Saturday, April 28, 2012

လူတစ်ယောက်၏ ..တန်ဖိုး

ဒီနေ့ …..မှုံ ..တို့ ..ရပ်ကွက် ထဲက …ကောင်လေးတစ်ယောက် ဆုံးသွားပါတယ်။ ကောင်လေးအသက်က …၂၅ ပဲ ၇ှိသေးတာမို့ …..လူငယ်လေးတစ်ယောက်ပေါ့ ။ အဲ့ဒီသီတင်းလေး ကြားရတော့ …..မှုံက ..ပြောမိပါတယ် …ငယ်ငယ်လေးနဲ့သေသွားတာ ..နှမြော လိုက်တာလို့ ။ အဲ့ဒီလိုပြောမိတော့ ….ဘေးက ဦးလေးကြီး ..တစ်ယောက် က ပြုံးတာတွေရပါတယ်။ အဲ့ဒီအပြုံး ကို မှုံ …နားမလည်နိုင်ပါဘူး။ လူငယ်လေးတွေ ဆုံးသွား လျှင် …မှုံ လိုပဲ ပြောကြတာပဲ မလား ။ မှုံ ..ပြောတာ ဘာမှားသွားလို ပါလိမ့် ။
မှုံ က လဲ …စပ်စုတတ်သူမို့……ဦးလေးကြီး ကို ….မေးလိုက်မိပါတယ် ။
“ ဦးလေး …..သမီးပြောတာကို …ဘာလို့ ပြုံးတာလဲ ။ ငယ်ငယ်လေး နဲ့သေသွားတာ …နှမြော စရာ ..မဟုတ်ဘူးလား။ သူ မိဘတွေ ..အတွက်ရော ၊ လောကကြီး …အတွက်ရော …နစ်နာမူ တစ်ခုပဲလေ ”
ဦးလေးကြီးက
“ ဒါဆို ..ဦးလေးမေးမယ် …လူ့ တစ်ယောက်မှာ ….တန်ဖိုး ဘယ်လောက် ရှိလဲ ”
“ အတိအကျတော့ .. သမီးမပြောတတ်ဘူး ။ ဒါပေမဲ့ ..သူတန်ဖိုးနဲ့သူတော့ ၇ှိမှာပေါ့နော် ”

“ ဟုတ်တယ် .. သူ့ တန်ဖိုး နဲ့ ..သူပဲ ။…..လူ ချင်းတူပေမဲ့ ..တန် ဖိုးချင်းမတူကြဘူး။
ခုသေသွားတဲ့ ကောင်လေးပေါ့ ဥပမာ…..အဲ့ ဒီကောင်လေး သေသွားတာ…နှမျှောတယ်လို့ ….လူတွေ မပြောကြဘူး….။ ခု သမီးက ပြောတော့ …ဦးလေးကပြုံးတယ်လေ ။ အဲ့ဒါ ပြုံးစရာမို့ပေါ့ ။ သမီးကတော့ ..မသိလို့ ပြောတာ ..သိတဲ့လူတွေက ..မနှမြောကြဘူးလေ ။ လူတွေ ..မနှမြောကြတာ …သူက တန်ဖိုးမရှိလို့ပေါ့ ။ ဘာလို့  တန်ဖိုးမရှိတာ လဲ ..ဆိုတော့ ..သူက ..လူဆိုးလေးတစ်ယောက် ကိုး ။
မိဘကို လဲ ….ကောင်းကျိုးမပြုဘူး ။ ပါတ်ဝန်းကျင်ကို လဲ ..ကောင်းကျိုးမပြုဘူး။ သူက ..ကောင်းတာ ဘာတစ်ခုမှ မလုပ်ဘူး လေ ….အဲ့ လို့ …လူတစ်ယောက် ကို ..ဘယ်သူက နှမြောမှာလဲ ။ လူထဲက ..တန်ဖိုး ..မရှိတဲ့ လူတစ်ယောက်ပေါ့ ။ ခု ….မိဘကို ..လုပ်ကျွေးပြုတဲ့ ..လူငယ်လေးတစ်ယောက် (သို့) လောက ကြီးကို …ကောင်းကျိုးပြုနေတဲ့ ..လူတစ်ယောက် သေသွားမယ် ဆိုရင်တော့ …..အမတန်….နှမျှောဖို့ ကောင်းပါတယ် ။ လူတိုင်းကလဲ …နှမျှောကြမှာပါ။ လူလောကြီး အတွက် ..လဲ ..အများကြီး နစ်နာတာပေါ့ ။
ဦးလေးပြောချင်တာကတော့ ….လူတိုင်းက တန်ဖိုးမတူကြဘူး။ ကိုယ်ရဲ့ ..တန်ဖိုးကို ..ကိုယ်ပဲ ဖြတ်ကြတာပါ
သမီး လဲ ….ကိုယ့်တန်ဖိုးကို ….ကိုယ့်သိပြီး …တန်ဖိုးတက်အောင်ကျိုးစားကြည့်ပေါ့ ” တဲ့

ဦးလေး စကားက ….မှန်လိုက် တာ လို မှုံ ..စဉ်းစားမိပါတယ် ။ ကိုယ့်ကို ကိုယ့် လဲ …ဘယ်လောက် တန်ဖိုးရှိလဲ လို့ ပြန်စဉ်းစားမိပါတယ် ။ တန်ဖိုးရှိတဲ့ ..လူတစ်ယောက် မဖြစ်သေးတာကို မြင်နေရတယ် ။ ကိုယ့်ရဲ့ ..တန်ဖိုးက ..ကိုယ့်ကို တိုင်ပဲ …ဆုံးဖြတ်ပေးထားတာ ကိုး။ ရှေ့ လျှောက် ….တန်ဖိုး တက်လာအောင်ကြိုးစားရအုံးမယ်။
လူတစ်ယောက် ရဲ့ ….တန်ဖိုး ဘယ်လောက်လဲ ..ဆိုတာ …အတိအကျပြောလို့ မရပေမဲ့ …..သူတန်ဖိုးနဲ့ ..သူတော့ ..ရှိနေပါတယ် ။ ကိုယ့်ရဲ့ ..တန်ဖိုးက တော့ …ကိုယ့် ကို တိုင်ပဲ ..အသိဆုံးပါ ။
တန်ဖိုး ရှိတဲ့ …..လူတစ်ယောက်ဖြစ်နိုင်ပါစေလို့ …ဆုတောင်းပေးပါတယ် ။

.
(မှုံနံ.သာဖြူ)


0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"