Saturday, April 28, 2012

ကျန်းမာရေးသတင်းနှင့်ဆောင်းပါးများ စုစည်းမှု

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး
ကျွန်မတို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာ
ကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .
ပုံကို ဒီက ယူပါတယ်. .
ဒေါက်တာခင်မောင်လွင်
==============================
======
ခရမ်းချဉ်သီး စားသူသည် ဆီးကျိတ် ကင်ဆာလျော့ချပေးနိုင်
တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။
လွင်လွင်မိုး
Ref: Health Care Journal
+++++++++++++++++++++++++++++++
သွေးတိုးရောဂါနှင့် တိုင်းရင်းဆေး
ကြက်သွန်ဖြူ(ALLIUM SATIVUM LINN)
မြန်မာ့ ဟင်းလျာ များနှင့် အစား အစာ များချက် ပြုတ်ရာတွင် ကြက် သွန်ဖြူ ကို ကျယ်ပြန့် စွာ ထည့် သွင်း ချက်ပြုတ် ကြပါတယ်။ တိုင်းရင်း ဆေးဝါး ဖော်စပ် ရာတွင် ပရ ဆေးကုန် ကြမ်းအဖြစ်လည်း အသုံးပြုကြပါတယ်။ မြန်မာ့တိုင်းရင်း ဆေး သမား တော်များ ၏ ဆေးခန်းတွင် လည်း ဆေးဝါးတစ်မျိုးအဖြစ် အသုံးပြု လေ့ရှိပါတယ်။ ကျွမ်းကျင်သူ၏ ညွှန်ကြားချက်၊ ဆေး ညွှန်းအတိုင်း ဆေးဝါးများကို စနစ် တကျသောက်သုံးခြင်းသည် သက်ရှည် ကျန်းမာရေးကဏ္ဍတွင်အဓိကကျသော အချက်အလက်တစ်ခုဖြစ်ပါတယ်။ အစဉ်သတိ အမြဲရှိ ကြက်သွန်ဖြူနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ ကို ပဏာမ တင်ပြပါရစေ။ ကြက်သွန် ဖြူတွင် သွေးကျဲစေသည့် အာနိသင်ရှိ သည့်အတွက် သွေးမတိတ်ရောဂါရှိသူ များ၊ မကြာခဏနှာခေါင်းသွေးယိုတတ် သူများနှင့်ခွဲစိတ်ကုသမှုခံယူထားသူများ ဟာ ကြက်သွန်ဖြူစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ကြက်သွန်ဖြူကို အလွန် အကျွံ စားသုံး မိခြင်း ဖြင့် ကြက်သွန်ဖြူတွင် ပါဝင်သော အချိုဓာတ် များနှင့် ဓာတ် မတည့် မှု (Garlic Allergy) ဖြစ်ကာ ချွေးထွက်များခြင်း၊ လည်ချောင်းနာ ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
ကြက်သွန်ဖြူ ပျားရည်ဆေးနှင့် ကာကွယ်ပါ
ဒီနည်းကတော့ ရှေးကျတဲ့နည်း ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရများ ပါဝင်တဲ့ ဆေးဝါးနည်း တစ်မျိုးဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ကြက်သွန်ဖြူဥတစ်လုံးကို အခွံနွှာပြီး သန့်ရှင်းသော ဖျာချုပ်အပ်နဲ့ ၅ချက်- ၆ချက်ခန့်ဖောက်ကာ ပျားရည်ထည့် ထားတဲ့ ပုလင်းထဲတွင် စိမ်ထားပါ။ ထိုပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားသုံးပေးခြင်းအားဖြင့်သွေးတိုးရောဂါ နဲ့ နှလုံး သွေးကြော ကျဉ်း ရောဂါ ရှင်များ အတွက် အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ကြက်သွန်ဖြူတွင်ပါရှိသော Allicin ဒြပ်ပေါင်းသည် ဆေးဖက်ဝင် အာနိ သင်များကို ရရှိစေသည်ဟု သုတေ သနပညာရှင်များက မှတ်ချက်ပေး ထားပါတယ်။
