Sunday, July 15, 2012

အမေ့အိမ်

ကားပေါ်ကဆင်းခဲ့ တယ်
ပြန်မရောက်တာ ကြာတဲ့ ရွာ
ကျုပ်ရဲ့  မွေးဖွားရာဇာတိ
တစ်ခါပြန်လို့  ခြေချမိခဲ့ ပေါ့ 
သစ်လွင်တဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ 
စည်ကားနေတဲ့  ရွာလယ်လမ်းမ
အတော်ကို နေသားကျနေပြီပဲ
ငေးမောရင်လျှောက်လာ
ဘယ်ညာမှာ အသစ်အဆန်ချည်း
အချည်းအနှီးကုန်လွန်ခဲ့ တဲ့ နှစ်တွေ
တွက်ရေလို့ မရတော့ ဘူး
ဟို ရှေ့ က လမ်းကွေ့ ဆို
ကျုပ်အိမ်ကို ရောက်ပြီလေ
ဒီနေရာလေး စိမ်းသလား
အမေနဲ့ ညီမတွေ နားခိုရာသိုက်မြုံ
တစ်ခါပြန်လည် ခိုလူံဖို့  ရောက်ခဲ့ တဲ့ ကျုပ်
ရင်ဆို့ ဖွယ်ရာ မြင်ကွင်း
အိမ်ဝန်း ဟင်းလင်းပြင်နေရာ
ခြံအကာ စည်းရိုးပြိုပျက်
ယိုင်နဲ့ နဲ့  ဝါးအိမ်လေး
စုတ်ချာ သေးကွေးလှတယ်
မြက်ရိုင်းပင်တွေက ရှည်ရှည်
အိမ်ရှေ့ ကွက်ပစ်က ဟောင်းလောင်း
ခြထောင်သောင် တောင်ပို့ 
အိမ်အမိုးက မလုံ့ တလုံ့ 
ညညဆို ကြယ်တွေစုံပေါ့ ........
အိမ်အခင်းကြမ်းပြင်
ခြေနင်းရင် ကျွံဝင်သွားမလား
အိမ်အကာ ထရံပေါက်နဲ့ 
သရဲကြောက်တတ်တဲ့  ညီမလေး
ညညဆို အိပ်ဆေးတွေသောက်
အိပ်ခဲ့ ရတယ်...........
ချောက်ချားဖွယ် ညတွေဆို
အမေဘယ်လိုများကြိတ်ငိုခဲ့ 
မိုးစက်တွေနဲ့  အိမ်ခန်းမှာ
တစ်ညလုံး ငုတ်တုတ်အိပ်ခဲ့ ကြလား
မနက်ဖြန်တွေအတွက် အားနည်းနေပြီးထင်ပါရဲ့ ..
အမေရေးခဲ့ တဲ့  စာတစ်စောင်
သားမောင် စိတ်ချမ်းသာပါစေ
အိမ်အတွက် မပူလေနင့် 
အမေနဲ့ ညီမတွေကို ချစ်ရင်
သားမောင် လျှောက်တဲ့ လမ်းကိုသာ
ဖြောင့် တန်းအောင် သွားပါလေ
တစ်ကယ်လေ အမေဆိုခဲ့ ဒီစကား
ကျုပ်နားမှာ ကြားလျှက်ရှိနေသေး
အံကြိတ်ရယ်ရင်း ငိုရှိုက်
သောက တစ်ချို့ ကို သိုဝှက်လို့ ထား
အမေ့ ရဲ့  ရင်ခွဲထွက်စကားနဲ့ 
ညီမငယ် အမှာပါးခဲ့ တာက
ကိုကိုရယ်.......
သူငယ်ချင်းတွေ အိမ်လာလည်တယ်
အိမ်လေး တစ်လုံးလောက်လိုချင်တယ်...တဲ့ 
ဘယ်အရာကိုမှ မပူဆာဖူးလေတဲ့ ညီမလေး
ဒီတခါ တကယ်မျက်နာငယ်ခဲ့ ရမယ်
ရှက်ဖွယ်ရာ မှားခဲ့ တဲ့ ကျုပ်
လျစ်လျူရှူလို့ များ ထားခဲ့ တာလား
နားလည်မူ့ လွဲတဲ့ သီအိုရီ
သားမိုက်ကို လိမ္မာပြီထင်တဲ့ အမေ
ညီမတွေရဲ့  အားကိုးရာ
ကျုပ်လေ........
ဘာတစ်ခုများ အသုံးကျခဲ့ လဲ
မျက်နာ မပြရဲတော့ ဘူးအမေ...
အမေ့ ရဲ့  အေးမြတဲ့ ရင်ခွင်
အပြေးလာခိုဝင်ချင်ခဲ့ တာ
အခုတော့ လေ....
အိမ်အပြင်မှာ ရပ်ရင်း မျက်ရည်စိုခဲ့ ပေါ့ 
လက်အုပ်ချီမိုး ကန်တော့ ရင်း
အမေ့ အိမ် အမေ့ ရင်ခွင်မှ
နောင်တ တစ်ချို့ တစ်ဝက်နဲ့ 
ကျုပ်...........
တပ်ဆုတ်လို့ လှည်ပြန်ခဲ့ ရပြီ
အမေနဲ့  ညီမလေးအတွက်
နောက်တစ်ကြိမ်စီပွားရှာထွက်လိုက်အုံးမယ်
ကျုပ်ကို ခွင့် ပြုပါအမေ....
အမေရယ် ညီမရယ်
နှုတ်ဆက်မယ်လေ ကျုပ်မရဲလို့ 
ခြေလှမ်းကို သုတ်သုတ်နှင်
သူတို့ တွေ မမြင်ကွယ်ရာရောက်မှ
မာန်တင်းပြီး ထိန်းထားရတဲ့ 
မျက်လုံးအိမ်က ချော်ရည်ပူတွေကို
အားပါးတရ သွန်ချလိုက်တော့ မယ်
အမေမြင်ရင် စိတ်မကောင်း
ဖြစ်မှာ ကြောက်လို့ လေ................

                                              luannaythu(တောင်ငူ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"