Sunday, June 3, 2012

အိုဘယ့် အမေ..........

ပူချွေးထွက်ပူအိုက်လှလည်း
ဈေးတောင်းခေါင်းရွက်
ရှာကြွေးခဲ့တဲ့အမေ...
မိုးရွာရေထဲ ရွံ့ညွန်စွဲလည်း
ကောက်စိုက်လိုက်ကာ
ရှာကြွေးခဲ့တဲ့ အမေ...
ဆောင်းနှင်းမြူကြ ချမ်းအေးလှလည်း
ထန်းမြစ် မုန့်ပေါင်း အော်ကာရောင်းလို့
ရှာကြွေးခဲ့တဲ့ အမေ...
အို အမေ...
ခုချိန်ခါဆို ဇရာကထောင်း
ပါးရေနားရေတွေတွဲကြလို့
အမေ့လက်ကလေးတွေတုန်နေပြီ
ထမင်းခွက်လေးကိုတောင်ကိုင်ပေးသူမရှိ
ကူရာကားမဲ့...
သို့ ပေမယ့် အမေ...
အားမာန်ကားမချ...
တရားမှန်လည်း မရနိုင်
သားတွေရဲ့ ရှေ့ရေးမျှော်ကာတွေးလို့
ရတက်မအေးရရှာ...
အို... ဘယ့် အမေ...
ခုချိန်ထိ မနားရသေးပါလား.....
(ရွှေမြို့တော်)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"