အလှူခံ တစ်ကျိပ်လေး(၁၄)
၁။ ဘုရားရှင်အား လှူဒါန်းခြင်း။
၂။ ပစ္စေကဗုဒ္ဓါတို့အား လှူဒါန်းခြင်း။
၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အရဟတ္တမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၇။ သကဒါဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သကဒါဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၉။ သောတာပန်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
(သို့မဟုတ်) သောတာပတ္တိမဂ်၌တည်သော ပုဂ္ဂိုလ်အား လှူဒါန်းခြင်း။
၁၁။ သာသနာပအခါ ဈာန်အဘိညာဉ်ရသော ရသေ့တို့အား လှူဒါန်းခြင်း။
၁၂။ သီလရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း။
၁၃။ သီလမရှိသော လူ ပုထုဇဉ်တို့အား လှူဒါန်းခြင်း။
၁၄။ တိရစ္ဆာန်တို့အား လှူဒါန်းခြင်း။
(လင်္ကာ) ဘုရားမြတ်စွာ၊ ပစ္စေကာနှင့်၊

ရိယာ ရှစ်ဝ၊ ဈာန်ရ ဗာဟီ၊
နှစ်လီ ပုထုဇဉ်၊
တိရစ္ဆာန်၊ လှူခံ တစ်ကျိပ်လေး
* တိရစ္ဆာန် အလှူ၊ အကျိုးမူ၊ ရယူ ဆ-တရာ။
တိရစ္ဆာန်တကောင်ကို
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀တစ်ရာ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။
* သီလမဲ့-လှူ၊ အကျိုးမူ၊ ရယူ တထောင်သာ။
ဘာသီလမှ မရှိတဲ့ လူဆိုး, သူခိုး တယောက်ကို
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀တထောင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။
* သီလရှိ-လှူ၊ အကျိုးမူ၊ ရယူ တသိန်းပါ။
သီလရှိတဲ့ အလှူခံပုဂ္ဂိုလ် တယောက်ကို
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀တသိန်း အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။
* ဈာန်ရ လှူလေ၊ အကျိုးတွေ၊ ကုဋေ တသိန်းပါ။
သာသနာပမှာ ဈာန်ရတဲ့ ပုဂ္ဂိုလ်တယောက်ကို
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀ ကုဋေတသိန်း အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။
* သောတာလောင်း-လှူ၊ အကျိုးမူ၊ ရယူ သင်္ချေပါ။
သောတာပန်လောင်း အလှူခံပုဂ္ဂိုလ် တယောက်ကို
စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင်
ထိုအလှူရှင်မှာ ဘ၀ အသင်္ချေ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတရား ၅-ပါးကို ရပါသည်။
ဓမ္မဒူတ အရှင်ပညာဇောတ

--------------------------------------------------------------------
အလှူခံ တစ်ကျိပ်လေး ခွေးလေးမကျန်
