Sunday, July 29, 2012

(၅) ကုန်းဘောင်ခေတ် စတော့မယ့်အချိန် ဘယ်တဘောင်တွေ ပေါ်ခဲ့သလဲ



ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်ခဲ့သော မင်းဆက်အစမှာ အလောင်းမင်းတရား
ကြီး ဖြစ်၏။ ထိုစဉ်က ဦးအောင်ဇေယျအဖြစ် မုဆိုးဖို(ရွှေဘို)တွင် ရှိနေစဉ် တဘောင်တွေ
 ပေါ်ထွက်လာခဲ့သည်။ ထိုတဘောင်တို့ကား

၁။   စပယ်ထောင်ထောင်၊   ပန်းထောင်ထောင်  မငြိမ်းအောင်စိုက်တဲ့ပန်း  မိုးရွာမှလန်း။
၂။ ဖိုသုံးဖို၊ တစ်ဖိုမီးတောက် အရှိန်ထလတ္တံ့။

၃။ မမလေး ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင် မန်းမြို့တော် ညောင်ပင်ကြီးမှာ  မြင်း
ကိုယ်စီပြင်။ လထွက်ကလေးတဲ့ မြင်းကိုနှင် လဝင်ရင် မန်းတောင်ရောက်အောင် 
 မြင်းငေါက် လို့စိုင်း။ (ဤတဘောင်မှာ အင်းဝကို လုပ်ကြံတိုက်ခိုက်ခါနီး ပေါ်ထွက်လာ
ခဲ့သော တဘောင်ဖြစ်၏)။
၎။ ရွှေဘိုမြောက်က သောက်ရေကန် မကြီးသောက်ဖို့ ပေါ်လာပြန်။

၅။ မုဆိုးဘို အလိုလိုနေရင်း ဘုန်းတောက်မည့် မင်း။

၆။ အင်းကို ဟင်္သာဆင်းမည် ဟင်္သာကို မုဆိုးလေးနှင့် ခွင်းမည် မုဆိုးကို ထီးရိုးနှင့်ရိုက်
မည် ထီးရိုး ကို မိုးကြိုးပစ်လိမ့်မည်။

၇။ မွေးမေမေ သူ မသနားလို့ မေ့သားတဲ့ ထည့်လိုက်လေ၊ ယိုးဒယားပြေ(ပြည်) သည်
     မိုးရယ်   သည်   လေနဲ့   သည်မြေကို   မေမေထည့်တယ်   လွမ်းပေါင်ကွဲ့လေး။

၈။ ဒုတ်တိုတဘောင်  ကိုယ်စီဆောင်  အောက်ပြည်ရောက်အောင်  လိုက်မယ့် တို့ရွှေ
    ဘိုသား။

၉။ အင်းကန်ထဲက ရွှေဟင်္သာ မုဆိုးလူစွာ ဖမ်းယူလို့စား။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့ သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"