အစကဦးဇင်းတစ်ပါးတည်းပဲ တတ်နိုင်သလောက် ရွာထဲကကျောင်းဆက်နေဖို့ မတတ်
နိုင်တဲ့ ကလေးတစ်ယောက်ယောက်ကို ဦးဇင်းရဲ့အသုံးစရိတ်ထဲကဖဲ့ပြီး ထောက်ပံ့မယ်
လို့ စိတ်ကူးထားတာပါ၊ နောက်တော့ ငါတစ်ယောက်တည်း လုပ်မယ်ဆို ဒီအလုပ်လေး
က ပြီးတော့ပြီးသွားမှာပဲ အခြားကူညီ ထောက်ပံ့ချင်တဲ့ သူငယ်ချင်းတွေကိုပါပြောပြပြီး
အတူတူ လက်တွဲလုပ်ရရင်ကောင်းမလားပဲ၊ အဲလိုလုပ်မယ်ဆို ကိုယ်လည်း ကုသိုလ်ရ
သူငယ်ချင်းတွေကိုလဲ ပညာပါရမီကုသိုလ်ပေးပြီးသားဖြစ်မယ်လို့် စိတ်ကူးမိတယ်၊ အဲဒီ
ကစလို့ သူငယ်ချင်းတွေကို ဦးဇင်းရဲ့ စိတ်ကူးအကြံအစီလေးကို ပြောပြဖြစ်တယ်၊ သူငယ်
ချင်း အားလုံးကလဲ စိတ်ဝင်တစား အားပေးကြရုံတင်မက၊ သူတို့ကိုယ်တိုင်လဲ တတ်နိုင်
သလောက်ကူညီ ထောက်ပံ့ပါမယ်လို့ ပြောလာတော့ ဦးဇင်း အတိုင်းမသိ ဝမ်းသာပီတိ
ဖြစ်ရပါတယ်၊ မရှက်တန်းအရှိကို အရှိအတိုင်း ဝန်ခံရမယ်ဆိုရင် ဒီအရွယ်အထိသာ
ရောက်လာတယ် ဘာအလုပ်မှကို ကောင်းကောင်း မလုပ်ဖူးခဲ့သေးတာပါ၊ စာသင်ချိန်
တွေနဲ့သာ အချိန်ကုန်ခဲ့တဲ့ ကိုယ့်ဘဝကိုလဲ သိပ်အားမလိုအားမရ ဖြစ်နေမိတယ်။
အဲဒါနဲ့ပဲ ရသေ့စိတ်ဖြေဆိုသလိုပဲပြောရမလား၊ အကြံကုန် ဂဠုံဆားချက်လို့ပဲ ပြောရ
မလား ဒီအလုပ်လေးကိုလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့လေးတော့
ပေါ်ပေါက်လာခဲ့ပြီ။ လောကကြီးကို ကိုယ်စွမ်းနိုင်တဲ့တစ်နေရာကနေ သူငယ်ချင်း
အသိမိတ်ဆွေတွေနဲ့လက်တွဲပြီး အလင်းရောင်လေးပေးနိုင်ဖို့ လောကကြီးထဲကို
ခြေတစ်လှမ်းတော့ စလှမ်းလိုက်ပြီ။ သူရိန်နေမင်း၊ စန္ဒာလမင်းတို့လောက်
လောကကြီးကို အလင်းရောင်မပေးနိုင်ရင်တောင် ကြယ်တာရာလေး၊ ဖိုးစုန်းကြူးလေး
တွေလောက်ဖြစ်ဖြစ်လောကကြီးကို အလင်းရောင်ပေးဝေကြရအောင်၊ ကဲ အဲဒီလို
အလင်းရောင်လေးတွေ ပေးဝေနိုင်ဖို့ သူငယ်ချင်းတို့ရေ တို့တတွေရဲ့လက်ကလေးတွေ
တွဲချိပ်လိုက်ကြရအောင်…။
0 comments:
Post a Comment