ဆေးသိပံ္ပသုတေသန တွေ့ရှိချက် အဆို
သွေးခဲခြင်း၊ သွေးလွှတ်ကြော များကျဉ်း မြောင်းခြင်း၊ သွေးကြော မာခဲခြင်းတို့ကိုထိရောက်စွာ ကာကွယ် ပေးနိုင်သည့် အာနိသင်ရှိပါတယ်။ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် နှလုံးသွေး ကြောကျဉ်းရောဂါ၊ လေဖြတ်၊ လေ သင်တုန်းရောဂါနဲ့လေငန်းရောဂါအပြင် ခြေဖျားလက်ဖျားသို့ သွေးရောက်ရှိမှု နည်းသော ရောဂါသည်များအနေဖြင့် ကြက်သွန်ဖြူကို ပုံမှန်စားနေကျအစား အစာတွေထဲမှာထည့်သွင်းစားသုံးသင့် တယ်လို့ ဆေးသိပ္ပံပညာရှင်များမှ တိုက်တွန်း အကြံပြုထားပါတယ်။
ကြက်သွန်ဖြူ အစွမ်း သွေးတိုးရောဂါအတွက် အံ့မခန်း
Ace Inhibitor ကဲ့သို့ အာနိသင် ရှိသည့် Gamma-Glutamyl Cysteine ပါဝင်တဲ့အတွက် သွေးတိုးကျစေသည် ဟု သုတေသန စာတမ်းအချို့တွင် ထုတ်ဖော်ရေးသားထားပါတယ်။ လတ်တလောခံစားနေရသည့် မပြင်း ထန်သော သွေးတိုးရောဂါနှင့် နာတာ ရှည် သွေးတိုးရောဂါလူနာများအနေ ဖြင့် ကြက်သွန်ဖြူကို စားသုံးပေးသင့် ကြောင်း သိရပါတယ်။
အပင်ထွက် ဓာတုဒြပ်စင်များ (Phytochemical)
ကြက်သွန်ဖြူတွင် ပါဝင်သော အဓိကကျသည့် ဒြပ်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
- Lecithin - Allicin - Beta Sitosterol
- Garlic Oil
- Linoleic Acid
- Palmitic Acid
ဆင်တုံးမနွယ် (Tinospora Cordifolia)
ဆင်တုံးမနွယ်နှင့် ပတ်သက်၍ "အသက်ကြီးလျှင် ဆင်စီးပါ" ဟူ သော စကားစုကို ဆောင်းပါးများတွင် မကြာခဏ ဖတ်ရှုရပါတယ်။ စာရေး သူကိုယ်တိုင် စွယ်စုံ ဆင်တုံးမနွယ် တိုင်းရင်းဆေးဝါးဟူသော ဆောင်းပါး ရှည်ကြီးတစ်ပုဒ်ကို လွန်ခဲ့သည့် ၁၀ နှစ်ကျော်က မဂ္ဂဇင်းတစ်စောင်မှာ ဖော်ပြဖြစ်ခဲ့ပါတယ်။ စာရေးသူ ကိုယ်တိုင် လူနာသုံးဆေးဝါးအဖြစ် အသုံးပြုလျက်ရှိပါတယ်။ ဆင်တုံး မနွယ်ဟာ အလွန်ဆေးဖက်ဝင်ပြီး ရောဂါဝေဒနာ အတော်များများကို ကုသနိုင်ခဲ့ပါတယ်။ အိန္ဒိယအာယုဗ္ဗေဒ ဆေးကျမ်းတွေမှာလည်း အသက်ရှည် ကျန်းမာရေးဆေးဝါးအဖြစ် ဖော်ပြ ချက်တွေကိုလည်း ဖတ်ရှုခဲ့ရပါတယ်။ စာရေးသူရဲ့စိတ်ကြိုက်စိစစ်ရွေးချယ် ထားတဲ့ ဆေးပင်တစ်ပင်လည်း ဖြစ် ပါတယ်။ ဆင်တုံးမနွယ်ပင်ကို အရပ်ဒေသအလိုက် အမည် အမျိုး မျိုးနဲ့ အစွဲပြုပြီး ရေးသားထားချက် လည်းရှိပါသေးတယ်။
မြန်မာနိုင်ငံသုတေသနအဖွဲ့
