Monday, June 4, 2012

ဘ၀လက်တွဲဖော်ကိုတန်ဖိုးထားတတ်ပါစေ..




ကောင်လေး။ ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး။ ။ ဘာ ပြောတယ်....
ကောင်လေး ။ ။စိတ် မွန်းကြပ်လွန်းလို့ကွာ....
ကောင်မလေး။ ။ နင် စိတ်ဖိစီးမှု များလို့ ငါ့ကို လမ်းခွဲမယ်ပေါ့....
ကောင်လေး။ ။ ဟုတ်တယ်...နင့်ရဲ့ အရည်အချင်းက ငါ့ထက်ပိုတော်တော့ ငါနဲ့ မလိုက်ဖက်ဘူးလေ...
ကောင်မလေး။ ။ငါ ဂရုမစိုက်ဘူး...ငါနင့်ကို ချစ်တယ်...နင်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို ငါချစ်တယ်....
ကောင်လေး။ ။တကယ်ပြောတာလား...
ကောင်မလေး။ ။ အင်း.....
ကောင်လေး ။ ။ကျေးဇူးပဲ....

၃ နှစ်ကြာပြီးနောက်....

ကောင်လေး ။ ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး။ ။ပြောပြန်ပြီလား....
ကောင်လေး။ ။ငါ့မှာ အခု ပိုက်ဆံလဲ မရှိ၊ ကားလဲ မရှိ၊ အိမ်ခန်းလဲ မရှိဘူး...၊ နင့်ကို ပျော်အောင် ထားနိုင်မှာ မဟုတ်ဘူး....
ကောင်မလေး ။ ။ငါ ဂရုမစိုက်ဘူး....ငါ ချစ်တာ နင်....အဲဒီ ပစ္စည်းတွေ မဟုတ်ဘူး... ငါနင့်ကို ချစ်တယ်ဆိုတာ နင်နဲ့ ပတ်သက်သမျှကို ချစ်တာနဲ့ အတူတူပဲ....
ကောင်လေး။ ။ ငါလဲ နင့်ကို ချစ်တယ်...ငါတို့ လက်ထပ်ကြရအောင်....
ကောင်မလေး ။ ။ ငါ လက်ခံပါတယ်.....♥

၁၀ နှစ်ကြာပြီးနောက်....
ကောင်လေး ။ ။ ငါတို့ လမ်းခွဲကြရအောင်....
ကောင်မလေး။ ။ ဘာလို့လဲ....
ကောင်လေး။ ။ ငါတို့ မကြာခင် အသက်တွေ အိုမင်းတော့မယ်.. ငါအသက်ကြီးတဲ့ အခါ နင့်ကို မစောင့်ရှောက်နိုင်မှာ စိုးတယ်....
ကောင်မလေး ။ ။ငါ ဂရုမစိုက်ပါဘူး... တကယ်လို့ နင် ငါ့ကို မစောင့်ရှောက်နိုင်ရင်...ငါ နင့်ကို စောင့်ရှောက်မှာပေါ့... ငါ နင်နဲ့ ပတ်သက်သမျှကို ချစ်တယ်....အခုပဲ ဖြစ်ဖြစ် အနာဂတ်မှာ ပဲ ဖြစ်ဖြစ် ပြောင်းလဲ မှာ မဟုတ်ဘူး....
ကောင်လေး ။ ။ ကျေးဇူးပဲ မိန်းမရယ်....

အနှစ် ၂၀ ကြာပြီးနောက်....
အဘွားအို တစ်ဖြစ်လဲ ကောင်မလေးက ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ပြောတယ်..."စိတ်မကောင်းပါဘူး... ယောက်ျားရယ်... အစက ပြောတာ ငါနင့်ကို စောင့်ရှောက်မယ်လို့...ဒါပေမဲ့....အခုတော့ နင်က ငါ့ကို ပြုစုနေရပြီလေ..."
ကောင်လေး။ ။ ငတုံးလေး..... အရင်တုန်းက အမြဲတမ်း နင်ပြောတယ် မလား... ငါ ဘာပဲ ဖြစ်ဖြစ် နင် ဂရုမစိုက်ဘူးဆိုတာလေ... အခုငါက နင့်အစား ပြန်ပြောတော့မယ်.... ငါ နင် ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး.....။
ကောင်မလေး။ ။ ကျေးဇူးပဲ ယောက်ျားရယ်...
ကောင်လေး ။ ။ ငါနင့်ကို ချစ်တာ နင်နဲ့ ပတ်သက်သမျှကို ချစ်ခဲ့တာပါ.... ဒီစကားက နင့်စကားပါ....ဒါပေမဲ့ငါနင့်ကို ဒီစကားနဲ့ သက်သေခံပါရစေ.....
ကောင်မလေး ။ ။ငါနင့်ကို ချစ်တယ်....
ကောင်လေး။ ။ အင်း...ဒါပေမဲ့ ငါက နင့်ထက် ပိုချစ်တယ်လေ.....

ဒါကြောင့် ဘာပဲ ဖြစ်ဖြစ် အရေးမစိုက်ပါဘူးလို့ ဆိုလာတဲ့ ကိုယ့်နားက ဘ၀လက်တွဲဖော်ကို တန်ဖိုးထားတတ်ပါစေနော်.....

  ( မြန်မာသူငယ်ချင်းများ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"