မျက်နှာဖြူအစိုးရ၏ ၁၉၂၀ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ထောက်ခြင်းအား
ဖြင့် ဗြိတိသျှအစိုးရသည် မြန်မာတို့အား မည်မျှ ဖိနှိပ်ချိုးနှိမ် ထားကြောင်းကို ကောင်း
စွာသိနိုင်သည်။ စင်စစ်အားဖြင့် ဗြိတိသျှအစိုးရတို့ပေးသောပညာရေးကား မြန်မာကျောင်း သူ ကျောင်းသားလူငယ်များအား မျက်စိဖွင့် ပေးသော၊ ဗဟုသုတကြွယ်ဝစေသော ပညာ
ရေး အစစ်အမှန်ကို ပေးသည်မဟုတ်။ နောက်တစ်ခေတ်တွင် မြန်မာနိုင်ငံကောင်းစားစေ
ရန်အတွက် ဦးဆောင်ခေါင်းရွက် ပြုလုပ်နိုင်မည့် ပညာတတ်လူငယ်များကို မွေးထုတ်ပေး
ရန်မရည်ရွယ်။ ဗြိတိသျှအုပ်ချုပ်ရေးယန္တရား လည်ပတ်နေစဉ်အတွင်း တိုင်းသူပြည်သား
များကို အုပ်ချုပ်ရာ၌ ခိုင်းစေကောင်းရုံလောက်သာ သင်ကြားပေးသော ကျွန်ပညာသာ
ဖြစ်ချေသည်။
ပညာရေးအစစ်အမှန်ကို လိုလားနေကြသော မြန်မာလူငယ် ကျောင်းသူ ကျောင်းသားတို့
သည် ထိုကဲ့သို့ တစ်ဖက်သတ် ရေးဆွဲပြဋ္ဌာန်းသော တက္ကသိုလ်အက်ဥပဒေကို လုံးဝ မ
ကျေနပ်ကြဘဲ ဆန္ဒပြ ကန့်ကွက်ကြလေသည်။ ထိုအပ်ဥပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်
တက္ကသိုလ် အခမ်းအနားကို ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဟု တက္ကသိုလ်အဓိ
ပတိ ဆာရယ်ဂျီနယ်ဂရက်ဒေါက်က သတ်မှတ် ကြေညာ လိုက်လေသည်။ မြန်မာကျောင်း
သူကျောင်းသားများနှင့် သတင်းစာများ၏ အော်ဟစ်ကန့်ကွက် ရေးသား ခြင်းများကြောင့် ရန်ကုန်တက္ကသိုလ်သစ် အခမ်းအနားဖွင့်ပွဲကို ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၇) ရက်၊ အင်္ဂါနေ့ သို့ ပြောင်းရွှေ့ရသည်။ သို့ရာတွင် အချိန်နှောင်းခဲ့လေပြီ။
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသူ ကျောင်းသားပေါင်း ၄၀၀ ကျော်
တို့သည် ဒီဇင်ဘာလ (၄) ရက်၊ စနေနေ့၊ နေ့လည် တစ်နာရီတွင် ဗဟန်းရပ်၊ ရွှေကျင်
ကျောင်းတိုက်ဆရာတော် ဦးအရိယ ကျောင်းတွင် ပထမဦးဆုံးအကြိမ် သပိတ်မှောက် အ
စည်းအဝေးကိုကျင်းပကြလေသည်။ တက္ကသိုလ် အက်ဥပဒေတွင် ပါဝင်သည့် နစ်နာချက်
များကို ထပ်မံတောင်းဆိုကြရာ၌ ထိုတောင်းဆိုချက်များ မရမချင်း ကျောင်းမတက်ဘဲနေ
ရန် တညီတညွတ် တည်း ဆုံးဖြတ်လိုက်ကြပေသည်။
၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့တွင် (၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်)နေ့ တွင်တက္ကသိုလ်သပိတ်ကြီး စတင်ဆင်နွှဲခဲ့ လေတော့သည်။ ကောလိပ်
ကျောင်းသားများ သာမက မန်မာပြည် အရပ်ရပ်ရှိကျောင်းသူ ကျောင်းသားများသည်
လည်း တက္ကသိုလ် အက်ဥပဒေကို မနှစ်မြို့သဖြင့် မိမိတို့ ဆိုင်ရာကျောင်းများကို သပိတ်
မှောက်ကြ လေတော့သည်။
(စာရေးဆရာနန္ဒမိုးကြယ်ရဲ့သိမှတ်ဖွယ်ရာ မြန်မာ့လျှို့ဝှက်ချက်(၁၀၀) စာအုပ်မှ)
0 comments:
Post a Comment