အထူးသဖြင့် Myanmar Medical Research Institute (Zafar Shah Road) မှထုတ်ဝေသည့် Plant with Reputed Hypoglycemic Action စာအုပ်တွင် ဆင်တုံးမနွယ်ပင်၏ ဆေးဖက်ဝင် အာနိသင်အကြောင်းကို ဖော်ပြထားပါသေးတယ်။
အပင်ထွက်ဒြပ်ပေါင်းများ
- Giloin
- Tinosporin
- Gilosterol
- Berberine
- Starch
- Tinosporaside
- Tinosporidine
- Alkaloid
သွေးတိုးကျ အာနိသင် တွေ့ရှိချက်
ဆေးဝါးအဖြစ် အသုံးပြုရာမှာ အနွယ်နဲ့ ပင်စည်ရိုးတံများကို ဆေးချိန် ပမာဏ၊ ဆေးညွှန်းအတိုင်းသောက် သုံးပေးရပါတယ်။ ဆေးသိပ္ပံပညာရှင် များရဲ့ သုတေသနပြုချက်များအရ ဆင်တုံးမနွယ်ပင်တွင် ပါဝင်သော အပင်ထွက်ဒြပ်ပေါင်းများ (Phytochemicals)ဟာ ခန္ဓာကိုယ်အတွင်း သွေး လွှတ်ကြောနံရံများ တောင့်တင်းနေ မှုကို ပြေလျော့ပေးစေကာ သွေးကြော ငယ်များ ကျယ်လာစေတဲ့ အာနိသင် ရှိကြောင်းသိရပါတယ်။ သွေးဖိအား ပမာဏကို ကျဆင်းစေသောကြောင့် သွေးတိုးရောဂါအတွက် အကျိုးရှိစေ ကြောင်းပင် ဖြစ်ပေသည်ဟု အဆိုပါ စာတမ်းတွင် ဖော်ပြထားပါတယ်။ Anti-inflammatory Action ရောင် ရမ်းမှုကိုလည်းသက်သာစေနိုင်ပါတယ်။ ဆီးရွှင်စေသော အာနိသင် (Mild Diuretic Action)လည်း ရှိသည့် အတွက်အားဖြင့် ခန္ဓာကိုယ်မှာ ပိုလျှံ နေတဲ့ အငန်ဓာတ်များကို ဆီးလမ်း ကြောင်းများမှတစ်ဆင့် ထုတ်ပေးခြင်း ဖြင့်သွေးတိုးကိုသက်သာစေနိုင်ပါတယ်။ သွေးတိုးဝေဒနာရှင်များအတွက် ဆင် တုံးမနွယ်ကို အသုံးပြုရာတွင် ဆေးချိန် ပမာဏအတိုင်း သောက်သုံးရန် လို အပ်ပါတယ်။ တစ်ကြိမ်သောက်လျှင် ဆေးမှုန့် ၄ ပဲသား (၆၃ ဂရမ်)ကို တစ်ကြိမ်သောက်ပေးရမှာဖြစ်ပါတယ်။ လေးနာရီခြား၍ တစ်နေ့လေးကြိမ်ခန့် သောက်ပေးရမှာဖြစ်ပါတယ်။ Ref: - Ministry of Health Department of Traditional Medicine Commonly Used Herbal Plants. Herbal Manual By Harold Ward.
ကျော်တင့်ဆွေ
------------------------------------------------------
အစာအိမ်ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများ
အစာအိမ် ကင်ဆာ ဖြစ်ရခြင်း အကြောင်း ရင်းများကို ဘယ်သူ မှတော့ အတိအကျ မသိပါဘူး။
(၁)Helicobacter pylori
H.pylori သည် ဗက်တီးရီးယား တစ်မျိုး ဖြစ်ပြီး များသော အားဖြင့် အစာအိမ်၏ အတွင်းပိုင်း မျက်နှာပြင် အား ရောဂါကူးစက်စေပြီး အစာအိမ် ရောင်ရမ်းခြင်းနှင့် အစာအိမ်တွင် အနာဖြစ်ခြင်းတို့ကို ဖြစ်စေပါတယ်။
(၂) နာတာရှည် အစာအိမ်ရောင်ရမ်းမူ
အနီးမီးယား (Anaemia) သွေး အားနည်းရောဂါကဲ့သို့သော ရောဂါ ရှိသူများတွင် နာတာရှည် အစာအိမ် ရောင်ရမ်းမှုရှိပါက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေအ္တရာယ် များပြားပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် အစာအိမ် ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူ များတွင်ဖြစ်နိုင်ခြေ ပိုမိုများပြားပါ တယ်။
