Sunday, July 29, 2012

(၁၃) ခေတ်ဟောင်းကာလတုန်းက မြန်မာ့ရုပ်ရှင်ရာဇဝင်မှာ ဝင်ငွေစံချိန်ချိုးခဲ့တာ ဘယ်ဇာတ်ကားလဲ



ခေတ်ဟောင်းကာလတုန်းက မြန်မာ့ရုပ်ရှင်ရာဇဝင်၌  ဝင်ငွေစံချိန်ချိုးခဲ့သော ဇာတ်ကား
မှာ “ဘဝသံသရာ” ဇာတ်ကား ဖြစ်၏။  ၎င်းဇာတ်ကားကို   မန္တလေးရုပ်ရှင်မှ ထုတ်လုပ်ခဲ့
ခြင်းဖြစ်ပြီး ဒါရိုက်တာမှာ  ဦးသုခ ဖြစ်၏။  ထိုဘဝသံသရာ   ဇာတ်ကားဖြင့် ၁၉၅၆ ခုနှစ်
အတွက်  အကောင်းဆုံး ဇာတ်ကားဆုကို  လည်းကောင်း၊  အကောင်းဆုံး  ဒါရိုက်တာဆု 
ကိုလည်းကောင်း၊    အကောင်းဆုံး    အမျိုးသားပညာသည်   ဆုများကို  လည်းကောင်း
ထိုက်တန်စွာ  ဆွတ်ခူးရရှိခဲ့သည်။  "ဘဝသံသရာ" ဇာတ်ကားကို  တရုတ်ပြည်သူ့သမ္မတ
နိုင်ငံသို့   စတာလင်ပေါင်  (၃၀၀၀)    ဖြင့်ရောင်းချခဲ့ရသည်ဆို၏။    ဆရာဦးသုခသည် 
“ဘဝသံသရာ”   ဇာတ်ကားမတိုင်မီကပင်   ဗြိတိသျှဘားမားရုပ်ရှင်မှ     “သြော်-မိန်းမ”
ဇာတ်ကားဖြင့်  (၁၉၅၄)  ခုနှစ်အတွက်   အကောင်းဆုံး   ဇာတ်ကားဆုကို   ရရှိခဲ့ဖူး၏။ 
ဆရာဦးသုခသည်   စစ်ကြို  ခေတ်က   အေဝမ်းဖလင်းသို့     “ချစ်အမျှ”    ဇာတ်ကားမှ
စတင်ရောက်ခဲ့ခြင်း   ဖြစ်သည်။  ထို့နောက်   “စောင်းတော်ရှင်”     ဇာတ်ကားကိုဇာတ် 
ညွှန်းရေးပေး  ခဲ့ရသည်။  အေဝမ်းဓာတ်ပြား  အဆိုတော်အဖြစ်     “လှမဉ္ဇူ”  သီချင်းကို 
ဓာတ်ပြားသွင်းခဲ့သည်။  “ဂုဏ်"  ပြဇာတ်ကို  ဒါရိုက်တာ     ပြုလုပ်စင်တင်ခဲ့ရာ  နာမည်
ကျော်ကြားခဲ့သည်။ စာရေးဆရာအသင်းကြီး၏   “ဝိဇယ”  ပြဇာတ်  တွင်ဝိဇယမင်းသား
အဖြစ် ပါဝင်ကပြခဲ့ရာ  လူတိုင်း  ချီးမွမ်းကြသည်။   စစ်ပြီးခေတ်တွင်   “သြော်...မိန်းမ”၊ 
“သြော်...ယောက်ျား” နှင့်  “မိန်းမနှင့်ယောက်ျား”   ပြဇာတ်တို့ကို စင်တင်ခဲ့ရာ လူကြိုက်
များခဲ့သည်။          လျှပ်စစ်         ရုပ်ရှင်မှ        “ကပ္ပလီ”           ဇာတ်ကားအတွက်
ဇာတ်ညွှန်းရေးခဲ့သည်။   ဆက်လက်၍    “ဘဘကြီး”   ဇာတ်ညွှန်းကို   ရေးခဲ့ပြီးနောက်
ပထမဆုံး  ဒါရိုက်တာအဖြစ်   “ချစ်အနုမြူ”   အသံတိတ်   ဇာတ်ကားကို  ရိုက်ကူးခွင့်ရ
ခဲ့သည်။   ထိုနောက်မှ   လျှပ်စစ်ရုပ်ရှင်တွင်   “ဂုဏ်ရည် မတူလို့လား”   ဇာတ်ကားဖြင့်
အောင်ပန်းပွင့်ခဲ့ပြီး      ဗြိတိသျှဘားမားသို့       သွားရောက်ကာ       “သြော်...မိန်းမ” 
“သြော်...ယောက်ျား”    ဇာတ်ကားများကို      ရိုက်ခဲ့သည်။   အကယ်ဒမီဆုမရခဲ့သော်
လည်း      ဝင်ငွေကောင်းပြီး        အနုပညာပြောင်မြောက်သော     ဇာတ်ကားများမှာ
“သည်ဆောင်းဟေမာန်”၊ “ဂုဏ်ရည်မတူ”၊ “သြော်...ယောက်ျား”၊ “လှည်းကျိုးနဲ့ နသိုး”၊
 “သိကြားစေ သက်သေညွှန်း”၊ “မြေပြန့်သား”၊ “သူ”၊ “သြော်...မိန်းမ” တို့ ဖြစ်ကြသည်။
 ဤ၌    “သားတို့ရုပ်ရည်”၊    “မိုးလုံးပတ်လည်”    ဇာတ်ကားများမှ   ဝင်ငွေအရရော၊ 
အနုပညာအရပါ    အောင်မြင်မှု    သိပ်မရခဲ့။      “မိုက်တယ်ဆိုတာ   လွယ်ပါတယ်”၊ 
“ဘယ်သူပြိုင်လို့ လှပါတော့နိုင်” တို့မှာ အောင်မြင်မှုများ ရရှိခဲ့သည့် ဇာတ်ကားများဖြစ်
ကြသည်။

(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"