အမွေပေးသူနှင့် အမွေဆက်ခံသူကြားတွင် မည်သည့်အချက် အဓိကအကျဆုံး ဖြစ်သနည်း ....
ဆရာ ဦးအောင်သင်း ၏ အဖြေ .....
အမွေပေးသူ နှင့် အမွေဆက်ခံသူ...
ဘယ်အမွေတုံး ၊ မိဘ အမွေလား။ ခုပြောတဲ့ အမွေက ဆိုပါတော့ ။ ဒီမှာ ကျွန်တော်က အမွေ ဆိုတဲ့ ဥစ္စာက
အင်္လကာစကားလေး သုံးလိုက်တာ ။ သူက လည်း အင်္လကာပဲ ပြန်သုံးလိုက်တာလား မသိဘူးပေါ့။ အမွေဆိုလို့
အဖေသေလို့ရ .. အမေသေလို့ရထိုက်တဲ့ အမွေမျိုး။ အဲဒါမျိုး ပစ္စည်း ပစ္စယ ၊ အိုးအိမ် ၊ စတာမျိုးကို ပြောတော။
အခုအမွေ ပေးသူနဲ့ အမွေဆက်ခံသူဆိုတာ အမွေဆက်ခံသူ နဲ့ အမွေပေးသူက အနုပညာအမွေဆိုတာ လောက
ဘ၀ အသိ၊ ဘ၀အမြင်ဆိုတဲ့ အမွေပဲ။ အခု ကျွန်တော်ပြောနေတဲ့ ဥစ္စာက အဲဒီအမွေကတော့ ပေးတယ်ဆိုပေမယ့်
မယူရင် မရဘူး။ မင်းယူမှ ရတယ်။ မယူရင် မရဘူး ။ ဒီမယ် " အမေ ဘယ်လောက်သိပ်သိပ် ငါအိပ်မှ ပျော်တယ် "
ဆိုတဲ့ စကားရှိတယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဒီထဲမှာ ရှိတယ်၊ လူတွေ အများကြီးရှိတယ်။ လူကြီးတွေ ထားပြီး
လူငယ်တွေ အတော်များများ ရှိတယ်။ ကြီးပွားချင်တယ်၊ တိုးတက်ချင်တယ်။
အခု ကျွန်တော်ပြောနေတာကို လာနားထောင်နေတယ်။ နားထောင်နေတဲ့ အထဲမှာ အဲဒီဥစ္စာတွေကို မှတ်မှတ်
သားသား ယူသွားတတ်မှ ။ အဲဒီ ဥစ္စာကို ဒီလို လုပ်မယ်ဆိုတဲ့ စိတ်မျိုး ဘယ်လောက် ပေါ်မယ် ထင်သလဲ ။
အဲဒီစိတ်မျိုး အကုန်လုံးဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ဘူး ။ ကျွန်တော်က အဲဒါဆို မိုက်ရာကျမှာပေါ့ ။
ကျွန်တော် အ တာပေါ့ ။ ကျွန်တော် အဆင်ခြင်နည်းသလို ဖြစ်သွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအားလုံး
လေးလေး နက်နက်လောကကြီးမှာ ဖြစ်နေရင် အကုန်လုံး ကြီးပွားနေမှာပေါ့ ၊ မကြီးပွားတဲ့လူ မရှိဘူး ၊ ရှာနေရ
မှာပေါ့ ။ လောကကြီး တစ်ခုလုံးမှာ ကျွန်တော် ပြောမယ်၊ ဘာနဲ့ တူသလဲဆိုတော့ နံနွင်းမကင်းလို ပုံစံ ။
ဟိုဘက်ထိပ်ဆုံး အပေါ်ဘက်မှာ အများကြီး ရှိလို့ မရဘူးနော် ။ ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ၊
ကြားထဲမှာသာများတာ ။ ဟို အောက်ဆုံးမှာလည်း တစ်ယောက်တည်းပဲ ရှိမယ် ၊ ဟို အောက်ဆုံးလူမှာလည်း
အဖော်မရှိဘူးနော်။ ထိပ်ဆုံးကလူလည်း အဖော် မရှိဘူးနော် ။ တစ်ယောက်တည်းပဲ ။ အထီးကျန် ။
ဗိုလ်ချုပ်အောင်ဆန်းပြောဘူးတယ်။ I feel Lonely လို့ ။
ကျွန်တော် စကားပြောဖို့ လူမရှိဘူး ။ ပြောဖူးသားပဲ။ တစ်ယောက်တည်း အထီးကျန်။ အဲဒါပြောရင် စကားတွေ
ဘေးရောက်ကုန်မှာ စိုးလို့ပါ ။ အဲတော့ ကျွန်တော်ပြောတာ ကြီးပွားချင်တယ်၊ ဒီထဲမှာ ခင်ဗျားတို့ အမွေခံမယ့်သူ