(၄) မိသားစုနောက်ခံ/ နောက်ကြောင်းရာဇ၀င်
မိဘ၊ ညီအစ်ကိုမောင်နှမနှင့် သားသမီးများကဲ့သို့သော ဆွေမျိုးတစ် ယောက်ယောက်တွင်အစာအိမ်ကင်ဆာ ဖြစ်ခဲ့ဖူးပါက ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားပါတယ်။
(၅) အာဟာရချို့တဲ့မူ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် အ၀လွန် ခြင်း ကဲ့သို့သော အခြေအနေ များတွင်လည်း အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။
HPP
Ref: Internet
__________________________________________
- အယ်လ်ကိုဟော အရက်သောက်သုံး သုံးခြင်းကို လျှော့ချရမယ်။
-ပဋိဇီဝပိုးသတ်ဆေးများ အလွန် အကျွံသောက်သုံးခြင်းကို ရှောင်ကြဉ် ရမယ်။
-အလွန်ပူတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့ ကြိုးစားပါ။
-အစာအိမ်ရဲ့ အက်စစ်အခြေ အနေကို ထိန်းချုပ်ပေးနိုင်တဲ့ နွားနို့ ကို များများသောက်ပေးပါ။ -ပူစပ်တဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။
-ကိုလာ၊ ဆိုဒါပါသော အချိုရည် များ မသောက်သုံးသင့်ပါဘူး။
-ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။
-ချောကလက်မစားပါနဲ့။
-အဆီနည်းသော နို့ထွက်ပစ္စည်း များကို စားသုံးပေးပါ။
- ကော်ဖီသောက်ခြင်းကို ရှောင် ကြဉ်ပါ။
- လတ်ဆတ်သော ဟင်းသီးဟင်း ရွက်၊သစ်သီးဝလံများကိုစားသုံးပေးပါ။
- လေထစေတဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ စတဲ့ အစား အစာများကို ရှောင်ကြဉ်ပေးပါ။
- အက်စစ်ပမာဏနည်းသော သစ်သီးဖျော်ရည်များကို သောက်ပေး သင့်ပါတယ်။
- လက်ဖက်မှ ထုတ်ထားခြင်း မဟုတ်သော သဘာဝဆေးလက်ဖက် ရည်ကို သောက်ပေးပါ။
- အစာအိမ်ရောင်ရမ်းနေတဲ့ လူနာ များချိစ်၊ ထောပတ် စားသုံးပေး နိုင် ပါတယ် ။
ဇင်မာမြင့်
Ref: Internet
**************************************************
ဆောင်းရာသီတွင် Lotion နှင့် သနပ်ခါး လိမ်းခြင်းများကို ဂရုစိုက်သင့်
ဆောင်းရာသီတွင် Lotion နှင့် သနပ်ခါး လိမ်းခြင်းသည် အရေပြားကို အက်ကွဲ စေနိုင်ပြီး အဆီပြန်လွန်းသူများမှလွဲ၍ အများစုမှာ ရာသီဥတု အလွန်အေးချိန်တွင် Lotion နှင့် သနပ်ခါး လိမ်းခြင်းကို မပြုလုပ် သင့်ကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှ အရေပြား အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ "ဆောင်းရာသီမှာ ရာသီဥတု အေးတော့ အသားအရေတွေက ခြောက်ပြီး အက်ကွဲ လာတတ်တယ်။ အဲ့ဒီအချိန်မှာ အဆီဓာတ်ပါတဲ့ ကရင်မ်တွေကိုပဲ လိမ်းသင့်တယ်။ သနပ်ခါးနဲ့ Lotion ကို မလိမ်းတာ ပိုကောင်းတယ်။ သူက အရေပြားကို မစိုပြေစေဘဲ ပိုပြီး ခြောက်သွေ့ အက်ကွဲစေ တတ်တာကြောင့် အသား အရေ ပျက်စီးခြင်း ဖြစ်စေ တတ်ပါတယ်"ဟု ယင်းပုဂ္ဂိုလ်က ဆို သည်။
