ဟယ် ထွန်းခိုင်နဲ့တင်ငွေ တကယ်အေ ငါလုံးဝကိုမမှတ်မိတာအမှန်ပါ ကဲလာလာထိုင်ကြထိုင်ကြ
ဘယ်လိုလဲ နေကောင်းတယ်ပဲလား ဗျ
ကောင်းပါတယ် ငါ့တူရယ် နင်တို့လဲလေ နေနေနိုင်လိုက်ကြတာ မြို့ကိုပြောင်းသွားပြီး ကတည်းက ပေါ်ကိုမလာကြတော့ဘူး အခုမှပဲမြင်ရတော့တယ်
ဟုတ်တယ် ဒေါ်ပုမရဲ့ လုပ်ငန်းလေးတွေကလဲ များနေတော့ ဒီလိုပဲလုံးလည်ချာလည်လိုက်နေတာပါပဲ အဲ့ကြောင့်ဘယ်မှမသွားဖြစ်တာ ရွာကလူတွေကိုသတိရပါတယ်
အေးပါကွယ် ဒါနဲ့ စီးပွားရေးတွေကော အစဉ်ပြေတယ်ပဲလား
ဟုတ်ကဲ့ပြေပါတယ်
အေးကွယ်ကြားရတာဝမ်းသာပါတယ်
ဒါနဲ့ ဒေါ်ပုမရေ မြင့်ဝေတို့လင်မယားကော အစဉ်ပြေကြတယ်ပဲလား ဒီကောင်ကျုပ်ရွာကိုမလာတာကြာလို့ ရွာကိုစိမ်းကားနေပြီလို့များနေထင်ပြီးလားမသိပါဘူးဗျာ
မင်းမေးလို့ မြင့်ဝေကိုတောင်သတိရလာသလိုပါပဲကွယ် မြင့်ဝေတို့လင်မယားအကြောင်းမင်းတို့မှမသိသေးပဲကိုသူတို့
လင်မယားအကြောင်းကတော့ဒီလိုကွဲ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သက်ထားရဲ့ အမေကတော့ ငှက်ဖျားမိပြီးဆုံးသွားတယ်ကွဲ့
အော်အော် အဒေါ်ကြီးကြည်လဲ သနားပါတယ်
ဒေါ်ကြည်ဆုံးပြီးမကြာပါဘူး သူတို့လုပ်နေတဲ့ လယ်လေးက စပါးကလဲမထွက် ပိုးကလဲထိဆိုတော့ သူတို့လက်ထဲမှာငွေကမရှိကြဘူး
အော် ဖြစ်မှာဖြစ်ရလေဗျာ
အဲ့ဒါ ဟိုဘက်ရွာကအကြွေးရှင်ကအကြွေးမပေးနိုင်လို့ဆိုပြီး သူတို့လုပ်ကိုင်နေတဲ့လယ်လေးကို အကြွေးရှင်ကသိမ်းလိုက်ကြတယ် ငါထင်တာတော့ အတိုးပေါ်အတိုးတက်ပေါ့ကွယ်အိမ်ကိုတောင်မှသိမ်းမယ်လုပ်သေးတာ သက်ထားကကျန်တဲ့ငွေတွေကိုနောက်မိုးကြရင်ပြန်ဆပ်ပါ့မယ်ပြောလို့ မသိမ်းပဲ ပေးနေထားတာ
အဲ့ဒါနဲ့ဘာတွေဖြစ်ကြသေးတုန်း ဆတ်ပြောပါအုံးဗျာ
အဲ့ဒါနဲ့ မောင်မြင့်ဝေမှာလဲ လုပ်သုတ်လုပ်ရင်းအလုပ်မရှိတော့ သူများလယ်တွေမှာပဲ နေ့စားနဲ့အလုပ်လုပ် ပေါ့ကွယ် တစ်နေ့လယ်ထဲဆင်းတော့ ပိုးထိပြီးဆုံးသွားတယ်
ဖြစ်မှဖြစ်ရလေ အခုသက်ထားကရော ဘယ်လိုနေနေလဲ
