အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ဝိပသနာတရား ရှုမည်
(သို့မဟုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀)မျိုးတို့ကို ရှုရင်း ပွားများ
လေ့ ရှိကြပါသည်။
အသုဘ(၁၀)မျိုးဆိုသည်ကား....
၁။ ဥဒ္ဓုမာတက အသုဘလေပြည့်နေသော အိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့် ရုပ်အ
လောင်းကောင်
၂။ ဝိနီလက အသုဘအသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ဝိပုဗ္ဗက အသုဘပြည်များယိုစီးကျနေသော စက်ဆုပ်ဖွယ် ရုပ်အလောင်းကောင်
၎။ ဝိစ္ဆိဒ္ဒက အသုဘထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅။ ဝိက္ခာယိတက အသုဘခွေး၊ တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်
အလောင်းကောင်
၆။ ဝိက္ခိတ္တက အသုဘကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေ
သော ရုပ်အလောင်းကောင်
၇။ ဟတဝိက္ခိတ္တက အသုဘကျီးခြေသဏ္ဍာန် လက်နက်များဖြင့် ထိုးသတ်ထားသဖြင့်
မရှုမလှဖြစ်နေသော ရုပ်အလောင်းကောင်
၈။ လောဟိတက အသုဘဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်း
ကောင်
၉။ ပုဋ္ဌုဝက အသုဘပိုးလောက်များ တဖွားဖွားတက်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘအရိုးစုသာရှိသော ရုပ်အလောင်းကောင်စသည်တို့ဖြစ်သည်။
ရှေးပဝေသဏီက ရဟန်းသံဃာများနှင့် တရားရှာမှီး ယောဂီသူတော်စင်ကြီးများသည်
လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့ သွားရောက်ကာ အသုဘဘာဝနာ ကမ္မဋ္ဌာန်း
စီးဖြန်းလေ့ ရှိကြသည်။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်း
ပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေများ၌ ရှိခဲ့ပေသည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀)စာအုပ်မှ)
0 comments:
Post a Comment