ရာသီဥတု အပြောင်းအလဲကာလနှင့် ဆောင်းဥတုသည် အေး၍ ခြောက်သွေ့ပြီး လေထု စိုထိုင်းဆနည်းလာခြင်းကြောင့် အပြားပွင့်ခြင်း၊ ငါးကြင်းကွက်ကဲ့သို့ အကွက်များထခြင်း၊ နှုတ်ခမ်းကွဲခြင်းများ ဖြစ်တတ်ကြောင်း၊ ၄င်းဖြစ်စဉ်များသည် ကလေးနှင့် ပိန်သောသက်ကြီးပိုင်းအရွယ် များတွင်အဖြစ်များတတ်ပြီး လူလတ်ပိုင်း အရွယ်များတွင် အဖြစ်နည်းကြောင်း ၄င်းကပြောသည်။ ရာသီဥတုအေးသည့်အခါ အရေပြား တွင် အထက်ပါဖြစ်စဉ် များဖြစ်ပွားခြင်း သည် အရေပြားအလွှာအောက်တွင် ကပ် နေသောအာရုံကြောအမျှင်များကို လှုံ့ဆော် သကဲ့သို့ဖြစ်ပြီး ယားယံခြင်းများ ဖြစ်ပေါ် လာခြင်းကြောင့် ဖြစ်သည်။ ၄င်းကဲ့သို့မဖြစ်စေရန်အတွက် ဆောင်း ဥတုတွင် လေ့ကျင်ခန်းများလုပ်ခြင်း၊ ရေ များများသောက်၍ အရည်ရွှမ်းသော အသီး အနှံများစားခြင်း၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြည်ခြင်း၊ စိတ်ဖိစီးမှုကင်းအောင်နေ ထိုင်ခြင်း၊ အဆီဓာတ်ပါသော ကရင်မ်များ၊ သံလွင်ဆီ အစရှိသည့်အဆီများ လိမ်းပေး ခြင်းတို့ကို ပြုလုပ်သင့်သည်။
မင်းဟိန်းကျော်
Ref:Venus News
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
နှာစေးချောင်းဆိုးရောဂါ
နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အား ဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။ ကြို့ထိုးခြင်းဆိုသည်မှာ ဝမ်းဗိုက် အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ြွကက်သား လှုပ်ရှားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ် သည်ဟု အကြမ်းဖျင်းကြားဖူးထားပါ သည်။
ယင်းဒိုင်ယာဖရမ်ြွကက်သား သည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့ မရှိဘဲ အကြောင်းတစ်ခုခု တိုက်ဆိုင် လာသောအခါ လှုပ်ရှားလာသဖြင့် ကြို့ထိုးခြင်းဟူသော ဝေဒနာ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။ ကြို့ထိုးခြင်းနှင့် ပတ်သက်၍ ဆေးနည်းတိုပေါင်းမြောက်မြားစွာ တင်ပြရေး သားကြ သည်။ ကြို့ထိုးလျှင် ရေသောက်ရမည်ကို လူတိုင်းသိကြ သည်၊ ကြို့ထိုးသူတိုင်းအားလည်း ရေသောက်ခိုင်းကြသည်။