လင်ပိုးထိတာကိုသွားကြည့်နေတုန်း အိမ်မှာထွန်းထားတဲ့ မီးက အိမ်ကိုလောင် အမေကသေတာမကြာသေ လင်ကလဲသေ အိမ်ကလဲ မီးလောင် ဆိုတော့ သူခမျာ စိတ်တွေဖောက်ဖြားပြီး အခု အရူးမတစ်ယောက် အရူးတစ်ယောက်ပေါ့ကွယ် ကျန်တဲ့အိမ်ယာကွပ်လေးကိုတော့ အကြွေးရှင်ကသိမ်းသွားတယ်
ဗျာ အဲ့လိုတွေဖြစ်ကုန်ကြတာလား
အေး မောင်မြင့်ဝေမဆုံးခင်က သက်ထားမှာကကိုဝန်၅လနဲ့လေ အခု ကလေးတောင်မွေးပြီးပြီ ရွာထိပ်က ကုက္ကိုပင်အောက်မှာနေတယ်လေ
ကျွန်တော်တို့လင်မယား ရွာထဲကိုကားနဲ့ဝင်လာတုန်းက တဲလေးတွေ့တယ် အဲ့တဲလေးက သက်ထားနေတာလား
အေး ကွဲ့ မီးဖွားပြီးတာကတော့ ၅လလောက်တော့ရှိတော့မယ် ရွာသူရွာသားတွေနဲ့ အတူ ဒေါ်ပုမတို့ကပဲ ကြည့်ရှူ့ပေးထားရတာပေါ့ ဒါနဲ့ မင်းတို့ကော ကလေးတွေမရကြသေးဘူးလား
မရတော့ပါဘူး ဒေါ်ပုမရယ် မြို့ကပါရကူတွေလဲ စုံနေပါပြီ
ဒေါ်ပုမရေ ဒေါ်ပုမ ဟဲ့ကောင်မ ဟဲ့ကောင်မရဲ့
အမလေး သက်ထား ဘယ်လိုဖြစ်လာရတာလဲ ရေးကြီးသုတ်ပြာနဲ့
ဒေါ်ပုမ ဒေါ်ပုမ ငါ့သားလေး ငါ့ကလေးလေ နို့တိုက်တာ နို့တိုက်လို့မရတော့ဘူး ဘာဖြစ်တာလဲဟယ် ငါ့သားလေးကိုကြည့်ပေးပါအုံး
အန် ပြစမ်းပေးစမ်းကလေး အမလေး ကိုတွေကျွတ်ကျွတ်တောက်ပူနေတာပါလား သက်ထား နင်ကလေးကို ဘာတွေကြွေးပြီးဘာတွေလုပ်ထားတာလဲ
ငါလား ငါဘာမှမကြွေးပါဘူးဟာ မနေ့က မိုးရွာတုန်း ငါ့သားလေးနဲ့အတူမိုးရေခံချိုးကြတာဟ ကျန်တာငါဘာမှ မလုပ်ပါဘူးဟယ် နင်ရိုက်မှာကြောက့်လို့ပါ
နင်တော့လေ ကလေးကိုမိုးရွာထဲနေပူထဲမခေါ်သွားပါနဲ့ခေါ်မထုတ်ပါနဲ့လို့အတန်တန်မှာထားတာတောင်မှ လုပ်ဖြစ်အောင်လုပ်တယ်
ငါကငါ့ကလေးကိုဒေါ်မသွားရင် သူများတွေခိုးသွားမှာပေါ့ဟ ငါကငါ့သားလေးကိုချစ်တာကို
ကဲပါဒေါ်ပုမရယ် ပြောမနေပါနဲ့ ကလေးကိုရွာဆေးခန်းပြဘို့ပဲ ကြရအောင်
သူမကလေးကို ခိုးသွားမှာကိုစိုးရိမ်းပြီးသွားလေရာကိုခေါ်သွားတယ် သက်ထားကတော့ ရူးသာရူးတယ် သူ့ကလေးကို ရင်နဲ့အမျှချစ်ရှာတဲ့ အရူးမိခင်တစ်ယောက်ပါ။။။
ဝေဖန်အကြံပေးမှူများအားအစဉ်ကြိုဆိုထားပါသည် ကြိုးစားပါအုံးမည်
(ရဲရင့်ရထာ) ရွှေမြို့တော်
0 comments:
Post a Comment