ဆရာဝန် တွေက အလုပ်များ တဲ့အ တွက် လူနာ တိုင်းကို လိုက်ပြီး မရှင်းပြ နိုင်တာ ကြောင့် သူတို့ပြောလိုတဲ့ အချက် တိုင်း သင့်ကို ပြောပြဖို့ အားချင်မှအား ပါလိမ့်မယ်။ လေ့ကျင့်ခန်းကို မှန်မှန်လုပ် ပါ၊ အစားအသောက်ဆင်ခြင်စားပါ၊ ဆေး လိပ်မသောက်ပါနဲ့၊ အရက်ကို တတ်နိုင် သမျှ လျှော့သောက်ပါ စတဲ့ စကားတွေ ကတော့ မပြောလည်း သင်သိပြီးသား ဖြစ်မှာပါ။ ဒီအချက်တွေနဲ့ ပတ်သက်ပြီး လူနာတိုင်းကို အသေးစိတ်သိစေလိုတဲ့ အချက်တွေကို ဆရာဝန်တွေရဲ့ ကိုယ်စား ဗာဂျီးနီးယားဆေးတက္ကသိုလ်မှ ဂျော့ဂ်ျက အခုလို ရှင်းပြပါတယ်။
၁) ဆေးလိပ်အကြောင်း
ဆေးလိပ်သောက်တာက ကျန်းမာ ရေးအတွက် မကောင်းဘူးဆိုတာက ရှင်း ပါတယ်။ အသေးစိတ်ကျတဲ့အချက်တစ် ခုကို ပြောပြချင်ပါတယ်။ စီးကရက် သောက်တာကို ဖြတ်လိုက်ရင် တစ်နှစ်အ ကြာမှာ နှလုံးရောဂါထနိုင်ခြေ ၅၀ရာခိုင်နှုန်း လျော့ကျမှုရှိတယ်ဆိုတဲ့ အချက်ပါ။
၂) လေ့ကျင့်ခန်းအကြောင်း
လေ့ကျင့်ခန်းလုပ်တာက သင့်သက် တမ်းကို ပိုရှည်အောင် ပံ့ပိုးပေးနိုင်တယ် လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒါပေမဲ့ လူတိုင်းမှာ ခန္ဓာကိုယ်ပေါ်မူတည်ပြီးလုပ် နိုင်တဲ့ အတိုင်းအတာနဲ့ ဝါသနာပါတဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေက မတူကြ ပါဘူး။ သက်ရှည်ကျန်းမာဖို့ လူတိုင်း တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်လောက် တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ အလေးမယ မယ်ဆိုရင်လည်း အလေးတုံး ကို အသက်ရှူနိုင်လောက်တဲ့ အတိုင်းအ တာအတွင်းသာ မသင့်ပါတယ်။
၃) နှလုံးရောဂါကုဆေးဝါးများ အ ကြောင်း
နှလုံးရောဂါကုဆေးဝါးတွေကို မှန် မှန်သောက်နေရတဲ့ လူနာတွေအနေနဲ့ တစ်ရက်လောက် ဆေးသောက်ဖို့မေ့သွား ရင်တောင် သွေးဖိအား ဆောင့်တက်တာ လို ပြင်းထန်တဲ့ ပြဿနာတွေကို ဖြစ်စေ နိုင်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြော ဆိုင်ရာ ရောဂါတွေကို ကုသနေသူတွေ အနေနဲ့ ဆေးသောက်ဖို့ မမေ့သင့်ပါဘူး။
၎) ပန်းသေပန်းညှိုးရောဂါ
ပန်းသေပန်းညှိုးရောဂါဟာ နှလုံး သွေးကြောဆိုင်ရာရောဂါကို သတိပေး ညွှန်ပြတဲ့အရာပါ။ သွေးကြောချင်း ဆက် နွှယ်မှုရှိနေလို့ပါ။ သွေးတိုးရောဂါ ကုသဆေး တချို့ကလည်း ပန်းသေပန်းညှိုးရောဂါကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသား တွေအနေနဲ့ နှလုံးရောဂါ ကုသမှုခံယူစဉ်မှာ ပန်းသေပန်းညှိုး ရောဂါမဖြစ်အောင် ကာ ကွယ်ရမယ့် နည်းလမ်းတွေကို လေ့လာ ထားသင့်ပါတယ်။
၅) အမျိုးသားဖြစ်ခြင်း၏ အသေးစား ကံမကောင်းမှု
သင်က အမျိုးသားဖြစ်ပြီး အခုအ ချိန်မှာ ငယ်ရွယ်ကာ ကြံ့ခိုင်တယ်ဆိုပေ မယ့် ဆေးလိပ်သောက်တယ်ဆိုရင် သင့် အသက် ၆၀လောက်မှာ ဘာလက္ခဏာမှ မပြဘဲသွေးကြောဖောင်းတာ ဗညနကမငပျာ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် အမျိုး သားတွေအနေ နဲ့ တစ်နှစ်မှာ တစ်ကြိမ် နဃွ ရိုက်ပြီး စစ်ဆေးသင့်ပါတယ်။
၆) သွေးတိုးခြင်း အကြောင်း
သွေးတိုးနေပြီဆိုရင် သွေးတိုးရော ဂါကုသဖို့ ဆရာဝန်တွေက သတိပေးလေ့ ရှိပါတယ်။ ပုံမှန်သွေးဖိအား(၁၁၉/၇၉ွာံ နဲ့အောက်) ထက် မြင့်တက် သွားရင် ၁၁ဦးအနက် တစ်ဦးမှာ နှလုံး ရောဂါထနိုင်ခြေ ဒါမှမဟုတ် လေဖြတ် နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သွေးတိုး ကုသနေသူတွေက သွေးတိုးကျဆေးအပြင် သွေးတိုးကျစေမယ့် အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေကိုလည်း လိုက်နာရပါ မယ်။
၇) စိတ်တည်ငြိမ်အေးချမ်းခြင်း၏ အ ရေးပါမှု
နာတာရှည်စိတ်ဖိစီးမှုဟာ တကယ့် ကျန်းမာရေးပြဿနာပါ။ ဒါကြောင့် စိတ် ဖိစီးမှုဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေပြီး အဖြေရှာရ ပါမယ်။ စိတ်ဖိစီးမှုလျှော့ချတာက အစား အသောက်နဲ့ လေ့ကျင့်ခန်းတို့ကို အလေး ထားသလိုပဲ နှလုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။
ကြယ်စင်
Ref: Good Health
Source: http://yoyarlay.com/health/health/article/22910-2012-02-16-07-39-13
0 comments:
Post a Comment