ရေသောက် ပြီး ပျောက်သွားတာလည်း ရှိပါသည်။ မပျောက်မချင်း ရေသောက်ကြသဖြင့် ဝမ်းဗိုက်ကယ်သွားပြီး ထမင်းစားပျက် ရ၏။ နောက်ဆုံးဖတ်လိုက်ရသော မဂ္ဂဇင်းတစ်အုပ် တွင်သောက်ရေဖန်ခွက် အတွင်း ရေထည့်၊ ကြေးပြားတစ်ခု ထည့်ပြီးသောက်ရန် နည်း တစ်ခု ပေး ထားပါသည်။ ကျွန်တော်တင်ပြချင်သည်မှာ လည်း ရေသောက်နည်းပင် ဖြစ်ပါ သည်။ ဤနည်းမှာ နက္ခတ္တ ရောင်ခြည်မဂ္ဂဇင်းထဲမှ ဖတ်ရှုခဲ့ရသော နည်းပင် ဖြစ်ပါသည်။
ကြို့ထိုးသူ၏ နားရွက်နှစ်ဖက်အား အခြားသူတစ်ဦး က တင်းကျပ်စွာ လေလုံအောင် ပိတ် စေပြီး ကြို့ထိုးသူကို အသက်အောင့်ပြီး ရေသောက်စေသောနည်းပင်ဖြစ်သည်။ မိမိကြို့ထိုးနေစဉ် အနား၌ နားရွက် ပိတ်ပေးမည့်သူမရှိပါက မိမိခံတွင်း၌ ရေကို ဆံ့သရွေ့ ငုံထားပြီး မိမိဘာ သာ နားရွက်ကို လေလုံအောင် ပိတ် ပြီး အသက်အောင့်၍ ရေကို မျိုချပါ။ ရေတစ်ငုံစာနှင့်ပင် ကြို့ထိုး လက်တွေ့ ပျောက်ခဲ့ရပါသည်။ ဤနည်းသည် သိပ္ပံနည်းကျ လက်တွေ့ဆန်သော နည်းဖြစ်သည် ဟု စဉ်းစားမိပါသည်။ အသက်ရှူ အောင့်ထားခြင်းအားဖြင့် အဆုတ်တွင်း ၌ လေများဖြင့် တင်းခံထားစဉ် နား ရွက်ကို ပိတ်ထားခြင်းဖြင့် နားရွက်မှ လေမထွက်နိုင်၊ ထိုအချိန်တွင် အသက် အောင့်၍ ရေကို မျိုချလိုက်သောအခါ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ြွကက်သားပြင်အားအောက်သို့ တွန်းချ လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဒိုင်ယာ ဖရမ်ြွကက်သားပြင်သည် အထက်သို့ ဆောင့်ဆောင့်တက်ခြင်းအားဖြင့် ကြို့ ထိုးနေရာမှ အောက်သို့ ဖိအားပြင်း စွာဖြင့် တွန်းချခြင်းခံလိုက်ရသောအခါ အပေါ်သို့ ဆောင့်ဆောင့်တက်သော အကျင့်ပျောက်သွားပြီး ကြို့ထိုးခြင်း ဝေဒနာလည်း ပျောက်ကင်းသွားရ လေသည်။ ရေတစ်ငုံမျိုချပြီး မပျောက်ကင်း ပါက ဒုတိယတစ်ငုံထပ်ပြီး အထက်ပါ နည်းအတိုင်း မျိုချပါ။ ရေတစ်ဖန်ခွက် မကုန်မီမှာပင် လက်တွေ့ပျောက်ကင်း မည် ဖြစ်ပါသည်။ လုပ်ကိုင်ရတာ လွယ်ကူ၊ ပစ္စည်း ရှာရတာမခက်ခဲ၊ အမှားအယွင်း အ္တ ရာယ်မရှိနိုင်သော သိပ္ပံနည်းကျ လက် တွေ့နည်းမို့ ကြို့ထိုးနေသောသူများ လက်တွေ့စမ်းသပ်ကြည့်ရန် ရေးသား တင်ဆက်လိုက်ရပါသည်။
ဇေယျကျော်(မြောက်ဒဂုံ)
@@@@@@@@@@@@@@@@@@@@@@@@@@
လည်ချောင်းရောင်တယ်ဆိုတာ ဘာလဲ
နံနက် မိုးလင်း အိပ်ရာက နိုးလာ တဲ့အခါ လည်ချောင်း ထဲမှာ ရှတတကြီး ဖြစ်နေပြီး နာကျင် နေတာကို သတိ ထားမိနိုင်ပါတယ်။ ဒါကိုလည်ချောင်း နာတယ်လို့ အရပ်ထဲမှာ ပြောဆိုသုံး နှုန်းလေ့ရှိပါတယ်။ ပထမဦးဆုံး လည်ချောင်းရှတတ ဖြစ်လာပြီးနောက် နေရတာ ကသိကအောက် ဖြစ်လာ တယ်။ နာလာတယ်။ နောက်ပိုင်း အစာနှင့်ရေ မျိုလို့မရ လောက်အောင် နာကျင်လာတတ်ပါတယ်။
ဘာကြောင့် လည်ချောင်းနာရတာလဲ
