ဤအဖွဲ့လေးကို ဖွဲ့စည်းရခြင်း၏ အဓိကအကြောင်းအရင်းကတော့ ယနေ့ ပညာသင်ကြား
နေကြသော ကလေးသူငယ်များအတွက် စွမ်းနိုင်သည့်ဘက်မှ တတ်စွမ်းသလောက်
ကူညီထောက်ပံ့ရန် စိတ်ကူးရည်သန်၍ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါ
ပညာသင်ကြားနေကြသော မူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်းသူ၊ကျောင်း
သားလေးများကို အနာဂတ်၏ ငွေကြယ်ပွင့်များဟု ကျွန်ုပ်ဆိုချင်ပါသည်။
ထိုအနာဂတ် ကြယ်ပွင့်လေးများအား လင်းထိန်တောက်ပဖို့ရန် သင်ထောက်ကူပစ္စည်း
များဖြင့် ကူညီပေးမှသာ သူတို့လေးတွေရဲ့အလင်းရောင်သည် ပိုမို၍ အရောင်တောက်
ပလာမည်ဖြစ်ပေသည်။ ကျောင်းသားကျောင်းသူများကို အဓိကရည်ရွယ်၍ အဖွဲ့ကို တည်
ထောင်ခြင်းဆိုရခြင်းမှာ ကျွန်ုပ်တို့မြန်မာနိုင်ငံအတွင်း၌ ပညာသင်ကြားနေကြသော
ကလေးသူငယ်များသည် အထူးအားဖြင့် တောရွာများတွင် ပညာသင်နေကြသော
ကလေးသူငယ်များမှာ ချို့တဲ့စွာ ပညာသင်ကြားနေရပါသည်။
ပြည့်စုံသော ကျောင်းများ မြန်မာနိုင်ငံတွင် အများအပြားရှိပေမယ့်လည်း တောရွာများ
တွင်ကား ပညာရေးအတွက် မပြည့်စုံကြသော ကလေးသူငယ်များစွာရှိပါသည်။ ထို
အထဲမှာမှ အများစုသည် အလွန်ဆင်းရဲချို့တဲ့ လွန်းလှပါသည်။ အချို့သောကျေးရွာများ
တွင်ကလေးသူငယ်များ ပညာသင်ချင်ကြပေမယ့် မိဘများက ငွေကြေးချို့တဲ့ဆင်းရဲ
လွန်းလှ၍ မိမိတို့ရဲ့ ရင်သွေးငယ်လေးများကို ပညာအမွေများ ဆက်လက်ပေးစွမ်းနိုင်
ခြင်းမရှိကြပေ။ ထိုကဲ့သို့သော ကလေးများအတွက် အလွန်ပင် ဝမ်းနည်းစရာ ကောင်း
လှပေသည်။ ထိုသို့ကလေးသူငယ်များအား ပညာရေးအတွက် ထောက်ပံ့မှုပေးသူများ
အင်မတန်ရှားပါးလှသည်။ သို့ပါသောကြောင့် ကျွန်ုပ်တို့ လျစ်လျူရှုနေကြလျှင် နောင်
အခါများတွင် လောက၌ ကျွန်ုပ်တို့ လောက် မိုက်သူများ ရှိကြမည်မဟုတ်တော့-ဟု
ကျွန်ုပ်ထင်မြင်မိပါသည်။
သို့ပါသောကြောင့် ကျွန်ုပ်တို့အနေနှင့် သမိုင်းတစ်ခေတ်ဆန်းသစ်စေဖို့ရန် မိမိတို့၏
သမိုင်းကို မှန်ကန်စွာ ရေးသားနိုင်ဖို့လိုပါသည်။ မှန်ကန်သောသမိုင်းကို ရေးသားနိုင်
ရန်မှာလည်း မှန်ကန်သော အလုပ်များကို လုပ်ဆောင်နိုင်မှသာ မှန်ကန်စွာ သမိုင်း
ကျောက်တိုင် ရေးထိုးနိုင်ကြမည်ဖြစ်ပါသည်။
လူ့လောကကို ခဏတာရောက်လာခိုက်တွင် တန်ဖိုးရှိသောလူ၊ တန်ဖိုးမဖြတ်နိုင်သော
လူများဖြစ်ရန် လုပ်ဆောင်ဖို့ အရေးကြီးလှပေသည်။ အင်မတန်မှ ရနိုင်ခဲသော လူ့
အဖြစ်ကို ကံကောင်းထောက်မစွာ ရလာခိုက်ဝယ် လောကကောင်းကျိုး မိမိကောင်း
ကျိုးများကို ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်နိုင်အောင် လုပ်ဆောင်သင့်ပေသည်။
မိမိကောင်းကျိုးကို လိုလားသူသည် သူတပါး ကောင်းကျိုးကို များများလုပ်သင့်ပေ
သည်။ သို့မှသာ မိမိဘဝကောင်းကျိုးများ ရမည်ဖြစ်သည်။
လူ့လောကရောက်လာအခိုက်တွင် လောကကြီးတစ်ခုလုံးအတွက် မလုပ်ဆောင်နိုင်
တောင်မှ မိမိနိုင်ငံ မိမိလူမျိုး မိမိဆွေမျိုးများ၏ ကောင်းကျိုးရအောင်ဆောင်ရွက်သင့်
သည်မှာ လူသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ သို့မှသာ လူလောကကို လာရကျိုး
နပ်မည်ဖြစ်သည်။
ထို့ကြောင့်ပင် ဆရာကြီးဇော်ဂျီက အောက်ပါကဗျာကိုရေးသားခဲ့၍ လူလောက
ကောင်းကျိုး များကို ဆောင်ရွက်နိုင်အောင် အားပေးထားခဲ့ပါသည်။
သင်သေသွားသော်……