Wednesday, July 25, 2012

လုံးဝ မအိပ်ဘဲနေရင် ဘာတွေ ဖြစ်လာနိုင်သလဲ



လူတွေဟာ နေ့စဉ်နေ့တိုင်း အိပ်စက် အနားယူရပါတယ်။  လူတစ်ယောက်အတွက် လိုအပ်တဲ့ အိပ်စက်ချိန်ဟာ အသက်ကြီးလာလေ၊ လျော့နည်းလာလေပါပဲ။ မွေးကင်းစ ကလေးတစ်ယောက်ဟာ တစ်နေ့ကို နာရီ ၂၀ ကြာ အိပ်ပါတယ်။ အသက်လေးနှစ် အရွယ်လည်းရောက်ရော အိပ်ချိန် ၁၂ နာရီသာ လိုပါတော့တယ်။

အသက် ၁၀ နှစ်အရွယ်မှာ အိပ်ချိန် ၁၀ နာရီလိုအပ်ပြီး အရွယ်ရောက်လာတဲ့ အခါမှာတော့ ၇ နာရီမှ ၉ နာရီကြား လိုအပ်လေ့ ရှိကြပါတယ်။ အသက်အရွယ်ရလာတဲ့ လူကြီးပိုင်းတွေကျတော့ တစ်ညကို ၆ နာရီ ကနေ ၇ နာရီကြားသာ အိပ်လေ့ရှိကြပါတယ်။ အခုပြောတဲ့ အိပ်စက်ချိန်တွေက ပျမ်းမျှအနေနဲ့ ပြောတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက်လိုအပ်တဲ့ အိပ်ချိန်ပမာဏ မတူညီကြပါဘူး။ သင့်အတွက် တစ်ညကို အိပ်ချိန် ဘယ်လောက်လိုတယ်၊ ဘယ်လောက်ကြာကြာ အိပ်ရင် စိတ်ကြည်လင် လန်းဆန်းလေ့ ရှိတယ်ဆိုတာ သင်ကိုယ်တိုင်သာ သိပါလိမ့်မယ်။

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"