Thursday, July 12, 2012

´☂`♥★♠♥´☂` လောကီပညာသိကောင်းစရာများ´☂`♥★♠♥´☂`❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

လောကီရေရာအဖြာဖြာ နဲ့ပတ်သက်တာလေးတွေကို ပြောပြချင်လို့ပါ ...
ယနေ့ခေတ်လူငယ်တော်တော်များများဟာ. ရှေးခေတ်ကလူကြိးသူမများဆိုဆုံးမ
တာတွေကို ... လက်ခံနာယူသူရှိသလို လက်မခံတဲ့သူတွေလဲရှိပါတယ်။
ခု  မီးသခင် ရေးသားပြောပြမဲ့အကြောင်းအရာတွေကို.သိပြိးသားသူတွေရှိသလို
မသိသေးသူတွေလဲရှိမှာပါ ...မသိသေးတဲ့သူတွေကိုသိစေချင်လို့ပါ....
မီးသခင် ရေးတတ်သလိုလေးရေးသားထားပါတယ်။အမှားပါရင်  လဲခွင့်လွှတ်သီးခံ
နားလည်ပေးပါ .........
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ပညာရှိနဲ့လူမိုက် ။ သူယုတ်နဲ့သူမြတ် .။ ဒီနှစ်မျိုးကိုနှိင်းယှဉ်ပြသမှာပါ...
 ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
(၁)ပညာရှိသည်သူတစ်ပါးမမေးလျှင်စည်ကြီးနဲ့တူပါတယ်.။ မေးလာလျှင်လည်မိုးကြီးရွာချသလိုပါဘဲ။                                                                          လူမိုက်များကတော့ သူတစ်ပါးမေးမေး မမေးမေး များစွာပြောတတ်ပါတယ် ။
( ၂ ) ရေ၏ အတိမ်အနက်ကို ကြာရိုး ကြာစွယ်ကို မြင်သဖြင့် သိရပါတယ်။
အမျိုးယုတ် အမျိုးမြတ်ကို အလေ့ အကျင့် ကို မြင်သဖြင့် သိရပါတယ်။
( ၃ ) ပညာရှိမရှိကို ထိုသူပြောသော စကားဖြင့် သိရပါတယ်။
မြေကောင်းမကောင်းကို မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိရပါတယ်.။
( ၄ ) အကြားအမြင်နည်းသောသူသည် သူ၏ အကြားအမြင်ကလေးကို များလှတတ်လှပြီဟုထင်တတ်ပါတယ် ။
ပင်လယ်ရေကိုမမြင်ဖူးသောဖားသူငယ်သည် မိမိ၏တွင်းထဲမှာရှိသော ရေကို များလှပြီဟုထင်မှတ်သကဲ့သို ပါ ။
( ၅ ) သားသမီးများကိုငယ်ငယ်ကပညာမသင်မဆုံးမလျှင်မိဘ၏ရန်သူဖြစ်တတ်ပါတယ်။
ဥဗျိုင်းသည် ဟင်္သာတို့၏အလယ်မှာမတင့်တယ်သကဲ့ သို့ ပရိတ်သတ်အလယ်မှာ လည်းမတင့်တယ်ပါ ။
( ၆ ) အစာစားခြင်း..မေထုန်မှီိဝဲခြင်း . အိပ်ခြင်း ဤို သုံး မျိုး သည် ယောင်္ကျား တွင်လည်းကောင်း ၊ နွားတွင် လည်းကောင်းရှိ ၏ ။
ယောင်္ကျားနှင့် နွား အတတ်ပညာ က အထူးပြု .၏ ။ အတတ်ပညာမဲ့သော ယောင်္ကျားသည် နွား နှင့် အတူတူပင်ဖြစ်ပါတော့ သည် ။
