မက္ကဆီကို နိုင်ငံမှ အမျိုးသမီး တစ်ဦးမှာ ကလေးကိုးဦး ပါဝင်သည့် ကိုယ်ဝန်ကို လွယ်ထားရကြောင်း သိရကာ လာမည့် မေလ ၂၀ ရက်နေ့တွက် မွေးရက် သတ်မှတ်
ပေးထားကြောင်းလည်း နိုင်ငံပိုင် သတင်း ဌာနတွင် ဖော်ပြခဲ့ကာ သူမ၏ အသက်ကိုမူ မီဒီယာ များသို့ ပြောကြားခဲ့ခြင်း မရှိပေ။ သူမမှာ ယခင်ကလည်း သုံးမွှာပူး မွေးဖွားခဲ့ပြီး ဖြစ်သည့် အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။
ယခုလို ကိုးမွှာပူး ကလေးများကိုသာ အောင်မြင်စွာ မွေးဖွား ပေးနိုင်ပါက သမိုင်းတွင် အများဆုံး အမွှာပူး မွေးဖွားမှု တစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။ Karla Vanessa Perez ဟု အမည်ရသူ အဆိုပါ အမျိုးသမီးမှာ လက်ရှိတွင် ဒေသခံ ဆေးရုံ၌ တက်ရောက်နေပြီး သတင်းသမားများသို့ ပြောရာတွင် သူမ အနေဖြင့် ကလေးများ အတွက် အမည်များကို ရွေးချယ်ပေးရခြင်း မရှိသေးကြောင်းနှင့် အရာအားလုံး ရှောရှောရှူရှူ ဖြစ်ရေးအတွက် မျှော်လင့်မိပါကြောင်း ပြောခဲ့သည်။
source : Reuters

0 comments:
Post a Comment