အခါတစ်ပါး၌ ရဟန်းတော်တစ်ပါး ဆွမ်းစားပြီးခါစ သပိတ်ဆေးရန်ပြင်ဆင်နေသောအချိန်တွင်
သားသယ်အမေ ခွေးပိန်မလေး တစ်ကောင် အနားသို့ ရောက်လာသည်။ ခွေးမလေးမှာ သားသမီးတို့၏ နို့ဆွဲထားမူကြောင့် ဆာလောင်ကာ နေလိမ်မည်။ အပြင်မှာ ရှာမရလိုဒီနားရောက်လာတာ နေမှာဟု
ခွေးမလေး၏ ဒုက္ခတွေကို ထပ်တူခံစားမိသည်။ ဒီအချိန်မှာစားစရာသာသူရရင် ပျော်ရှာမှာပဲဟု
တွေးကာ အနီးအပါး၌ စားစရာရှိမလားဟု စိတ်ထဲမှာ ရှာကြည့်သော်လည်း မရနိုင်ပေ။
နောက်ဆုံးတွင် မိမိဝမ်းတွင်းမှ အစာများကို အန်ကျွေးမည်ဟုဆုံးဖြတ်ကာ ခွက်သန့်သန့် တစ်လုံး
ရှာ၍ အန်ထုတ်ကာကျွေးလိုက်သည်။ ခွေးမလေးမှာ ဟတ်ဟတ်ထိုးစားနေသည်ကိုကြည့်၍ အလွန်မတန်
မှပျော်ရွှင် ပီတိ့ဖြစ်ရသည်။ စားပြီးသော် ခွေးမလေးကမော့ကြည့်နေသည်။ မဝသေးလို့နေမှာ ဟုတွေးကာ
နောက်တစ်ကြိမ် အန် ကြွေးပါသည်။ စားနေသောခွေးမလေးကို ကြည့်ကာထပ်တူပျော်နေသည်။
ကုန်ပြန်တော့ ခွေးလေးက မော့ကြည့်နေပြန်သည်။ တတိယ အကြိမ်ဝမ်းထဲရှိသမျှထပ်အန်ကြွေးလိုက်ပြန်သည်။
သုံးကြိမ်တိုင် စားပြီးအစာဝကာ ခွေးမလေးပြန်သွားသည်။ ရဟန်းတော်သည် ခွေးလေးအား
အန် ကျွေးရ၍ ပျော်ရွှင်ပီတိ အပြည့်ဖြစ်နေမိသည်။ ညအချိန်ရောက်သော် ဆာလောင်မူကြောင့်
စားစရာများအား ပုံဖော်မိသည်။အနီးမှ တကာ၊တကာမများ ဆွမ်း၊စားသောက်ဖွယ်ရာများ စီမံကာ
လာပို့ကြသည်။ ထိုအချိန်မှစကာ ထိုရဟန်းသည် စားစရာအတွက် စိတ်ညွတ်မိလိုက်သည်နှင့်
လူနတ်မကျန် ရှင်ရဟန်း၏ မျက်နာတော်ကို မြင်ယောင်ကာ ဆွမ်းများပြင်ဆင်ကာ ပိုချင်စိတ်များ
ပေါ်ကာ လာ၍လှူဒါန်းကြသည်။ ထိုနေ့မှစ၍ စားသောက်ဖွယ်ရာတို့သည် ထိုရဟန်းအတွက် အလျှံအပယ်
ပေါများနေတော့သည်။
လူသူမရှိသည့် တောတောင်တွင် ရောက်စေဦး ဆွမ်းအတွက် စိတ်ညွတ်သည်နှင့် နတ်တို့သည်
လူယောင်ဆောင်ကာ လာ၍လှူကြသည်။ထိုကြောင့် သစ်ပင်ရှိလျှင်ဆွမ်းရှိသည်ဟုဆိုကာ ထိုရဟန်းကို
သီဟိုဠ်ခေတ် ရှင်သီဝဠိ ဟုသီဟိုဠ် ၌လူတိုင်းသိကြသည်။
ထိုရဟန်းတော်ကို ကြည်ခြင်းဖြင့် တိရစ္ဆာန်ကိုလှူတာတောင် စေတနာသုံးတန် အပြည့်ပါလျှင်
ချက်ချင်းအကျိုးပေးနိုင်ပေသည်။
၁။ လှူရန်ကြံစည်သော စေတနာ
၂။ လှူဆဲ စေတနာ
၃။ လှူပြီး စေတနာ
ဒီ ၃ ချက်သာ မကျိုးမပေါက်ပဲ ပြည့်ပြည့်ဝဝ ပါအောင် လှူပါ အကျိုးပေးသန်ပါသည်။
၁။ ရဟန်းတော်သည် ပေးလှူဖို့ စိတ်ကူးသည်။
၂။ နောက်တခြားလှူစရာမရနိုင်၍ အန်ကျွေး လှူကာ ပျော်သည်။
၃။ လှူပြီးသော်လည်းပျော်နေသည်။
အဓိက လှူနေဆဲတွင်တခြားအကြောင်းမစဉ်းစားပါ။ခွေမလေး ဆင်းရဲးမူကိုတွေးကာ တပ်တူခံစားပြီး