များသောအားဖြင့်တော့ ဗိုင်းရပ်စ် ပိုးဝင်ခြင်းကြောင့် လည်ချောင်း နာလေ့ရှိပြီး ဗက်တီးရီးယားပိုးကြောင့် လည်ချောင်းရောင်ရမ်းတာမျိုးကတော့ အဖြစ်နည်းပါတယ်။
ဘာလက္ခဏာတွေ ခံစားရတတ် ပါသလဲ
လည်ချောင်းနာခြင်းကြောင့် ခံ စားရတဲ့ဝေဒနာတွေဟာ များသော အားဖြင့် တစ်ကြိမ်နဲ့ တစ်ကြိမ်တူလေ့ မရှိပါ။ ဖြစ်ပွားရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ခံစားရတဲ့ ရောဂါ ဝေဒနာ တွေ ပြောင်းလဲတတ်ပါတယ်။
အဖြစ်များလေ့ရှိတဲ့ လက္ခဏာ တွေကတော့ -
(၁) လည်ချောင်းနာခြင်း။
(၂) လည်ချောင်းရှတတဖြစ်ခြင်း။
(၃) စကားပြောတဲ့အခါ၊ အစာ၊ ရေ သို့မဟုတ် တံတွေး မျိုချတဲ့ အခါတွင် လည်ချောင်းနာခြင်း။
(၄) လည်ချောင်းဟာ ခြောက်သွေ့ နေသလို ခံစားရခြင်း။
(၅) လည်ချောင်းနားတစ်ဝိုက်(အထူး သဖြင့် မေးရိုးနှင့် လည်ပင်း) ရှိအကျိတ် ရောင်ရမ်းကာ အရွယ်အစား ကြီးမား လာခြင်း။
(၆) အာသီးများ ရောင်ရမ်းခြင်း။ ဗက်တီးရီးယားကြောင့် လည် ချောင်းနာတယ်ဆိုရင်အာသီးရောင်ရမ်း နီရဲလာကာပြည်တည်နေလို့အဖြူအဖတ် လေးတွေတောင် တွေ့ရတတ်ပါတယ်။
ဘယ်လိုကုသ နိုင်ပါသလဲ
ဖြစ်ပွားရတဲ့ အခြေခံ ကူးစက် ရောဂါပေါ် မူတည်ပြီး ဥပမာ ဗက်တီး ရီးယားကြောင့် ဖြစ်တာဆိုရင် ပဋိဇီဝ ဆေးပေး၍ သက်သာပျောက်ကင်း အောင် ကုသပေးနိုင်ပါတယ်။ တုပ်ကွေး ရောဂါကြောင့် လည် ချောင်းရောင်တာဆိုရင်တော့ ၂ရက်၊ ၃ရက်ကြာတဲ့အခါ သူ့ဘာသာသူ အလိုလို သက်သာသွားပါလိမ့်မယ်။ လည်ချောင်းနာနေချိန်မှာတော့ လည်ချောင်းနာ ပျောက်ငုံဆေးပြား လေးတွေ ဆေးဆိုင်တွေမှာ မေးဝယ် နိုင်ပါတယ်။ ရေနွေးပူပူတစ်ဖန်ခွက်ထဲကို ဆား လက်ဖက်စားဇွန်းတစ်ဇွန်းခန့်ထည့် ကာလည်ချောင်းအဝသို့ရောက်အောင် ငုံကာ ပလုတ် ကျင်းပေးပါ။
လည်ချောင်းမနာအောင် မေ၇ာင်ရမ်းအောင် ဘယ်လိုကာကွယ်နိုင်လဲ။
တစ်ကိုယ်ရေကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ကူးစက်ရောဂါ အများစုကို ကာကွယ်နိုင်ပါတယ်။ အများသုံးတယ်လီဖုန်း၊ ဘတ်စ် ကားလက်ကိုင်တန်း/ကွင်း၊ အိမ်သာ တံခါး လက်ကိုင် စသည် တို့ကို ကိုင်တွယ် ပြီးပါက ရေ၊ ဆပ်ပြာတို့နှင့် လက်ကို သေချာစွာ ဆေးကြောလိုက်ပါ။
ဒေါက်တာရည်ညွန့်မေ

(တိတိ၊ရွှေမြို့ တော်)

0 comments:

Post a Comment

တွဲလက်များ ပညာရေးကူညီမှုအသင်းမှ လာရောက်လည်ပတ်သူများ အားလုံးကို နွေးထွေးစွာကြိုဆိုပါတယ်၊ဝေဖန်အကြံပေးခြင်းများကိုလဲ စွမ်းနိုင်တဲ့ဘက်က ကူညီပြောပေးကြစေလိုပါတယ်။

လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ " မိမိတို့၏ ဦးခေါင်းကို အပေါ်သို့ မော့ကြည့်မနေဘဲ မိမိတို့၏ အောက်ရှိ သူများကို ငုံ့ကြည့်ခြင်းဖြင့် စာနာကူညီပါ။ ၎င်းသည် မွန်မြတ်သည့် ပရပိာတလုပ်ငန်းပါ။"