( ရ ) လူမိုက်သည် ပညာရှိ ကို တစ်သက်လုံး မှီဝဲနေစေကာမူ တရားကိုမသိတတ် ၊ မနားလည်ပါ။ယောက်မသည်ဟင်းအိုးထဲ မွှေသော်လည်းဟင်း၏အ၇သာကိုမသိသကဲ့သိုတည်း။
( ၈ ) လူတော် ၊ လူကောင်းများသည် ပညာရှိကိုခဏတာကလေး မှီဝဲရစေကာမူ တရားထူး၊ တရားမြတ်ကို သိတတ် ၊ ရတတ်သည် ။
လျှာသည် ဟင်း၏အရသာကို ခံစားသိရှိတတ်သကဲ့သို့ပင်တည်း ။
( ၉ ) စည်းစိမ်းချမ်းသာမရှိဘဲ အစားကြူးသူ ၊ ခွန်အားမရှိဘဲ အသတ်အပုတ် ၀ါသနာပါသူ ၊ ပညာမရှိဘဲ စကားများသူ ဤို သုံးယောက်သည် အရူးနှင့်တူသည် ။
( ၁၀ ) မခေါ်ဘဲသွား ၊ မမေးဘဲပြော ၊ မိမိဂုဏ်ကိုဖော် . ဤို ကား မသူတော်၏ လက္ခဏာ သုံးပါးပင်ဖြစ်သည်။
( ၁၁ ) အဆင်းမရှိသောသူသည် ပလွှားတတ်သည် ။ပညာမရှိသူသည်စကားများတတ်သည်။
ရေမပြည့်သောအိုးသည် ဘောင်ဘင်ခတ်တတ်သည်။ နို့မထွက်သော နွားမသည် . ကန်တတ်သည် ။
( ၁၂ ) ရုပ်ရည်အဆင်းနှင့်ပြည့်စုံပြီး ပြန့်ပြောသောအမျိုးမှမွေးလာစေကာမူ အတတ်ပညာ အသိပညာမရှိမူ အနံ့ မရှိသော ပေါက်ပန်းပွင့်ကဲ့ သို့ မတင့်တယ်ပေ ။
( ၁၃ ) သူယုတ်၏သားဖြစ်သော်လည်း အမတ်ဖြစ်လာတတ်သည်။
လူမိုက်၏သားဖြစ်သောလည်း ပညာရှိဖြစ်လာတတ်သည် ။
လူမွဲ၏သားဖြစ်သော်လည်း ချမ်းသာတတ်သည် ။ ထို့ကြောင့် ယောင်္ကျားများကို ငယ်ရွယ်စေကာမူ အထင်သေးပြီး မထီလေးစား မပြုရာ ။
( ၁၄ ) တောင်ဇလပ်ပန်းကိုထုပ်သော ဖက်သည် မွှေးကြိုင်သောတောင်ဇလပ်ပန်းနံ့ ကြိုင်လှိုင်သကဲ့သို့ သူတော်ကောင်းကိုမှီဝဲလျှင် အသိပညာ အတတ်ပညာ တိုးပြီးအကျိုးရှိမည်။
( ၁၅ ) ပိန္နဲသီး မှည့်သည် အပြင်ကဆူးရှိသော်လည်း အတွင်းက အမြိန်အရသာ နှင့် ပြည့်စုံ၏ ။
ထို့အတူ သူတော်ကောင်းတို့၏ သဘောသည် အတွင်းတွင် အလွန်နူးညံ့ ချိုမြိန်လှပေသည် .။
( ၁၆ ) ပျားများသည် ပန်းများကို အလိုရှိကုန် ၏ ။ သူတော်ကောင်းတို့သည် ဂုဏ်ရှိသောအမှု့ကို အလိုရှိကုန် သည် ။
ယင်ကောင်သည် အပုပ်ကိုအလိုရှိ၏ ။ လူမိုက်သည် ဒေါသကိုအလိုရှိသည် ။
( ၁၇ ) အမိယုတ်လျှင်နှုတ်ကြမ်း၏ ၊ အဖယုတ်လျှင် ကိုယ်အမူအရာကြမ်း၏ ။ မိနှင့်ဖနှစ်ပါးလုံးယုတ် လျှင် နှုတ်ရောကိုယ် ပါ အမူအရာကြမ်းကြုတ်ယုတ်မာတတ်သည် ။
( ၁၈ ) လောကတွင် မစင်အပြည့်နှင့်ရှိနေသောကျဉ်းမြောင်းသည့်အရပ် တွင်နေရခြင်းသည် ဆင်းရဲ၏ ။