အစာရလျှင်ပျော်ရှာမှာပဲဟု တွေးကာ အန်ထုတ်ကာကျွေးသည်။ကျွေးနေစဉ် လမ်းသွားလမ်းလာတို့၏ စကားသံများ ကျီးသံ၊ငှက်သံ၊ဆွမ်းမစားရရင် ညကျဗိုက်ဆာလိမ့်မည် စသည့်၊စသည့် အကြောင်းတွေကို
လုံဝမစဉ်းစားပါ။
ခွေးလေးဝရေးသာ ဦးစားပေးကာ စားနေတာကိုကြည့် ပီတိဖြစ်၍ နေပါသည်။အလယ်စေတနာ
အားကောင်းလွန်းလှသည်။ထိုကြောင် ချက်ချင်း အကျိုးပေးသွားသည်။
မိမိအိမ်မှာမွေးထားသော ခွေးလေး၊ကြောင်လေးတွေဟာလည်း အလှူခံတွေ ပါပဲ။သန့်သန့်ရှင်းရှင်းနဲ စေတနာပါပါလေး ကြွေးလိုက်ရင်ပင် ကုသိုလ်တွေ ရနေတယ်ဆိုတာသိပါ။
မိမိအိမ်မှာမွေးထားသော ခွေးလေး၊ကြောင်လေးတွေဟာလည်း အလှူခံတွေ ပါပဲ။သန့်သန့်ရှင်းရှင်းနဲ စေတနာပါပါလေး ကြွေးလိုက်ရင်ပင် ကုသိုလ်တွေ ရနေတယ်ဆိုတာသိပါ။
တချို့ လူတွေပြောကြသည် ဘုရားလက်ထက် ကလူတွေကံကောင်းကြသည်။လှူလျှင် ချက်ချင်း
အကျိုးပေးကြသည်။ငါတိုတတွေ ခဏခဏလှူနေတာတောင် ဘာမှဖြစ်မလာ။ဘုန်းကြီးတွေက သီလ
မကောင်းလိုနေမှာပေါ့ စသဖြင့် ပြောတတ်ကြသည်။
ကိုယ့်ဖက်ကိုပြန်ကြည့်ပါ။စေတနာ ၃ ချက် ဘယ်လောက်ပြည့်သလဲ။အလှူခံတွေထဲမှာ အနိမ့်ဆုံး တိရစ္ဆာန် ခွေးကလေးလှူတာတောင် ဒီလောက်အကျိုးပေး တာ။ တခြားကြောင့်မဟုတ် ကိုယ်စေတနာ လောက်သာပြန်လာခြင်းပါ။
အများသူငါ အလှူပေးကြရာဝယ် သေးသေးမွှားမွှား မှ ချိမ့်ချိမ့်သဲးအလှူများအထိ ဘယ်လိုလှူလဲ
ပြန်ကြည့်ပါ။လှူရန်ကြံရွယ်စဉ် ပေါ်လိုက်၊ပျောက်လိုက်မတည်ငြိမ်တဲ့ စေတနာတွေနဲ့
လှူရန်ကြံစည်သော စေတနာ ပြည့်စုံပါရဲ့လား။
လှူစဲ စေတနာ အလှူပေးနေစဉ်မှာလည်း ပကာသနတွေ လုပ်နေကြရသဖြင့် အလှူခံတွေအပေါ် စေတနာ ဘယ်လောက်ရောက်ပါသလဲ။
လှူပြီး စေတနာ

လှူပြီးသွားသော် ပီတိများနှင့် ပျော်နိုင်ပါရဲ့လား။လှူစဉ်က အဆင်မပြေမူများ စိတ်ညစ်စရာများ
နှင့် ခေါင်းရှုပ်ကျန်နေခဲ့သော အလှူဟာ လှူပြီး စေတနာ ပြည့်စုံပါရဲ့လား။
အဲဒီလို လိုအပ်ချက်များ နှင့်အလှူ၏ အကျိုးပေး သန်နိုင်ပါမလား။
မိမိတို့ လိုအပ်ချက်များကို ပြင်ဆင်ကာ လှူကြည့်ပါ။သိသာလာပါလိမ်မည်။
လှူသမျှအချည်းအနီးတော့မဖြစ်ပါ။အခုချက်ချင်း အကျိုးမပေးနိုင်ရင် ဒုတိယဘဝမှာအကျိုးပေပါသည်။

ဒါမှမဟုတ် အခွင်မသာက တတိယဘဝမှသည် နိဗ္ဗာန်မရောက်မချင်းဘဝများမှာ အကျိုးပေးပါသည်။
လှူခြင်းဟာ ယူခြင်းပါ ၊ပေးခြင်းဟာ ရခြင်းပါ
ပိုင်းလော့ဆရာတော်၏ တရားတော်များမှ ကောက်နုတ်ပါသည်။
( မောင်မြင့်၊ရွှေမြို့ တော်)
0 comments:
Post a Comment