Sunday, July 29, 2012

(၇) ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်သူလဲ



ကုန်းဘောင်ခေတ်တုန်းက  အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သော 
ပုဂ္ဂိုလ်တစ်ဦးရှိ၏။  သူသည်  မင်းလိုလိုက် မင်းကြိုက်ခစားသူများ  အကြားမှ မှန်မည်
ထင်ရာ ယုံကြည်ရာကို  ရဲဝံ့စွာ ပြောဆိုခြင်း ကြောင့် ရာထူးမှ  မကြာခဏ အချခံရပြီး
 အိမ်နိမ့်စံဘဝဖြင့် ကွယ်လွန်သွားသော ဝန်ကြီးလည်း ဖြစ်ခဲ့သည်။ ကား ယောအတွင်း
ဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။ မင်းတုန်းမင်းနှင့် မြောက်ဆောင်တော် မိဖုရားတို့၏မွေးစား
သား အဖြစ် ချီးမြှောက်ခြင်းခံရ၏။ သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်
ကြောင့် ရာထူးမှ မကြာခဏ ချခြင်းခံရသည်။ အသက်(၂၃)နှစ်အရွယ်က မင်းတုန်းမင်း
ကြီးနှင့်   အယူအဆမတူ၍   တစ်ကြိမ်။   ကနောင်မင်းသား  လုပ်ကြံခံရအပြီးဗျစ်ရည် သည်  ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်သောက်က အပြစ်မရှိကြောင်း ပြောဆို
သဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။ တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ
လုပ်ရဲသည်ဟု ဆိုရမည်။ အဖြစ်က ဤသို့တည်း။

တစ်ခါသော် မင်းတရားကြီး၏  သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်
သည်  အစ်မ ၊နှမ၊ သမီးကညာ  အပ်နှင်းခြင်း၊  တံစိုးလက်ဆောင် ဆက်သခြင်းကို အ
ကြောင်းပြုလျက်  အတတ်မပညာမရှိသူများကို ဝန်ကြီး၊  အမတ် စသည်ဖြင့် ခန့်အပ်ခဲ့
သော် တိုင်းပြည် ပျက်တတ်ကြောင်း ဘုရင်မင်းတရားကြီးအား မထောက်မညှာ ဝေဖန်
ထောက်ပြ လျှောက်ထားလိုက်သည်။ ဤတွင် မင်းတုန်းမင်းတရားကြီး စိတ်တော်ဆိုး၍ 
ဦးဘိုးလှိုင်အား သူ၏ဖခင်ယင်းတော်ဝန်ကြီးအား ကွပ်မျက်ခဲ့သော လှံကိုပြသလျက် ထိုး
မည်ပြုရာ ရင်ကိုကော့ လျက် “ထိုးတော်မူပါဘုရား”ဟု လျှောက်တင်ခဲ့သည်။ မင်းတုန်း
မင်းက မထိုးဘဲ လှံကိုင်၍ အတွင်းတော်ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာ 
ရလေသည်။

 အခြားဝန်ကြီးများက အတွင်းဝန် ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မ
လျှောက်သင့်ကြောင်း  ဝိုင်း၍  ပြောကြသည်တွင်  ဦးဘိုးလှိုင်က ပြန်ပြော  ကြားသော
ကားမှာ  တန်ဖိုးရှိလှပေသည်။  ဦးဘိုးလှိုင်က. .“ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား
 မြတ်ပါ၏။  နေရာတိုင်း  မင်းအလိုလိုက်၍  ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွား
လာပါက  နိုင်ငံတော်  ပျက်စီးခြင်းေ ရာက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော်
 သေရကျိုး  မနပ်”  ဟူ၍ပင်  ဖြစ်လေသည်။  ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစား
သောကြောင့် တတိယ အကြိမ် ရာထူးမှ ကျလေသည်။
( စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"