ထဲမှာ ဘယ်သူရမလဲဆိုတာ ကျုပ် ပြောလို့ရတာ မဟုတ်ဘူး ။ ယူတဲ့လူသာရမှာ ။ အတန်းထဲမှာ စာသင်တယ် ။
ကျွန်တော် အဆုံးအမတွေ ပြောတာပဲ။ တချို့က ဒီလိုပြောမှ ရတာပဲ ။ အတန်းတွေကြီးလာလည်း ပြောရတာပဲ။
အဲဒီလို ပြောတဲ့အထဲမှာ စကားလုံး တစ်လုံး တစ်လေ စွဲမှတ်သွားတဲ့လူ သိပ်များများ ရှိတာ မဟုတ်ဘူး ။
များများ ရှိတယ်လို့ မထင်နဲ့နော်၊ မယူလို့ရှိရင် မရဘူး ၊ ယူမှ ရတယ်။
အဲဒီတော့ အမွေပေးသူသည် တကယ်ဆိုတော့ အမွေပေးသူကိုယ်တိုင် ကျိုးကြောင်း ဆင်ခြင်ဥာဏ် နဲ့
ပြည့်စုံတဲ့ ဗဟုသုတများတဲ့သူကပေးရင် ပိုရတာပေါ့ ။ ကျွန်တော့ထက်ပိုပြီး ပညာကြီးသူကပေးရင် ပိုရတာပေါ့။
ဆိုပါတော့.. ကျွန်တော်က တစ်ထောင်ပေးနိုင်တယ်၊ သူက သုံးထောင် အမွေပေးနိုင်တယ်။
ဒီတော့ ပစ္စည်း ဥစ္စာ ဗဟုသုတ များများရှိလေ ကောင်းလေပါ။ ပြီးတော့ အမွေခဲတဲ့သူဟာ
တကယ်ကို လိမ္မာစွာ အမွေခံယူလေ ကောင်းလေပါလို့ ကျွန်တော် ပြောချင်တယ်။
ဆရာ ဦးအောင်သင်း
ဆရာ ဦးအောင်သင်းခင်ဗျား ..
စိတ်ဓာတ်သစ် တိုးပွားအောင် စိတ်ဓာတ်ကြံ့ခိုင်အောင် ပြုလို့ ရမလား ..
စာဖတ်ခြင်း တစ်ခုတည်းနဲ့ ပြည့်စုံနိုင်ပါ့မလား... မည်သို့ လုပ်ဆောင်ရမည်ကို ဖြေကြားပေးပါခင်ဗျား ....
ဆရာ ဦးအောင်သင်း ၏ အဖြေ .....
စိတ်ဓာတ်ကြံ့ခိုင်တာဟာ စာဖတ်ခြင်းနဲ့ လုံလောက်တာ မဟုတ်ဘူး။ စာဖတ်တာက စာဖတ်နေတာနဲ့ စိတ်ဓာတ်ကြီး
ကြံ့ခိုင်လာတာ မဟုတ်ဘူး။ စာဖတ်တာက စိတ်ဓာတ်အသိမြင့်အောင်လုပ်တာ။ မင်းတို့ How to swin ရေကူးနည်း
စာအုပ်ဖတ်ပြီးတော့ ရေထဲ ၀ုန်းကနဲ့ ခုန်ချတော့ ဘာဖြစ်မလဲ၊ လက်ပဲပေါ်လာမှာပေါ့။ လက်ကလေးပဲ ပေါ်လာမှာ။
ကယ်တော်မူပါပေါ့ ၊ ဟုတ်လား။ ပြောချင်တာက ရေကူးနည်း စာအုပ်ကိုဖတ် ပြီးတော့မှ ရေကူးလေ့ကျင့်ရတယ်၊
ဟုတ်လား ။ အလေးမနည်းကို ဖတ်ပြီးတော့ မှ အလေးမ လေ့ကျင့်ရတာ။ စာအုပ်ဖတ်ရုံနဲ့ ကြွက်သားကြီးက
ကောင်းလာတာ မဟုတ်ဘူး ။ စာဖတ်တာနဲ့ ဗလတောင့်လို့ရှိရင် ငါလည်း အဲဒါတွေဖတ်တာနဲ့ ဗလကြီးကို အယ်နေ
မှာပဲ ။ စာဖတ်ပြီးတောလဲ လေ့ကျင့်ရသေးတာ။ ဒီမှာ ကရာတေး ကျင့်နည်းတွေ ဘာတွေ ရှိသားပဲ ။ ဒါပေမယ့်
အဲဒီ ကာရာတေး ကျင့်နည်းတွေ ဖတ်ရုံနဲ့ ကာရာတေး တတ်သွားတာ မဟုတ်ဘူး။ စာဖတ်တော့မှ ကိုယ့်စိတ်ကိုယ်
ဘယ်လို့ ပြန်ကျင့်ရမယ် ဆိုတာ သိလာမှာပေါ့ ။ ကြံ့ခိုင်လာမှာပေါ့ ၊ အဲဒီစာအုပ်တွေက ဒီကြံ့ခိုင်တဲ့ နည်းလမ်းတွေ
ပေးလိမ့်မယ်။ အဲဒီအတိုင်း လိုက်နာပြီး ကြိုးစားကြည့်ပါလို့ ပြောချင်တယ်။
ဆရာ ဦးအောင်သင်း
0 comments:
Post a Comment