တောင်တွင်းဆရာတော် ခင်ကြီးဖျော်မှာ မသိသောအရာ၊ မတတ်သောအရာ လုံးဝ မရှိ
သည့်အတွက် မတစ်လုံးကျေ ဆရာတော်အဖြစ် ထင်ရှားခဲ့ခြင်းဖြစ်၏။ သာဓကဆောင်ရ
လျှင်...
တစ်နေ့သ၌ နောင်တော်မင်းကြီးက ဆရာတော်သည် သဘင်အတီးအမှုတ်ကို နားလည်
မည်မထင်။ ကျောင်းတွင် ဆိုင်းတီးစေဟုဆို၍ ဆိုင်းသမားများ ဘုရင်၏အမိန့်အရ သွား၍
တီးရသည်။ ထိုအခါ ဆရာတော်က ဆိုင်းသမားများအား ဤအလုံးကိုပေါင်း၊ ဤအရာကို
ခွဲ၊ ဤအရာကိုတွဲ၊ လက်က ဤသို့ထားဟုခိုင်းစေရာ ဆိုင်းသမားများလည်း ဆရာတော်
ပြောဆိုသည့်အတိုင်းလုပ်၍ ဆရာတော်ပြောသည့် အတိုင်း တီးကြည့်သော အခါ မကြုံစ
ဖူး၊ မကြားဖူးသော တီးကွက် တီးလက်ကို ရကြသည်။ အဆိုပါ တီးလုံးတီးကွက်ကို မြဝတီ
မင်းကြီး ဦးစလက်ထက်ကျမှ စာသင်းသွင်း၍ သီချင်းအမည်တပ်ရာသမာဒေဝနတ်သီချင်း ဟု ကျော်စောလေသည်။
တစ်ကြိမ်တွင်လည်း ဆရာတော်သည် အခြားပညာရပ်များကို တစ်ဖက်ကမ်းရောက်တတ်
မြောက်သော်လည်း တံငါတို့၏ ကွန်ပစ်ခြင်းအတတ်ကိုမူ ရဟန်းတို့နှင့်မဆိုင်၍ မတတ်ဟု
ပြောဆိုကြလေသည်။ ထိုအခါလဆရာတော်က ညဥ့်အချိန် ကျောင်းမှ ရဟန်းတစ်ပါးနှင့်
ကပ္ပိယတစ်ဦးကိုခေါ်၍ စစ်ကိုင်းမြို့ ထူပါရုံဘုရားအနီးမှ တံငါသည်တစ်ယောက်ကိုခေါ်
ကာ ကွန်ပစ်ခိုင်းသည်။ ကွန်တွင်ပါလာသော ငါးအရေအတွက်ကို မှတ်ထားသည်။ ထို
နောက် ဆရာတော်က နည်းပြ၍ ကပ္ပိယကို ကွန်ပစ်ခိုင်းရာငါးအရေအတွက် ပိုမိုရရှိ လေ
သည်။
ထိုရသမျှ ငါးများကို ရေသို့ပြန်လွှတ်ရသည်။ တစ်ကြိမ်တွင်လည်း နောင်တော်မင်းတရား
က ဆရာတော်သည် စစ်တုရင်အတတ်ကိုကား တတ်မည်မဟုတ်ဟု ယူဆ၍ စစ်တုရင်
ထိုးသည့်ဘက်၌ အကောင်းဆုံး တတ်ကျွမ်းသော သူတစ်ယောက်ကို ခေါ်ကာ စစ်တုရင် ပစ္စည်းများနှင့်တကွ ကျောင်းသို့လွှတ်၍ ကစားစေသည်။ ပထမနှစ်ပွဲတွင် သူမသာ ကိုယ်
မသာ ဖြစ်၍ နောက်ကစားပွဲများတွင် ဆရာတော်ကချည်း ဆက်၍ အနိုင်ရသည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)
0 comments:
Post a Comment