အဖေမရှိလျင် လူ့လောကကို မရောက်နိုင်သလို အမေက မွေးဖွားမပေးခဲ့ရင်လည်း လူ့လောကမှာဘယ်နည်းနဲ့မှ လူဆိုတာ မဖြစ်လာနိုင်ဘူး။
မွေးသည့်မိခင် ကျွေးသည့်ဖခင်တို့အား အထွဍ်အထိပ် ပူဇော်ကန်တော့ ပြုစုယုယလို့
ကျွေးမွေးကြမည်ဆိုလျင် သားသမီးတို့၏ ၀တ္တရားကျေပွန်မည်မှာ အမှန်ပင်။
သားသမီးဝတ္တရားငါးပါးကတော့-
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားနှင့်သမီးပါ။
လူငယ်တွေအားလုံးဟာ နောင်တစ်ခေတ်မှာ မိခင်လောင်း၊ဖခင်လောင်းတွေ ဖြစ်ကြမှာမို့
မိဘဝတ္တရားငါးပါးကိုလည်း သိထားရမယ်။
မကောင်းမြစ်တား ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျင် ဝတ်ငါးအင်
ဖခင် မယ်တို့ပါ ဆိုတာကတော့ မိဘဝတ္တရားငါးပါးပေါ့။
မိဘကျေးဇူးအား ဆပ်နိုင်ခွင့်တွေကို သိရှိဖို့ရယ် .. လိုက်နာဖို့ရယ်.. ကျင့်ကြံဖို့ရယ် ..
ရေးသားလိုက်တယ်နော်။မိဘကျေးဇူးဆပ်နိုင်ခွင့် အကြောင်း(၅)မျိုးရှိတယ်။
(၁) ကျွေးရမှန်းကောင်းသိတတ်သောစေတနာ
မိဘတွေကို ကျွေးမွေးပြုစုစောင့်ရှောက်ရမယ်ဆိုတာ အသိတရားရှိပြီး စေတနာ
တွေပိုခဲ့တာလည်း မိဘကျေးဇူးကို ဆပ်နိုင်ခွင့်လမ်းကြောင်းပေါ့။
(၂) ကျွေးမွေးနိုင်လောက်သော မိမိတွင်တတ်စွမ်းသမျှအခြေအနေ
မိဘတွေကို ကျွေးမွေးနိုင်ဖို့ အထိုက်အလျှောက်ပိုင်ဆိုင်တတ်စွမ်းမှုရှိနေခြင်းသည်
မိဘကျေးဇူးဆပ်ခွင့်လမ်းကြောင်းပေါ့။
(၃) မိမိထံလာရောက်မှီခိုနေထိုင်မှု
မိဘတွေသည် မိမိထံလာရောက်နေထိုင်ခြင်းသည်လည်း မိဘကျေးဇူးဆပ်နိုင်ခွင့်
လမ်းကြောင်းပေါ့။
(၄) မိမိကျွေးသမျှခံစားသုံးဆောင်နိုင်သောအခြေအနေ
မိဘတွေကို သက်ရှိထင်ရှားမှာကျွေးမွေးရမှာဖြစ်သလို စားနိုင်ချိန်မှာ စားချင်တဲ့
အရာတွေကို ကျွေးမွေးရမှာပါ။ကိုယ်ကျွေးချင်တဲ့အရာတွေ မိဘက စားသုံးနိုင်ခြင်းဟာ
မိဘကျေးဇူးဆပ်နိုင်ခွင့်လမ်းကြောင်းပေါ့။
(၅) မိဘများအသက်နှင့်ကိုယ်မြဲနေသောအခြေအနေ
မိဘများသက်ရှိထင်ရှားရှိနေချိန်ကလည်း မိဘကျေးဇူးဆပ်နိုင်ခွင့်လမ်းကြောင်းပေါ့။
(မိဘကျေးဇူးဆပ်နိုင်ခွင့်(၅)ချက်နဲ့ပြည့်စုံကြပြီး မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေ….အူးအူး)
0 comments:
Post a Comment