ထိုထက် မချစ်မနှစ်သက်အပ်သောသူနှင့်နေရခြင်းကပိုဆင်းရဲသည်။ ထိုထက်ပိုပြိး ကျေးဇူးမသိတတ်သူနှင့်နေရခြင်းကား အဆင်းရဲဆုံး ဖြစ်ပေသည် ။
( ၁၉ ) သူယုတ်သည် နှမ်းစေ့မျှသော သူတပါးအပြစ်ကို မြင်လွယ်သည် ။ အုန်းသီးခန့်ရှိသောမိမိ အပြစ်ကို ကားမမြင်တတ် ။
( ၂၀ ) ပညာရှိကိုလူမိုက်က ချီးမွမ်းခြင်းသည် တုတ်နှင့် ရိုက်တာထက် နာ၏ ။  ပညာရှိကိုပညာရှိကချီးမွမ်း မှသာ အမှန်ကျ၏ ။
လူမိုက် တစ်သောင်းချီးမွမ်းရှောင်လည်း ၊ လူကောင်း တစ်ယောက် ပြစ်တင်ကြောက်လော့ ၊ လူမိုက်ချီးမွမ်း ဂုဏ်နာနွမ်း၏ ။
( ၂၁ ) မိန်းမ၏ ဥစ္စာကား အဆင်း ၊ ယောင်္ကျားတို့၏ ဥစ္စာ ကား ပညာ ၊ ရဟန်းတို့၏ ဥစ္စာ ကား သီလ ၊ မင်း (ရှင်ဘုရင်) တို့၏ ဥစ္စာ ကား အင်အားဗလ ဖြစ်ပေသည် ။
( ၂၂ ) နှစ်လင်၊ သုံးလင် ပြောင်းသောမိန်းမ ၊ နှစ်ကျောင်း ၊ သုံးကျောင်း ပြောင်းသော ရဟန်း ၊ ကျော့ကွင်းမှ နှစ်ကြိမ် ၊ သုံးကြိမ် လွတ်သောငှက် ဤ သုံးဦးသည် မာယာကြယ် ၏၊
( ၂၃ ) အသက်ရှင်လျှက်သေသည် နှင့်တူသော သူ ငါး ဦး ကား ဆင်းရဲနွမ်းပါးသူ ၊ အနာရောဂါ နှိပ်စက်သူ ၊ လူမိုက် ၊ ကြွေးတင်သူ ၊ သူတစ်ပါးကို မှီခိုပြီး အသက်မွေးရသူ များဖြစ်ပေသည်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဒီစာတွေကတော့ မီးသခင်ဖတ်သားနာယူခဲ့တဲ့
လောကီပညာ စွယ်စုံကျမ်းမှ ကောက်နှုတ်ရေးသား ထားခြင်းဖြစ်ပါတယ်..
စာဖတ်သူများဖတ်ရလွယ်အောင် ...အဆင်ပြေသလိုလေး ပြန်လည်ရေးသားထားပါတယ်. ..အမှားပါရင်လဲခွင့်လွှတ်နားလည်ပေးပါ ...
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
မီးသခင်ရေးသားထားသော
ဒီ လောကီစာပေတွေကို
ဖတ်ရှု့ပြီး အသိပညာ တိုးပွားပါစေလို့ဆုတောင်းလျက်ပါ ...
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရွှေမြို့တော်သူမြို့တော်သားအားလုံး
နှင့်အတူ ...ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်။
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အားလုံးကိုလေးစားချစ်ခင်လျှက်
 ´☂`´☂` *♫* {{မီးသခင်}} *♫*´☂`´☂`
ချစ်သူမြို့တော်
( 12 . 07 .2012 )
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦



0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"