ကြီးဖြစ်၏။ ၎င်း၏စာပေသြဇာမှာ အင်္ဂလန်နိုင်ငံတွင်သာမက ကမ္ဘာ့စာပေလောကတွင်
ပါ ထင်ရှား ပျံ့နှံ့လျက်ရှိ၏။ ထိုအချိန်က ဒေါက်တာဘမော်အစိုးရသည် (၁၉၃၈) ခုနှစ် ကျောင်းသားသပိတ်ကြောင့် ပြုတ်ကျပြီး ဦးပု အစိုးရ အုပ်ချုပ်နေစဉ် ဖြစ်၏။ ထို
အချိန် စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်(စ်)သည် သြစတြေးလျ နိုင်ငံတွင် ကျင်းပသော
ညီလာခံ တစ်ခုသို့ တက်ရောက်ရင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ခရီးတစ်ထောက်
ဝင်ရောက် လာခြင်း ဖြစ်သည်။ ထိုအခါ ရန်ကုန်မြို့ရှိ စာရေးဆရာများက စာရေးဆ
ရာကြီးအား လက်ဖက်ရည်ပွဲဖြင့် ဂုဏ်ပြု ဧည့်ခံရန် အပူတပြင်း စီစဉ်ခဲ့ကြသည်။
စာရေးဆရာ အချင်းချင်းထံမှ ရန်ပုံငွေများ ကောက်ခံခဲ့ကြသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် လှေလှော်အသင်း အဆောက်အအုံရှေ့ မြက်ခင်းပြင်တွင်
အခမ်းအနားကို ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ ဧည့်သည်တော် စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်(စ်)နှင့်အတူ မြန်မာ စာရေးဆရာ (၄၅)ဦး တက်ရောက်ခဲ့ကြသည်။ ထိုနေ့
သည် ၁၉၃၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ ဖြစ်၏။ ထိုနေ့၌ ထိုပွဲသို့ တက်ရောက်ကာ
စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲလ်(စ်)နှင့် တွေ့ဆုံခဲ့သည့် မြန်မာစာရေးဆရာ (၄၅) ဦးမှာ
၁။ သုခ
၂။ တက္ကသိုလ်ဆုမြိုင်
၃။ ဒဂုန်ဦးလှဘူး
၎။ ဦးသန်းဖေ
၅။ ဦးမောင်မောင်ကျော်ဝင်း
၆။ ပန်းဝတ်ရွှေ
၇။ ဦးရန်အောင်
၈။ ဇဝန
၉။ ဦးချစ်မောင်
၁၀။ မြမျိုးလွင်
၁၁။ သော်တာစန်း
၁၂။ ဒဂုန်ဦးစန်းငွေ
၁၃။ ရွှေညာမောင်
၁၄။ မိုးကြိုးဦးအုန်းခင်
၁၅။ ဦးစောဦး
၁၆။ သင်္ခါ
၁၇။ ရဲထွဋ်
၁၈။ ရဲသမိန်
၁၉။ ဦးစံထွား
၂၀။ ဆရာဇမ္မူနသံ
၂၁။ ပါမောက္ခလုစ်
၂၂။ ခင်မျိုးချစ်
၂၃။ ဒဂုန်ခင်ခင်လေး
၂၄။ သိပ္ပံကျော်ထင်
၂၅။ ဦးမောင်မောင်ပြေ
၂၆။ ဇာနည်ဆွေ
၂၇။ ဒေါက်တာထင်အောင်
၂၈။ ဦးဖိုးကျား
၂၉။ နယူးဘားမားဦးတင်မောင်
၃၀။ သူရိယဦးသိမ်းမောင်
၃၁။ သူကြီးဂေဇက်ဦးခင်မောင်
၃၂။ မဟာဆွေ
၃၃။ ဒဂုန်နတ်ရှင်
၃၄။ လူထုဦးလှ
၃၅။ မြဒေါင်းညို
၃၆။ ကိုတင်ညွန့်
၃၇။ တက်တိုး
၃၈။ ကိုဘအေး
၃၉။ မောင်အာယု
၄၀။ ညိုမြ
၄၁။ ဒဂုန်တာရာ
၄၂။ သိပ္ပံစိုးလှ
၄၃။ ခင်လေးမောင်
၄၄။ ထင်ကြီး
၄၅။ တက်ဘုန်းကြီးသိန်းဖေမြင့်တို့ ဖြစ်ကြပါသည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)
0 comments:
Post a Comment