တွဲလက်များပညာရေးကူညီမှုအသင်းလေးကို ဦးဇင်းက ကနဦးမတည်ငွေအဖြစ် နှစ်စဉ်
တစ်သိန်းခွဲ ထည့်ဝင်လှူဒါန်းသွားမှာဖြစ်ပြီး၊ ကျန်တဲ့သူငယ်ချင်း အသိမိတ်ဆွေများက
တော့ မိမိတို့တတ်စွမ်းသလောက် လက်တွဲထည့်ဝင်လှူဒါန်းနိုင်ကြပါတယ်။ ရရှိလာတဲ့
အလှူငွေများနှင့် ဦးဇင်းရဲ့ဇာတိရွာ မူလတန်းကျောင်းလေးမှာ တတ်အားသမျှနှစ်စဉ်
လှူဒါန်းသွားဖို့လဲ ရည်ရွယ်ထားပါတယ်။ ဒီအသင်းလေးကို လက်တွဲ အဖွဲ့ဝင်မယ်ဆို
လည်းနွေးထွေးစွာကြိုဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်ချင်တယ်ဆိုလဲ
ကြည်ဖြူစွာနဲ့ပဲ ခွင့်ပြုသွားမှာဖြစ်ပါတယ်၊ လွတ်လပ်စွာ ဝင်ခွင့်ထွက်ခွင့်ရှိပါတယ်။
ကူညီမယ့် ပစ္စည်းတွေအနေနဲ့ကတော့ စုပေါင်းရရှိတဲ့ အလှူငွေကိုကြည့်ပြီး စာအုပ်၊
ခဲတံ၊ ဘောလ်ပင်၊ စာသင်ခုံ စသည့် သင်ထောက်ကူပြုပစ္စည်းလေးတွေကို ကူညီလှူ
ဒါန်း သွားမှာဖြစ်ပါတယ်။ အများနှင့်လုပ်တဲ့ အလုပ်ဖြစ်လို့ အထင်အမြင်မှားမှုတွေ
မဖြစ်စေရန် နှစ်စဉ် အလှူခံရရှိငွေနှင့် သုံးငွေများကိုဖြတ်ပိုင်းနှင့် တကွ ဒီဆိုဒ်လေးပေါ်
မှာဖေါ်ပြသွားမှာဖြစ်ပါတယ်။ မှတ်တမ်းတင်ဓာတ်ပုံများလဲ ရိုက်နိုင်အောင် စီစဉ်သွား
မှာပါ။
ဒီအဖွဲ့လေး အရှည်ခံ့တည်တန့်ခိုင်မြဲတိုးတက်ရေးအတွက် ဝေဖန်၊အကြံပြုကြပါလို့
နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။ စာရေးဝါသနာပါလို့ ပညာပေးဆောင်းပါး၊
ရသဝတ္ထုတို၊ ဟာသအကြောင်းအရာလေးတွေကို မျှဝေချင်တယ်ဆိုလဲ
(nandaminzu@gmail.com)သို့ ရေးသားပေးပို့နိုင်ပါတယ်။ ပေးပို့လာသူ
ကလောင်ရှင်ရဲ့အမည်နှင့် ဒီဆိုဒ်လေးပေါ်မှာ ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။
0 comments:
Post a Comment